ရခိုင်ပြည်နယ်ထဲက ရိုဟင်ဂျာတွေ အကြမ်းဖက်ခံနေရတာ ရပ်အောင် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက အမြန်ဆုံး ပြတ်ပြတ်သားသား ဆောင်ရွက်ဖို့ အတွက် Noble ငြိမ်းချမ်းရေး ဆုရှင် Muhammad Yunus က လုံခြုံရေးကောင်စီကို အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့ပါတယ်။
အင်အားပြင်း ဟာရီကိန်း မုန်တိုင်း အဆင့် ၅ လောက် ဖြစ်လာနိုင်တဲ့ မုန်တိုင်းတခုဟာ ကာရစ်ဘီယံကျွန်း ဒေသဖက်နဲ့ Florida ပြည်နယ် တောင်ပိုင်းဖက်ကို ဦးတည် လာနေပါတယ်။ Irma မုန်တိုင်းဟာ လေပြင်းတိုက်နှုန်း တနာရီကို ကီလိုမီတာ ၃၀၀ နီးပါးနဲ့ ရွှေ့လျား လာနေတာဖြစ်ပါတယ်။
မြန်မာနိုင်ငံ ရခိုင်ပြည်နယ် အတွင်း ရိုဟင်ဂျာတွေ အပေါ် ဆက်တိုက် ကျူးလွန်နေတဲ့ အကြမ်းဖက်မှုတွေ အပေါ် အထူး စိုးရိမ် ပူပန်ကြောင်း မလေးရှား နိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးစိန်ဦးကို ဆင့်ခေါ်ပြီး မလေးရှား နိုင်ငံခြားရေးဝန်ကြီး Anifah Aman က အင်္ဂါနေ့မှာ ပြောကြားလိုက်ပါတယ်။
မြောက်ကိုးရီးယားနိုင်ငံရဲ့ နောက်ဆုံး န ျူကလီးယားစမ်းသပ်မှုပြုလုပ်ပြီးတဲ့နောက် မြောက်ကိုးရီးယားနဲ့ စီးပွါးရေးလုပ်ကိုင်တဲ့ ဘယ်နိုင်ငံနဲ့မဆို ကုန်သွယ်ရေးလုပ်ငန်းတွေ ရပ်ပစ်မယ်ဆိုတဲ့ အမေရိကန်သမ္မတရဲ့ခြိမ်းခြောက်ပြောဆိုမှုဟာတရုတ် နဲ့ အမေရိကန် တို့ရဲ့ ကြီးမားတဲ့ကုန်သွယ်မှုအပေါ် အန္တရာယ်ဖြစ်စေတယ်ဆိုပြီး တရုတ်နိုင်ငံဘက်က ဝေဖန်ထိုးနှက်လိုက်ပါတယ်။
မြန်မာနိုင်ငံ အနောက်မြောက်ဒေသ ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့လက ပဋိပက္ခတွေ ဖြစ်ပွါးခဲ့အပြီး ဒုက္ခသည် ၁၂၃၀၀၀ လောက်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးလာတယ်လို ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီးရုံး UNHCR က ဒီကနေ့ ပြောပါတယ်။
India ဝန်ကြီးချုပ် Narendra Modi ဟာ ဒီကနေ့ မြန်မာနိုင်ငံကိုရောက်လာမှာဖြစ်ပါတယ်။ စက်တင်ဘာလ ၅ ရက်နေ့ကနေ ၇ ရက်နေ့အထိ မြန်မာနိုင်ငံခရီးစဉ်ကနေ မြန်မာနဲ့ India ကြား ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်သွားနိုင်ဖို့ မျှော်လင့်တယ်လို့ ဝန်ကြီးချုပ် Modi ကပြောကြားထားပါတယ်။
မြန်မာနိုင်ငံအစိုးရနဲ့ မော်လ်ဒိုက်နိုင်ငံကြား ကုန်သွယ်ရေးအဆက်အသွယ်ဖြတ်တောက်လိုက်တယ်လို့ မော်လ်ဒိုက်အစိုးရက ကြေညာခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာမွတ်ဆလင်တွေအပေါ် ရက်ရက်စက်စက်လုပ်နေတာကို မြန်မာအစိုးရက မတားဆီးမချင်း ကုန်သွယ်ရေးအဆက်အသွယ် ဖြတ်တောက်ထားမယ်လို့ မော်လ်ဒိုက်နိုင်ငံခြားရေးဌာနက စက်တင်ဘာ ၃ ရက်နေ့စွဲနဲ့ ကြေညာချက်ထုတ်ပြန်ခဲ့တာပါ။
ဗြိတိန်နိုင်ငံရဲ့ ဒုတိယမြောက် အိမ်ရှေ့မင်းသား William နဲ့ဇနီး Cambridge မြို့စားကတော်တို့ တတိယမြောက်ရင်သွေး လွယ်ထားပြီလို့ Kensington နန်းတော်က ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ရခိုင်ပြည်နယ်တွင်း ARSA အစွန်းရောက် အကြမ်းဖက် သမားတွေရဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေနဲ့ ဆက်နွှယ်ပြီး အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီးနဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ဆွေးနွေးခဲ့ကြပါတယ်။
မြောက်ကိုရီးယားက နျူကလီးယားစမ်းသပ်မှု ပြုလုပ်ခဲ့တာကြောင့် လုံခြုံရေးကောင်စီ အစည်းအဝေးခေါ်ယူပေးဖို့ အမေရိကန်ပြည်ထောင်စု၊ ဂျပန်၊ ဗြိတိန်၊ ပြင်သစ်နဲ့ တောင်ကိုရီးယားနိုင်ငံတို့ရဲ့ တောင်းဆိုချက်ကြောင့် တနင်္လာနေ့မှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ စည်းဝေးပွဲ ကျင်းပမှာ ဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ အမေရိကန် ကိုယ်စားလှယ်အဖွဲ့က တနင်္ဂနွေနေ့မှာ ကြေညာချက် ထုတ်ပြန်ပါတယ်။
လာမယ့် တနှစ်ခွဲကာလအတွင်း အထွေထွေရွေးကောက်ပွဲ မကျင်းပခင် အရေးပါတဲ့ ပေးထားတဲ့ကတိတွေကို အကောင်အထည်ဖော်တဲ့ အနေနဲ့ အိန္ဒိယဝန်ကြီးချုပ် Narendra Modi ဟာ တနင်္ဂနွေနေ့က အစိုးရ ဝန်ကြီးအဖွဲ့ အပြောင်းအလဲတွေ ပြုလုပ်တာမှာ အမျိုးသမီး ကာကွယ်ရေးဝန်ကြီးအသစ်ကို ရွေးချယ် ခန့်အပ်လိုက်ပါတယ်။
မြန်မာနိုင်ငံအတွင်း ရိုဟင်ဂျာ မွတ်ဆလင်တွေအပေါ် ပြုလုပ်နေတဲ့ အကြမ်းဖက်မှုတွေ ရပ်တန့်ရေး ဆွေးနွေးဖို့ အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး Retno Marsudi ဟာ ဒီကနေ့ တနင်္လာနေ့မှာ မြန်မာနိုင်ငံကို ရောက်ရှိမှာ ဖြစ်ပါတယ်။
မြောက်ကိုရီးယား နိုင်ငံဘက်က အကြီးမားဆုံး နျူးကလီးယား စမ်းသပ်မှုကို ဒီကနေ့ တနင်္ဂနွေနေ့မှာ လုပ်ခဲ့တဲ့ အပေါ် အမေရိကန် သမ္မတ Donald Trump က ပြစ်တင်ရှုတ်ချပါတယ်။ မြောက်ကိုရီးယား နိုင်ငံဘက်က ပြောဆို လုပ်ဆောင်နေတာတွေက အမေရိကန် ပြည်ထောင်စုအပေါ်မှာ သိပ်ပြီး ရန်လိုနေပြီး အန္တရာယ်ကြီးလှတဲ့ ရန်လိုတဲ့ သင်းကွဲနိုင်ငံတခု အဖြစ် အမေရိကန် သမ္မတက ပြောဆိုလိုက်တာ ဖြစ်ပါတယ်။
မြောက်ကိုရီးယားက သူ့ရဲ့ ၆ ကြိမ်မြောက် နျူးကလီးယား စမ်းသပ်မှုကို ဒီကနေ့ တနင်္ဂနွေနေ့မှာ ပြုလုပ်ခဲ့ပါတယ်။ ဒီတကြိမ်ကတော့ တိုက်ချင်းပစ် ဒုံးကျည်မှာ တပ်ဆင်နိုင်မယ့် Thermonuclear Hydrogen ဗုံးကို အောင်အောင်မြင်မြင် စမ်းသပ်နိုင်ခဲ့တာလို့ ပြောဆိုထားပါတယ်။
ကင်ညာနိုင်ငံရဲ့ တရားရေးစနစ်မှာ ပြသနာတွေရှိနေတာကြောင့် ဒါကို ပြုပြင်ရလိမ့်မယ်လို့ ကင်ညာသမ္မတ Uhuru Kenyatta က စနေနေ့က ပြောလိုက်ပါတယ်။ ရွေးကောက်ပွဲမှာ Kenyatta အနိုင်ရခဲ့တာကို ပယ်ဖျက်ကြောင်း တရားရုံးချုပ်က ကြေညာလိုက်ပြီး၊ လာမယ့် ရက်(၆၀) အတွင်း ရွေးကောက်ပွဲအသစ်တခု လုပ်ဖို့ဆိုတဲ့ ဆုံးဖြတ်ချက်ထွက်ပေါ်လာပြီး နောက်တနေ့မှာပဲ သူက အဲဒီလို ပြောလိုက်တာပါ။
တောင်အာရှဒေသမှာ ဆိုးရွားတဲ့ ရေကြီးမှုဒဏ်ကြောင့် ကလေးငယ် ၁၆ သန်းနီးပါးဟာ အသက်ကယ် အကူအညီတွေ အရေးပေါ်လိုအပ်နေ တယ်လို့ ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ UNICEF က ပြောပါတယ်။
ကမ္ဘောဒီးယား အတိုက်အခံခေါင်းဆောင် Kem Sokha ကို နိုင်ငံတော်သစ္စာဖေါက်မှု စွပ်စွဲချက်နဲ့ တနင်္ဂနွေနေ့ အစောပိုင်းက ဖနွမ်ပင်မြို့မှာ ဖမ်းဆီးလိုက်တယ်လို့ ဝါရင့်ဝန်ကြီးချုပ် ဟွန်ဆန်က ပြောပါတယ်။
မြောက်ကိုရီးယားရဲ့ရန်ကို ကာကွယ်နိုင်ဖို့ တောင်ကိုရီးယားရဲ့ ဒုံးလက်နက်ရန် ကာကွယ်ရေးကို တိုးမြှင့်ဖို့အတွက်လည်း ခေါင်းဆောင် ၂ ယောက် သဘောတူခဲ့ကြတယ်လို့ တောင်ကိုရီးယားသမ္မတရုံးကပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်၊ Cox’s Bazar ဒေသ၊ Ukhia ခရိုင်ခွဲနား ဘင်္ဂလားဒေ့ရှ်လေပိုင်နက်ထဲကို မြန်မာ ရဟတ်ယာဉ်တွေ သြဂုတ် လ ၂၇ ရက်၊ ၂၈ ရက်နဲ့ စက်တင်ဘာလ ၁ ရက်နေ့တွေမှာ အကြိမ်ကြိမ် ကျူးကျော်ဝင်ရောက်ခဲ့တဲ့ ဖြစ်ရပ်တွေအတွက် ဘင်္ဂလား ဒေ့ရှ်နိုင်ငံက မြန်မာနိုင်ငံကို အပြင်းအထန် ကန့်ကွက်လိုက်ပါတယ်။
ကင်ညာနိုင်ငံမှာ သမ္မတ Uhuru Kenyatta အနိုင်ရခဲ့တဲ့ ပြီးခဲ့တဲ့လက ရွေးကောက်ပွဲရလဒ်ကို ကင်ညာတရားရုံးချုပ်က ပယ်ဖျက်လိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်