အမေရိကန် ပြည်ထောင်စုဟာ ကမ္ဘောဒီးယား အစိုးရကို ဖြုတ်ချဖို့ ကြိုးစားနေတယ် ဆိုတဲ့ ဝန်ကြီးချုပ် Hun Sen ရဲ့စွပ်စွဲချက်တွေကိုကမ္ဘောဒီးယား နိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးက အပြင်းအထန် တုန့်ပြန်ပြီး စွပ်စွဲချက်တွေဟာ မမှန်ဘူး၊ မှားယွင်း လွဲ ချော်တယ်၊ အခြေအမြစ် မရှိဘူးဆိုပြီး ပြောပါတယ်။
နျူကလီးယားနဲ့ ပဲ့ထိန်းတပ်ဒုံးလက်နက် အစီအစဉ်တွေကြောင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ က ပိတ်ဆို့ဒဏ်ခတ်မှုအသစ်တွေ ချမှတ်လိုက်တဲ့အပေါ် မြောက်ကိုရီးယားက တုံ့ပြန်သတိပေးလိုက်ပါတယ်။
အိုင်ဖုန်းအသစ် သုံးမျိုး တပြိုင်ထဲ ထွက်လာတော့မယ်လို့ Apple ကုမ္ပဏီက မနေ့ကဘဲ ကြေညာလိုက်ပါတယ်။ Iphone X ၊iPhone 8 နဲ့ iPhone 8 plus တွေ ပုံစံအသစ်နဲ့ ထွက်လာမယ်လို့ Apple ကုမ္ပဏီရဲ့ အကြီးအကဲ Tim Cook က ကြေညာပါတယ်။
အမေရိကန်ရဲ့ Boeing ဂျက် ခရီးသည်တင် လေယာဉ်တွေကို မလေးရှားက ဝယ်ယူခဲ့တာနဲ့ ပတ်သက်ပြီး ကြီးမားတဲ့ ကုန်သွယ်မှုကို အမေရိကန်နဲ့ မလေးရှားတို့ လုပ်ဆောင်နေကြ တယ်လို့ သမ္မတ ထရမ့်က ပြောပါတယ်။
အကဲစမ်းမှုတွေ ရင်ဆိုင်နေရတဲ့ အချိန်မှာ အမေရိကန် ပြည်ထောင်စုက ဒေါ်အောင်ဆန်းစုကြည်ကိုပဲ ရွေးပြီးတော့ ပြောဆိုမှုဟာ အခြေအနေတွေကို ဖြေရှင်းရေးမှာ အထောက်အကူပြုမှာ မဟုတ်ဘူးလို့ ..
ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ပိုမို တင်းကြပ်တဲ့ ပိတ်ဆို့အရေးယူမှု အသစ်တွေ ချမှတ်ဖို့ ဆုံးဖြတ်လိုက်တဲ့ အပေါ် မြောက်ကိုရီးယားက အင်္ဂါနေ့မှာ ပြင်းထန်စွာ ဝေဖန် ပြောကြားလိုက်ပြီး
လိုအပ်တဲ့ ရံပုံငွေဟာ အမေရိကန် ဒေါ်လာ ၇ ဒသမ ၃ သန်း ဖြစ်ပေမယ့် ဒုက္ခသည် အရေအတွက် ထပ်တိုးလာတာနဲ့ အမျှ ရံပုံငွေလည်း ထပ်လိုနေဦးမှာ ဖြစ်တယ်လို့ ယူနီဆက်ဖ်ရဲ့ကြေညာချက်မှာ ဖော်ပြထားပါတယ်။
မြောက်ကိုရီးယား နိုင်ငံရဲ့ စက်တင်ဘာလ ၃ ရက်နေ့က ဟိုက်ဒရိုဂျင်ဗုံး ဖြစ်နိုင်ခြေ ရှိတဲ့ နျူးကလီးယား စမ်းသပ်မှုကို တုံ့ပြန်တဲ့ အနေနဲ့ မနေ့ တနလာၤနေ့က ကုလသမဂ္ဂ လုံခြုံရေး ကောင်စီကနေ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှု အသစ်တရပ်ကို တညီတညွတ်တည်း ချမှတ်လိုက်ပါတယ်။
မြန်မာ အစိုးရဟာ ရိုဟင်ဂျာတွေ အပေါ် အကြမ်းဖက်မှုတွေ ကျူးလွန်နေတယ်လို့ အီရန် ဘာသာရေး ခေါင်းဆောင်က စွပ်စွဲ ပြောဆိုလိုက်ပြီး မူဆလင် နိုင်ငံတွေ အနေနဲ့ မြန်မာနိုင်ငံ အပေါ် စီးပွားရေး၊ နိုင်ငံရေး အရ ဖိအားပေးကြဖို့ ဒီကနေ့ အင်္ဂါနေ့မှာ တိုက်တွန်း ပြောဆိုလိုက်ပါတယ်။
ရခိုင်ပြည်နယ်အတွင်း ပိုပြီးဆိုးဝါးနေတဲ့အခြေအနေတွေနဲ့ပတ်သက်လို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီက တရားဝင် အစည်းအဝေး ခေါ်ယူပြီးဆွေးနွေးဖို့ လုံခြုံရေးကောင်စီရဲ့ အလှည့်ကျအဖွဲ့ဝင် ဆွီဒင်နဲ့ အမြဲ တန်းအဖွဲ့ဝင် ဗြိတိန်နိုင်ငံ တို့က စက်တင်ဘာ၁၁ရက် တနင်္လာနေ့ကတောင်းဆိုလိုက်ပါတယ်။
နျူကလီးယားနဲ့ မစ်ဇိုင်းဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုတွေ ဆက်ပြီးလုပ်နေတဲ့ မြောက်ကိုရီးယားနိုင်ငံကို တုံ့ပြန်တဲ့အနေ နဲ့ စီးပွါးရေးအရ အရေးယူပိတ်ဆို့မှုတွေအသစ်ထပ်ပြီးလုပ်ဖို့ကုလသမဂ္ဂလုံခြုံရေးကောင်စီက ဆုံးဖြတ်ချက်မူကြမ်းကို ပြီးခဲ့တဲ့နာရီပိုင်းအတွင်းကပဲ အဖွဲ့ဝင်နိုင်ငံအများစုထောက်ခံချက်နဲ့ ချမှတ်လိုက်ပါပြီ။
မြန်မာနိုင်ငံက လုံခြုံရေးအာဏာပိုင်တွေအနေနဲ့ တရားဥပဒေကို လေးစားလိုက်နာဖို့၊ အကြမ်းဖက်မှု ရပ်ဖို့နဲ့ လူမှုအသိုင်းအဝိုင်းအားလုံးက အရပ်သားတွေ နေရပ်စွန့်ခွာနေရတဲ့ အခြေအနေရပ်အောင်လုပ်ဖို့ အိမ်ဖြူတော်က တိုက်တွန်းလိုက်ပါတယ်။
ရိုဟင်ဂျာပြဿနာကို ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ဖြေရှင်းဖို့ Nobel ငြိမ်းချမ်းရေးဆုရှင် တိဘက်ဘုန်းတော်ကြီး Dalai Lama ကဒေါ်အောင်ဆန်းစုကြည်ကို တိုက်တွန်းလိုက်ပါတယ်။ အခြေအနေတွေ ပိုပြီးဆိုးဝါးလာနေတဲ့ စိတ်မကောင်းစရာ အခြေအနေအပေါ် သူ့အနေနဲ့ ဘယ်လောက် မယုံကြည်နိုင် ဖြစ်ရတယ်ဆိုတာ သိစေချင်တဲ့အတွက် စာရေးသားပေးပို့တာဖြစ်တယ်လို့ ဘုန်းတော်ကြီး Dalai Lama ရဲ့စာထဲမှာ ရေးသားထားပါတယ်။
နောက်ဆုံးရရှိတဲ့ သတင်းအရတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် အထွေထွေညီလာခံကို တက်ရောက်နိုင်မှာမဟုတ်ဘူး၊ သူ့အစား ဒုသမ္မတ ဦးဗန်ထီးယူ တက်ရောက်မယ်လို့ သိရပါတယ်။ ဒီကိစ္စကို နိုင်ငံတော်အတိုင်ပင်ခံရုံးကို မေးမြန်းပေမယ့် တရားဝင် ထုတ်ပြန်ပြောဆိုခြင်းမရှိသေးပါဘူး။
မြောက်ကိုရီးယားအနေနဲ့ နျူကလီးယာနဲ့ Missile ဒုံးစမ်းသပ်မှုတွေ ဆက်တိုက်လုပ်လာတာမို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီကနေပိတ်ဆို့အရေးယူမှုသစ်တွေချမှတ်ရေး မူကြမ်းသစ်ကို ဒီနေ့ မဲခွဲဆုံးဖြတ်ဖို့ရှိနေပါတယ်။
၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက်နေ့ အကြမ်းဖက်တိုက်ခိုက်မှု 9/11 နှစ်ပတ်လည်နေ့ အခမ်းအနားတွေကို မနက် ၈ နာရီ ၄၀ မှာ နယူးယောက်နဲ့ ဝါရှင်တန်မှာ တပြိုင်တည်း ကျင်းပပါတယ်။
US Open Tennis အမျိုးသား တဦးချင်း ချန်ပီယံလုပွဲကို အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့မှာ ဒေသစံတော်ချိန် တနင်္ဂနွေနေ့ ညနေ ၄ နာရီက ကျင်းပတာမှာ ကမ္ဘာ့အဆင့် ၁ စပိန်နိုင်ငံသား Rafael Nadal က ပြိုင်ဘက် တောင်အာဖရိကနိုင်ငံသား Kevin Anderson ကို ၆-၃၊ ၆-၃၊ ၆-၄ တို့နဲ့ ၃ ပွဲပြတ် အနိုင်ရပြီး ဗိုလ်စွဲသွားပါတယ်။
ဟာရီကိန်း Irma ဟာ အမေရိကန်ပြည်ထောင်စုအတွင်း လူဦးရေ ထူထပ်တဲ့ ဖလော်ရီဒါပြည်နယ်ကို တနင်္ဂနွေနေ့ အစောပိုင်းက ဝင်ရောက် တိုက်ခတ်တာမှာ ပြည်နယ်အနောက်ဘက်ပိုင်း မက္ကဆီကို ပင်လယ်ကွေ့ဒေသကို ဦးတည်ပြီး ပြင်းထန်တဲ့ လေတိုက်နှုန်းနဲ့ ဝင်ရောက် တိုက်ခတ်ခဲ့သလို မိုးတွေလည်း သည်းထန်စွာ ရွာသွန်းခဲ့ပါတယ်။
သူတို့အခေါ် ရိုဟင်ဂျာ မွတ်ဆလင်တွေအပေါ် မြန်မာစစ်တပ်ရဲ့ အကြမ်းဖက် နှိမ်နင်းနေမှုတွေကြောင့် မြန်မာစစ်တပ်ကိုပေးနေတဲ့ စစ်သင်တန်းအစီအစဉ်ကို ပြန်လည် သုံးသပ်ပြီး ရပ်ဆိုင်းထားဖို့ ဗြိတိသျှ ပါလီမန် လွှတ်တော်အမတ် ၁၅၇ ဦးက ဗြိတိန်အစိုးရကို တောင်းဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်အတွင်းက နေရပ်စွန့်ခွာ ထွက်ပြေးသွားကြတဲ့ သူတို့အခေါ် ရိုဟင်ဂျာတွေကို ထောက်ခံတဲ့အနေနဲ့ နိုင်ငံတချို့က မြို့ကြီးတွေမှာ တနင်္ဂနွေနေ့က ချီတက် ဆန္ဒပြခဲ့ကြပါတယ်။ အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့မှာတော့ ရာနဲ့ချီတဲ့သူတွေ မြန်မာသံရုံးရှေ့မှာ တနင်္ဂနွေနေ့က ချီတက် ဆန္ဒပြခဲ့ကြကြောင်း ရိုက်တာ သတင်းမှာ ဖော်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်