စပိန်နိုင်ငံကနေခွဲထွက်ပြီး လွတ်လပ်ရေးကြေညာဖို့ လုပ်ခဲ့ကြတဲ့ Catalonia ခေါင်းဆောင်ဟောင်း ကိုးဦးကို ပုန်ကန်မှု၊ နိုင်ငံတော် ကို သစ္စာဖောက်ဖျက်မှု၊ အလွဲသုံးစားလုပ်မှုဆိုင်ရာ ဖြစ်နိုင်ချေစွဲချက်တွေအတွက် စုံစမ်းစစ်ဆေးနေချိန်အတွင်း ထောင်ထဲထည့် ထားဖို့ စပိန် တရားသူကြီးတဦးက ကြာသပတေးနေ့မှာ အမိန့်ချလိုက်ပါတယ်။
အိုးအိမ်စွန့်ခွာ ထွက်ပြေးကြရတဲ့ ကမ္ဘာလုံးဆိုင်ရာ အကျပ်အတည်းဟာ ပိုဆိုးလာနေပြီး နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု အား နည်းတာ၊ ပဋိပက္ခတွေကို တားဆီ ထိန်းချုပ် ဖြေရှင်းနိုင်စွမ်း မရှိတာတွေကြောင့်ဖြစ်တယ်လို့ ဒုက္ခသည်အရေး ကုလသမဂ္ဂ အကြီး အကဲကပြောလိုက်ပါတယ်။
အမေရိကန် သမ္မတ Donald Trumpရဲ့ အာရှခရီးစဉ် အတွင်း နောက်သတင်းပတ် တရုတ်နိုင်ငံကို ပထမဆုံး အကြိမ်အဖြစ် သွားရောက်တဲ့ အခါမှာ ကုန်သွယ်ရေး၊ မြောက်ကိုရီးယား အရေးတို့ကို ထိပ်တန်း ဦးစားပေး ဆွေးနွေးမယ်လို့ ခန့်မှန်းရပါတယ်။
ဗြိတိန်နိုင်ငံ ကာကွယ်ရေးဝန်ကြီး Michael Fallon ဟာ မလျော်ကန်တဲ့ အပြုအမူတွေ လုပ်ခဲ့ကြောင်း စွပ်စွဲချက်တွေ ထွက်ပေါ်ခဲ့ပြီးတဲ့ နောက် ရာထူးက နုတ်ထွက်သွားပါတယ်။
လူဦးရေ၊ ဒုက္ခသည်နဲ့ ရွှေ့ပြောင်းနေထိုင်ခြင်းဆိုင်ရာ ယာယီ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Simon Henshaw နဲ့ အဆင့်မြင့် အမေရိကန်သံကိုယ်စားလှယ်အဖွဲ့ဟာ Cox’s Bazar က ရိုဟင်ဂျာဒုက္ခသည်စခန်းတွေကို နိုဝင်ဘာ ၂ ရက်နဲ့ ၃ ရက်နေ့တို့မှာသွားဖို့ရှိပါတယ်။
မြန်မာနိုင်ငံကို လက်နက်ရောင်းချတဲ့အတွက် နိုင်ငံတကာရဲ့ဝေဖန်မှုခံနေရတဲ့အတွက် မြန်မာနိုင်ငံအပေါ် လက်နက်တင်ပို့မှုလိုင်စင်တွေကို ထိန်းချုပ်လိုက်ပြီလို့ အစ္စရေး ကာကွယ်ရေးဝန်ကြီး Abiqdor Liberman က ပြောကြားလိုက်ပါတယ်။
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မြောက်ပိုင်းက မတည်မငြိမ် အခြေအနေတွေကြောင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားသူတွေထဲက ဟိန္ဒူဘာသာဝင် ဒုက္ခသည်တွေထဲက တချို့ဟာ လုံခြုံရေးအတွက် စိုးရိမ်တာကြောင့် နေရပ်ရင်း ကျေးရွာတွေကို မပြန်လိုကြောင်း ပြောဆိုနေကြပါတယ်။
တနှစ်ခွဲကျော် သက်တမ်းရှိပြီဖြစ်တဲ့ အရပ်သားအစိုးရလက်ထက် စီးပွားရေး စီမံခန့်ခွဲမှုတွေမှာ အားရစရာ၊ အားမရစရာ ဘာတွေ ရှိနေပါသလဲ၊ လူထုကြားမှာရော စီးပွားရေးအရ သိသိသာသာ အပြောင်းအလဲတွေ တွေ့မြင်နေရပါပြီလား ဆိုတာကို ဗွီအိုအေရဲ့ နိုဝင်ဘာ ၄၊ စနေနေ့ည တိုက်ရိုက်လေလှိုင်း အစီအစဉ်မှာ ဆွေးနွေးကြရအောင်ပါ။
အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့က စက်ဘီးသမားတွေနဲ့ စည်ကားနေတဲ့လမ်းထဲ အငှားထရပ်ကားတစင်းနဲ့ ဒလကြမ်း ဝင်တိုက်ခဲ့တဲ့ ကားမောင်းသမားရဲ့ ရည်ရွယ်ချက်ကို သိနိုင်ဖို့ အာဏာပိုင်တွေ ကြိုးပမ်းနေပါတယ်။
သတင်းသမားတွေ အသတ်ခံရတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး ဖြေရှင်းလို့မရတဲ့ နိုင်ငံတွေထဲမှာ ဆိုမာလီယာနိုင်ငံက ၃နှစ် ဆက်တိုက် ရှိလာနေပြီး အဆိုးဆုံး အဆင့်ကို ရောက်နေပြီလို့ နယူးယောက် အခြေစိုက် CPJ လို့ခေါ်တဲ့ သတင်းသမားများ ကာကွယ်ရေး အဖွဲ့က ပြောလိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စုရဲ့ ဒုက္ခသည်လက်ခံရေး အစီအစဉ်ဟာ လာမယ့် ဘဏ္ဍာရေးနှစ်မှာ အရှိန်နှေးနှေးနဲ့ စတင်ဖို့ ရှိနေပါတယ်။
ထိုင်းဝန်ကြီးချုပ်ဟောင်း Yingluck Shinawatra ရဲ့ နိုင်ငံကူးလက်မှတ်ကို ပယ်ဖျက်လိုက်ကြောင်း ထိုင်းအစိုးရက ပြောဆိုလိုက်ပါတယ်။ ဝန်ကြီးချုပ်ဟောင်း ယင်းလတ်က သူမ တာဝန်ယူချိန်က ချမှတ်ကျင့်သုံးခဲ့တဲ့ အစိုးရဘက်က ငွေကြေးစိုက်ထုတ်ပြီး စပါးဝယ်ယူရေး အစီအစဉ် မအောင်မမြင်ဖြစ်မှုနဲ့ ပတ်သက်ပြီး ပြစ်ဒဏ်စီရင်ချက် မချမီ ပြီးခဲ့တဲ့လက နိုင်ငံကနေ ထွက်ပြေးသွားခဲ့တာပါ။
ဘင်္ဂလားဒေရှ့် ကမ်းလွန်မှာ မြန်မာဘက်က ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ ဒုက္ခသည် ဒါဇင်နဲ့ချီ လိုက်ပါလာတဲ့ သစ်သား ငါးဖမ်းလှေငယ် တစင်း ဒီကနေ့ အင်္ဂါနေ့မှာ မှောက်ခဲ့တာကြောင့် ၄ ဦး သေဆုံးရကြောင်း ရဲက ပြောပါတယ်။
ထိုင်းနိုင်ငံမြို့တော်၊ ဘန်ကောက်ကလမ်းမတွေပေါ်မှာ အရောင်အသွေးစုံလင်တဲ့အဝတ်အစားတွေနဲ့လူတွေ မမြင်ရတာ တနှစ်ကြာခဲ့ပါပြီ။ နတ်ရွာစံ ဘုရင်ဘူမိဘောအတွက် ဝမ်းနည်းတဲ့အထိမ်းအမှတ်အဖြစ် အနက်ရောင်ဝတ်စုံတွေကိုပဲ ထိုင်းပြည်သူတွေ တောက်လျှောက်ဝတ်လာခဲ့တာ မနေ့ကတော့ အရောင်စုံတဲ့အဝတ်အစားတွေနဲ့ပြန်ပြီးမြင်ကြရပါပြီ။
တရုတ် ဒုတိယဝန်ကြီးချုပ် Wang Yang နဲ့ ရုရှား ဒုတိယဝန်ကြီးချုပ် Dmitry Rogozin တို့က နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြင့်ကြဖို့ တနင်္လာနေ့မှာ သဘောတူလိုက်ကြပါတယ်။
အမေရိကန် သမ္မတ Donald Trump ရဲ့ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးမှူး အဖြစ် ပြီးခဲ့တဲ့နှစ်က ခဏတာ တာဝန်ထမ်းဆောင်ခဲ့တဲ့ Paul Manafort ကို အမေရိကန်ကို ဆန့်ကျင်ပြီး ပူးပေါင်းကြံစည်မှု၊ ငွေကြေးခဝါချမှု၊ အာဏာရှင်ဆန်တဲ့ ယူကရိန်းခေါင်းဆောင်ဟောင်း Viktor Yanukovych ကို ထောက်ခံမှုရအောင် စည်းရုံးပြောဆိုပေးမှု တစိတ်တပိုင်း အဖြစ် အစိုးရကို လိမ်လည်မှုတွေနဲ့ ဒီကနေ့ တနလာၤနေ့မှာ စွဲချက်တင်လိုက်ပြီ ဖြစ်ပါတယ်။
ရာထူးက ဖယ်ရှားထားတဲ့ ကတ်တလန် အစိုးရ အဖွဲ့ တာဝန်ရှိသူတွေကို နိုင်ငံကို အကြည်ညိုပျက်စေမှု၊ သူပုန်ထမှုဆိုင်ရာ စွဲချက်တွေ တင်နိုင်ဖို့ ကြိုးစားသွားမယ်လို့ စပိန် ရှေ့နေချုပ်က ပြောဆိုလိုက်ပါတယ်။
အမေရိကန် သမ္မတ Donald Trump ရဲ့ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးမှူး အဖြစ် ပြီးခဲ့တဲ့နှစ်က ခဏတာ တာဝန်ထမ်းဆောင်ခဲ့တဲ့ Paul Manafort က ဒီကနေ့ တနလာၤနေ့မှာ အာဏာပိုင်တွေထံ လာရောက် အဖမ်းခံခဲ့ပါတယ်။
အမေရိကန်နိုင်ငံခြားရေးဌာနက အကြီးတန်းတာဝန်ရှိသူတွေပါဝင်တဲ့ ကိုယ်စားလှယ်အဖွဲ့တဖွဲ့ဟာ အောက်တိုဘာလ ၂၉ ရက်နေ့ ကနေ နိုဝင်ဘာလ ၄ ရက်နေ့ထိ ၆ ရက်ကြာ ခရီးစဉ်တခုနဲ့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေကို ထွက်သွားကြပါပြီ။
ရိုဟင်ဂျာအရေးကိစ္စကို ဖြေရှင်းဖို့အတွက် တရုတ်နဲ့ ဘင်္ဂလားဒေ့ရှ် အစိုးရတာဝန်ရှိသူတွေ အတူတကွ တွေ့ဆုံဆွေးနွေးကြဖို့ရှိတယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မမင်ကွင်း က အောက်တိုဘာလ ၂၉ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်