အမေရိကန် သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်က နီဗားဒါးပြည်နယ်၊ Reno မြို့မှာ ဗုဒ္ဓဟူးနေ့က ပြောတဲ့ မိန့်ခွန်းထဲ မိမိတို့ကို ခွဲခြားထားတဲ့ ဒဏ်ရာဒဏ်ချက်တွေကို ကုစားဖို့ အချိန် ရောက်ပါပြီလို့ ဆိုပြီး ပိုပြီးတော့ ညီညွတ်တဲ့ နိုင်ငံတခုဖြစ်အောင် လုပ်သွားကြဖို့ ပန်ကြားသွားပါတယ်။
ရခိုင်ပြည်နယ်မှာ ဒီလအစောပိုင်းက စစ်ဘက်လုံခြုံရေး အင်အား တိုးမြှင့်ချထားခဲ့ပြီး တဲ့နောက် ရိုဟင်ဂျာလို့ ကုလသမဂ္ဂက ခေါ်ဆို တဲ့ မူစလင် ထောင်ပေါင်းများစွာ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ကို ထွက်ပြေးသွားကြတယ်လို့ ရပ်ရွာအကြီးအကဲတွေက ဗုဒ္ဓဟူးနေ့မှာ ပြောတာကို ကိုးကားပြီး အေအက်ဖ်ပီသတင်းတပုဒ်မှာ ရေးထားပါတယ်။
မြောက်ကိုရီးယားရဲ့ နျူကလီးယား အစီအစဉ်တွေကို အားပေးကူညီမှု စွပ်စွဲချက်နဲ့ တရုတ်နဲ့ ရုရှားကုမ္ပဏီတွေကို အမေရိကန် ပြည်ထောင်စုက ပိတ်ဆို့ဒဏ်ခတ်မှု အသစ်တွေ ချမှတ်လိုက်တဲ့အပေါ် တရုတ်နိုင်ငံက ကန့်ကွက်လိုက်ပါတယ်။
အမေရိကန်နဲ့ မက္ကစီကို နယ်စပ်တလျှောက်မှာ တံတိုင်းကာရံဖို့ မရှိမဖြစ်လိုအပ်တာကြောင့်၊ ဘဏ္ဍာရေး ပြဿနာပေါ်မယ်ဆိုရင်တောင် မဲဆွယ်ပွဲကာလက ကတိအတိုင်း ဆောင်ရွက်သွားမယ့်အကြောင်း သမ္မတ Donald Trump က ပြောဆိုလိုက်ပါတယ်။
နေပြည်တော်မှာ ရောက်နေတဲ့ ရခိုင်ပြည်နယ် အကြံပေးကော်မရှင် ဥက္ကဋ္ဌ Mr. Kofi Annan ဟာ အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော် အမတ်တွေနဲ့ ဒီကနေ့ တေ့ွဆုံဖို့ စီစဉ်ထားပါတယ်။
အာဖဂန်နစ္စတန်ကို နောက်ထပ် တပ်သားဘယ်လောက် စေလွှတ်မယ်ဆိုတာ မဆုံးဖြတ်ရ သေးဘူးလို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး James Mattis ကပြောကြားလိုက်ပါတယ်။
သြဂုတ်လ ၂၀ ရက်နေ့က ကျင်းပခဲ့တဲ့ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ဗဟိုအလုပ်အမှုဆောင် အဖွဲ့ အစည်းအဝေးတွေကနေ NLD ပြန်ကြားရေးနဲ့ လုပ်ငန်းအဖွဲ့တွေကို ပြန်လည် ဖွဲ့စည်းခဲ့ပါတယ်။ ြ
မြောက်ကိုရီးယား အစိုးရ လုပ်နေတဲ့ နျူးကလီးယားနဲ့ မစ်ဇိုင်း ဒုံးလက်နက် အစီအစဉ်တွေ အတွက် ဝင်ငွေရအောင် မြောက်ကိုရီးယားနဲ့ စီးပွားရေး လုပ်နေတယ်လို့ဆိုတဲ့ တရုတ်နဲ့ ရုရှား လူပုဂ္ဂိုလ်တွေ၊ ကုမ္ပဏီတွေကို အမေရိကန်အစိုးရက အင်္ဂါနေ့က အရေးယူ ဒဏ်ခတ်လိုက်ပါတယ်။
အမေရိကန် ရေတပ် ဖျက်သဘောၤ USS John McCain ထဲကနေ သေဆုံးသူ အလောင်းတွေကို ရေငုပ်သမားတွေ ရှာဖွေ တွေ့ရှိထားကြောင်း အမေရိကန် ရေတပ်ရဲ့ ပစိဖိတ် တပ်မဟာ တပ်မှူး ရေတပ်ဗိုလ်ချုပ်ကြီး Scott Swift က ဒီကနေ့ အင်္ဂါနေ့မှာ ပြောဆိုပါတယ်။
စပိန်နိုင်ငံ Barcelona မြို့မှာ ပြီးခဲ့တဲ့ ကြာသပတေးနေ့က Van ကားနဲ့လူတွေကိုအတင်းဝင်တိုက်ခဲ့တဲ့ ယာဉ်မောင်လို့ယုံကြည်ရသူကို ပစ်သတ်ခဲ့တယ်လို့ ရဲတပ်ဖွဲ့ကပြောပါတယ်။ Las Ramblas လမ်းမကြီးပေါ်မှာ ၁၃ ယောက်ကို ကားနဲ့တိုက်သတ်ခဲ့သူကို လိုက်လံရှာဖွေနေတဲ့ရဲတွေက Barcelona မြို့အနောက်ဖက် ၄၅ ကီလိုမီတာအကွာလောက်မှာရှိတဲ့ Subirats မြို့မှာ Younes Abouyaaqoub ကိုပစ်သတ်ခဲ့တာဖြစ်ပါတယ်။
အမေရိကန်တွေပါဝင်တိုက်ခိုက်နေတဲ့ အာဖဂန်စစ်ပွဲဟာ လုံးဝအလဟသတ်ပဲလို့နှစ်အတော်ကြာအောင်ပြောဆိုလာခဲ့တဲ့ အမေရိကန်သမ္မတ ဒေါ်နလ်ထရမ့်က အာဖဂန်စစ်ပွဲမှာ အမေရိကန်တပ်တွေဆက်ပြီးရှိနေဖို့ သူဘာကြောင့်ယူဆသလဲဆို တာကို မကြာခင်ရှင်းလင်းပြောကြားဖို့ရှိပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ လုံခြုံရေးအတွက် လတ်တလော စစ်တပ်အင်အားတွေတိုးချခဲ့ပြီးနောက် အခြေအနေကို ထိန်းထိန်းသိမ်းသိမ်းလုပ်ဖို့ အမေရိကန်အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီဥက္ကဋ္ဌ Ed Royce ကတိုက်တွန်းလိုက်ပါတယ်။
မလက္ကာရေလက်ကြား အနီး စကာၤပူနိုင်ငံရဲ့ အရှေ့ဘက်မှာ အမေရိကန် ရေတပ် ဖျက်သဘောၤ USS John S.McCain နဲ့ ကုန်တင်သဘောၤတစင်းတို့တိုက်မိခဲ့ပြီးနောက် အမေရိကန် ရေတပ်သား ၁၀ ဦး ပျောက်ဆုံးနေပြီး ၅ ဦး ထိခိုက်ဒဏ်ရာရသွားကြောင်း ထုတ်ပြန်ထားပါတယ်။
အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ ၁၀ ရက်ကြာ ပူးတွဲ စစ်ရေးလေ့ကျင့်မှုကြီးကို ဒီကနေ့ တနလာၤနေ့မှာ စတင်ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့နှစ်ကနဲ့ စာရင်တော့ တပ်ဖွဲ့ဝင် အရေအတွက်ရော၊ လက်နက်ကိရိယာတွေကိုပါ လျှော့ချထားပါတယ်။
မလေးရှားနိုင်ငံမှာ Kuala Lumpur မြို့တော်မှာ ကျင်းပနေတဲ့ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အမျိုးသားဘောလုံးအုပ်စု A ပွဲစဉ်တွေ အဖြစ် မြန်မာနဲ့ မလေးရှား Laos နဲ့ Brunei အသင်းတို့ ဒီကနေ့ တနင်္လာနေ့မှာ ကစားကြမှာဖြစ်ပါတယ်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း Mr. Kofi Annan ဦးဆောင်ပြီး မြန်မာနဲ့ နိုင်ငံတကာကျွမ်းကျင်သူတွေပါဝင်တဲ့ ရခိုင်ပြည်နယ်အကြံပေးကော်မရှင်က အပြီးသတ်အစီရင်ခံစာကို သြဂုတ် လ ၂၄ ရက် ကြာသပတေးနေ့မှာ ထုတ်ပြန်မှာဖြစ်ပါတယ်။
Barcelona မြို့ထဲက ကမ္ဘာလှည့်ခရီးသည်တွေနဲ့ စည်းကားနေတဲ့ Las Ramblas လမ်းမကြီးမှာ လူပေါင်း ၁၃ ယောက်သေဆုံးပြီး ၁၀၀ ကျော်ဒဏ်ရာရခဲ့တဲ့ တိုက်ခိုက်မှုအတွက် အသက် ၂၂ နှစ်အရွယ် Moroccan လူမျိုး Younes Abouyaaquoub ကို ရဲတွေရှာဖွေနေကြတာပါ။ အဲဒီနေ့က တိုက်ခိုက်သူလို့ မသင်္ကာသူတွေ ဖေါက်ခွဲရေးပစ္စည်းတွေ လုပ်ခဲ့ကြပုံရတဲ့ နေအိမ်တခုမှာ Gas ဗူးပေါင်း ၁၂၀ ကိုတေ့ွရှိခဲ့တယ်လို့ တနင်္ဂနွေနေ့က သတင်းစာရှင်းပွဲမှာ စပိန်ရဲက ပြောကြားခဲ့ပါတယ်။
အာဖဂန်နစ္စတန်နိုင်ငံနဲ့ ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စုဘက်က ရှေ့ဆက် ဘယ်လို လုပ်ဆောင်သွားမယ် ဆိုတာနဲ့ ပတ်သက်ပြီး အချက်လက်တွေကို တနင်္လာနေ့ည မိန့်ခွန်းမှာ ပြောကြားပါလိမ့်မယ်။
အမေရိကန် ပြည်ထောင်စု မန်ဆာချူးဆက် ပြည်နယ် ဘော့စတွန်မြို့မှာ မနေ့ စနေနေ့က လူ ၄ သောင်းလောက် စုဝေးခဲ့ကြတဲ့ ဆန္ဒပြပွဲတွေအတွင်း လူ ၂၇ ယောက်ကို ရဲက ဖမ်းဆီးခဲ့ပါတယ်။ ဗာဂျီးနီးယား ပြည်နယ် ရှားလော့ဗေးလ်းမြို့မှာ လူဖြူကြီးစိုးရေး ဝါဒီတွေရဲ့ ချီတက်ဆန္ဒပြပွှဲ အပြီး တပတ်အကြာမှာ ဘော့စတွန် ဆန္ဒပြပွဲတွေ ထွက်ပေါ်လာတာပါ။
ပြီးခဲ့တဲ့ ကြာသပတေးနေ့က စပိန်နိုင်ငံ ဘာစီလိုနာမြို့က လူအုပ်ထဲကို ကားနဲ့ဝင်တိုက်သွားတဲ့ ကားမောင်းသူကို ဖမ်းဆီးနိုင်ဖို့အတွက် စပိန်အာဏာပိုင်တွေက လိုက်လံရှာဖွေနေပြီး၊ တနင်္ဂနွေနေ့ကတော့ စပိန်နိုင်ငံအရှေ့မြောက်ပိုင်းက Ripoll မြို့နဲ့ Manlleu မြို့တွေ့မှာ ရှာဖွေခဲ့ကြပါတယ်။
နောက်ထပ်ကြည့်ရှုရန်