အာဖဂန်နစ္စတန်အရှေ့ပိုင်းက ရဲသင်တန်းကျောင်းကို ဒီကနေ့မှာ အကြမ်းဖက်သမားတွေက တိုက်ခိုက်တာကြောင့် လူ ၅၀ ထက်မနည်းသေဆုံးပြီး ၂၀၀ ကျော်ဒဏ်ရာရသွားပါတယ်။
အချိန်ကာလ ၅ပတ်မပြည့်ခင်မှာပဲ ရခိုင်ပြည်နယ်အတွင်းက အကြမ်းဖက်မှုတွေကြောင့် ဘင်္ဂလားဒေ့ရှ်ဘက်ကိုထွက် ပြေးလာကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေက ၅သိန်းကျော်သွားပြီလို့ UNHCR ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်း ကြီး Filippo Grandi နဲ့ လူသားချင်းစာနာမှုအရေးနဲ့ အရေးပေါ်ကူညီကယ်ဆယ်ရေးအဖွဲ့ရဲ့လက်ထောက် အတွင်းရေး မှုးချုပ် Mark Lowcockတို့ ပူးတွဲထုတ်ပြန်တဲ့ မနေ့ကကြေညာချက်ထဲမှာ ဖေါ်ပြထားပါတယ်။
DV Lotteryလို့ခေါ်တဲ့ အမေရိကန်ပြည်ထောင်စုမှာ အခြေချနေထိုင်ခွင့်ရှိတဲ့ Green Card ဗီဇာကံစမ်းမဲလျှောက်လွှာ တင်ထားတာတွေထဲက တချို့ ပျောက်ဆုံးနေလို့ အသစ်ထပ်ပြီး လျှောက်ကြရမယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဌာနက ပြောပါတယ်။
မြောက်ကိုရီးယားနိုင်ငံရဲ့ နျူကလီးယားစမ်းသပ်မှုတွေနဲ့ မစ်ဇိုင်းဒုံးကျည်ပစ်လွှတ်မှုတွေကို ပြစ်ဒဏ်ခတ်တဲ့အနေနဲ့ အရေး ယူမှုအသစ်တွေကို EU ဥရောပသမဂ္ဂကထပ်ပြီးချမှတ်လိုက်ပါတယ်။
အီရတ်အစိုးရ တပ်ဖွဲ့တွေဟာ တနင်္လာနေ့က Kurd လူမျိုးစု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသက Kirkuk မြို့ကို ဝင်ရောက် စီးနင်းပြီး ပြည်နယ် အုပ်ချုပ်ရေးမှူးရဲ့ရုံး၊ စစ်တပ်စခန်းတွေနဲ့ ရေနံတွင်းတွေကို သိမ်းပိုက်လိုက်ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ရိုဟင်ဂျာဒုက္ခသည် ၅ သိန်းကျော် ထွက်ပြေးခဲ့ရတဲ့ ဖြစ်ရပ်နဲ့ပတ်သက်လို့ မြန်မာအစိုးရအပေါ် နိုင်ငံတကာရဲ့ ဖိအားပေးမှုတွေ တိုးမြင့်လာနေချိန်မှာဘဲ ကမ္ဘာ့ဘဏ်ကလည်း မြန်မာနိုင်ငံကို ချေးမယ့် ဒေါ်လာ သန်း ၂၀၀ ကို ဆိုင်းငံ့ထားလိုက်ကြောင်း အောက်တိုဘာလ ၁၂ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
အီရတ်နိုင်ငံတွင်း အငြင်းပွားနယ်မြေ Kirkuk မြို့ မြောက်ဘက်က အရေးပါတဲ့ လေတပ်အခြေစိုက် စခန်းတခု၊ လေဆိပ်တခု၊ ရေနံ ကုမ္ပဏီ တခုနဲ့ မြို့ပတ်ဝန်းကျင် တဝိုက်ကို သိမ်းယူလိုက်ကြောင်း အီရတ် စစ်တပ်က ပြောပါတယ်။
ရခိုင်ပြည်နယ်တွင်းမှာ လုံခြုံရေး တပ် အင်အား အလွန်အကျွံသုံးစွဲမှုကြောင့် ဥရောပ သမဂ္ဂ၊ နောက် သမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေက မြန်မာ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နဲ့ တပ်မတော် အကြီးတန်း တာဝန်ရှိသူတွေကို ဖိတ်ကြားမှု ဆိုင်းငံ့ထားမှာ ဖြစ်သလို လက်ရှိ ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေကိုလည်း ပြန်လည် သုံးသပ်မယ်လို့ ဥရောပ ကောင်စီက ပြောဆိုလိုက်ပါတယ်။
နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ မနေ့ကလက်နက်တချို့ဖမ်းဆီးရမိတဲ့ကိစ္စနဲ့ပတ်သက်ပြီး ပြည်ထဲရေးဝန်ကြီးဌာနဘက်ကနောက်ဆက်တွဲစစ်ဆေးနေပြီး လက်နက်တွေထပ်မံသိမ်းဆည်းရမိ…စသည်
သြစတြီးယားနိုင်ငံမှာ တနင်္ဂနွေနေ့ကလုပ်တဲ့ လွှတ်တော်ရွေးကောက်ပွဲမှာ Sebastian Kurz ဦးဆောင်တဲ့ ကွန်ဆာဗေးတစ် People’s Party အနိုင်ရသွားပါတယ်။ ဒါဟာဖြင့် အလယ်အလတ်ဝါဒီတွေနဲ့ သဘောထား မတင်းမာသူတွေ သြစတြီးယားကို နှစ်ပေါင်း ၆၀ ကျော် အုပ်ချုပ်ခဲ့ပြီးတဲ့နောက် အခုအခါ လက်ယာဘက်ကို ယိမ်းလာတဲ့ပုံရှိပါတယ်။
ကာလီဖိုးနီးယားပြည်နယ် မှာ လောင်ကျွမ်းနေတဲ့ တောမီးကို မီးသတ်သမားတွေအနေနဲ့ ထိမ်းချုပ်ထားနိုင်တဲ့ အခြေအနေရှိလာတာကြောင့် ခရိုင်တချို့က ကယ်ဆယ်ရေး ပြောင်းရွှေ့ ထားသူတွေကို သူတို့ရဲ့နေအိမ်တွေထံပြန်ခွင့်ပြုနေပြီ ဖြစ်ပါတယ်။
တရုတ်ကွန်မြူနစ်ပါတီညီလာခံ မတိုင်ခင်မှာ ပါတီဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖြည့်စွက်ဖို့ သဘောတူလိုက်တဲ့အကြောင်း တရုတ်ကွန်မြူနစ်ပါတီက စနေနေ့မှာ ကြေညာလိုက်ပါတယ်။
တနင်္ဂနွေနေ့ညပိုင်းက နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ခရီးသည်သုံးဦးဆီကနေ သေနတ်တချို့ ရှာတွေ့တဲ့အတွက် ဖမ်းဆီးပြီး စစ်ဆေးနေတယ်လို့ နေပြည်တော်တိုင်း ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးဇော်ခင်အောင်ကို ကိုးကားပြီး ပြည်တွင်းသတင်းတွေမှာ ဖော်ပြကြပါတယ်။
ဆိုမာလီနိုင်ငံ၊ မိုဂါဒစ်ရှုးမြို့တော်မှာ စနေနေ့က ကြီးမားတဲ့ ကားဗုံးဖောက်ခွဲမှုကြောင့် သေဆုံးသူ ၂၇၀ ကျော် နီးပါးရှိသွားပြီဖြစ် တာကြောင့် နိုင်ငံသမိုင်းမှာ အထိအခိုက်အများဆုံး တိုက်ခိုက်မှုဖြစ်သွားပါတယ်။
သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့မှာတော့ ဆန္ဒပြသူ ရာပေါင်းများစွာက ပစိဖိတ်သမုဒ္ဒရာထဲက ကျွန်းတွေမှာ ထိန်းသိမ်းထားတဲ့ ခိုလှုံ့ခွင့်လျှောက်ထားသူတွေကို သြစတြေးလျနိုင်ငံမှာ နေခွင့်ပြုဖို့အတွက် ဒီကနေ့ တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။
အမေရိကန်တို့ အထောက်အပံ့ပေးထားတဲ့ ဆီးရီးယား ပြည်သူ့စစ်တွေ ဝိုင်းထားတဲ့ ရက္ကာမြို့ထဲကနေ ဆုတ်ခွာရေး သဘောတူညီချက်နဲ့ အစ္စလာမ္မစ် အစွန်းရောက် IS တိုက်ခိုက်ရေးသမား အဖွဲ့ ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ကြပါတယ်။
အီရန်နိုင်ငံဟာ အနောက်အင်အားကြီးနိုင်ငံတွေနဲ့ ချုပ်ဆိုထားတဲ့ သက်တမ်းနှစ်နှစ်ရှိ နျူကလီးယားသဘောတူစာချုပ်ပါ သဘော တူညီချက်တွေအတိုင်း လိုက်နာ လုပ်ဆောင်ခြင်းမရှိဘူးလို့ဆိုပြီး အီရန်ဆိုင်ရာ တင်းမာတဲ့ မဟာဗျူဟာသစ်တခုကို သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်က သောကြာနေ့မှာ ချပြလိုက်ပါတယ်။
မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်မြောက်ပိုင်းက အကြမ်းဖက်အခြေအနေတွေကြောင့် ထွက်ပြေးသွားပြီး လက်ရှိ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခိုလှုံနေထိုင်နေကြသူ မွတ်စလင်တွေကို ရိုဟင်ဂျာလို့ ဘင်္ဂလားဒေ့ရှ်အစိုးရက တရားဝင်မခေါ်သလို ဒုက္ခသည်တွေအဖြစ်လဲ မခေါ် ဘူးလို့ ဒုက္ခသည်ရေးရာ ကျွမ်းကျင်သူတဦးက ပြောပါတယ်။
မြန်မာနိုင်ငံ ရခိုင်ပြည်နယ် မြောက်ပိုင်းက ပဋိပက္ခတွေမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျုးလွန်ခဲ့ကြောင်း စွပ်စွဲခံနေရတဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေရဲ့ ဆောင်ရွက်ချက်တွေကို စုံစမ်းစစ်ဆေးနေကြောင်း ကာကွယ်ရေးဦးစီးချုပ်ရုံးက ပြောဆိုလိုက်ပါတယ်။
ရခိုင်ပြည်နယ် မြောက်ပိုင်းက တကျော့ပြန်ပဋိပက္ခတွေကြောင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်လာကြတဲ့ အိမ်ထောင်စုတွေကို ပထမအသုတ်အဖြစ်နဲ့ စတင်စာရင်းကောက်ယူနေပြီဖြစ်ကြောင်း ကုလသမဂ္ဂက ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်