Indonesia နိုင်ငံမှာ နိုင်ငံတကာအပန်းဖြေသူတွေအသွားများတဲ့ ဘာလီကျွန်းပေါ်က မီးတောင်တခု ပေါက်ကွဲတော့မယ့် အန္တရာယ်ရှိနေတဲ့အတွက် သတိပေးအဆင့်ကို တာဝန်ရှိသူတွေ မြှင့်ထားပါတယ်။
ဟာရီကိန်းမုန်တိုင်း Maria ဟာ တနာရီကို လေတိုက်နှုန်း ၂၀၅ ကီလိုမီတာနှုန်းနဲ့ ဒီကနေ့ အစောပိုင်းမှာပဲ အတ္တလန်တိတ်သမုဒ္ဒရာထဲက Turks နဲ့ Caicos ကျွန်းတွေဆီ ချဉ်းကပ်လာနေပါတယ်။
မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un က ပစိဖိတ်သမုဒ္ဒရာထဲမှာ ဟိုက်ဒြိုဂျင်ဗုံး မကြာခင် စမ်းသပ်ကောင်း စမ်းသပ်မယ့်အကြောင်း ပြောဆိုလိုက်ပြီး နောက်မှာပဲ၊ မြောက်ကိုရီးယားခေါင်းဆောင်ကို စိတ်မနှံ့သူအဖြစ် အမေရိကန်သမ္မတ Donald Trump က ခေါ်ဝေါ်သုံးနှုန်းပြီး တုံ့ပြန်လိုက်ပါတယ်။
New York မြို့က ကုလသမဂ္ဂဌာနချုပ်မှာကျင်းပနေတဲ့ အထွေထွေညီလာခံကို တက်ရောက်နေတဲ့ သံတမန်တွေကြား ရခိုင်ပြည်နယ်ကအရေးကိစ္စက အဓိကထား ဆွေးနွေးစရာကိစ္စတခုဖြစ်နေတယ်လို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Nikki Haley ကပြောကြားခဲ့ပါတယ်။
အင်အားပြင်း ဟာရီကိန်းမုန်တိုင်း မာရီယာ ဝင်တိုက်သွားခဲ့တဲ့ အမေရိကန်ပိုင် Puerto Rico ကျွန်းမှာ ဒီကနေ့ ကြာသပတေးနေ့ မိုးတွေ အပြင်းအထန် ဆက် ရွာနေပါတယ်။ ကျွန်းတခုလုံး လျှပ်စစ်မီး ပျက်တောက်နေပြီး နေရာအတော်များများမှာ ရေကြီးနေသလို၊ လူတဦး ထက်မနည်း သေဆုံးခဲ့ရပါတယ်။
စစ်တွေမြို့မှာ ရာနဲ့ချီတဲ့ လူအုပ်ကြီးက လူသားချင်းစာနာမူဆိုင်ရာ ထောက်ပံ့ရေးပစ္စည်းတွေ ပို့မှာကို မနေ့က အတင်းဝင်ရောက်ဟန့်တားခဲ့တာကြောင့် ရဲတွေက သေနတ်ဖောက်လူစုခွဲခဲ့ပြီး သံသယရှိသူ (၈) ဦးကို ဖမ်းဆီးလိုက်ပါတယ်။
မြန်မာအစိုးရအနေနဲ့ ရခိုင်ပြည်နယ်တွင်း ပဋိပက္ခတွေ အဆုံးသတ်ရေး အမြန်ဆုံး ကိုင်တွယ်ဆောင်ရွက်ဖို့ ဗြိတိန်ဝန်ကြီးချုပ် Theresa May က နယူးယောက်မြို့ ကုလသမဂ္ဂ အထွေထွေညီလာခံ မိန့်ခွန်းမှာ ဗုဒ္ဓဟူးနေ့က တိုက်တွန်း ပြောဆိုသွားပါတယ်။
နယ်မြေရှင်းလင်းရေးလုပ်ဆောင်ရာမှာ လိုက်နာရမယ့် စည်းမျဉ်းတွေအရ တင်းတင်းကြပ်ကြပ် လိုက်နာဖို့နဲ့ ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ဖို့ နှစ်ဖက်တိုက်ခိုက်မှုကြောင့် မလိုအပ်တဲ့ ပျက်စီးမှုများ မဖြစ်စေဖို့နဲ့ အပြစ်မဲ့တဲ့ အရပ်သားတွေ ဘေးအန္တရာယ်မကျရောက်စေဖို့ လုံခြုံရေးတပ်ဖွဲ့တွေကို ညွန်ကြားထားပါတယ်။
အမေရိကန် ပြည်ထောင်စု အစိတ်အပိုင်းတခုဖြစ်တဲ့ ပွါတိုရီကိုမှာ နှစ်ပေါင်း ၈၀ အတွင်း အပြင်းထန်ဆုံး ဟာရီကိန်း မုန်တိုင်းကြောင့် လူပေါင်း ၃ သန်းခွဲ ဓာတ်အား ပြတ်တောက်သွားခဲ့ပါတယ်။
ငလျင်ကြောင့် လူပေါင်း အနည်းဆုံး ၂၂၅ ဦး သေဆုံးပြီး ဒါဇင်နဲ့ချီတဲ့ အဆောက်အအုံတွေ ပြိုပျက်သွားပြီးတဲ့နောက် မက္ကဆီကိုစီးတီး မြို့တော် အနီး ပြည်နယ်တွေဟာ အပြိုအပျက်တွေ ကြားထဲမှာ အသက်မသေဘဲ ကျန်ရစ်သူတွေကို ကယ်ဆယ်ရေး လုပ်သားတွေက ဗုဒ္ဓဟူးနေ့မှာ ရှာဖွေခဲ့ကြပါတယ်။
ရိုဟင်ဂျာတွေအပေါ် အကြမ်းဖက်မှု ရပ်တန့်ဖို့၊ ဒုက္ခသည်တွေကို ဘေးကင်းစွာနဲ့ ဌာနပြန်ခွင့်ပေးဖို့နဲ့ ကိုဖီအာနန်ဦးဆောင်တဲ့ ရခိုင်ပြည်နယ် အကြံပေးကော်မရှင်ရဲ့ တိုက်တွန်းချက်တွေကို အကောင်အထည်ဖေါ်ဖို့ တောင်းဆိုခဲ့ပါတယ်။
အီရန် နျူးကလီးယား ထိန်းချုပ်ရေး ၂၀၁၅ နိုင်ငံတကာသဘောတူစာချုပ်ကနေ အမေရိကန်ပြည်ထောင်စု နှုတ်ထွက်မယ်၊ မနှုတ်ထွက်ဘူးဆိုတာနဲ့ ပတ်သက်လို့ သူအနေနဲ့ ဆုံးဖြတ်ချက် ချထားပြီးဖြစ်တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရန့်က ဗုဒ္ဓဟူးနေ့က ပြောပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်က လန်ဒန်မြို့ မြေအောက်ရထား ဘူတာရုံတခုမှာ လူ ၃၀ ကျော် ဒဏ်ရာရတဲ့အထိ ဖြစ်ခဲ့တဲ့ ဗုံးပေါက်ကွဲမှုနဲ့ဆက်စပ်ပြီး သံသယရှိသူ နောက်ထပ်နှစ်ဦးကို ဒီကနေ့ ဖမ်းဆီးလိုက်ပါတယ်။ အသက် ၄၈ နှစ်နဲ့ အသက် ၃၀ အရွယ် အမျိုးသားနှစ်ဦးကို ဝေလနယ်၊ Newport မြို့မှာ ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ရခိုင်ပြည်နယ်တွင်း အကြမ်းဖက် ပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးနေရတဲ့ ဒုက္ခသည်တွေအတွက် ဒေါ်လာ ၃၂ သန်းနီးပါး ကူညီပေးသွားမယ့်အကြောင်း အမေရိကန် နိုင်ငံခြားရေးဌာနက ဒီကနေ့ ထုတ်ပြန်ကြေညာပါတယ်။
မက္ကဆီကိုနိုင်ငံ မက္ကဆီကိုစီးတီး မြို့မှာ အင်္ဂါနေ့ နေလည်ပိုင်းက လှုပ်ခဲ့တဲ့ ပြင်းအား ၇.၁ ရှိတဲ့ငလျင်ကြောင့် သေဆုံးသူဦးရေဟာ ပို ပို ပြီး တိုးလာနေပါတယ်။ ငလျင်ကြောင့် အဆောက်အဦးတွေ ပြိုကျပျက်စီးပြီး အပျက်အစီးပုံတွေထဲမှာ ပိတ်မိနေသူ ဘယ်နှစ်ယောက် ရှိနေတယ်ဆိုတာ မသိရသေးသလို၊ လောလောဆယ် သေဆုံးသူဦး အရေအတွက်ကတော့ ၂၁၇ ထက်မနည်း ရှိနေပါတယ်။
Mexico နိုင်ငံ Mexico City မြို့တော်နားမှာ ၇.၁ ပြင်းအားရှိတဲ့ မြေငလျင် လှုပ်ခတ်ခဲ့တာကြောင့် လောလောဆယ် အထိ သေဆုံးသူ ၁၀၀ ထက်မနည်း ရှိသွားပြီလို့ အစိုးရ တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။
ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ လူသားချင်း စာနာစရာပြဿနာ ကိစ္စကို အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး ကနိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ကို တယ်လီဖုန်းနဲ့ ဆက်သွယ် ဆွေးနွေးခဲ့ပါတယ်။
ရခိုင်ပြည်နယ်ထဲမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ စစ်တပ်က ကျူးလွန်နေတယ် ဆိုတဲ့ စွပ်စွဲချက်တွေ ထွက်ပေါ်နေချိန်မှာ ဗြိတိန်က မြန်မာစစ်တပ်ကို စစ်ရေးသင်တန်းပေးမှုတွေ ရပ်ဆိုင်းလိုက်ပါတယ်။
မြောက်ကိုရီးယား နိုင်ငံ အနေနဲ့ နျူးကလီးယား လက်နက်တွေ ထုတ်လုပ်နိုင်ရေး ကြိုးပမ်းမှုတွေကို မစွန့်လွှတ်ရင် လုံး၀ ချေမှုန်းပစ်ရမယ်လို့ အမေရိကန် သမ္မတ Donald Trump က ပြောဆိုလိုက်ပါတယ်။ ကုလသမဂ္ဂ အထွေထွေ ညီလာခံ မိန့်ခွန်းမှာ သမ္မတ Trump က အခုလို ပြောတာပါ။
ရခိုင်ပြည်နယ်တွင်းက လူ့အခွင့်အရေး ချိုးဖောက်မှု အားလုံးကို မြန်မာ အစိုးရက ရှုတ်ချကြောင်း နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုပါတယ်။ ရခိုင်ပြည်နယ်တွင်း အကြမ်းဖက်မှုတွေကြောင့် သူတို့အခေါ် ရိုဟင်ဂျာ မူဆလင် ၄ သိန်းကျော် အိမ်နီးချင်း ဘင်္ဂလားဒေရှ့်ဘက်ကို ရောက်ရှိလာတယ်လို့ ကုလသမဂ္ဂက ပြောဆိုထားပြီး နိုင်ငံတကာရဲ့ ဝေဖန်မှုတွေ ထွက်ပေါ်နေတဲ့ အချိန်မှာဘဲ ဒေါ်အောင်ဆန်းစုကြည်က အခုလို တုံ့ပြန်လိုက်တာပါ။
နောက်ထပ်ကြည့်ရှုရန်