မြောက်ကိုရီးယားနိုင်ငံကနေ ဒီနေ့ အင်္ဂါနေ့မနက်အစောပိုင်းက ပစ်လွှတ်လိုက်တဲ့ Missile ဒုံးတခုဟာ ဂျပန်နိုင်ငံကို ကျော်ပြီး Pacific သမုဒ္ဒရာထဲကို ကျခဲ့ပါတယ်။ ပစ်လွှတ်လိုက်တဲ့ ဒုံးပျံအမျိုးအစားနဲ့ လမ်းကြောင်းကို အမေရိကန်၊ တောင်ကိုရီးယားနဲ့ ဂျပန်စစ်တပ်တာဝန်ရှိသူတွေ လေ့လာနေကြပါတယ်။
အမေရိကန် ရေတပ် ဖျက်သဘောၤ USS John S. McCain တိုက်မိမှုမှာ ပျောက်ဆုံးနေတဲ့ ရေတပ်သား ၁၀ ဦးရဲ့ ရုပ်အလောင်းတွေ အားလုံးကို ရေငုပ်သမားတွေ ရှာဖွေတွေ့ရှိပြီလို့ အမေရိကန် ရေတပ်က ပြောဆိုပါတယ်။
အမေရိကန် ပြည်ထောင်စု တက္ကဆက် ပြည်နယ် Houston မြို့တဝိုက်မှာတော့ သမိုင်းဝင် အပူပိုင်းမုန်တိုင်းမိုး ဆက်လက် ရွာသွန်းနေဆဲ ဖြစ်ပါတယ်။ နောက်ရက်ပိုင်းတွေ အထိ ဆက်ပြီး မိုးရွာနေဦးမယ်လို့ ခန့်မှန်းထားကြသလို အကြီးအကျယ် ရေလွှမ်းမိုးပြီး ပိတ်မိနေသူတွေကို ရှာဖွေကယ်ဆယ်ရေး လုပ်သားတွေ ကယ်နိုင်အောင် ကြိုးပမ်းနေကြပါတယ်။ အခုအချိန်ထိ မုန်တိုင်းကြောင့် သေဆုံးသူ နှစ်ဦး ရှိပါတယ်။
ပါကစ္စတန်နိုင်ငံ၊ ကရာချိမြို့မှာ တနင်္ဂနွေနေ့က အမေရိကန်ဆန့်ကျင်ရေး ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေ၊ နံပါတ် တုတ်တွေသုံးပြီး ဖြိုခွဲခဲ့ပါတယ်။ ပါကစ္စတန်နဲ့ပတ်သက်ပြီး သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ် မကြာသေးခင်က ပြောခဲ့တဲ့အပေါ် မကျေနပ်တဲ့အတွက် Imamia ကျောင်းသားအဖွဲ့က ကန့်ကွက်ဆန္ဒပြတာပါ။ ဒီကျောင်းသားအဖွဲ့ဟာ ရှီးယားမူစလင် ကျောင်းသားတွေကို ကိုယ်စားပြုတဲ့အဖွဲ့ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင်း အကြမ်းဖက်တိုက်ခိုက်မှုတွေကနေ လုံခြုံရေး ပေးနိုင်ဖို့ တပ်ဖွဲ့ဝင်တွေ သွားလာတာမှာ လမ်းတွေကို ဖောက်ခွဲထားတာတွေ၊ တံတားတွေကို ဖျက်စီးထားတာ တွေကြောင့် အခက်တွေ့နေရတယ်လို့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုက ဒီကနေ့ သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။
အမေရိကန် ပြည်ထောင်စု တက္ကဆက် ပြည်နယ် အရှေ့တောင်ပိုင်းမှာ ဝင်ရောက် တိုက်ခိုက်နေဆဲ ဖြစ်တဲ့ အပူပိုင်း မုန်တိုင်း Harvey ကြောင့် မနေ့ စနေနေ့က တဦး ထပ်မံ သေဆုံးခဲ့တာကြောင့် သေဆုံးသူ ၂ ဦး ရှိသွားပြီ ဖြစ်ပြီး ရေကြီး ရေလွှမ်းမိုးမှုတွေနဲ့ လေဆင်နှာမောင်း ကျရောက်တာတွေကြောင့် ဒေသခံတွေ အတွက် အန္တရာယ် ရှိနေဆဲ ဖြစ်ပါတယ်။
တက္ကဆက်စ်ပြည်နယ်၊ Rockport မြို့ကို သောကြာနေ့ညက Harvey ဟာရီကိန်းမုန်တိုင်း ဝင်တိုက်သွားပြီးတဲ့နောက် လူ တယောက်ထက်မနည်း သေဆုံးသွားတယ်လို့ တာဝန်ရှိသူတွေကပြောပါတယ်။ Harvey ဟာရီကိန်းမုန်တိုင်းဟာ အခုတော့ အပူ ပိုင်းမုန်တိုင်းတခုဖြစ်သွားပါပြီ။
မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်ကအခြေအနေကို အကြမ်းဖက်နည်းလမ်းတွေနဲ့ ဖြေရှင်းလို့ မရနိုင်ဘူးလို့ တူရကီနိုင်ငံကပြောပြီး ကြာသပတေးညပိုင်းမှာ စဖြစ်ခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေကို ပြစ်တင်ရှုတ်ချလိုက်ပါတယ်။
အိန္ဒိယ နိုင်ငံမြောက်ပိုင်းမှာ အဓိကရုဏ်းဖြစ်ပွားခဲ့တဲ့အတွက် ၂၈ ယောက်သေဆုံးပြီး ၂၅၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ ရဲကပြောပါတယ်။
တာတိုပစ် ပဲ့ထိန်းဒုံးကျည်အများအပြားကို မြောက်ကိုရီးယားက သောကြာနေ့မှာ ပစ်လွှတ်ခဲ့ပြီး ဒုံးကျည်တစင်းမှ ပစ်မှတ်ကို မထိမှန်ခဲ့ဘူးလို့ အမေရိကန် ရေတပ်တပ်မှူးတဦးက အတည်ပြု ပြောလိုက်ပါတယ်။
မြန်မာနဲ့ ထိုင်းအသင်းတို့ဟာ ဆလာရန်းကွင်းမှာ မြန်မာစံတော်ချိန် နေ့လည် ၂ နာရီခွဲ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပြီး အိမ်ရှင် မလေး ရှားနဲ့ အင်ဒိုနီးရှားအသင်းတို့ကတော့ ရှားအလမ်ကွင်းမှာ မြန်မာစံတော်ချိန် ည ၇ နာရီခွဲ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။
မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ လုံခြုံရေးတပ်ဖွဲ့ဝင် ထိခိုက်သေဆုံးတဲ့ထိ တိုက်ခိုက်မှုအပေါ် အမေရိကန်ပြည်ထောင်စု က အပြင်းအထန် ပြစ်တင်ရှုတ်ချလိုက်ပါတယ်။
ရခိုင်ပြည်နယ်အတွင်း လုံခြုံရေးတပ်ဖွဲ့တွေအပေါ် အကြမ်းဖက်သမားတွေက ရက်ရက်စက်စက် တိုက်ခိုက်ခဲ့တဲ့ လုပ်ရပ်ကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်ပြီး ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ နဲ့ ဒေါ်အောင်ဆန်းစုကြည် ဒီကနေ့ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စုကနေ သူတို့ရဲ့ နေရပ်ရင်းကို ပြန်ပို့လိုက်တဲ့ သူတွေကိုလက်မခံတဲ့ နိုင်ငံ ၄ နိုင်ငံကို ပြည်ဝင်ခွင့်ဗီဇာ ထုတ်ပေးတာတွေ ရပ်တန့်သွားဖို့ စီစဉ်နေပါတယ်။
ထိုင်းတရားရုံးချုပ်က ဝန်ကြီးချုပ်ဟောင်း ယင်လပ်ခ်ရှင်နဝပ်ကို ဖမ်းဝရမ်း ထုတ်လိုက်တာဟာ ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လပ်ခ်ဟာ သူ့အပေါ် ပေါ့ဆမှုနဲ့ တရားစွဲထားတဲ့အမှု အမိန့်ချမှာကို တရားရုံးကို လာရောက်ဖို့ ပျက်ကွက်ခဲ့တဲ့အတွက် ဖြစ်ပါတယ်။
ရခိုင်ပြည်နယ် မြောက်ပိုင်း ဘူးသီးတောင်နဲ့ မောင်တောမှာရှိတဲ့ ရဲကင်းစခန်း ၂၀ ကျော်ကို ရိုဟင်ဂျာ လက်နက်ကိုင်တွေက တချိန်တည်း တပြိုင်နက်တည်းမှာ အလစ် ဝင်ရောက် တိုက်ခိုက်တာကြောင့် လုံခြုံရေးဝန်ထမ်း ၁၁ ယောက်အပါအဝင် လူ ၃၂ ယောက်ထက် မနည်း သေဆုံးခဲ့ရတဲ့အကြောင်း မြန်မာစစ်တပ်က ထုတ်ပြန်ထားပါတယ်။
"ည ၁၁ နာရီခွဲကျော်ကျော်လောက်အချိန်မှာ မောင်တောမြို့တွင်းမလှမ်းမကမ်း ကနေပြီးတော့ လက်နက်ကြီးသံတွေကြားနေရတယ်။ အဲဒါနဲ့ သိပ်မကြာဘူးခင်ဗျ ဒီမြို့အနီးအနားမှာလည်း လက်နက်ပစ်သံတွေပေါ့လေ အများကြီးပဲ ။ ကျနော်တို့ မောင်တောမြို့နေရာအနှံ့ပေ့ါ ၊ အဲဒီနေရာတွေမှာ ပစ်သံခတ်သံတွေပေါ့လေ အများကြီးကြားနေရတယ်။ နောက်လက်နက်ကြီး အသံတွေလည်းကြားနေရတယ် ၁၁ နာရီခွဲကျော်ကျော်လောက်ကနေပြီးတော့ မနက်မိုးလင်းတဲ့အထိပေါ့ ပစ်သံခတ်သံတွေကြားနေရတယ်။"
အမေရိကန်ပြည်ထောင်စုမှာ ဗုဒ္ဓဟူးနေ့ကဖွင့်တဲ့ Powerball အောင်ဘာလေထီ ဒေါ်လာ ၇၅၈ သန်း ပထမဆုကို သားသမီး နှစ်ယောက်တို့ရဲ့မိခင်၊ အသက် ၅၃ နှစ် အရယ် အမျိုးသမီးတဦး ပေါက်သွားပါတယ်။ ဒါဟာဖြင့် ဒီလောက်များတဲ့ ဆုကြေးကို လူတဦးထဲကပေါက်တာ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။
နယ်သာလန်နိုင်ငံ Rotterdam မြို့မှာ မနေ့က ပြုလုပ်မယ့် ရော့ခ်ဂီတပွဲမှာ အကြမ်းဖက်ဝါဒစွဲ တိုက်ခိုက်မှုလုပ်နိုင်တယ်ဆိုတဲ့ စပိန်ရဲတပ်ဖွဲ့ရဲ့ သတင်းပေးချက်နဲ့ ဆက်စပ်ပြီး ဒီကနေ့ ကြာသပတေးနေ့ အစောပိုင်းမှာ အသက် ၂၂ နှစ် အရွယ် အမျိုးသား တဦးကို နယ်သာလန်ရဲကသံသယနဲ့ ဖမ်းဆီးလိုက်ပါတယ်။
အီဂျစ်နိုင်ငံရဲ့လူ့အခွင့်အရေး အခြေအနေ အပေါ်စိုးရိမ်ချက်ကြောင့်အီဂျစ်နိုင်ငံကို ပေးမယ့် အကူအညီ တချို့ကို အမေရိကန်က ဆိုင်းထားလိုက်တဲ့ အတွက် နှစ်နိုင်ငံကြား ဆက်ဆံရေး အဖုအထစ် ဖြစ်နေတဲ့ပုံ ရှိပါတယ်။
နောက်ထပ်ကြည့်ရှုရန်