Alfred Nobel အမှတ်တရ အဖြစ် ချီးမြှင့်တဲ့ စီးပွားရေး သိပ္ပံဆိုင်ရာ Sveriges Riksbank ဆု ဖြစ်တဲ့ ၂၀၁၇ ခုနှစ် အတွက် စီးပွားရေးဆိုင်ရာ နိုဘဲလ်ဆုကိုတော့ အမေရိကန် နိုင်ငံသား Richard H. Thaler ကို ချီးမြှင့်လိုက်ပါတယ်။
မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးသွားတဲ့ ရိုဟင်ဂျာတွေကို ပြန်လက်ခံရေးကိစ္စ ဆွေးနွေးဖို့ ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီး Asaduzzaman Khan ဟာ ဒီလအတွင်း မြန်မာနိုင်ငံကိုသွားရောက်မယ်လို့ ဘင်္ဂလားဒေ့ရှ်ကလာတဲ့ သတင်း တွေမှာဖော်ပြပါတယ်။
ရိုဟင်ဂျာမွတ်စလင် ၅၀၀,၀၀၀ ကျော် နိုင်ငံထဲကနေထွက်ပြေးသွားရအောင် လုပ်ခဲ့တဲ့ စစ်ဆင်ရေးတခုကြောင့် မြန်မာ စစ်ဘက် ခေါင်းဆောင်တွေအပေါ် အတိအကျဦးတည်ချက်ထားတဲ့ ဒဏ်ခတ်အရေးယူမှုတွေချမှတ်ဖို့ ဥရောပသမဂ္ဂ EU နဲ့ အမေရိကန် ပြည်ထောင်စုတို့က စဉ်းစားနေတဲ့အကြောင်း ဒီဆွေးနွေးမှုတွေနဲ့နီးစပ်တဲ့ တာဝန်ရှိသူတွေကပြောပါတယ်။
မြောက်ကိုရီးယား အစိုးရအပေါ် အမေရိကန်သမ္မတ Donald Trump နဲ့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးတို့က ဖိအား ပေးမှုတွေ ဆက်လက်ပြုလုပ်နေကြချိန်မှာ သူ့နိုင်ငံရဲ့ နျူကလီးယားလက်နက်များ အစီအစဉ်ဟာ ကျူးကျော်ရန်စမှုကို ခုခံကာကွယ် နိုင်ရေးအတွက် အဖိုးတန်တဲ့ဓါးတလက် ဖြစ်တယ်လို့ မြောက်ကိုရီးယားခေါင်းဆောင်Kim Jong Un က ပြတ်သားစွာ ပြောဆို လိုက်ပါတယ်။
တူရကီနိုင်ငံကတင်တဲ့ ရွှေ့ပြောင်းနေထိုင်ခြင်းမဟုတ်တဲ့ ပြည်ဝင်ခွင့်ဗီဇာလျှောက်လွှာတွေအားလုံးကို ယာယီ ရပ်ထားလိုက်တယ် လို့ အန်ကာရာမှာရှိတဲ့ အမေရိကန်သံရုံုးက ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေအနေနဲ့ ဘင်္ဂလားဒေ့ရှ်မှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ ထိမ်းမြားလက်ထပ်တာ မလုပ်ရဘူးလို့ ပိတ်ပင် တားမြစ်ထားတဲ့ကြားမှာပဲ အဲဒီလို လက်ထပ်ပေါင်းသင်းတာတွေ ဆက်ရှိနေပါတယ်။
စပိန်နိုင်ငံကနေခွဲထွက်ဖို့အတွက် ကာတာလန်အစိုးရက တွန်းအားပေးနေတာကို ကန့်ကွက်တဲ့အနေနဲ့ Catalonia ဒေသခံတွေဟာ ဘာစီလိုနာမြို့ကမှာ ဒီကနေ့ တနင်္ဂနွေနေ့က စုဝေးဆန္ဒပြခဲ့ကြပါတယ်။
အမေရိကန် ပြည်ထောင်စု Mississippi နဲ့ Alabama ပြည်နယ်တို့ကို လေတိုက်နှုန်း တနာရီကို ကီလိုမီတာ ၁၁၀ နှုန်းတဲ့ အပူပိုင်း မုန်တိုင်း Nate ဒီကနေ့ တနင်္ဂနွေနေ့မှာ ဝင်ရောက်လာနေတယ်လို့ အမျိုးသား ဟာရီကိန်း စင်တာက ပြောဆိုထားပါတယ်။
အမေရိကန် ပြည်ထောင်စု လာစ်ဗေးဂတ်စ်မြို့က လူ ၅၈ ဦး သေဆုံးခဲ့ရတဲ့ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဂီတဖျော်ဖြေပွဲ ပစ်ခတ်မှုကြောင့် တုန်လှုပ်ခြောက်ခြားခဲ့ကြရတဲ့ ဒေသခံတွေ၊ လာရောက်လည်ပတ်ကြသူတွေနဲ့ အတူရှိနေတယ်ဆိုတာကို ပြသတဲ့ အနေနဲ့ ဒုတိယ သမ္မတ Mike Pence မနေ့ စနေနေ့က လာစ့်ဗေးဂတ်ကို ရောက်ရှိနေပါတယ်။
ကမ္ဘာတဝန်း ၂၀၁၆ ခုနှစ်အတွင်း ပဋိပက္ခအခြေအနေပေါင်း ၂၀ မှာ ထောင်ပေါင်းများစွာသော ကလေးတွေ အသတ်ခံကြရ၊ ဒဏ်ရာရကြ၊ လက်နက်ကိုင်လုပ်ဖို့ စုဆောင်းခံရ၊ ပြန်ပေးဆွဲခံရ ဒါမှမဟုတ် လိင်ပိုင်းစော်ကားခံကြရတယ်လို့ ကုလသမဂ္ဂက ပြောလိုက်ပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ တင်းမာမှုတွေလျှော့ချဖို့နဲ့ နိုင်ငံတကာ လိုက်နာရမယ့် လူ့အခွင့်အရေးဆိုင်ရာ တာဝန်ဝတ္တရားတွေကို လိုက်နာဖို့ EU ဥရောပကောင်စီဥက္ကဋ္ဌ Donald Tusk ကတောင်းဆိုလိုက်ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ သဘောထားပြင်းထန်တဲ့ အစ္စလာမ်ဝါဒီ ထောင်ပေါင်းများစွာဟာ သောကြာနေ့က စစ်တကောင်းမြို့မှာ ချီတက်ဆန္ဒပြပြီး မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်ကနေ ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ မွတ်စလင်ဒုက္ခသည်တွေကို လက်နက်တပ်ဆင်ပေး ဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရကို တောင်းဆိုကြပါတယ်။
ဒီနှစ် ၂၀၁၇ ခုနှစ်အတွက် ငြိမ်းချမ်းရေး နိုဘဲလ်ဆုကို နျူကလီးယားလက်နက် ဖျက်သိမ်းရေး နိုင်ငံတကာ လှုပ်ရှားမှုအဖွဲ့ (ICAN) ကို ချီးမြှင့်လိုက်ပါတယ်။
မြန်မာနိုင်ငံတွင်းမှာ ထောင်နဲ့သောင်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ ရှိနေဆဲဖြစ်ပြီး နောက်ထပ် အလုံးအရင်းနဲ့ ထပ်ထွက်လာရင် အကူအညီ ပေးနိုင်ဖို့လည်း အသင့်ပြင်ထားဖို့လိုကြောင်း လူသားချင်းစာနာမှုနဲ့ အရေးပေါ် အကူအညီပေးရေး ညှိနှိုင်းဆောင်ရွက်မှုဆိုင်ရာ ကုလသမဂ္ဂ လက်ထောက် အတွင်းရေးမှူးချုပ် Mark Lowcock က ပြောဆိုလိုက်ပါတယ်။
အီရန်နိုင်ငံနဲ့ ချုပ်ဆိုထားတဲ့ နျူကလီးယားဆိုင်ရာ သဘောတူညီချက်ကို သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်က ပြန်ရုပ်သိမ်းဖွယ်ရှိပြီး ဒဏ်ခတ်အရေးယူမှုတွေ ပြန်ပြီး ချမှတ်နိုင်ခြေအတွက် ကွန်ဂရက်လွှတ်တော်ကို ပို့မယ်လို့ အမေရိကန် အကြီးတန်းတာဝန်ရှိသူ တွေက ကြာသပတေးနေ့မှာပြောပါတယ်။
မြန်မာနိုင်ငံကနေ ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ သန်းဝက်ကျော်ကိုထားဖို့ ကမ္ဘာ့အကြီးဆုံး ဒုက္ခသည်စခန်းကို ဘင်္ဂလားဒေ့ရှ်က ဆောက်နေတယ်လို့ တာဝန်ရှိသူတွေက ကြာသပတေးနေ့မှာပြောပါတယ်။
မြန်မာနိုင်ငံမှာ မတည်မငြိမ် အခြေအနေတွေ ကြုံနေရတဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ နေအိမ်တချို့ကို အစွန်းရောက်ဝါဒီ ARSA အဖွဲ့ဝင်တွေက မီးရှို့ဖျက်ဆီးခဲ့တဲ့အကြောင်း မြန်မာစစ်တပ်က ပြောဆိုလိုက်ပါတယ်။
အမေရိကန် ပြည်ထောင်စုမှာ အဆိုးရွားဆုံး ကြုံခဲ့ရတဲ့ Las Vegas မြို့က ပစ်ခတ်မှုမှာ ပူးပေါင်းကြံစည်ခဲ့သူ ရှိမရှိ သိရှိနိုင်ဖို့ သေနတ်သမား Stephen Paddock နဲ့ သိတဲ့သူတွေကို မေးမြန်းခွင့်ရဖို့ အရေးကြီးကြောင်း ရဲတပ်ဖွဲ့ အကြီးအကဲက ပြောဆိုလိုက်ပါတယ်။
၂၀၁၇ ခုနှစ် အတွက် စာပေ နိုဘဲလ်ဆုရှင် အဖြစ် ဂျပန်နိုင်ငံဖွား ဗြိတိန် စာရေးဆရာ Kazuo Ishiguro ကို ရွေးချယ်ကြောင်း နိုဘဲလ်ဆုရွေးချယ်ရေး အသင်းကြီးက ဒီကနေ့ ကြာသပတေးနေ့မှာ ကြေညာလိုက်ပါတယ်။
တူရကီနိုင်ငံမှာ ပြီးခဲ့တဲ့နှစ်ထဲ အာဏာသိမ်းဖို့ ကြံစည်မှုအတွင်း သမ္မတ Recep Tayyip Erdogan ကို လုပ်ကြံဖို့ ကြံစည်မှုနဲ့ အရေးယူခံထားရသူ ၃၄ ယောက်ကို ဒီကနေ့ပဲ တရားရုံးက ထောင်ဒဏ်တသက်စီ ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်