ဟာရီကိန်း အာမာဒဏ်ခံခဲ့ရတဲ့ ဒေသ တချို့ဆီကို ဦးတည် ရွေ့လျားလာခဲ့တဲ့ ဟာရီကိန်း မုန်တိုင်း Maria က ကာရစ်ဘီယံ ဒေသ Martinique နဲ့ Dominica တို့ကိုဒီကနေ့ တနလာၤနေ့ နှောင်းပိုင်းမှာ ဗဟိုပြု တိုက်ခတ်မယ်လို့ ခန့်မှန်းထားကြပါတယ်။
ရခိုင်ပြည်နယ် အကြမ်းဖက်မှုတွေကနေ ဘင်္ဂလားဒေရှ့်ဘက်ကို ထွက်ပြေးကြသူတွေ အကြောင်း သတင်းရယူကြရင်း ဘင်္ဂလားဒေရှ့်မှာ ဖမ်းခံရတဲ့ မြန်မာ သတင်းထောက် နှစ်ဦး ရှေ့နေနဲ့ တွေ့ခွင့်မရ ဖြစ်နေတာကြောင့် ဒီသတင်းထောက်တွေရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေ ထွက်ပေါ်လာနေပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အင်္ဂါနေ့မှာ မိန့်ခွန်းပြောတဲ့အခါ ရခိုင်ပြည်နယ်က စစ်ဆင်ရေးကို ရပ် ပစ်ဖို့ နောက်ဆုံးအခွင့်အရေးတခု ရှိနေတယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres က ပြောပါတယ်။ BBC သတင်းဌာနရဲ့ HardTalk အစီအစဉ်နဲ့ တွေ့ဆုံမေးမြန်းခန်းအတွင်း မစ္စတာ Guterres က အဲဒီလိုပြောသွားတာပါ။
ကျူးဘားမှာ တာဝန်ကျနေတဲ့ အမေရိကန် သံမန်တွေကို ကျန်းမာရေး ထိခိုက်စေတဲ့ တိုက်ခိုက်မှုတွေ ပြုလုပ်လာနေတာကြောင့် ကျူးဘားမှာရှိတဲ့ အမေရိကန်သံရုံးကို ပိတ်ပစ်ဖို့ စဉ်းစားနေကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Rex Tillerson က ပြောပါတယ်။
ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့ မြေအောက်ရထား ဗုံးဖောက်ခွဲမှုအတွက် ဒုတိယမြောက် မသင်္ကာသူကို ရဲတပ်ဖွဲ့က ဖမ်းဆီးပြီးတဲ့နောက် အကြမ်းဖက်မှု ခြိမ်းခြောက်မှုအန္တရာယ် အများဆုံး Critical အဆင့်ကနေ ဒုတိယအများဆုံး Severe အဆင့်ကို တဆင့် တနင်္ဂနွေနေ့မှာ တဆင့် လျော့ချလိုက်ပါတယ်။
ဗြိတိန်နိုင်ငံ လန်ဒန်မြို့တော်က မြေအောက်ရထား ဗုံးခွဲမှုနဲ့ ဆက်စပ်မှု သံသယနဲ့ ဒုတိယမြောက် လူတဦးကို ထပ်မံ ဖမ်းဆီးထားကြောင်း ရဲက ပြောပါတယ်။ ဟီသရိုးလေဆိပ် ရှိရာ လန်ဒန် အနောက်ပိုင်း Hounslow က အသက် ၂၁ နှစ် အရွယ် အမျိုးသား တဦးကို စနေနေ့ည သန်းခေါင်းမတိုင်မီလေးမှာ ဖမ်းဆီးတဲ့ အကြောင်း ရဲအဖွဲ့ရဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။
ဂါဇာကို အုပ်ချုပ်နေတဲ့ အစ္စလာမ္မစ် စစ်သွေးကြွ အဖွဲ့ Hamas က သူ့ရဲ့ အုပ်ချုပ်ရေး အဖွဲ့ကို ဖျက်သိမ်းပြီး အထွေထွေ ရွေးကောက်ပွဲ ကျင်းပမယ်လို့ ဒီကနေ့ တနင်္ဂနွေနေ့မှာ ကြေညာချက် ထုတ်ပါတယ်။ Hamas နဲ့ သမ္မတ မာမွတ်အာဘတ်စ်ရဲ့ Fatab အဖွဲ့ကြား နိုင်ငံရေးနဲ့ ပိုင်နက်ဆိုင်ရာ အငြင်းပွားမှုကို အဆုံးသတ်ရေး နည်းလမ်းတခုအဖြစ်လည်း ဒီဆုံးဖြတ်ချက်ကို ရှုမြင်ကြပါတယ်။
မြန်မာနိုင်ငံကနေ ထွက်ပြေးလာတယ်ဆိုတဲ့ - သူတို့အခေါ်အားဖြင့် - ရိုဟင်ဂျာမွတ်စလင် ၄၀၀,၀၀၀ လောက်အတွက် စခန်းကြီး တခုဆောက်ဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရက စီစဉ်နေတယ်လို့ တာဝန်ရှိသူတွေကပြောပါတယ်။
စင်္ကာပူနိုင်ငံမှာ ပထမဆုံးအမျိုးသမီးသမ္မတအဖြစ် ရွေးကောက်ခံရသူ Halimah Yacob ပြီးနောက် ရွေးကောက်ပွဲကို ကျကျနန မလုပ်တဲ့အပေါ် စင်္ကာပူနိုင်ငံသားရာပေါင်းများစွာက ထိုင်သပိတ်မှောက်ခဲ့ကြပါတယ်။
Bangladesh နိုင်ငံမှာ ဖမ်းဆီးတရားစွဲထားတဲ့ မြန်မာဓါတ်ပုံ သတင်းထောက် ၂ ယောက်ကို အမြန်ဆုံး လွှတ်ပေးဖို့နဲ့ သူတို့အပေါ်စွဲဆိုထားတဲ့ အမှုတွေအားလုံးကို ရုတ်သိမ်းပေးဖို့ သတင်းသမားများ ကာကွယ်ရေးကော်မတီ CPJ ကတောင်းဆိုလိုက်ပါတယ်။
နောက် ၃၈နှစ်ကြာရင် အမေရိကန်နိုင်ငံမှာ အာရှနွယ်ဖွားတွေဟာ အများဆုံးနိုင်ငံခြားနွယ်ဖွားဖြစ်တော့မယ်လို့ စစ်တမ်းသစ်တခုမှာဖော်ပြလိုက်ပါတယ်။
ဗြိတိန်နိုင်ငံမှာ အကြမ်းဖက်တိုက်ခိုက်နိုင်တဲ့ ရန်အန္တရာယ်ကို အစိုးရိမ်ရဆုံးအဆင့်ဖြစ်တဲ့ Critical အဆင့်ကို မြှင့်လိုက်ပါတယ် သောကြာနေ့မနက်က လန်ဒန်မြေအောက်ရထား ၁ စင်းပေါ်မှာ ဗုံးတလုံး ပေါက်ကွဲခဲ့ပြီးနောက်မှာ ခုလိုလုံခြုံရေးအဆင့်ကို မြှင့်လိုက်တာဖြစ်ပါတယ်။
မြန်မာနိုင်ငံဘက်က ဟယ်လီကော်ပတာ ရဟတ်ယာဉ်တွေနဲ့ အဝေးထိန်း Drone တွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံ လေပိုင်နက်ထဲ ကျူးကျော်ဝင်ရောက်ခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်ဘက်က ပြစ်တင်ဝေဖန်လိုက်ပါတယ်။
ရခိုင်ပြည်နယ် မြောက်ပိုင်းက မတည်မငြိမ် အခြေအနေတွေကြောင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ထွက်ပြေးလာသူတွေထဲမှာ ခန့်မှန်းခြေ ကလေးငယ် ၂ သိန်း ၄ သောင်းလောက် ပါဝင်ကြောင်း ကုလသမဂ္ဂက ပြောဆိုလိုက်ပါတယ်။
ဗြိတိန်နိုင်ငံ လန်ဒန်မြို့တော်က မြေအောက်ရထားပေါ်မှာ ဒီကနေ့အစောပိုင်း လူသွားလူလာများချိန်မှာ ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုကြောင့်၊ မီးလောင်ဒဏ်ရာရသူ အများအပြားအပါအဝင် လူ ၁၈ ဦး ဒဏ်ရာရရှိသွားပါတယ်။
မျှတမှန်ကန်တဲ့သတင်းတွေကို ရုရှားအစိုးရက လိမ်လည်တင်ပြပြီး ဝါဒဖြန့်နေတာကို အမေရိကန်ပြည်ထောင်စုက အင်တာနက် Online ကိုအသုံးချပြီး တန်ပြန်တုံ့ပြန်နေတယ်လို့ အသံလွှင့်လုပ်ငန်းများအုပ်ချုပ်မှုဘုတ်အဖွဲ့ BBG ရဲ့ အမှုဆောင်အရာရှိချုပ် John Lansing ကပြောပါတယ်။
အမေရိကန်အထက်လွှတ်တော် လူများစုခေါင်းဆောင် ရီပတ်ဘလီကန် အထက်လွှတ်တော်အမတ် Mitch McConnell က သူနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တယ်လီဖုန်းနဲ့စကားပြောခဲ့ပြီး - နိုင်ငံတကာက အခေါ်အားဖြင့် - ရခိုင်ပြည်နယ်က ရိုဟင်ဂျာ မွတ်စလင်တွေအတွက် အကူအညီတွေရောက်အောင် သူလုပ်ဆောင်နေတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောတဲ့အကြောင်း မစ္စတာ McConnell က ကြာသပတေးနေ့မှာ ပြောတယ်လို့ ရိုက်တာသတင်းတပုဒ်မှာ ရေးထားပါတယ်။
မြောက်ကိုရီးယားက ပစ်လွှတ်လိုက်တဲ့ ပဲ့ထိန်းဒုံးကျည်တစင်းဟာ ဂျပန်နိုင်ငံမြောက်ပိုင်းကို ကျော်ပြီး ပစိဖိတ်သမုဒ္ဒရာထဲ ကျသွား တယ်လို့ ဂျပန်အစိုးရက ပြောတဲ့အကြောင်း NHK ဂျပန်သတင်းဌာနက ရေးပါတယ်။ ဒုံးကျည် အပျက်အစီး အပိုင်းအစ ဖြစ်နိုင်ခြေ အရာတွေနားကို မကပ်ဖို့ ဂျပန်အစိုးရက လူထုကို သတိပေးထားတယ်လို့လဲ သတင်းမှာ ဖော်ပြထားပါတယ်။
မလေးရှား နိုင်ငံ မြို့တော် ကွာလာလမ်ပူမှာ ဒီကနေ့ ကြာသပတေးနေ့ မနက်အစောပိုင်း ပုဂ္ဂလိက ဘာသာရေးကျောင်း တခုမှာ မီးလောင်လို့ ၂၃ ဦး သေဆုံးခဲ့ရပါတယ်။ Darul Quran Ittifaqiyah ဘာသာရေးကျောင်းရဲ့ ကျောင်းသား အိပ်ဆောင် အပေါ်ဆုံးထပ်မှာ မနက်လင်းအားကြီး အချိန် မီးလောင်ခဲ့တာလို့ မီးသတ်ဌာန တာဝန်ရှိသူတွေက ပြောပါတယ်။
ရုရှားနိုင်ငံ၊ မော်စကိုမြို့တော် အခြေစိုက် ဆိုင်ဘာ လုံခြုံရေးကုမ္ပဏီ Kaspersky Lab ရဲ့ထုတ်ကုန်တွေနဲ့ ဝန်ဆောင်မှုတွေ အားလုံးကို ဖယ်ရှားပစ်ဖို့ အမေရိကန် လုံခြုံရေး တာဝန်ရှိသူတွေက အမေရိကန် အစိုးရဌာနတွေကို ညွှန်ကြားထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်