ဗီယက်နမ် နိုင်ငံရဲ့ တောင်ပိုင်း ဗဟိုကမ်းရိုးတန်းဒေသမှာ ပြီးခဲ့တဲ့ သတင်းပတ်က ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ အင်အားပြင်း တိုင်ဖွန်းမုန်တိုင်းကြောင့် သေဆုံးသူ ၆၉ ယောက်အထိ ရှိသွားပြီလို့ တာဝန်ရှိသူတွေက ပြောဆိုပါတယ်။
မြောက်ကိုရီးယားရဲ့ နျူးကလီးယားနဲ့ ပဲ့ထိန်းတပ်ဒုံးကျည် အစီအစဉ်တွေက ကမ္ဘာကြီးတခုလုံးအတွက် ခြိမ်းခြောက်မှုကြီး ဖြစ်ပြီး တကမ္ဘာလုံး အတိုင်းအတာနဲ့ တုံ့ပြန်ဖို့ လိုအပ်တဲ့ အကြောင်း အမေရိကန် သမ္မတ Donald Trump က ပြောဆိုလိုက်ပြီး မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂံျုအွန်း အစိုးရကို ထောက်ခံနေတဲ့ နိုင်ငံတွေကိုလည်း ဝေဖန်လိုက်ပါတယ်။
လူ၂၆ဦးသေဆုံးခဲ့ရတဲ့ အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ်က ဘုရားကျောင်းတခုအတွင်းပစ်ခတ်ခဲ့တဲ့သူဟာ သူ့ယောက္ခမနဲ့အဆင်မပြေတဲ့သူတဦးဖြစ်ပြီး တိုက်ခိုက်မှုမလုပ်ခင် ယောက္ခမဆီကို ခြိမ်းခြောက်စာတွေပေးခဲ့တယ်လို့ အာဏာပိုင်တွေက မနေ့ကပြောပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီလအတွင်းကျင်းပမယ့် ဒေသတွင်းထိပ်သီးညီလာခံတွေကို တက်ရောက်မှာဖြစ်တယ်လို့ နိုင်ငံပိုင်အသံလွှင့်ဌာနတွေက တနင်္လာနေ့မှာ ကြေညာခဲ့ပါတယ်။
မြောက်ကိုရီးယားရဲ့ လက်နက်စမ်းသပ်မှုတွေကို တုံ့ပြန်ဖို့ လိုအပ်လာချိန်မှာ နည်းလမ်းပေါင်းစုံကို စဉ်းစား သုံးသပ်သွားဖို့ ဆိုတဲ့ အမေရိကန် သမ္မတရဲ့ ပြောဆိုချက်ကိုဂျပန် ဝန်ကြီးချုပ်ကလည်း ဒီကနေ့ သဘောတူခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စုတက္ကဆက်ပြည်နယ်တောင်ပိုင်းက မြို့လေးတခုမှာရှိတဲ့ ဘုရားကျောင်းမှာ ဝတ်ပြုနေတဲ့သူတွေကို တနင်္ဂနွေနေ့ မနက်က သေနတ်နဲ့ ဝင်ရောက်ပစ်ခတ်ခဲ့တဲ့သူဟာ ၊ အသက် ၂၆ နှစ်အရွယ် လူဖြူအမျိုးသား Devin Kelley ဖြစ်တယ်လို့ ပြောပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ လူအများအပြားကို သေနတ်နဲ့ ပစ်ခတ်မှု နောက်တကြိမ် ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူပေါင်း ၂၆ ယောက် သေဆုံးကာ ၂၀ ကျော် ဒဏ်ရာရရှိသွားပါတယ်။ ပစ်ခတ်မှုဟာ Taxas ပြည်နယ်အတွင်းက မြို့ငယ်လေးတမြို့ရဲ့ ဘုရားရှစ်ခိုးကျောင်း ထဲမှာ တနင်္ဂနွေနေ့က ဖြစ်ပွားခဲ့တာပါ။
ရိုဟင်ဂျာအရေးကိစ္စနဲ့ ပတ်သက်ပြီး သံတမန်ရေးနည်းလမ်းနဲ့ အဖြေရှာဖို့ အမေရိကန်ပြည်ထောင်စုက လိုလားပါတယ်။ ဒါပေမယ့် လိုအပ်ရင် မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ် ပိတ်ဆို့မှု ပြုလုပ်ပြီး ဖိအားပေးဖို့ကိုလည်း စဉ်းစား ထားကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ထိပ်တန်းတာဝန်ရှိသူ တဦးက ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ တနင်္ဂနွေနေ့က ပြောကြားလိုက်ပါတယ်။
မြန်မာနိုင်ငံရဲ့ စီးပွားရေးအခြေအနေတွေကို နှစ်စဉ် ဆန်းစစ်လေ့လာတဲ့လုပ်ငန်းအဖြစ် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF ရဲ့ ကိုယ်စားလှယ်အဖွဲ့တဖွဲ့ မြန်မာနိုင်ငံကို လာရောက်ဖို့ရှိပါတယ်။
အမေရိကန်ရဲ့ ပိုင်းဖြတ်ချက်ကို အာဏာရှင်တွေ၊ အစိုးရတွေ အပါအဝင် ဘယ်သူမှ လျှော့တွက်လို့ မရဘူးလို့ အမေရိကန် သမ္မတ Donald Trump က ဒီကနေ့ တနင်္ဂနွေနေ့ ဂျပန်နိုင်ငံ ယိုကိုတာ လေတပ်အခြေစိုက်စခန်းက တပ်ဖွဲ့ဝင်တွေကို ပြောဆိုခဲ့ပါတယ်။
ဖိလစ်ပိုင် နိုင်ငံမှာ ဒီသတင်းပတ် အတွင်း ကျင်းပမယ့် အရှေ့တောင် အာရှ နိုင်ငံများအသင်း အာဆီယံ ထိပ်သီး ညီလာခံ အတွက် လုံခြုံရေး တပ်ဖွဲ့တွေ ပြင်ဆင်နေကြပါပြီ
အမေရိကန်သမ္မတ Donald Trump ဟာ သောကြာနေ့မှာ သူ့ရဲ့ ၁၂ ရက်ကြာ အာရှခရီးစဉ်ကို စတင် လိုက်ပါပြီ ဒီခရီးစဉ်အတွင်း ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော်မှာ ကျင်းပမယ့် အာဆီယံအမေရိကန် ထိပ်သီး ဆွေးနွေးပွဲကို တက်ရောက်မှာဖြစ်ပြီး နောက်တနေ့မှာ ကျင်းပမယ့် အရှေ့အာရှ ထိပ်သီးဆွေးနွေးပွဲကိုလည်း တက်ရောက်မှာမို့ အရင်စီစဉ်ထားတာထက် တရက်ပိုနေမှာ ဖြစ်ကြောင်း သမ္မတက ပြောပါတယ်။
အီရတ်-ဆီးရီးယား နယ်စပ်တလျှောက်မှာ IS အစွန်းရောက်တွေ ထိန်းချုပ်ထားတဲ့ထဲက နောက်ဆုံးကျန်နေသေးတဲ့ အဓိက မြို့ကြီးနှစ်မြို့ကနေ IS အဖွဲ့ကို သောကြာနေ့က တိုက်ထုတ်လိုက်ပါပြီ။
ဖယ်ရှားခံလိုက်ရတဲ့ စပိန်နိုင်ငံ၊ Catalan ဒေသခေါင်းဆောင်က ဒီဇင်ဘာလမှာ ပြန်ကျင်းပမယ့် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ် ပြိုင်မယ်လို့ ပြောလိုက်ပြိး လိုအပ်မယ်ဆိုရင် သူအခု ပုန်းခိုနေတဲ့ ဘယ်လ်ဂျီယံနိုင်ငံကနေ မဲဆွယ်စည်းရုံးကို လှမ်းလုပ်မယ်လို့ ပြောပါတယ်။
မြန်မာနိုင်ငံက ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ အဖွဲ့ကြီးကရော နိုင်ငံတကာ အသိုင်းအဝိုင်းကပါ စိတ်ရှည် သည်းခံကြဖို့ နဲ့ ရခိုင်ပြည်နယ်ရဲ့ အခြေအနေဟာ မြန်မာအစိုးရပိုင်း ကြိုးပမ်းမှုတွေရဲ့ ရလဒ်အဖြစ် တည်ငြိမ်တဲ့ ဘက်ကို ဦးတည်ရွေ့လျားနေတယ်လို့ ကုလသမဂ္ဂဆိုင်ရာ တရုတ် သံအဖွဲ့ ယာယီ အကြီးအကဲ က ကုလသမဂ္ဂ လုံခြုံရေး ကောင်စီကို ပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာတဝန်းက အစိုးရတွေ အနေနဲ့ ခွဲခြားဆက်ဆံ ဖိနှိပ်ခံနေရတဲ့ နိုင်ငံမဲ့ သန်းပေါင်းများစွာအတွက် အခြေခံ နိုင်ငံသား အခွင့်အရေးတွေ ပေးအပ်ဖို့ ကုလသမဂ္ဂက တိုက်တွန်းလိုက်ပါတယ်။
အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့မှာ လူ ၈ ဦး သေဆုံးခဲ့တဲ့အထိ ထရပ်ကားတစင်းနဲ့ ဝင်တိုက်ခဲ့တဲ့ Uzbekistan နိုင်ငံက ရွှေ့ပြောင်းလာသူ အသက် ၂၉ နှစ်အရွယ် Sayfullo Saipov ဟာ သူတို့လူတယောက် ဖြစ်တဲ့အကြောင်း IS အစ္စလာမ်စစ်သွေးကြွ အဖွဲ့က ပြောဆိုလိုက်ပါတယ်။
ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျုးလွန်နေတယ်လို့ စွပ်စွဲထားတဲ့ မြန်မာစစ်တပ်အပေါ် ပစ်မှတ်ထား အရေးယူမယ့် ဥပဒေကြမ်းကိုတော့ ရီပတ်ဘလစ်ကန် ပါတီက John McCain ဒီမိုကရက်တစ်ပါတီက Ben Cardin တို့ အပါအဝင် အမေရိကန် အထက်လွှတ်တော်က ထင်ရှားတဲ့ အမတ်တွေ ပူးတွဲ အဆိုပြုခဲ့ကြတာပါ။
အင်္ဂါနေ့က နယူးယောက် က Manhattan တောင်ပိုင်းမှာ ထရပ်ကားနဲ့ လူတွေကို ဝင်တိုက်ခဲ့လို့ ၈ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့မှုကို ကျူးလွန်သူအဖြစ် အစွပ်စွဲခံထားရတဲ့ အကြမ်းဖက်သမား Sayfullo Saipov ကို သေဒဏ် အပြစ်ပေးတာ အပါအဝင် တရားဥပဒေအရ မြန်မြန်ထက်ထက် အရေးယူ ဆောင်ရွက်ဖို့ အမေရိကန် သမ္မတ Donald Trump က တောင်းဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံရဲ့ လူသားချင်းစာနာမှုဆိုင်ရာ ပြဿနာကို ကျော်လွှားနိုင်ဖို့ တရားဥပဒေစိုးမိုးရေးနဲ့အတူ ဒေသတွင်း နေထိုင်တဲ့ လူမှုအသိုင်း အဝိုင်းတွေကြား ယုံကြည်မှု ရှိလာဖို့ လိုအပ်တယ်လို့ ICRC အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့ရဲ့ ကမ္ဘာတလွှား အကူညီပေးရေး လုပ်ငန်းဆိုင်ရာ ဒါရိုက်တာ Dominik Stillhart က ကြာသပတေးနေ့မှာ ကြေညာချက် ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်