အမေရိကန် ခေတ်သစ် သမိုင်းမှာ သေနတ်သမား တဦးတည်းရဲ့ လက်ချက်နဲ့ အဆိုးရွားဆုံး လူစုလူဝေးတွင်း ပစ်ခတ်မှု ကျူးလွန်ခဲ့သူ အမျိုးသား တည်းခိုခဲ့တဲ့ Las Vegas ဟိုတယ်ခန်းတွင်းကနေ သေနတ် ၂၃ လက်ကို နီဗားဒါး ပြည်နယ် ရဲတပ်ဖွဲ့က သိမ်းဆည်းရရှိခဲ့ပါတယ်။ သူ့အိမ်တလုံးကနေ သေနတ် ၁၉ လက်ထပ်တွေ့ခဲ့ပါသေးတယ်။
ရူပဗေဒဆိုင်ရာ နိုဘဲလ်ဆုရှင်တွေအဖြစ် သိပ္ပံပညာရှင်တွေ ဖြစ်ကြတဲ့ Rainer Weiss၊ Barry Barish နဲ့ Kip Thorne တို့ကို ရွေးချယ်လိုက်ပါတယ်။ Gravitational Waves ဒြပ်ဆွဲလှိုင်းတွေကို ရှာဖွေတွေ့ရှိမှုအတွက် ချီးမြှင့်လိုက်တာပါ။
အမေရိကန်နိုင်ငံ Las Vegas အကြမ်းဖက်တိုက်ခိုက်မှုကြောင့် လူအများအပြားသေဆုံးခဲ့ရတဲ့အပေါ် တရုတ်သမ္မတ Xi Jinping က အမေရိကန် သမ္မတ Donald Trump ထံ ဝမ်းနည်းကြောင်းသဝဏ်လွှာ တိုက်ရိုက်ပေးပို့လိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ ရောက်နေတဲ့ ထိုင်းနိုင်ငံဝန်ကြီးချုပ် Prayuth Chan-ocha နဲ့ အမေရိကန်သမ္မတ Donald Trump ကတနင်္လာနေ့က အိမ်ဖြူတော်မှာ တေ့ွဆုံဆွေးနွေးခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စု Nevada ပြည်နယ် Las Vegas မြို့မှာ သေနတ်နဲ့ပစ်ခတ်မှုကြောင့် ၅၉ ယောက်ထက် မနည်းသေဆုံးပြီး ၅၂၇ ယောက်ထိခိုက်ဒဏ်ရာရခဲ့တဲ့ ပစ်ခတ်မှုဟာ လတ်တလောနှစ်တွေအတွင်း အမေရိကန်သမိုင်းမှာအဆိုးဆုံး အစုလိုက် အပြုံလိုက် သေဆုံးထိခိုက်တဲ့ ပစ်ခတ်မှုဖြစ်ပါတယ်။
စပိန်နိုင်ငံကနေ Catalonia ခွဲထွက်ရေး အတွက် မနေ့ တနင်္ဂနွေနေ့က လူထုဆန္ဒခံယူပွဲက တရားမဝင်ဘူးလို့ ဥရောပ ကော်မရှင်က ပြောဆိုပါတယ်။ ဒါပေမယ့် စပိန် အစိုးရ အနေနဲ့ ဆွေးနွေးညှိနှိုင်းပါလို့လည်း ဥရောပ ကော်မရှင်က တိုက်တွန်းပါတယ်။
အမေရိကန် ပြည်ထောင်စု နီဗားဒါး ပြည်နယ် လာစ့်ဗေးဂတ်စ်မြို့က Country Music ဂီတဖျော်ဖြေပွဲ တခုမှာ မနေ့ တနင်္ဂနွေနေ့နှောင်းပိုင်း အမျိုးသားတဦးက ပစ်ခတ်တာကြောင့် အနည်းဆုံး လူ ၅၀ သေဆုံးပြီး ၄၀၀ ကျော် ဒဏ်ရာရရှိတဲ့ အကြောင်း ရဲက ပြောပါတယ်။ ဂီတပွဲ ကျင်းပရာနေရာနဲ့ လမ်းဘဲခြားတဲ့ မန္တလေးဘေး ကာစီနိုရဲ့ ၃၂ ထပ်မှာ တိုက်ခိုက်သူက နေရာယူ တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ လာစ့်ဗေးဂတ်စ် မြို့တော်ရဲတပ်ဖွဲ့ အကြီးအကဲ Joseph Lombardo က သတင်းထောက်တွေကို ပြောပါတယ်။
လူ ၅၀ ကျော် သေဆုံးခဲ့ရတဲ့ Las Vegas မြို့က ဂီတပွဲတော်တခု ပစ်ခတ်ခံရမှုဟာ တကယ့်ကိုမကောင်းဆိုးဝါးလုပ်ရပ်ဖြစ်တယ်ဆိုပြီး အမေရိကန်သမ္မတ Donald Trump က ပြောလိုက်ပါတယ်။ တိုက်ခိုက်မှုဖြစ်ပွားချိန်မှာ Las Vegas ရဲတပ်ဖွဲ့ရဲ့ အလျင်အမြန်တုန့်ပြန်ကိုင်တွယ်မှုဟာ အံမခန်းဖြစ်တယ်ဆိုပြီး ရဲတပ်ဖွဲ့ကို ချီးကျူးခဲ့သလို၊ ရဲတပ်ဖွဲ့ရဲ့ အလျင်အမြန်လုပ်ဆောင်ချက်ကြောင့် အသက်ပေါင်းများစွာကို ကယ်တင်နိုင်ခဲ့တယ်လို့လည်း သမ္မတ Trump က ပြောသွားပါတယ်။
စပိန်နိုင်ငံကနေ Catalonia ဒေသ ခွဲထွက်ရေး လူထုဆန္ဒခံယူပွဲကို တားမြစ်ထားတဲ့ ကြားက ဒီကနေ့ ကျင်းပနေပြီး ဒေသဆိုင်ရာ ခေါင်းဆောင် မဲပေးမယ်လို့ ယူဆထားကြတဲ့ မဲရုံရဲ့ ရှေ့တံခါးမကြီးကို အဓိကရုဏ်း နှိမ်နှင်းရေးရဲတွေက တူနဲ့ ရိုက်ဖွင့်ခဲ့ပါတယ်။
Cuba နိုင်ငံ Havana မြို့ကအမေရိကန်သံရုံးဝန်ထမ်း ၂၁ ယောက် ကျန်းမာရေးထိခိုက်စေတဲ့ တိုက်ခိုက်မှုတွေ ခံခဲ့ရပြီးနောက် မရှိမဖြစ်မလိုအပ်တဲ့ ဝန်ထမ်းအားလုံးကို ပြန်ခေါ်မယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနက ကြေညာခဲ့ပါတယ်။
အမေရိကန်သမ္မတ Donald Trump ဟာ လာမယ့် November လထဲမှာ ဂျပန်၊ တောင်ကိုရီးယား၊ တရုတ်၊ Vietnam၊ ဖိလစ်ပိုင်နိုင်ငံတွေအပြင် Hawaii ကျွန်းကို November ၃ ရက် ကနေ ၁၄ ရက်နေ့အတွင်း ခရီးသွားမယ်လို့ အိမ်ဖြူတော်က သောကြာနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
ရခိုင်ပြည်နယ်က အခြေအနေတွေနဲ့ ပတ်သက်လို့ နိုင်ငံတကာ အသိုက်အဝန်းကြား စိုးရိမ်မှုတွေ၊ ဖိအားတွေ တိုးလာနေချိန်မှာပဲ အမေရိကန် အစိုးရက မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ဒဏ်ခတ် အရေးယူဖို့နဲ့ ဆက်ဆံရေးကို ပြန်လည်သုံးသပ်ဖို့ အမေရိကန် ပြည်ထောင်စုက နိုင်ငံရေးပါတီကြီး ၂ ခုဖြစ်တဲ့ ရီပတ်ဘလစ်ကန် နဲ့ ဒီမိုကရက်တစ်ပါတီ လွှတ်တော်အမတ် ၂၂ ယောက်က အစိုးရကို တိုက်တွန်း လိုက်ကြတာပါ။
ရခိုင်ပြည်နယ်တွင်းက လတ်တလောဖြစ်ပွါးနေတဲ့ ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွါ ထွက်ပြေးလာတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ အဆမတန် တင်ဆောင်လာတဲ့စက်လှေတစီး၊ ဘင်္ဂလားပင်လယ်အော်အနီးမှာ ကြာသပတေးနေ့က တိမ်းမှောက်ခဲ့တဲ့အတွက် လူ ၅၀ ထက်မနည်းပျောက်ဆုံးနေပြီး ၂၀ သေဆုံးတယ်လို့ ဘင်္ဂလားဒေ့ရှ် ရဲတို့ကသောကြာနေ့မှာ အတည်ပြုပြောဆိုပါတယ်။
ဆီးရီးယားပြည်တွင်းစစ်ရပ်စဲရေးအထောက်အကူဖြစ်စေဖို့အတွက် ဆီးရီးယားနိုင်ငံ မြောက်ပိုင်းအချက်အချာကျတဲ့ Idlib ဒေသမှာ စစ်ဆင်လျော့ချရေး နယ်မြေသစ်ဖန်တီးဖို့အတွက် ရုရှား သမ္မတ Vladimir Putin နဲ့တူရကီသမ္မတ Recep Tayyip Erdogan တို့ ကြာသပတေးနေ့က သဘောတူလိုက်ကြပါတယ်။
Playboy မဂ္ဂဇင်း တည်ထောင်သူ Hugh Hefner ဟာ အသက်(၉၁)နှစ်အရွယ်မှာ ကွယ်လွန်သွားပြီ ဖြစ်ပါတယ်။ ကွယ်လွန်သူ နာမည်ကျော် ရုပ်ရှင်းမင်းသမီးအပြင် မော်ဒယ်လဲဖြစ်သူ Marilyn Monroe မာရီလင် မွန်ရိုးရဲ့ ကိုယ်လုံးတီး ဓါတ်ပုံတွေ ပါဝင်တဲ့ PlayBoy မဂ္ဂဇင်းကို ၁၉၅၃ ခုနှစ်က သူ စတင်ထုတ်ဝေခဲ့တာ ဖြစ်ပါတယ်။
ဂျပန်နိုင်ငံမှာ ရွေးကောက်ပွဲတွေ ကျင်းပတော့မှာဖြစ်တာကြောင့် အောက်လွှတ်တော်ကို ဝန်ကြီးချုပ် Shinzo Abe က ဒီကနေ့ပဲ တရားဝင် ဖျက်သိမ်းလိုက်ပါတယ်။ အောက်တိုဘာလ ၂၂ ရက်နေ့မှာ ရွေးကောက်ပွဲတွေ အချိန်စောကျင်းပဖို့ ဝန်ကြီးချုပ်က ရုတ်တရက် ကြေညာလိုက်ပြီး ၃ ရက်အကြာမှာပဲ လွှတ်တော်ကို ဖျက်သိမ်းလိုက်တာပါ။
ဟာရီကိန်းမုန်တိုင်းဒဏ် အကြီးအကျယ် ခံခဲ့ရတဲ့ အမေရိကန်ပိုင် Puerto Rico ကျွန်းကနေ ကုန်တင်ပို့မှုတွေအပေါ် ကန့်သတ်ထားတဲ့ ဥပဒေတရပ်ကို သမ္မတ Donald Trump က ဖယ်ရှားပေးလိုက်ကြောင်း သမ္မတ အိမ်ဖြူတော်က ဒီကနေ့ပဲ ကြေညာလိုက်ပါတယ်။
မြောက်ကိုရီးယားနိုင်ငံက ဘဏ်လုပ်ငန်း ၈ ခုနဲ့ ဘဏ်အရာရှိ ၂၆ ယောက်တို့အပေါ် ပစ်မှတ်ထားတဲ့ အရေးယူဒဏ်ခတ်မှု အသစ်တွေ ချမှတ်လိုက်ကြောင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ကြေညာလိုက်ပါတယ်။
စပါး ဝယ်ယူမှု အစီအစဉ်ကို ကိုင်တွယ်ဆောင်ရွက်တာမှာ ညံ့ဖျင်းခဲ့တာနဲ့ ဆက်စပ်ပြီး ပေါ့ပေါ့ဆဆ ဆောင်ရွက်မှု စွဲဆိုချက်နဲ့ ရာထူးက ဖယ်ရှားခံရတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း Yingluck Shinawatra ကို မျက်ကွယ်ထောင်ဒဏ် ၅ နှစ် စီရင်ချက် ချမှတ်လိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်