မြောက်ကိုရီးယားနိုင်ငံအပေါ် ချဉ်းကပ်တဲ့နေရာမှာ သဘောထားကွဲလွဲမှုတွေ ရှိနေတဲ့အတွက် အမေရိကန်ပြည်ထောင်စု နဲ့ တောင်ကိုရီးယားရဲ့ ဆယ်စုနှစ်နဲ့ချီ ရှိလာတဲ့ လုံခြုံရေး မဟာမိတ် အနာဂတ်နဲ့ ပတ်သက်ပြီး မေးခွန်းထုတ်စရာတွေ ရှိလာနေတယ်လို့ ကျွမ်းကျင်သူတွေကပြောပါတယ်။
အိန္ဒိယနိုင်ငံ မြောက်ပိုင်းမှာ စနေနေ့က ခရီးသည်တင်ရတာ လမ်းချော်ကျရာမှာ လူ ၂၃ ဦးထက်မနည်းသေဆုံးပြီး အခြားလူတွေ ဒဏ်ရာရသွားတယ်လို့ တာဝန်ရှိသူတွေကပြောပါတယ်။
အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါပြည်နယ်နဲ့ Pennsylvania ပြည်နယ်အတွင်း သောကြာနေ့ည သေနတ်ပစ်ခတ်မှု ၃ ကြိမ်ဖြစ်ပွါးရာမှာ ရဲအရာရှိ ၆ ဦး ထိသွားပြီး၊ ၂ ဦး သေဆုံးသွားသလို အခြား ၃ ဦး အပြင်းအထန်ဒဏ်ရာရသွားပါတယ်။
ဖင်လန်နိုင်ငံ အနောက်တောင် ကမ်းရိုးတန်း တာကူးမြို့မှာ ဓါးထိုး တိုက်ခိုက်ခံရမှုကြောင်း အနည်းဆုံး (၂)ဦးသေဆုံးပြီး (၆)ဦးမက ဒဏ်ရာ ရသွားတယ်လို့ ဖင်လန်ရဲတပ်ဖွဲ့က ဆိုပါတယ်။
အမေရိကန်သမ္မတ Donald Trump ရဲ့ မဟာဗျူဟာဆိုင်ရာ အဓိကအကြံပေးပုဂ္ဂိုလ် Steve Bannon ကို ရာထူးကနေဖယ်ရှားလိုက်ပါတယ်။
ဖင်လန်နိုင်ငံ အနောက်တောင်ဖက်က ကမ်းရိုးတန်းမြို့တမြို့ဖြစ်တဲ့ Turku မြို့မှာ လူတော်တော်များများ ဓားနဲ့ထိုး တိုက်ခိုက်ခံခဲ့ရကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ် ဓားနဲ့ထိုး တိုက်ခိုက်မှု နောက်ဆက်တွဲအဖြစ် ကီလိုမီတာ ၁၄၀ လောက် အကွာမှာရှိတဲ့ Helsinki မြို့တော်က လေဆိပ်နဲ့ ဘူတာတွေမှာလည်း လုံခြုံရေးကို တိုးမြှင့်ထားပါတယ်။
စပိန်နိုင်ငံ Catalonia ဒေသမှာ လူ ၁၃ ဦးထက်မနည်း သေဆုံးပြီး၊ ၁၀၀ ကျော် ဒဏ်ရာရခဲ့တဲ့ အကြမ်းဖက်ဝါဒီတွေရဲ့ ကားနဲ့တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီးနောက် အာဏာပိုင်တွေက ရှာဖွေဖမ်းဆီးမှုတွေ လုပ်ဆောင်နေပါတယ် Barcelona မြို့တော်က ဒီကနေ့ အောက်မေ့ဖွယ် အခန်းအနားကိုတော့ စပိန်ဘုရင်နဲ့ ဝန်ကြီးချုပ်တို့လည်း တက်ရောက်ခဲ့ကြတာပါ။
မြန်မာ နဲ့ ဘရူနိုင်းအသင်းတို့ ဒီကနေ့ ကစားကြတာမှာ မြန်မာက ၆ ဂိုး ဂိုးမရှိ နဲ့ ဂိုးပြတ် အနိုင်ရပြီး ၃ ပွဲ နိုင် ၉ မှတ် နဲ့ မြန်မာ ယူ-၂၂ အသင်းဟာ၂၉ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အမျိုးသားဘောလုံးပွဲ အကြိုဗိုလ်လုပွဲကို တက်သွားပြီဖြစ်ပါတယ်။
ဟောင်ကောင်က ဒီမိုကရေစီရေးလှုပ်ရှားသူခေါင်းဆောင် ၃ ယောက်ကို တရားမဝင်ဆန္ဒပြမှုနဲ့ အယူခံတရားရုံးက ထောင်ဒဏ်ချတွေချလိုက်ပါတယ်။ ၂၀၁၄ ခုနှစ်တုန်းက Umbrella Revolution လို့သိကြတဲ့ ဒီမိုကရေစီရေးတောင်းဆိုဆန္ဒပြပွဲတွေတုန်းက လူငယ်ခေါင်းဆောင်တွေဖြစ်ကြတဲ့ Joshua Wong, Nathan Law နဲ့ Alex Chow တို့ဟာ အစိုးရရုံးချုပ်တွေရှိတဲ့နေရာကို အတင်းဝင်ရောက်မှုအတွက် ထိန်းသိမ်းထားခြင်းမရှိတဲ့ ပြစ်ဒဏ်တွေ အစောပိုင်းထဲက ချမှတ်ထားတာပါ။
စပိန်နိုင်ငံ Barcelona မြို့ထဲက ကမ္ဘာလှည့်ခရီးသည်တွေနဲ့ စည်ကားနေတဲ့နေရာကို ကားတစီးအတင်းမောင်းဝင်တိုက်ခိုက်လို့ ၁၃ ယောက်သေဆုံးပြီး ၁၀၀ ကျော် ဒဏ်ရာရသွားပါတယ်။လူအများအပြား သေဆုံးစေတဲ့ ရည်ရွယ်ချက်နဲ့ အကြမ်းဖက်ဝါဒီတို့ရဲ့တိုက်ခိုက်မှုဖြစ်တယ်လို့ ရဲကပြောပါတယ်။ IS စစ်သွေးကြွအဖွဲ့ကတော့ ဒီတိုက်ခိုက်မှုကို သူတို့လုပ်တာလို့ဆိုပါတယ်။
၂၉ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အမျိုးသမီးဘောလုံးပွဲမှာတော့ မြန်မာအမျိုးသမီးအသင်းက အိမ်ရှင် မလေးရှားအသင်းကို ၅ ဂိုး ဂိုးမရှိ နဲ့ အပြတ်အသတ်အနိုင်ရသွားပါတယ်။
မြောက်ကိုရီးယားနိုင်ငံရဲ့ နျူးကလီးယားနဲ့ ပဲ့ထိန်းတပ်ဒုံးကျည်အစီအစဉ်နဲ့ ပတ်သတ်လို့အမေရိကန်ပြည်ထောင်စုအနေနဲ့ စစ်ရေးအရ အရေးမယူခင်မှာ တောင်ကိုရီးယားနဲ့ အရင် ညှိနှိုင်း ခွင့်ပြုချက်ရယူသွားမယ်လို့ အမေရိကန်သမ္မတ Donald Trump က ထပ်လောင်း အာမခံပြောကြားခဲ့ကြောင်း တောင်ကိုရိးယားသမ္မတ Moon Jae-in က ပြောလိုက်ပါတယ်။
ဗာဂျီးနီးယား ပြည်နယ် Charlottesville မြို့မှာ ပြီးခဲ့တဲ့သီတင်းပတ်ကုန်က ဖြစ်ပွားခဲ့တဲ့ သွေးထွက်သံယို အကြမ်းဖက် ဆန္ဒပြမှုတွေနဲ့ ပတ်သက်လို့ သူပြောခဲ့တဲ့ မှတ်ချက်စကားကို တလွဲကောက်ပြီး ဖော်ပြနေကြတယ်လို့ ဆိုပြီး သတင်းမီဒီယာတွေနဲ့ ရီပတ်ဘလစ်ကန် အထက်လွှတ်တော်အမတ် Lindsey Graham ကို သမ္မတ Donald Trumpက ဒီကနေ့ သူ့ရဲ့ တွီတာ စာမျက်နှာပေါ်မှာ ဝေဖန်လိုက်ပါတယ်။
ဗာဂျီးနီးယား ပြည်နယ် ရှားလော့ဗေလ်းမြို့က အမျိုးသမီးတဦး သေဆုံးခဲ့ရတဲ့ အကြမ်းဖက် ပဋိပက္ခနဲ့ ပတ်သက်ပြီး လူဖြူကြီးစိုးရေး ဝါဒီတွေကိုရော သူတို့ကို တုန့်ပြန် ဆန္ဒပြသူတွေကိုပါ ပြစ်တင်ရမယ်လို့ ပြောကြားခဲ့တဲ့ အတွက် သမ္မတ Donald Trump ဟာ ဝေဖန်မှုတွေနဲ့ ဆက်တိုက် ရင်ဆိုင်နေရပါတယ်။
နှစ်ပေါင်း သန်း၁၀၀ ရှိတဲ့ ပုစဉ်းရုပ်ကြွင်းကို ဘီဘီစီဝါရင့် အသံလွှင့်အမှုထမ်းအပြင် သဘာဝပတ်ဝန်းကျင်လေ့လာသူ David Attenborough ကို အမှူးထားပြီး သိပ္ပံပညာရှင်တွေက အမည်မှည့်ခေါ်ဖို့ ဆုံးဖြတ်လိုက်တဲ့အကြောင်း သြဂုတ်လ ၁၆ ရက်နေ့က ကြေညာခဲ့ပါတယ်။
အမေရိကန်ပိုင် Guam ကျွန်း ရဲ့ကမ်းခြေတွေကို ဒုံးလက်နက် ပစ်လွှတ်မယ့် အစီအစဉ် ရွှေ့ဆိုင်းမှုနဲ့ ပတ်သက်လို့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ကျုံအွန်ဟာ သိပ်ကို ဉာဏ်အမေ ျှာ်အမြင်ရှိပြီး ဆင်ခြင် သုံးသပ်ထားတဲ့ ဆုံးဖြတ်ချက် ချလိုက်တာ ဖြစ်တဲ့အကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပြောပါတယ်။
UNHCR မှာ ဒုက္ခသည်အဖြစ် မှတ်ပုံတင်ထားသူ ၁ သောင်း ၅ ထောင် မပြည့်ပေမယ့် အိန္ဒိယနိုင်ငံ အနှံ့ရောက်ရှိနေကြတဲ့ ရိုဟင်ဂျာ မွတ်ဆလင် ဦးရေကတော့ ၄သောင်းလောက် ရှိနေပါတယ်။
အမေရိကန် ပြည်ထောင်စု Virginia ပြည်နယ် Charlottesville မြို့မှာ စနေနေ့က လူမျိုးရေးအဓိကရုဏ်းတွေ ဖြစ်ပွားခဲ့ပြီးနောက်၊ Twitter လူမှုကွန်ယက်မှာ ဓာတ်ပုံတပုံနဲ့အတူ ဖော်ပြခဲ့တဲ့ သမ္မတဟောင်း Barack Obama ရဲ့ မှတ်ချက်ဟာ လူကြိုက်အများဆုံးအဖြစ် စံချိန်တင်သွားပါတယ်။
အင်ဒိုနီးရှားနိုင်ငံ လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် သမ္မတက လွှတ်တော်မှာ ဒီကနေ့ မိန့်ခွန်းပြောကြားရာမှာ မြန်မာနိုင်ငံက မတည်မငြိမ် အခြေအနေတွေ ကြုံနေရတဲ့ ရခိုင်ပြည်နယ်အရေးကို ဖြေရှင်းရေးအတွက်လည်း ထည့်သွင်းပြောဆိုသွားပါတယ်။
သမ္မတ ထရမ့်ရဲ့ ကုန်ထုတ်လုပ်မှု ဆိုင်ရာ အကြံပေး ကောင်စီ ကနေ နုတ်ထွက်ခဲ့ကြတဲ့ စီးပွားရေး လုပ်ငန်းတွေရဲ့အမှုဆောင် အရာရှိ CEO တွေဟာ အမေရိကန်ပြင်ပမှာ ကုန်ထုတ်လုပ်မှုနဲ့ ပတ်သက်လို့ မျက်နှာပူကြတဲ့ အတွက် အခုလို နုတ်ထွက်ကြခြင်း ဖြစ်တယ်လို့ သမ္မတ ထရမ့်က ပြောလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်