ရိုဟင်ဂျာတွေ ခံစားနေရတဲ့ အတိဒုက္ခတွေနဲ့ အကြမ်းဖက်မှုတွေကို ရပ်တန့်သွားစေရေး အတွက် ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းက အစွမ်းကုန် ဆောင်ရွက်ပေးဖို့ ဂျော်ဒန် မိဖုရားက တောင်းဆိုလိုက်ပါတယ်။ ဒီလို ဆောင်ရွက်ဖို့က တာဝန်အရတင် မဟုတ်ဘဲ တရားမျှတရေး အတွက်ပါ ဖြစ်တယ်လို့ ပြောဆိုသွားပါတယ်။
Geneva မြို့မှာ အောက်တိုဘာလ ၂၃ ရက်နေ့ ကျင်းပတဲ့ ရိုဟင်ဂျာအရေးအတွက် နိုင်ငံတကာရဲ့ အကူညီပေးအပ်ရေး ကတိပြုတဲ့ အခမ်းနားမတိုင်ခင် မြန်မာနိုင်ငံက ထွက်ပြေးလာကြတဲ့ ဒုက္ခသည်တွေအတွက် လိုအပ်ချက် အရင်းမြစ်တွေ အခွင့်အလမ်းတွေ ကူညီဆောင်ရွက်ပေးကြဖို့ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် WFP က တောင်းဆိုလိုက်ပါတယ်။
ဂျပန်နိုင်ငံမှာ အချိန်မတိုင်သေးခင် တနင်္ဂနွေနေ့ကလုပ်တဲ့ အထွေထွေရွေးကောက်ပွဲမှာ ဝန်ကြီးချုပ် Shinzo Abe ရဲ့ အာဏာရ ညွန့်ပေါင်းအဖွဲ့က အလွယ်တကူအနိုင်ရမယ့် အလားအလာရှိတယ်ဆိုတာ မဲရုံထွက်ကောက်ယူတဲ့ စစ်တမ်းတွေက ပြနေပါတယ်။
အင်ဒိုနီးရှားနိုင်ငံရဲ့ စစ်ဦးစီးချုပ်ကို အမေရိကန်က ဘာ့ကြောင့် လာရောက်ခွင့်မပြုတာလဲဆိုတာ ရှင်းလင်းချက် တောင်းထား တယ်လို့ အင်ဒိုနီးရှားနိုင်ငံက တနင်္ဂနွေနေ့မှာပြောပါတယ်။ ဒီအခြေအနေကို ရှင်းပြခိုင်းဖို့အတွက် အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ၊ အမေရိကန် ဒုတိယသံအမတ်ကြီးကို ဆင့်ခေါ်ခဲ့တယ်လို့ အင်ဒိုနီး ရှားတာဝန်ရှိသူတွေက ပြောပါတယ်။
Niger နိုင်ငံမှာ အမေရိကန်စစ်ဘက်က ပါဝင်ပတ်သက်နေတဲ့ကိစ္စ အစိုးရအနေနဲ့ ပိုပြီး ချပြပြောဆိုဖို့ ထင်ရှားတဲ့ အထက် လွှတ်တော်အမတ်တွေက တနင်္ဂနွေနေ့မှာ တောင်းဆိုကြပါတယ်။ ဒီလအစောပိုင်းက Niger မှာ ခြုံခိုတိုက်ခိုက်ခံရတာကြောင့် အမေရိကန်စစ်သားလေးဦး ကျဆုံးခဲ့ရပြီးတဲ့နောက် အခုလို တောင်းဆိုလာကြတာပါ။
ဂျပန်နိုင်ငံမှာ ဒီကနေ့ ကျင်းပနေတဲ့ အထွေထွေ ရွေးကောက်ပွဲမှာ လက်ရှိ ဝန်ကြီးချုပ် Shinzo Abe ရဲ့ အာဏာရ ညွန့်ပေါင်း အဖွဲ့က လွတ်လွတ်လပ်လပ် နိုင်နေတယ်လို့ မဲပေးခဲ့ကြသူတွေကို ကောက်ယူတဲ့ စစ်တမ်းမှာ ဖော်ပြနေပါတယ်။
ကမ္ဘာပေါ်မှာ လူတွေကို အများဆုံးသေဆုံးစေတဲ့ အကြောင်းရင်းတခုဟာ သဘာဝ ပတ်ဝန်းကျင် ညစ်နွမ်းမှုဖြစ်ပြီး စစ်ပွဲတွေ အကြမ်းဖက်တိုက်ခိုက်မှုတွေ သဘာဝဘေးအန္တရာယ်တွေ စီးကရက်သောက်မှုနဲ့ ရောဂါကြောင့်သေဆုံးရသူ အရေအတွက်ထက် ပိုများတဲ့သူတွေကို အရွယ်မတိုင်မှီ သေဆုံးစေခဲ့တယ်လို့ လေ့လာဆန်းစစ်မှုတရပ်က ဖော်ပြထားပါတယ်။
သြဂုတ်လ ၂၅ ရက်နေ့ ကစပြီး ဘင်္ဂလားဒေ့ရှ် ဘက်ကို မြန်မာနိုင်ငံကနေ ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ ဒုက္ခသည် ၅သိန်း ၈ သောင်း ၉ ထောင် ရှိနေပြီလို့ ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ရုံး ပြောခွင့်ရ Farhan Haq က သောကြာနေ့မှာ ပြောကြားလိုက်ပါတယ်။
ကျင်းပဆဲ ၁၉ ကြိမ်မြောက် တရုတ်ပါတီ congress ဟာ တရုတ်သမ္မတ Xi Jinping အတွက် အဓိကျကတဲ့စမ်းသပ်မှုတရပ်ဖြစ်ပြီး တရုတ် အမေရိကန် နှစ်နိုင်ငံဆက်ဆံရေး ဘယ်လို ခရီးဆက်မလဲဆိုတာ ပြသနေတဲ့ သင်္ကေတတခုအဖြစ် အမေရိကန် ထောက်လှမ်းရေးအရာရှိတွေက နီးကပ်စွာ စောင့်ကြည့် နေကြပါတယ်။
အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ် ပြန်လည်ထူထောင်ရေး အတွက် ထင်ရှားတဲ့ စီးပွားရေး လုပ်ငန်းရှင်ကြီးတွေနဲ့ စီးပွားရေး အဖွဲ့အစည်းတွေက မြန်မာအစိုးရကို စုစုပေါင်း ငွေကျပ် သိန်းပေါင်း (၁၇၇,၀၀၀) အမေရိကန် ဒေါ်လာ ၁၃ သန်းခွဲ လှုဒါန်းလိုက်ပါတယ်။
တရုတ်ကွန်မြူနစ်ပါတီရဲ့ ခေါင်းဆောင်မှု အောက်မှာ လာမယ့် နှစ်ပေါင်း ၂၀ အတွင်း တရုတ်စစ်တပ်ကို အင်အားကြီးပြီး ခေတ်မှီတဲ့တပ် အဖြစ်တည်ဆောက်ပြီး ကမ္ဘာ့အဆင့်မှီအောင် ပြောင်းလဲပစ်မှာ ဖြစ်ကြောင်း ၁၉ ကြိမ်မြောက် တရုတ် ကွန်မြူနစ် ပါတီ ညီလာခံမှာ ဗုဒ္ဓဟူးနေ့က သမ္မတ Xi Jinping က ပြောကြားလိုက်ပါတယ်။
မြောက်ကိုရီးယားဟာ အမေရိကန်ပြည်ထောင်စုကို နျူကလီးယားဒုံးကျည်နဲ့ တိုက်ခိုက်နိုင်စွမ်းတဲ့ အခြေအနေကိုရောက်ဖို့ လ အတော်ကြာလောက်ပဲ လိုတော့တယ်လို့ အမေရိကန် ထိပ်တန်းတာဝန်ရှိသူနှစ်ဦးက ပြောပါတယ်။
စပိန်နိုင်ငံကနေ၊ Catalonia ဒေသခွဲထွက်ပြီး လွတ်လပ်ရေးရယူဖို့ ဆက်လုပ်သွားမယ်လို့ Catalonia ခေါင်းဆောင်က အခိုင်အမာ ဆက်ပြောထားတာနဲ့အမျှ Catalonia ဒေသ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ရုပ်သိမ်းဖို့ စပိန်အစိုးရက စီစဉ်နေပါတယ်။
ရခိုင်ပြည်နယ် မြောက်ပိုင်းက မတည်မငြိမ် အခြေအနေတွေကြောင့် မကြာသေးခင် ရက်တွေက ထပ်မံ ထွက်ပြေးလာကြတဲ့ ဒုက္ခသည်တွေကို အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဝင်ခွင့်ပြုလိုက်ပါတယ်။
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျုးလွန်နေတယ်လို့ စွပ်စွဲခံနေရတဲ့ မြန်မာစစ်တပ်အပေါ် ပစ်မှတ်ထား ဒဏ်ခတ်အရေးယူဖို့ အမေရိကန် လွှတ်တော်အမတ်တွေက တိုက်တွန်းလိုက်ကြပါတယ်။မြန်မာစစ်ခေါင်းဆောင်တွေအပေါ် ပြည်ဝင်ခွင့် တားမြစ်တာလို ဒဏ်ခတ်မှုမျိုးတွေ ပြန်လည်ကျင့်သုံးဖို့ နိုင်ငံခြားရေးဝန်ကြီး Rex Tillerson ကို အောက်လွှတ်တော်အမတ် ၄၀ ကျော်က လက်မှတ်ရေးထိုး တိုက်တွန်းခဲ့ကြကြောင်း Reuter သတင်းမှာ ဖော်ပြထားတာပါ။
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က မတည်မငြိမ် အခြေအနေတွေအပေါ် အမေရိကန် အနေနဲ့ အလွန်အမင်း စိုးရိမ်မိကြောင်း နိုင်ငံခြားရေးဝန်ကြီး Rex Tillerson က ပြောဆိုလိုက်ပါတယ်။
ရခိုင်ပြည်နယ် မြောက်ပိုင်းက မတည်မငြိမ် အခြေအနေတွေကြောင့် ဆက်လက် ထွက်ပြေးလာနေကြတဲ့ ဒုက္ခသည်တွေကို အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံက လက်ခံဖို့ ကုလသမဂ္ဂက တိုက်တွန်းလိုက်ပါတယ်။
ဒီညီလာခံဟာ လာမယ့်(၅)နှစ်အတွက် အစိုးရရဲ့ စီးပွားရေးမူဝါဒကို ရေးဆွဲဖို့လည်း ဖြစ်တာမို့ သိပ်အရေးပါနေတာပါ။
ဖိလစ်ပိုင်နိုင်ငံမှာ ISစစ်သွေးကြွ အဖွဲ့နဲ့ ဆက်စပ်မှုရှိတဲ့သူတွေ မေလတုန်းက သိမ်းယူထားတဲ့ နိုင်ငံတောင်ပိုင်းက မာရာဝီမြို့ကို အောင်အောင်မြင်မြင် ပြန် သိမ်းပိုက် လိုက်နိုင်ပြီလို့ ဖိလစ်ပိုင်သမ္မတ ရော့ဒရီဂို ဒူတာတေးက မနေ့ကဘဲ ကြေညာခဲ့ပါတယ်။
Raqqa မှာ တိုက်ပွဲတွေ ပြီးဆုံး သွားပြီ ဖြစ်ကြောင်း Kurds နဲ့ အာရပ်ပြည်သူ့စစ်တွေနဲ့ ဖွဲ့စည်းထားတဲ့ SDF အဖွဲ့က ပြောခွင့်ရက ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်