ရခိုင်ပြည်နယ်က မွတ်စလင်လူနည်းစုတွေကို အကြမ်းဖက် တိုက်ခိုက်တဲ့ဖြစ်ရပ်အတွင်း ရိုဟင်ဂျာအမျိုးသမီးတွေကို မြန်မာ စစ်သားတွေက အစီအစဉ်တကျ ပစ်မှတ်ထားပြီးတော့ ဝိုင်းပြီးမုဒိမ်းကျင့်တာတွေရှိခဲ့တယ်လို့ ကုလသမဂ္ဂ အထူးသံတမန်တဦးက တနင်္ဂနွေနေ့မှာပြောလိုက်ပါတယ်
မြန်မာနိုင်ငံတွင်းကနေ ရိုဟင်ဂျာတွေ ထွက်ပြေးရတဲ့ အကြမ်းဖက်မှုတွေကို မြန်မာ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ဆန့်ကျင် ပြောဆိုဖို့ အိုင်းရစ် ရော့ဂီတ အဖွဲ့ U2 က တိုက်တွန်းလိုက်ပါတယ်။
အရှေ့တောင် အာရှ နိုင်ငံက ခေါင်းဆောင်တွေနဲ့ ညီလာခံကို တက်ရောက်ဖို့ အတွက် အမေရိကန် သမ္မတ Donald Trump ဖိလစ်ပိုင်နိုင်ငံ မြို့တော် မနီလာကို ဒီကနေ့ တနင်္ဂနွေနေ့မှာ ရောက်ရှိပါတယ်။
ပြင်သစ်နိုင်ငံ၊ Toulouse မြို့နားမှာ သောကြာနေ့က တရုတ်ကျောင်းသားသုံးယောက်ကို လူတယောက်က သူ့ကားနဲ့ ရည်ရွယ် ချက်ရှိရှိ ဝင်တိုက်တာကြောင့် ကျောင်းသားတွေ ဒဏ်ရာရသွားတယ်လို့ ပြင်သစ်ရဲတပ်ဖွဲ့ကပြောပါတယ်။
အမေရိကန် သမ္မတ Donald Trump နဲ့ ရုရှားသမ္မတ Vladimir Putin တို့ဟာ သောကြာနေ့က ဗီယက်နမ်နိုင်ငံမှာ ကျင်းပတဲ့ အာရှပစိဖိတ် စီးပွါးရေး ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ (APEC) ထိပ်သီးအစည်းအဝေး ညစာစားပွဲမှာ လက်ဆွဲနှုတ်ဆက်ရင်း စကားအနည်းငယ်ပြောခဲ့ကြပါတယ်။
အာဆီယံနဲ့ ဆက်စပ် ထိပ်သီးညီလာခံတွေ တက်ရောက်ဖို့ ဗီယက်နမ်နိုင်ငံမှာ ရောက်နေတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဟာ ကနေဒါဝန်ကြီးချုပ် Justin Trudeau နဲ့ သီးသန့်တွေ့ဆုံပြီး၊ ရခိုင်ပြည်နယ်အရေး ဆွေးနွေးခဲ့ကြပါတယ်။
အမေရိကန်နဲ့ တရုတ် ၂ နိုင်ငံ ခေါင်းဆောင်တွေရဲ့ ဒေသတွင်း စီးပွားရေးခေါင်းဆောင်တွေကို ပြောကြားခဲ့ကြတဲ့ ဒီကနေ့ မိန့်ခွန်းတွေမှာ အာရှဒေသ ကုန်သွယ်ရေးမှာ ဆောင်ရွက်သင့်တဲ့ ပုံစံတွေနဲ့ ပတ်သက်လို့ သိသိသာသာ ကွဲပြားနေတဲ့ သဘောထားတွေကို တွေ့ကြရပါတယ်။
မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းက ရိုဟင်ဂျာကလေးငယ်တွေကြား အာဟာရချို့တဲ့မှုဟာ မနှစ်ကထက်စာရင် ဆယ်ဆတိုးလာသလို ချက်ချင်း အာရုံစိုက် လုပ်ကိုင်ပေးဖို့ လိုအပ်နေတယ်လို့ နိုင်ငံတကာ ဒုက္ခသည်များကယ်ဆယ်ရေးကော်မတီ IRC ကသောကြာနေ့က ကြေညာချက် ထုတ်ပြန်ပါတယ်။
အာရှနိုင်ငံတွေကို သွားရောက်နေတဲ့ အမေရိကန် သမ္မတ Donald Trump ဟာ တရုတ်နိုင်ငံမှာ တရုတ်သမ္မတ Xi Jinping နဲ့ မြောက်ကိုရီးယား အရေးဆိုင်ရာတွေနဲ့ ကုန်သွယ်ရေး ဆိုင်ရာလို ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး သိသိသာသာပဲ နူးနူးညံ့ညံ့ ပြောဆိုနေတာ တွေ့ရပြီး အထူး နွေးနွေးထွေးထွေး ဆက်ဆံလိုကြောင်း ပြနေပါတယ်။
မြန်မာစစ်ဘက်ခေါင်းဆောင်တွေကို ပစ်မှတ်ထား အရေးယူဖို့ အမေရိကန်လွှတ်တော်မှာ ပြင်ဆင်နေကြတာဟာ ပါတီကြီးနှစ်ရပ် စလုံးရဲ့ ခိုင်မာတဲ့ထောက်ခံမှု ရထားတာကြောင့် ကွန်ဂရက်လွှတ်တော်မှာ ခပ်မြန်မြန်အတည်ဖြစ်ဖို့ရှိတယ်လို့ အမေရိကန် လွှတ်တော်အမတ်တွေက ဗွီအိုအေကိုပြောပါတယ်။
အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (APEC) ထိပ်သီးညီလာခံ တက်ရောက်ဖို့ ဗီယက်နမ်နိုင်ငံကို ရောက်နေတဲ့ ကနေဒါဝန်ကြီးချုပ် Justin Trudeau ဟာ သောကြာနေ့မှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမှာ ဖြစ်ပြီး ရခိုင်ပြည်နယ်အရေး ဆွေးနွေးမယ်လို့ မျှော်လင့်ရပါတယ်။
မြောက်ကိုရီးယားအရေး အမေရိကန်နဲ့ တရုတ်နိုင်ငံတို့ကြား သဘောထားကွဲလွဲမှုတွေ မရှိကြောင်း၊ သမ္မတ Donald Trump နဲ့ တရုတ်သမ္မတ Xi Jinping တို့ရဲ့ ဘေဂျင်းမြို့တော်က တွေ့ဆုံဆွေးနွေးမှုအပြီးမှာပဲ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Rex Tillerson က ပြောဆိုလိုက်ပါတယ်။
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဟာ ဗီယက်နမ်နဲ့ ဖိလစ်ပိုင်နိုင်ငံတွေမှာ ဒီသီတင်းပတ်ထဲ စတင်ကျင်းပမယ့် အာဆီယံ ထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ် အစည်းအဝေးတွေကို တက်ရောက်ဖို့ ဒီကနေ့ပဲ ဗီယက်နမ်နိုင်ငံကို ရောက်ရှိသွားပါပြီ။
ပထမဆုံးအကြိမ် တရုတ်နိုင်ငံ ခရီးစဉ်အဖြစ် ဘေဂျင်းမြို့တော်ကို ဒီကနေ့ပဲ ရောက်လာခဲ့တဲ့ အမေရိကန်သမ္မတ Donald Trump ဟာ တရုတ်သမ္မတ Xi Jinping နဲ့ တွေ့ဆုံပြီး၊ ကုန်သွယ်ရေး ကိစ္စသာမက၊ မြောက်ကိုရီးယားအရေးကိုလည်း အာရုံစိုက် ဆွေးနွေးမယ်လို့ မျှော်လင့်ရပါတယ်။
ပုဂံဘုရားပေါ်မှာ နေဝင်ချိန်ကြည့်ရင်း ပြုတ်ကျလို့ အသက် ၂၀ အရွယ် အမေရိကန် နိုင်ငံသား ကမ္ဘာလှည့် ခရီးသည် တဦး သေဆုံးခဲ့ရတယ်လို့ မြန်မာ အစိုးရက သတင်းထုတ်ပါတယ်။
ကက်သလစ်ခရစ်ယာန် သာသနာပိုင် ပုပ်ရဟန်းမင်းကြီး Francis ရဲ့ ဒီလနှောင်းပိုင်း ပထမဆုံးအကြိမ် မြန်မာပြည်ခရီးစဉ်မှာ ရခိုင်ပြည်နယ်က အကျပ်အတည်းတွေမှာ အငြင်းပွားစရာ ဖြစ်နေရတဲ့ ရိုဟင်ဂျာ ဆိုတဲ့ အမည်ကို မသုံးနှုန်းဖို့ ရန်ကုန် ကက်သလစ် ရဟန်းအမတ် ကာဒီနယ် ချားလ်စ်မောင်ဘို ကတိုက်တွန်းလိုက်ပါတယ်။
အာဆီယံ အရှေ့တောင်အာရှနိုင်ငံများ အသင်းရဲ့ ၃၁ ကြိမ်မြောက် ထိပ်သီးဆွေးနွေးပွဲနဲ့ တခြားသက်ဆိုင်ရာ ဆွေးနွေးပွဲတွေကို နိုဝင်ဘာလ ၁၀ ရက်ကနေ ၁၄ ရက်နေ့အထိ ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပတော့မှာမို့ ဖိလစ်ပိုင် ရဲတပ်ဖွဲ့တွေဟာ လုံခြုံရေးနဲ့ ဆိုင်တဲ့ ပြင်ဆင်မှုတွေကို အထူး လုပ်ဆောင်နေပါပြီ။
အာဖဂန်နစ္စတန် နိုင်ငံ Kabul မြို့က ပုဂ္ဂလိက ရုပ်သံလွှင့် ဌာန တခုဖြစ်တဲ့ Shamshad ဌာနချုပ်တွေကို အင်္ဂါနေ့က သေနတ်နဲ့ရော ဗုံးခွဲပြီးပါ တိုက်ခိုက်ခဲ့တဲ့အတွက် အနည်းဆုံး ၄ ယောက် သေဆုံးခဲ့ရ သလို လူ ၂၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။
အမြန်ဆုံး ဒေသအတွင်း လုံခြုံမှုပြန်လည်ရရှိဖို့နဲ့ လူသားချင်း စာနာမှု အထောက်အကူတွေ ပေးရာမှာ အတားအဆီးတွေ မရှိစေဖို့ ၊ သတင်းမီဒီယာတွေ လွတ်လပ်စွာ သတင်းယူခွင့်ပြုဖို့ စတာတွေကိုလည်း တောင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။
ဘင်္ဂလားဒေရှ့် နိုင်ငံမှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာ ဒုက္ခသည် မိသားစု စာရင်း ပထမအသုတ် ကောက်ယူရရှိထားတဲ့ အချက်အလက်တွေ အရ မိသားစု သုံးပုံတပုံဟာ အထူး စောင့်ရှောက်မှုပေးဖို့ လိုအပ်နေတဲ့ အားနည်းချို့တဲ့တဲ့ မိသားစုတွေ ဖြစ်တယ်လို့ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး UNHCR က ပြောဆိုလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်