အိန္ဒိယနိုင်ငံမှာ နေထိုင်နေကြတဲ့ ရိုဟင်ဂျာ မွတ်စလင် ၄၀၀၀၀ ကို အိန္ဒိယအစိုးရအနေနဲ့ တိုင်းပြည်ကနေ နှင်ထုတ်နိုင်မလားဆိုတာနဲ့ ပတ်သက်ပြီး၊ အမိန့်ချမှတ်မယ့်နေ့ကို အိန္ဒိယတရားရုံးချုပ်က ရွှေ့ဆိုင်းလိုက်တယ်လို့ တရားပြိုင်ရှေ့နေ Prashant Bhushan က သောကြာနေ့မှာ ပြောပါတယ်။
တာလီဘန်တွေက ၅ နှစ်ကြာ ဖမ်းဆီးထားတာကနေ ပြန်လည်လွတ်မြောက်လာပြီး သူတို့ရဲ့နိုင်ငံကို ပြန်ဖို့ ပြင်ဆင်နေကြတဲ့ အမေရိကန် နဲ့ ကနေဒါနိုင်ငံသား မိသားစုဟာ ပါကစ္စတန်နိုင်ငံကနေ ဗြိတိန်နိုင်ငံကို ဒီကနေ့ သောကြာနေ့မှာ ထွက်ခွာသွားပြီဖြစ်ပါတယ်။
ရခိုင်ပြည်နယ်အရေး အကြံပေးကော်မရှင်ဥက္ကဋ္ဌ၊ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီ အာနန်ဟာ ရခိုင်ပြည်နယ်အခြေ အနေနဲ့ပတ်သက်ပြီး ကော်မရှင်ရဲ့တွေ့ရှိချက်တွေ၊ အကြံပေးချက်တွေနဲ့ပတ်သက်ပြီး အောက်တိုဘာလ ၁၃ ရက်၊ သောကြာနေ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ တင်ပြဖို့ရှိပါတယ်။
ပါလက်စတိုင်း ဟားမတ်စ်အဖွဲ့နဲ့ ပြိုင်ဘက် ဖာတာအဖွဲ့တို့အကြား နိုင်ငံရေး ပြန်လည်သင့်မြတ်ရေးဆိုင်ရာ သဘောတူညီချက်တခု ရလိုက်ပြီလို့ ဟားမတ်စ်အဖွဲ့က ပြောပါတယ်။
မြန်မာစစ်တပ်က လူမျိုးတုံးသုတ်သင်ရှင်းလင်းမှုတွေ ပြုလုပ်နေတယ် ဆိုတဲ့ စွပ်စွဲချက်ကို မြန်မာ့တပ်မတော်ဦးစီးချုပ်က ကြာသာပတေးနေ့ ပြတ်ပြတ်သားသားငြင်းဆိုလိုက်သလို အကြမ်းဖက်မှုတွေကနေ လွတ်မြောက်အောင် ထွက်ပြေးကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေရဲ့ အရေအတွက်ကို မီဒီယာတွေက ချဲ့ကားဖေါ်ပြနေကြတယ်လို့ လည်းပြောဆိုလိုက်ပါတယ်။
ကုလသမဂ္ဂရဲ့ UNESCO အဖွဲ့ကြီးဟာ အစ္စရေးဆန့်ကျင်ရေး ဘက်လိုက်မှုရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အမေရိကန်ပြည်ထောင်စုက နုတ်ထွက်လိုက်ပါတယ်။
ပြန်ပေးဆွဲဖမ်းဆီးခံခဲ့ရတဲ့ အမေရိကန်နိုင်ငံသူ Caitlan Coleman ခင်ပွန်းဖြစ်သူ ကနေဒါနိုင်ငံသား Joshua Boyle နဲ့ သားသမီး ၃ ယောက် တို့ကို အာဖဂနစ္စတန်နိုင်ငံနဲ့နယ်စပ် ပါကစ္စတန်နိုင်ငံ လူမျိုးစုဒေသကနေ ကယ်တင်နိုင်ခဲ့ကြောင်း ပါကစ္စတန်စစ်တပ်က ဒီကနေ့ပဲ ကြေညာလိုက်ပါတယ်။
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်လို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီးနဲ့ မြန်မာနိုင်ငံ အမျိုးသားလုံခြုံရေး အကြံပေး ဦးသောင်းထွန်း တို့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
"ရခိုင်ပြည်နယ်က အခြေအနေတွေဟာ သမိုင်းကြောင်း၊ လူမျိုးရေး၊ ဘာသာရေး ကိစ္စတွေ ပါဝင်တဲ့ ရှုပ်ထွေးလှတဲ့ ကိစ္စတွေ ပါဝင်နေတာကြောင့် နိုင်ငံတကာအနေနဲ့ လက်တွေ့ကျကျက ရှုမြင်ကြဖို့ "တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရသူ Hua Chunying က ဒီကနေ့ ဘေဂျင်းမြို့တော်က သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားတာပါ။
မြောက်ကိုရီးယားအပေါ် စစ်ရေးအရ အရေးယူကောင်းယူဖို့ စဉ်းစားထားကြောင်း အမေရိကန်သမ္မတ Donald Trump က ပြောနေချိန်မှာပဲ၊ အင်အားပြတဲ့အနေနဲ့ အမေရိကန်က ကိုရီးယားကျွန်းဆွယ်မှာ မနေ့တုန်းက ပူးတွဲစစ်ရေးလေ့ကျင့်ခဲ့ပါတယ်။
အမေရိကန် ပြည်ထောင်စု အနောက်ပိုင်း ပြည်နယ် ကယ်လီဖိုးနီးယားမှာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က စလို့ လောင်ကျွမ်းနေတဲ့ တောမီးကို ထောင်နဲ့ချီတဲ့ မီးသတ်သမားတွေနဲ့ ငြှိမ်းသတ်နေရပြီး လေတိုက်နှုန်းလျော့ပြီး အပူချိန် ကျလာတာကြောင့် မီးငြှိမ်းသတ်မှုမှာ အထောက်အကူ ဖြစ်စေခဲ့ပါတယ်။
စပိန်နိုင်ငံ တစိတ်တပိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ Catalonia ဒေသ ခေါင်းဆောင်တွေ အနေနဲ့ သီးခြားလွတ်လပ်တဲ့ နိုင်ငံအဖြစ် ကြေညာလိုက်ပြီးလား ဆိုတာကို ရှင်းရှင်းလင်းလင်း သိလိုတဲ့အကြောင်း စပိန်ဝန်ကြီးချုပ် Mariano Rajoy က ဒီကနေ့ပဲ ပြောဆိုလိုက်ပါတယ်။
စစ်အာဏာသိမ်းထားတာ ၄နှစ်ကြာလာခဲ့ပြီ ဖြစ်တဲ့ ထိုင်းစစ်အစိုးရက အထွေထွေ ရွေးကောက်ပွဲတွေကို ထိုင်းနိုင်ငံမှာ နောက်နှစ်ထဲကျရင် ကျင်းပမယ်လို့ ထိုင်းဝန်ကြီးချုပ်က မနေ့ကဘဲ ကြေညာခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စု အနောက်ဘက်ခြမ်းက ကလ်လီဖိုးနီးယား ပြည်နယ် မြောက်ပိုင်းမှာ တောမီးလောင်မှုတေ ွဖြစ်ပွါးခဲ့လို့လူအနည်းဆုံး ၁၅ ဦး သေဆုံးခဲ့ပြီး လူနေအိမ်နဲ့ တခြား အဆောက်အဦး ထောင်နဲ့ချီပြီး မီးလောင်ကျွမ်းခဲ့ရပါတယ်။
ရိုမန်ကက်သလစ် ခရစ်ယာန် သာသနာပိုင် ပုပ်ရဟန်းမင်းကြီး Francis မြန်မာနိုင်ငံကို လာမယ့် နိုဝင်ဘာလ ၂၇ ရက်နေ့ကနေ စတင်မယ့် ၃ ရက်ကြာ ခရီးစဉ် အတွင်းမှာတော့ သမ္မတ ဦးထင်ကျော်၊ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်နဲ့ နိုင်ငံခြားရေး ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ နေပြည်တော်မှာသီးခြားစီ တွေ့ဆုံမှာ ဖြစ်ပါတယ်။
တားမြစ်ကုန်ပစ္စည်းတွေကို မြောက်ကိုရီးယားနိုင်ငံနဲ့ အသွားအပြန် အတင်အပို့ လုပ်နေတဲ့ ကုန်တင်သင်္ဘောလေးစင်းကို ကမ္ဘာပေါ်က ဆိပ်ကမ်း ဘယ်နေရာမှာမှ ဆိုက်ကပ်ခွင့်မပြုဖို့ ကုလသမဂ္ဂက ပိတ်ပင်လိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စု၊ California ပြည်နယ်ထဲကမှာ တောမီးတွေ လောင်ကျွမ်းမှုကြောင့် လူ ၁၀ ဦးထက်မနည်းသေဆုံးခဲ့ပါတယ်။ စပျစ်ခြံတွေနဲ့ဝိုင်အရက် ထုတ်လုပ်တဲ့ လုပ်ငန်းတွေရှိရာ Napa နဲ့ Sonoma မြို့နယ်တွေအပါအဝင် မြို့နယ် ၈ ခုမှာ ပြည်နယ်အုပ်ချုပ်ရေးမှူး Jerry Brown က အရေးပေါ်အခြေအနေ ထုတ်ပြန်ထားပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်ရောက်နေကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေအတွက် ကာလဝမ်းရောဂါကာကွယ်ဆေး တိုက်ကျွေးမှု အစီအစဉ်ကို ကုလသမဂ္ဂက ဒီကနေ့ အင်္ဂါနေ့မှာ စတင်မှာဖြစ်ပါတယ်။ Cox’s Bazar ခရိုင်ထဲမှာရှိနေတဲ့ ဒုက္ခသည်စခန်းတွေအတွက် ကာကွယ်ဆေးတိုက်ကျွေးမယ့် အစီအစဉ်ဟာ ကမ္ဘာပေါ်မှာ ဒုတိယအကြီးကျယ်ဆုံးဖြစ်တယ်လို့ ကမ္ဘာကျန်းမာရေးအဖွဲ့ WHO ကပြောပါတယ်။
အမေရိကန်ကို အလည်လာရောက်မယ့် တူရကီနိုင်ငံသားတွေကို ပြည်ဝင်ခွင့် Visa ထုတ်ပေးမှု ရပ်ဆိုင်းထားတဲ့ အမေရိကန်ရဲ့ ဆုံးဖြတ်ချက်ကို ပြင်ဆင်ဖို့ တူရကီက တနင်္လာနေ့မှာ တိုက်တွန်းလိုက်ပါတယ်။
Dreamers တွေလို့ ခေါ်ကြတဲ့ အမေရိကန် ပြည်ထောင်စုကို ကလေးဘဝကတည်းက တရားမဝင် ရောက်လာသူတွေကို ဆက်လက် နေထိုင်ခွင့်ပြုရေး ဒီမိုကရက်တွေနဲ့ ဆွေးနွေးညှိနှိုင်းတဲ့ နေရာမှာ အမြဲတမ်း နေထိုင်ခွင့် Green-card စနစ်ကို အလုံးစုံ ပြုပြင်ပြောင်းလဲဖို့နဲ့ လူဝင်မှု ကြီးကြပ်ရေး ဝန်ထမ်း ၁ သောင်း ထပ်မံခန့်ထားဖို့နဲ့ တောင်ပိုင်းနယ်စပ်ကို တံတိုင်း တည်ဆောက်ရေးတို့ကိုတော့ အလျှော့ပေးမှာ မဟုတ်ဘူးလို့ အမေရိကန် သမ္မတ DonaldTrump က မနေ့ တနင်္ဂနွေနေ့တုန်းက ရှင်းရှင်းလင်းလင်း ပြောဆိုလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်