နတ်ရွာစံသွားတဲ့ ထိုင်းဘုရင်ကြီး Bhumibol Adulyadej အတွက် အစိုးရက သတ်မှတ်တဲ့ တရားဝင် ပူဆွေးဝမ်းနည်းခြင်း ၁ နှစ်တာ ကာလ ပြည့်မြောက်ပြီးတဲ့နောက်၊ ၅ ရက်ကြာ ကျင်းပတဲ့ ဈာပန အခမ်းနား နောက်ဆုံး အစီအစဉ်အဖြစ် ကျန်ရစ်တဲ့ အရိုးနဲ့ ပြာတွေကို နောက်ဆုံး ထားရှိမဲ့ နေရာဆီ တနင်္ဂနွေနေ့က သယ်ဆောင်သွားခဲ့ပါတယ်။
“မြန်မာ့တပ်မတော်နှင့် နိုင်ငံ့ဝန်ထမ်းကောင်းများအား ထောက်ခံပွဲ” ဆိုတဲ့ ချီတက်စုဝေးပွဲတခုကို အောက်တိုဘာလ ၂၉ ရက် တနင်္ဂနွေနေ့က ရန်ကုန်မြို့မှာပြုလုပ်ပါတယ်။ ဒီပွဲကို တပ်မတော်ချစ်မြတ်နိုးသူများအဖွဲ့ (ရန်ကုန်) က ကြီးမှူးကျင်းပတာလို့ ပြည်တွင်းသတင်းတွေမှာ ဖော်ပြကြပါတယ်။
လွှတ်တော် အဆောက်အအုံတွေ အပေါ်နဲ့ အနီးတဝိုက်မှာ တရားမဝင် ဒရုန်းယာဉ် လွှတ်တင်ခဲ့မှုနဲ့ ပတ်သက်ပြီး နိုင်ငံခြား သတင်းထောက် နှစ်ဦးနဲ့ မြန်မာ အလွတ်တန်း သတင်းထောက် တဦးတို့ကို စွဲချက်တင်ထားကြောင်း ရဲက ဒီကနေ့ ပြောပါတယ်။
တရုတ်နဲ့ အရှေ့တောင်အာရှနိုင်ငံတွေ အတူတကွ ရေတပ်လေ့ကျင့်ရေးပြုလုပ်မယ့်ကိစ္စဟာ ရှေ့မတိုးနောက်မဆုတ်ဖြစ်နေတဲ့ တောင်တရုတ်ပင်လယ်ပြင် အငြင်းပွားမှုကို လျော့ပါးသွားစေနိုင်လိမ့်မယ်လို့ ဒေသဆိုင်ရာ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။
အမေရိကန်ကာကွယ်ရေးဝန်ကြီး Mattis ဟာ မြောက်ကိုရီးယားနိုင်ငံထဲကို စောင့်ကြည့်တဲ့ အမေရိကန်-တောင်ကိုရီးယား စစ်စခန်းကို သွားရောက်ခဲ့သလို၊ ၂ နိုင်ငံကြားက စစ်မဲ့ဇုန်ကိုလည်းသွားရောက်ခဲ့ပါတယ်။
အိန္ဒိယနိုင်ငံ ဆိုင်ရာ မြန်မာကောင်စစ်ဝန်ချုပ် ဦးပြည်စိုးဟာ Kolkata ကနေ ဂါယာကို အသွား သောကြာနေ့က Jharkhand ပြည်နယ် Galagi ဒေသ အဝေးပြေး လမ်းမ အမှတ် (၂) မှာ ဖြစ်ပွါးတဲ့ ယာဉ်တိုက်မှုအတွင်း သေဆုံးခဲ့ရတယ်လို့ အိန္ဒိယက လာတဲ့ သတင်းတွေမှာ ဖေါ်ပြပါတယ်။
တူရကီနိုင်ငံပိုင် ရုပ်သံလွှင့်ဌာန TRT အတွက် လုပ်ကိုင်နေတဲ့ သတင်းထောက်နှစ်ဦး၊ သူတို့ရဲ့ဘာသာပြန်နဲ့ ယာဉ်မောင်းတို့ကို လွှတ်တော်အဆောက်အဦးနားမှာ အဝေးထိန်း ဒရုန်းယာဉ်ကို မောင်းနှင် ပျံသန်းမှုနဲ့ သောကြာနေ့မှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထိန်းသိမ်းလိုက်ပါတယ်။
ကချင်ဘာသာရေးခေါင်းဆောင် ၂ ဦးကို မတရားအသင်းဆက်သွယ်မှု နဲ့ အပြစ်ရှိကြောင်း တရားရုံးက ဒီကနေ့မှာ ဆုံးဖြတ်ပြီး ပြစ်ဒဏ်တွေချမှတ်လိုက်ပါတယ်။ ကချင်နှစ်ခြင်း ခရစ်ယာန်အသင်းက သင်းအုပ်ဆရာ ဦးနောင်လတ် နဲ့ လူငယ်တာဝန်ခံ ဦးဂမ်ဆိုင်းတို့ကို မတရားအသင်းနဲ့ ဆက်သွယ်မှု ပုဒ်မ ၁၇(၁) အပါအဝင် တပ်မတော်အပေါ် အသရေဖျက်မှု ပုဒ်မ ၅၀၀ နဲ့ ပို့ကုန်သွင်းကုန်ဥပဒေတွေနဲ့ လားရှိုး ခရိုင်တရားရုံးက ပြစ်ဒဏ်တွေချမှတ်လိုက်တာဖြစ်ပါတယ်။
ရိုဟင်ဂျာ မူဆလင်တွေအပေါ် လူမျိုးစုအလိုက် ရှင်းလင်းဖယ်ရှားမှု ရှိနေတဲ့အတွက် ကုလသမဂ္ဂက မြန်မာနိုင်ငံအပေါ် ပြစ်တင်ဝေဖန်လိုက်ပြီးတဲ့နောက် အစ္စရေးနိုင်ငံအနေနဲ့ မြန်မာနိုင်ငံကို လက်နက်ရောင်းချမှု ရပ်ဖို့အတွက် အမေရိကန် ဂျူးဘုန်းတော်ကြီးတွေနဲ့ ဂျူးဘာသာရေး ဓမ္မတေး သီဆိုသူ ၃၀၀ ကျော်က လက်မှတ်ထိုး တောင်းဆိုလိုက်ပါတယ်။
ကမ္ဘာ့အဆိုးဝါးဆုံး လူ့အခွင့်ရေးချိုးဖေါက်မှုထဲပါတဲ့ လုပ်ရပ်တွေ လုပ်ဆောင်ခဲ့တယ်လို့ ပြောကြားရင်း မြောက်ကိုရီးယား အစိုးရအရာရှိ ၇ ဦးနဲ့ အစိုးရအဖွဲ့အစည်း ၃ ခု ကို ကြာသပတေးနေ့မှာ အမေရိကန် ပြည်ထောင်စုက အမည်မည်း စာရင်းထဲ ထည့်သွင်းလိုက်ပါတယ်။
ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံအကြား ဖွဲ့စည်းဖို့သဘောတူထားတဲ့ လုပ်ငန်းအဖွဲ့နဲ့ပတ်သက်တဲ့ သတ်မှတ်ချက်တွေနဲ့ လုပ်ထုံးလုပ် နည်းတွေကို အပြီးသတ်ရေးဆွဲဖို့ နိုဝင်ဘာလ ၃၀ ရက်နေ့ကို နောက်ဆုံးသတ်မှတ်ထားတယ်လို့ ဘင်္ဂလားဒေ့ရှ်ပြည်ထဲရေးဝန်ကြီးပြောပါတယ်။ ရခိုင်ပြည်နယ်ကနေ ထွက်ပြေးသွားပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာခိုလှုံနေတဲ့ ဒုက္ခသည်တွေကို ပြန်ပို့ရေးကိစ္စ မြန်မာ ပြည်ထဲရေးဝန်ကြီးနဲ့ ဆွေးနွေးဖို့ သွားရောက်ခဲ့တဲ့ နှစ်ရက်ကြာခရီးစဉ်ကနေ ပြန်အရောက်မှာ ဘင်္ဂလားဒေ့ရှ်ပြည်ထဲရေးဝန်ကြီးက အဲဒီလိုပြောတာပါ။
ဆီးရီးယားနိုင်ငံရဲ့ အနာဂါတ်နိုင်ငံရေးဇာတ်ခုံမှာ သမ္မတ Bashar al-Assad အတွက် နေရာမရှိတော့တဲ့ အတွက် ထွက်ခွါသွားဖို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Rex Tillerson က ပြောကြားလိုက်ပါတယ်။
အီရန်နိုင်ငံက လူ့အခွင့်အရေး အခြေအနေတွေနဲ့ ပတ်သက်လို့ ကုလသမဂ္ဂမှာ ဆွေးနွေးရာမှာ၊ အရှေ့အလယ်ပိုင်းဒေသက အဓိက ရန်ဘက်တွေကြား အချေအတင် ဖြစ်စရာတွေ ပေါ်ပေါက်ခဲ့ပါတယ်။
ထိုင်းဘုရင် Bhumibol Adulyadej ရဲ့ အသုဘရှု အခမ်းအနားကိုတော့ နိုင်ငံတကာက တော်ဝင်မိသားစုတွေ၊ ဂုဏ်သရေရှိ ပုဂ္ဂိုလ်တွေနဲ့ အတူ သမ္မတ ဦးထင်ကျော်နဲ့ ဇနီး ဒေါ်စုစုလွင်တို့လည်း တက်ရောက်ခဲ့ကြပါတယ်။
တရုတ်သမ္မတ Xi Jinping ကို ကွန်မြူနစ်ပါတီရဲ့ ခေါင်းဆောင်အဖြစ် နောက်ထပ် သက်တမ်း ၅ နှစ် ဆက်လက်တာဝန်ယူဖို့ ဒီကနေ့ပဲ တရားဝင် ရွေးချယ်လိုက်ပါတယ်။
၁၈ လသား ညဏ်ထူးရဲ့ လျှာမှာ ဆိုးဝါးတဲ့ ရောဂါဝေဒနာ ခံစားနေရပြီး သူ့ရဲ့လျှာက ၇ ပေါင်လောက် ကြီးမား ယောင်ကိုင်းနေတာကို ခွဲစိတ်ကုသမှု လုပ်နေကြတယ်လို့ အောက်တို ဘာလ ၂၃ ရက်နေ့ထုတ် ဒေးလီးမေလ်း သတင်းမှာ ဖေါ်ပြထားပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Rex Tillerson ဟာ အရှေ့အလယ်ပိုင်းဒေသနဲ ့တောင်အာရှ ဒေသတွေကို ခရီးထွက် နေပါတယ်။
ရခိုင်ပြည်နယ်တွင်းက အကြမ်းဖက်မှုတွေကြောင့် ရိုဟင်ဂျာ ၆ သိန်းကျော် ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးရတာ အပါအဝင် ဒေသတွင်းက သူတို့ ကြုံတွေ့ရတဲ့ အတိဒုက္ခတွေဟာဆိုရင် လူမျိုးတုံး သတ်ဖြတ်မှုတွေ အထိ ရောက်နေပြီလို့ ယူဆတဲ့ အကြောင်း အမေရိကန် အထက်လွှွတ်တော် နိုင်ငံခြားရေး ဆက်ဆံရေး ကော်မတီ အဖွဲ့ဝင် အထက်လွှတ်တော်အမတ် Ben Cardin က ပြောဆိုလိုက်ပါတယ်။
ကွယ်လွန်သူ ထိုင်းဘုရင် Bhumipol Aduyedaj ရဲ့ ဒီသတင်းပတ် အတွင်း ကျင်းပမယ့် ဈာပန အခမ်းအနားကို လူ ၂ သိန်းခွဲကျော် တက်ရောက်ဖို့ ရှိနေပါတယ်။ နိုင်ငံကို နှစ်ပေါင်း ၇၀ အုပ်ချုပ်ခဲ့တဲ့ ထိုင်းဘုရင် Bhumipol ဟာ အသက် ၈၈ နှစ် အရွယ် ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက ကွယ်လွန်ခဲ့တာ ဖြစ်ပြီး ပြည်သူတွေက နောက်ဆုံး အနေနဲ့ ဂါရဝပြုနေကြတာ ဖြစ်ပါတယ်။
အမေရိကန်ရဲ့ တောင်အာရှရေးရာ မဟာဗျူဟာသစ်ကို အာဖဂန် ခေါင်းဆောင်တွေနဲ့ ဆွေးနွေးဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Rex Tillerson အာဖဂန်နစ္စတန် နိုင်ငံကို ကြိုတင် မကြေညာဘဲ ရောက်ရှိနေပါတယ်။
နောက်ထပ်ကြည့်ရှုရန်