ဗြိတိန်နိုင်ငံက မင်းသမီး Diana ကွယ်လွန်သွားခဲ့တာ အနှစ် ၂၀ ပြည့်တဲ့ August လ ၃၁ ရက်နေ့က သူနေထိုင်သွားခဲ့တဲ့ လန်ဒန်မြို့တော်က Kensington နန်းတော်ရှေ့မှာ လူအမြောက်အများလာရောက်ဆုဝေးပြီး အောက်မေ့တသခဲ့ကြပါတယ်။
တောင်အာရှဒေသတဝန်းမှာ ပြင်းထန်တဲ့ မုတ်သုန်မိုးကြောင့် ရေလွှမ်းမိုးပြီး လူပေါင်း ၁,၂၀၀ ကျော် သေဆုံးရပြီးဖြစ်သလို အိန္ဒိယ နိုင်ငံရဲ့ တချို့ဒေသတွေမှာ ဒီသီတင်းပတ်အတွင်း ရေကြီးနေပါတယ်။
ရခိုင်ပြည်နယ်ဘက်မှာ လူသားဘေးဒုက္ခအခြေအနေ အလျင်အမြန်ယိုယွင်းလာနေပြီး လူထောင်ပေါင်းများစွာအနေနဲ့ သူတို့ရဲ့ လူ့အခွင့်အရေးတွေ ဆိုးဆိုးရွားရွား ချိုးဖောက်ခံရမယ့်အန္တရာယ် ပိုတိုးလာနေတဲ့အပေါ် စိုးရိမ်တဲ့အကြောင်း မြန်မာနိုင်ငံ လူ့အခွင့် အရေးအခြေအနေဆိုင်ရာ အထူးစုံစမ်းစစ်ဆေးရေးမှူး ယန်ဟီး လီက ပြောလိုက်ပါတယ်။
မြောက်ကိုရီးယားရဲ့ ဒုံးကျည် စမ်းသပ်မှုကို အမေရိကန်နဲ့ မဟာမိတ် နိုင်ငံတွေ ထပ်ပြီး တုံ့ပြန်လိုက်တာမှာတော့ ကျည်အစစ်တွေနဲ့ စစ်ရေးလေ့ကျင့်မှုလည်း ပါဝင်ပါတယ်။
ရခိုင်ပြည်နယ်တွင်းက လူထု အတွက် ဒေါ်လာ ၂ သန်း သုံးစွဲမယ့် လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အကူအညီပေးရေး အစီအစဉ် တရပ်ကို ဒီကနေ့မှာ အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး Retno Marsudi က ဒီကနေ့ တရားဝင် စတင်လိုက်ပါတယ်။
အာရှတိုက်ရဲ့ နိုဘဲလ် ငြိမ်းချမ်းရေးဆုလို့ နှိုင်းယှဉ် ခေါ်ဆိုကြတဲ့ Ramon Magsaysay ဆုကို ဒီနှစ် အတွက် သီရိလကာၤနိုင်ငံက စိတ်ဓာတ်မြှင့်တင်ရေး ကုသပေးသူ တဦး၊ စကာၤပူ စီးပွားရေး သမား တဦးနဲ့ ဖိလစ်ပိုင်နိုင်ငံ အစိုးရ အရာရှိဟောင်း တဦးတို့ စုစုပေါင်း ၇ ဦး ပူးတွဲ ရရှိသွားပါတယ်။
အမေရိကန် ပြည်ထောင်စု တက္ကဆက် ပြည်နယ် Houston မြို့ကို ရေလွှမ်းပြီး ထောင်နဲ့ချီတဲ့ လူတွေ အိုးအိမ်ပစ် ထွက်ခွာစေခဲ့တဲ့ Harvey လေမုန်တိုင်းဟာ ဗုဒ္ဓဟူးနေ့က ကုန်းတွင်းကို တကျော့ပြန် ဝင်ရောက်ပြီး အရှေ့ဖက်နဲ့ အိမ်နီးချင်း လူဝီစီယားနား ပြည်နယ်တို့ဆီ ရွှေ့လျား အားပျော့သွားဖွယ် ရှိနေပါတယ်။
အိန္ဒိယ ဝန်ကြီးချုပ် နေရိန်ဒရာ မိုဒီဟာ မြန်မာနိုင်ငံကို စက်တင်ဘာလ ၅ ရက်နေ့ ကနေ ၇ ရက်နေ့ အထိ ၃ ရက်ကြာ ခရီးစဉ်နဲ့ လာရောက်ဖို့ ရှိပါတယ်။
သူတို့အခေါ် ရိုဟင်ဂျာတွေကို ဘင်္ဂလားဒေ့ရှ်ဆီ မြန်မာနိုင်ငံက မောင်းထုတ်နေတဲ့ လုပ်ရပ်ကို ရပ်ဆိုင်းရေး ဖိအားပေးဖို့ အမေရိကန် ပြည်ထောင်စုကို ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ဟာစီနာက တိုက်တွန်းလိုက်တယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံထုတ် The Daily Star သတင်းမှာ ဖေါ်ပြထားပါတယ်။
မြောက်ကိုရီးယားက ပဲ့ထိန်းဒုံးကျည်နဲ့ နျူကလီးယား လက်နက် အစီအစဉ်တွေ ရှေ့ဆက်တိုးပြီး လုပ်နေတဲ့ အပေါ် ဘယ်လို တုန့်ပြန်မယ် ဆိုတာနဲ့ ပတ်သက်ပြီး အမေရိကန် သမ္မတနဲ့ ကာကွယ်ရေး ဝန်ကြီးတို့ရဲ့ဗုဒ္ဓဟူးနေ့က ပြောဆိုချက်တွေဟာ ကွဲလွဲနေပါတယ်။
သူတို့ပေးမယ့် ပိုင်ဆိုင်မှုဟာ နိုင်ငံရေး အတိုက်အခံတွေက စွပ်စွဲထားသလို ခိုးယူထားတာတွေ မဟုတ်ဘူးဆိုတာ မားကို့စ်မိသားစုက ပြောတယ်လို့ မစ္စတာ ဒူတာတေးက ပြောပါတယ်။
ဂျပန်နိုင်ငံကို ကျော်ဖြတ်ခဲ့တဲ့ မြောက်ကိုရီးယားရဲ့ ပဲ့ထိန်းတပ် ဒုံးကျည် စမ်းသပ်ပစ်လွှတ်ခဲ့မှုဟာဆိုရင် တောင်ကိုရီးယားနဲ့ အမေရိကန်တို့ရဲ့ မကြာခင်က ပူးတွဲ စစ်ရေးလေ့ကျင့်မှုကို တုံ့ပြန်တဲ့ အနေနဲ့ လုပ်တာလို့ မြောက်ကိုရီးယားဘက်က ခုခံ ပြောဆိုလိုက်ပါတယ်။
တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ထိုင်းဝန်ကြီးချုပ် Prayuth Chan-ocha တို့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ဒီကနေ့ တွေ့ဆုံခဲ့ကြပါတယ်။
အမေရိကန်ပြည်ထောင်စု တောင်ပိုင်းမှာ ပြင်းထန်တဲ့ ဟာရီကိန်းမုန်တိုင်း Harvey တိုက်ခတ်မှုကြောင့် ရေဘေးဒုက္ခ ကြုံနေရတဲ့ တက္ကဆက်ပြည်နယ်ကို အမေရိကန်သမ္မတ ဒေါ်နလ်ထရမ့်နဲ့ သမ္မတကတော်တို့ မနေ့က သွားရောက် ကြည့်ရှုခဲ့ကြပါတယ်။
ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ August လ ၃၀ ရက် ဗုဒ္ဓဟူးနေ့ကျရင် အရေးပေါ် အစည်းအဝေးကျင်းပမှာဖြစ်ပါတယ်။
မြောက်ကိုရီးယားဘက်က ဒီကနေ့ ဒုံးကျည် စမ်းသပ်မှုတခု ထပ်လုပ်ခဲ့ပြီး နောက်မှာတော့ အမေရိကန် သမ္မတ Donald Trump က နည်းလမ်းပေါင်းစုံ အဆင်သင့် ရှိတယ်လို့ ပြောဆိုလိုက်ပါတယ်။
ရေကြီးမှုနဲ့ အကြီးအကျယ် ကြုံတွေ့နေရတဲ့ အမေရိကန် ပြည်ထောင်စု တက္ကဆက် ပြည်နယ်ကို သမ္မတ Donald Trump နဲ့ သမ္မတ ကတော် Melania Trump တို့ သွားရောက်ပါတယ်။ ဒေသတွင်းမှာတော့ အပူပိုင်းမုန်တိုင်း Harvey ဆက်လက် တိုက်ခတ်နေတာကြောင့် မိုးသည်းထန်နေဆဲ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်စဉ်နဲ့ ပတ်သက်လို့ နိုင်ငံတော် လုံခြုံရေးဆိုင်ရာ အကြံပေး ဦးသောင်းထွန်းက ဒီကနေ့ နေ့လည်ပိုင်းမှာ နိုင်ငံခြား သံတမန်တွေကို ခေါ် ယူရှင်းလင်းခဲ့ပါတယ်။
မလေးရှားနိုင်ငံကွာလာလမ်ပူမြို့တော်မှာကျင်းပနေတဲ့ ၂၉ကြိမ်မြောက် SEA Games အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ U22 အမျိုးသား ဘောလုံးနောက်ဆုံးဗိုလ်လုပွဲကို ဒီကနေ့ ၂၉ရက်မှာ ထိုင်းနဲ့ မလေးရှား အသင်းတို့ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပြီး အုပ်စု Aမှာ ၁၂မှတ်ရထားတဲ့အုပ်စုဗိုလ် မလေးရှားအသင်းနဲ့ အုပ်စု Bမှာ ၁၃မှတ်ရထားတဲ့ ထိုင်းအသင်းတို့ ရှားအလန်အားကစားကွင်းမှာ ယှဉ်ပြိုင်ကြမှာပါ။
သြဂုတ် လ ၂၅ ရက်နေ့က လုံခြုံရေးကင်းစခန်းတွေအပေါ် တိုက်ခိုက်ခဲ့မှုတွေအပေါ်လည်းကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ပြစ်တင်ရှုတ်ချခဲ့ပါတယ်။ အကြမ်းဖက်မှုတွေဖြစ်နေရတဲ့ ပြဿနာအရင်းအမြစ်ကို ဖြေရှင်းဖို့အရေးကြီးကြောင်းနဲ့ လုံခြုံရေးအကာအကွယ်နဲ့ ကူညီထောက်ပံ့မှုလိုအပ်နေသူတွေကို အကူအညီပေးဖု့ိ မြန်မာအစိုးရမှာ တာဝန်ရှိတယ်လို့လည်း ကြေညာချက်ထဲမှာ ထပ်ပြီး ပြောကြားထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်