တောင်တွင်းကြီးမြို့မှာရှိတဲ့ မွတ်ဆလင်ဗလီတလုံးအနီးမှာ ဆိုင်အချို့ကို အယောက် ၃၀လောက်ရှိတဲ့ လူအုပ်စုတစုက ဖျက်ဆီးတာတွေ လုပ်ခဲ့ပါတယ်။ လူ ထိခိုက်မှုတွေတော့ မရှိခဲ့ဘူးလို့ သိရပါတယ်။
မြောက်ကိုရီးယားအစိုးရပိုင် ဝါဒဖြန့်ချီရေးတွေကို ထုတ်လွှင့်နေတဲ့ Uriminzokkiri ရုပ်သံလိုင်းကို လူမှုအဖွဲ့အစည်းတွေလိုက်နာရမယ့် လမ်းညွှန်ချက်တွေကို ချိုးဖောက်တယ်ဆိုပြီး Youtube အင်တာနက်စာမျက်နှာကနေ ဖယ်ရှားလိုက်ပါတယ်။
ရခိုင်ပြည်နယ် မောင်တောနဲ့ ဘူးသီးတောင် ဒေသတွင်းက အစိုးရ လုံခြုံရေး စခန်း ၃၀ နီးပါးကို တချိန်တည်း တပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ Arakan Rohingya Salvation Army (ARSA) က တိုက်ခိုက်မှုတွေကို တလကြာ ရပ်ဆိုင်းဖို့ တဖက်သတ် ကြေညာချက် ထုတ်ပါတယ်။
မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်မြောက်ပိုင်းက အကြမ်းဖက်လုပ်ရပ်တွေကို မြန်မာအစိုးရက နှိမ်နင်းနေတဲ့အပေါ် အမေရိကန်ပြည် ထောင်စုက ထောက်ခံပေမဲ့လဲ လိုအပ်နေသူတွေ အတွက် လူသားချင်းစာနာမှုအကူအညီတွေ ပေးရမယ်လို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Nikki Haley က သောကြာနေ့မှာ ပြောပါတယ်။
Irma နဲ့ Harvey ဟာရီကိန်းမုန်တိုင်းတွေရဲ့ဒဏ်ကြောင့် အမေရိကန်စီးပွားရေး တိုးတက်မှုဟာ လအနည်းငယ် လျော့သွားနိုင် တယ်လို့ စီးပွားရေးဆိုင်ရာ ဆန်းစစ်လေ့လာတဲ့ IHS Markit ကုမ္ပဏီကပြောပါတယ်။
မက္ကဆီကိုနိုင်ငံတောင်ပိုင်းမှာ ကြာသပတေးနေ့ညက ငလျင်ကြီးလှုပ်ခတ်တာကြောင့် သေဆုံးသူ ၅၈ ယောက်ထိ ရှိသွားပြီလို့ Oaxaca ပြည်နယ်အုပ်ချုပ်ရေးမှူးက သောကြာနေ့မှာပြောပါတယ်။
Bangladesh နိုင်ငံရင်ဆိုင်နေရတဲ့ ရိုဟင်ဂျာဒုက္ခသည်ပြဿနာကို အရေးပေါ်ဖြေရှင်းဖို့ ကုလသမဂ္ဂက သောကြာနေ့က တောင်းဆိုလိုက်ပါတယ်။
ဟာရီကိန်း Irma ဟာ ကျုးဘားနိုင်ငံ အရှေ့ပိုင်းနေရာ တော်တော်များများကို ဖြတ်သန်း တိုက်ခတ်နေပြီး၊ ဒီနေ့သောကြာနေ့ နှောင်းပိုင်းမှာတော့ အနောက်မြောက်ဘက်ကို ရွေ့လျားနေတဲ့ မုန်တိုင်းဟာ ကျုးဘားနိုင်ငံ မြောက်ပိုင်းနဲ့ Bahamas နိုင်ငံ နေရာတော်တော်များများကို တိုက်ရိုက် ဝင်ရောက်လိမ့်မယ်လို့လည်း အမေရိကန် အမျိုးသား ဟာရီကိန်းမုန်တိုင်းဌာနက ပြောပါတယ်။
လူတထောင်နဲ့ တထောင်ကျော်လောက် သေဆုံးကောင်း သေဆုံးနိုင်တယ်လို့ဆိုတဲ့ ခန့်မှန်းချက်ကို လက်ခံကြောင်းနဲ့ သေဆုံးမှုတွေထဲမှာ ၂ ဘက်စလုံးက ပါဝင်နေပေမဲ့ လည်း အများစုကတော့ ရိုဟင်ဂျာတွေ ဖြစ်လိမ့်မယ်လို့ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Yanghee Lee က AFP သတင်းဌာနနဲ့ မေးမြန်းခန်းမှာ ပြောဆိုလိုက်တာပါ။
မက္ကဆီကိုနိုင်ငံတောင်ပိုင်းမှာကြာဿပတေးနေ့က ပြင်းအား ၈.၂အဆင့်ရှိတဲ့ ငလျှင်တခု လှုပ်သွားတာကြောင့် လူ ၁၆ဦးထက်မနည်းသေဆုံးသွားပါတယ် ဒါဟာ နှစ်ပေါင်း ၁၀၀ အတွင်း အပြင်းထန်ဆုံးငလျှင်ဖြစ်တယ်လို့ မက္ကဆီကို သမ္မတ Enrique Pena Nieto ကပြောပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ နေထိုင်သူ ၆၇ရာခိုင်နှုန်း က သတင်းတချို့တဝက်ကို အနည်းဆုံးလူမှုကွန်ယက်တွေကနေ ရရှိကြတယ်လို့ ကြာသပတေးနေ့က ထုတ်ပြန်တဲ့စစ်တမ်းတခုမှာ ဖော်ပြထားပါတယ်။ Facebook ကတော့ သုံးစွဲသူအရေအတွက်များတဲ့အတွက် လူမှုကွန်ယက်တွေထဲမှာ ထိပ်တန်းသတင်းဇစ်မြစ်အဖြစ် ရှေ့ပြေးနေတယ်လို့ Pew စစ်တမ်းက ပြောပါတယ်။
မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်က လက်ရှိအခြေအနေတွေအပေါ် အမေရိကန်ပြည်ထောင်စုက အထူးပဲ စိုးရိမ်တဲ့အကြောင်း နိုင်ငံခြား ရေးဌာနပြောခွင့်ရအမျိုးသမီး Heather Nauert က ကြာသပတေးနေ့ ပုံမှန်သတင်းစာရှင်းလင်းပွဲအတွင်း ပြောသွားပါတယ်။
မုန်တိုင်းဗဟိုချက်ဟာ Dominican ကမ်းရိုးတန်းကို ကျော်လွန်သွားပြီ ဖြစ်ပေမဲ့၊ လေပြင်းမုန်တိုင်းနဲ့ မိုးသည်းထန်မှုတွေဟာ အသက်အန္တရာယ်ပေးနိုင်လောက်တဲ့အထိ စိုးရိမ်စရာ အခြေအနေမှာ ရှိနေတုန်းပဲလို့လည်း အမေရိကန် အမျိုးသား ဟာရီကိန်းမုန်တိုင်းဌာနက ပြောဆိုခဲ့တာပါ။
မြန်မာနိုင်ငံက မတည်မငြိမ် အခြေအနေတွေ ကြုံနေရတဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ အိမ်တွေကို မီးရှို့နေတဲ့ ဓာတ်ပုံတွေ အင်တာနက် အွန်လိုင်းပေါ်မှာ ပျံ့နှံ့နေတာနဲ့ ပတ်သက်လို့ မှန်မမှန် စုံစမ်းဖော်ထုတ် အရေးယူသွားမှာဖြစ်ကြောင်း အစိုးရတာဝန်ရှိသူ တဦးက ပြောဆိုလိုက်ပါတယ်။
အထက်လွှတ်တော် အမတ် ဂျွန်မက်ကိန်းနဲ့ အောက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေး ကော်မတီ ဥက္ကဌ အက်ဒ်ရွိုက်စ် တို့က သူတို့အခေါ် ရိုဟင်ဂျာ မွတ်ဆလင်တွေ အပေါ် အကြမ်းဖက် နှိပ်ကွပ်မှုတွေနဲ့ ပတ်သက်ပြီး စိုးရိမ်မကင်းကြောင်း မြန်မာနိုင်ငံ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဆီ အသီးသီး စာရေးသား ခဲ့ကြပါတယ်။
သမိုင်းမှာ အပြင်းထန်ဆုံး အတ္တလန္တိတ် သမုဒ္ဒရာ မုန်တိုင်းကြီးဖြစ်တဲ့ ဟာရီကိန်း Irma တိုက်ခိုက်ခံရ ပြီးတဲ့နောက် ကာရေဘီယံ ပင်လယ်ထဲက ဘာမြူဒါကျွန်းဟာလုံး၀ အဆက်အသွယ် ပြတ်တောက် နေပါတယ်။
မြောက်ကိုရီးယား အပေါ် စစ်ရေးအရ အရေးယူသွားမလားလို့ သတင်းထောက်တွေက မေးတာမှာ ဘာဖြစ်မယ်ဆိုတာ အတိအကျ မသိသေးကြောင်း၊ စစ်ရေးအရ အရေးယူမယ့် ကိစ္စဟာ ပထမ ဦးစားပေး လုပ်ငန်းစဉ် မဟုတ်ကြောင်း သမ္မတ Donald Trump က ဗုဒ္ဓဟူးနေ့မှာ ပြောကြားလိုက်ပါတယ်။
အဲဒီ ဘီ ၅ ခုထဲမှာ အရေးပါတဲ့ ဘီ တခု လစ်လပ်နေကြောင်း တက်ရောက်လာတဲ့ လူထုကြီးကို ဝန်ကြီးချုပ် မိုဒီက ပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံက မတည်မငြိမ်အခြေအနေတွေ ကြုံနေရတဲ့ ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်လို့ သတင်းမှားတွေ အကြီးအကျယ် ထွက်ပေါ်နေကြောင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။
အိန္ဒိယ ဝန်ကြီးချုပ် Narendra Modi ဟာ ဒီကနေ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်