သီရိလင်္ကာနိုင်ငံမှာ ကုလသမဂ္ဂက စောင့်ရှောက်ထားတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို သံဃာတော်တချို့နဲ့ အမျိုးသားရေး အစွန်းရောက်တွေက လက်မခံဖို့ ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။ မြန်မာနိုင်ငံက ပဋိပက္ခတွေကြောင့် ထွက်ပြေးလာကြသူတွေလို့ဆိုတဲ့ ရိုဟင်ဂျာတွေကို သီရိလင်္ကာနိုင်ငံ ကမ်းရိုးတန်းမှာ လှေတစင်းနဲ့ ဒီနှစ်ဆန်းပိုင်းမှာပဲ မျောနေတာတွေ့ခဲ့ရတဲ့အတွက် ကယ်ဆယ်ပြီး၊ ကိုလံဘိုမြို့အပြင်မှာ ထိန်းသိမ်း စောင့်ရှောက်ထားတာပါ။
လာမယ့်အင်္ဂါနေ့မှာ မုန်တိုင်းဒဏ်သင့် Puerto Rico ဒေသကို လာမယ်လို့ အမေရိကန်သမ္မတဒေါ်နလ်ထရမ့်က မနေ့က ပဲ ကြေညာခဲ့ပါတယ်။ ပြီးခဲ့တဲ့အပတ်အတွင်း ပြင်းထန်တဲ့ဟာရီကိန်းမုန်တိုင်း Maria ဝင်တိုက်ခဲ့လို့ Puerto Ricoကျွန်းမှာ ထိခိုက်ပျက်စီးမှုတွေအကြီးအကျယ်ကြုံခဲ့ရတာပါ။
ကုလသမဂ္ဂနဲ့ အမေရိကန်ပြည်ထောင်စုတို့က အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားတဲ့ ပါကစ္စတန် အခြေစိုက် အကြမ်းဖက် အဖွဲ့အစည်းတခုဟာ ရိုဟင်ဂျာ မွတ်ဆလင်တွေအတွက် အကူအညီပေးရေးဆိုတဲ့ ခေါင်းစဉ်နဲ့ အများပြည်သူထံမှာ ပြောင် အလှု လိုက်ခံနေပါတယ်။
ရခိုင်ပြည်နယ်အတွင်းက ပဋိပက္ခကြောင့် ဘင်္ဂလားဒေ့ချ်နိုင်ငံဘက်ကို လူတွေအမြောက်အများ ထွက်ပြေးခိုလှုံတဲ့ကိစ္စနဲ့ ပတ်သက်ပြီး သံတမန်နည်းလမ်းတွေအရ ပြောဆိုဆွေးနွေး အဖြေရှာနိုင်ဖို့ကြိုးပမ်းတဲ့အနေနဲ့ မြန်မာနိုင်ငံကအဖွဲ့တခု နောက်တပတ်ထဲမှာ ဘင်္ဂလားဒေ့ချ်နိုင်ငံကိုရောက်လာမယ်လို့ မနေ့ကထုတ်ပြန်တဲ့ AFPသတင်းမှာဖေါ်ပြထားပါတယ်။
သြစတြေးလျနိုင်ငံအနီးက ပစိဖိတ်သမုဒ္ဒရာထဲက ကျွန်း၂ ခုပေါ်က စခန်းတွေမှာ နှစ်တွေနဲ့ချီ ထိန်းသိမ်းခံထားရတဲ့ ဒုက္ခသည်အုပ်စုတစုဟာ အမေရိကန်ပြည်ထောင်စုမှာ အမြဲအခြေချနေထိုင်ဖို့ အင်္ဂါနေ့က ထွက်ခါွသွားကြပါပြီ။
မြောက်ကိုရီးယားနဲ့ တင်းမာမှုတွေ ဖြစ်နေတဲ့ ကိစ္စကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ဖို့ အမေရိကန်ဘက်က နည်းလမ်းရှာနေတယ်လို့ အမေရိကန် ကာကွယ်ရေး ဝန်ကြီး Jim Mattis က ဒီကနေ့ အင်္ဂါနေ့မှာ ပြောဆိုလိုက်ပါတယ်။ မြောက်ကိုရီးယား ဘက်ကတော့ အမေရိကန် သမ္မတ Trump ရဲ့ မနေ့ တနလာၤနေ့က တွစ်တာ လူမှုကွန်ယက်မှာ ရေးသားချက်ဟာဆိုရင် စစ်ကြေညာချက် ဖြစ်တယ်လို့ ပြောဆိုထားတာပါ။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres က မကြာသေးမီ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အကြမ်းဖက်မှုနဲ့ ပတ်သက်လို့ ကြာသပတေးနေ့ စက်တင်ဘာ ၂၈ ရက်နေ့မှာ လုံခြုံရေးကောင်စီကို လူသိရှင်ကြား အစီရင်ခံမှာဖြစ်ပါတယ်။ လုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၅ နိုင်ငံတို့အနက် ၇ နိုင်ငံတို့ဖြစ်ကြတဲ့ ဆွီဒင်၊ အမေရိကန်ပြည်ထောင်စု ၊ ဗြိတိန်၊ ပြင်သစ် ၊ အီဂျစ်၊ Senegal နှင့် Kazakhstan တို့က မြန်မာ့အရေးရှင်းလင်းဖို့ မေတ္တာရပ်ခံခဲ့ပြီးနောက် အခုလို ဆွေးနွေးပွဲကျင်းပမှာဖြစ်ပါတယ်။
အမေရိကန်က မြောက်ကိုရီးယားကို စစ်ကြောညာခဲ့တယ်လို့ မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး Ri Yong Ho ကပြောကြားခဲ့ပါတယ်။ ခြိမ်းခြောက်လာရင်တော့ ဒေသတွင်းက အမေရိကန်စစ်လေယာဉ်တွေကို ဖျက်ချတာအပါအဝင် မြောက်ကိုရီးယားအစိုးရဖက်က တန်ပြန်ဆောင်ရွက်မှုတွေလုပ်သွားမယ်လို့လည်း ဆိုပါတယ်။
ရခိုင်ပြည်နယ်ကိစ္စနဲ့ပတ်သက်လို့ အာဆီယံအဖွဲ့က တနင်္ဂနွေနေ့က ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်ကို မလေးရှားနိုင်ငံက သဘောမတူဘူးလို့ ပြောကြားခဲ့ပါတယ်။ အာဆီယံရဲ့ ထုတ်ပြန်ချက်ထဲမှာ လက်တေ့ွအခြေအနေကို မှားယွင်းစွာဖော်ပြထားတဲ့အတွက် ဒီကြေညာချက်ဟာ မလေးရှားရဲ့ သဘောထားမပါဝင်ဘူးလို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး Anifah Aman ရဲ့ ထုတ်ပြန်ကြေညာချက်ထဲမှာ ပြောထားပါတယ်။
အမေရိကန် နိုင်ငံတော် သီချင်းဆိုချိန်မှာ မတ်တပ်ရပ် အရိုအသေပေးဖို့ အမေရိကန် ဘောလုံးသမားတွေ ငြင်းဆန်တဲ့ ကိစ္စက လူမျိုးရေးနဲ့ ဘာမှမဆိုင်ဘူးလို့ အမေရိကန် သမ္မတ Donald Trump က ဒီကနေ့ ပြောဆိုလိုက်ပါတယ်။
နိုင်ငံ ၈ နိုင်ငံက ခရီးသွားတွေ အမေရိကန် ပြည်ထောင်စု အတွင်း ဝင်ရောက်ခွင့် အပေါ် ကန့်သတ်ချက်သစ်တွေ ပြဌာန်းလိုက်တဲ့ ခရီးသွားလာခွင့် တားမြစ်မှုပြင်ဆင်ချက်ကို မနေ့ တနင်္ဂနွေနေ့ကအမေရိကန် သမ္မတ Donald Trump လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်ပါတယ်။
ဂျာမနီအထွေထွေရွေးကောက်ပွဲမှာ လက်ရှိဝန်ကြီးချုပ် Angela Merkel ဟာ လေးကြိမ်မြောက်သက်တမ်းအတွက် ထပ်ပြီး အနိုင်ရသွားပါတယ်။ လွန်ခဲ့တဲ့သုံးလမှာ မဲဆွယ်စည်းရုံးပွဲတွေ စတင်ကတည်းက ဒီလိုရလာဒ်ထွက်လာမယ်ဆိုတာကိုတော့ ခန့်မှန်းထားခဲ့ကြပြီးသားပါ။ ဒါပေမဲ့လဲ ဝန်ကြီးချုပ် မာကဲလ်ရဲ့ အာဏာရ Christian Democrats ပါတီဟာ ခန့်မှန်းခဲ့တာထက် မဲ အရေအတွက် လျော့သွားပြီး လက်ယာစွန်းပါတီကတော့ ခန့်မှန်းထားတာထက် မဲအရေအတွက် ပိုရတဲ့ပုံရှိပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရောက်နေတဲ့ ရိုဟင်ဂျာ ဒုက္ခသည်ကလေးငယ် ထောင်ပေါင်းများစွာနဲ့ သူတို့မိသားစုတွေအတွက် ကုလ သမဂ္ဂ ကလေးသူငယ်များ ရန်ပုံငွေအဖွဲ့ UNICEF ရဲ့ အရေးပေါ်အကူအညီတွေ ဒါကာမြို့တော်မှာရောက်သွားပါပြီ။
သမာရိုးကျ ငှက်ဖျားရောဂါ ဆေးဝါးတွေကို ခံနိုင်ရည်ရှိတဲ့ စူပါ ငှက်ဖျားရောဂါလို့ တင်စား ခေါ်ဆိုတဲ့ ကြောက်မက်ဖွယ် ငှက်ဖျားရောဂါတမျိုး အာရှတိုက်အတွင်း ပြန့်နှံ့နေတာမှာ မကြာသေးခင်က ဗီယက်နမ်နိုင်ငံကို ပထမဆုံးအကြိမ် ရောက်ရှိသွားပြီဖြစ်ကြောင်း သုတေသီတွေက သောကြာနေ့မှာ ပြောပါတယ်။
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ရဲဘော်ကျ ကျေးရွာအနီးမှာ ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားတွေ အကြမ်းဖက် တိုက်ခိုက်သတ်ဖြတ်ခြင်း ခံခဲ့ရတဲ့ ဟိန္ဒူဘာသာဝင် ရုပ်အလောင်း ၂၈ လောင်းကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက တနင်္ဂနွေနေ့မှာ တွေ့ရှိခဲ့ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။
အီရန်ဘက်က ပဲ့ထိန်းတပ် တာလတ်ပစ်ဒုံးကျည်သစ် တစင်းကို အောင်အောင်မြင်မြင် စမ်းသပ်နိုင်ခဲ့ကြောင့် မနေ့ စနေနေ့က ကြေညာလိုက်တဲ့ အပေါ် အနောက်နိုင်ငံ ခေါင်းဆောင်တွေက သတိထားပြီး တုံ့ပြန်ကြပါတယ်။
ရခိုင်ပြည်နယ်တွင်း သြဂုတ်လ ၂၅ ရက်နေ့ အကြမ်းဖက်ဝါဒစွဲ တိုက်ခိုက်မှုတွေ နောက်ပိုင်း လူသားဆိုင်ရာ ဘေးဒုက္ခကြီး ကြုံတွေ့နေရတယ်လို့ စကာၤပူ နိုင်ငံခြားရေး ဝန်ကြီးက ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ မနေ့ စနေနေ့က ပြောဆိုခဲ့ပါတယ်။
မြန်မာနိုင်ငံဘက်ကနေ ထွက်ပြေးလာကြသူတွေ အတွက် ဘင်္ဂလားဒေရှ့်နိုင်ငံမှာ နိုင်ငံတကာ အကူအညီတွေ အကြီးအကျယ် လိုအပ်နေတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးက ပြောဆိုလိုက်ပါတယ်။ မြန်မာဘက်က ထွက်ပြေးလာသူ ၄ သိန်း ၃ သောင်းကျော်ဟာ အင်မတန်မှ များပြားလှပြီး ဘင်္ဂလားဒေရှ့် နိုင်ငံဟာ အခက်အခဲကြီး ကြုံနေရတယ်လို့ UNHCR အကြီးအကဲ Filippo Grandi က ဒီကနေ့ ဘင်္ဂလားဒေရှ့် နိုင်ငံ ကော့ဇ်ဘဇားမှာ ပြောကြားတာ ဖြစ်ပါတယ်။
တက္ကစီသက်တမ်းကို ထပ်မတိုးပေးရတာက Uber တက္ကစီကုမ္ပဏီအနေနဲ့ ပုဂ္ဂလိကလိုင်စင်ယူဖို့ အင်တာနက် App လုံခြုံရေးဆိုင်ရာ ကုမ္ပဏီရဲ့ တာဝန်ခံမှု မရှိတာကြောင့်ဖြစ်တယ်လို့ အရာရှိတွေက ထုတ်ပြောလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်