အမျိုးသမီး ဘောလုံးပွဲမှာလည်း လက်ရှိ ချန်ပီယံ ထိုင်းအသင်းက မြန်မာကို ၃ ဂိုး၂ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ ပွဲစပြီးလို့၂၃ မိနစ် အကြာမှာ မြန်မာအသင်းက ဝင်းသင်္ဂ ီထွန်း အဖွင့်ဂိုးကို သွင်းခဲ့ပြီး ၆၅ မိနစ်မှာတော့ ထိုင်းက ချေပဂိုး ပြန်သွင်း ခဲ့ပါတယ်။
မြောက်ကိုရီးယား နိုင်ငံနဲ့စကားပြောဆိုဖို့ အဆင်သင့် ရှိနေတုန်းပဲလို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Rex Tillerson က မနေ့ကပဲ ပြောလိုက်ပါတယ်။
Sierra Leone နိုင်ငံ မြို့တော် Freetown မှာ ရေကြီး မြေပြိုတာကြောင့် သေဆုံးသူက အနည်းဆုံး ၃၀၀ လောက် အတည်ပြုထားပြီး သေဆုံးသူ ထပ်တိုးလာဦးမယ်လို့ အစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအွန်းက ဂွမ် ကျွန်းကို ဒုံးကျည်နဲ့ပစ်လွှတ် တိုက်ခိုက်မယ့် အစီအစဉ်ကို ဆိုင်းထားတဲ့အကြောင်း မြောက်ကိုရီးယား အစိုးရသတင်းမှာ ကြေညာလိုက်တဲ့အပေါ် ပစိဖိတ်သမုဒ္ဒရာထဲက အမေရိကန်ပိုင် ဂွမ်ကျွန်းမှာရှိတဲ့ အစိုးရ အရာရှိတွေက ကြိုဆိုလိုက်ကြပါတယ်။
မြန်မာနိုင်ငံက ရောက်လာတဲ့ ဒုက္ခသည်တွေ အပါအဝင် အိန္ဒိယ နိုင်ငံတွင်းမှာ တရားမဝင် နေထိုင်ကြသူတွေကို နေရပ်ရင်း ပြန်ပို့ဖို့ စီစဉ်နေကြောင်း သတင်းတွေနဲ့ ပတ်သက်လို့ကုလသမဂ္ဂက စိုးရိမ်ကြောင်း ပြောဆိုလိုက်ပါတယ်။
အမေရိကန်ပိုင်နက်ကိုဦးတည်တဲ့ ဒုံးလက်နက်ပစ်လွှတ်ဖို့ ကြိုးပမ်းမှုမှန်သမျှဟာ စစ်အသွင်အမြန်ဖြစ်စေနိုင်ကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီး Jim Mattis ကမြောက်ကိုရီးယားကို သတိပေးလိုက်ပါတယ်။ ကမ္ဘာပေါ်မှာ လူတွေကို ဦးတည် ပစ်ခတ်မယ်ဆိုရင် တာဝန်ခံရမှာ ဖြစ်တဲ့အကြောင်း ဝန်ကြီး Mattis က ပင်တဂွန်ကာကွယ်ရေးဌာနမှာ သတင်းထောက်တွေကို တနင်္လာနေ့ နှောင်းပိုင်းက ပြောကြားခဲ့ပါတယ်။
အမေရိကန်ရဲ့ နည်းပညာနဲ့ ဉာဏပစ္စည်းတွေကို တရုတ်ကခိုးယူနေတယ်ဆိုတဲ့ စွပ်စွဲမှုတွေကို စုံစမ်းဖို့ ကုန်သွယ်ရေးအထူးကိုယ်စားလှယ် Robert Lighthizer ကိုသမ္မတ Trump ကတနင်္လာနေ့က ညွှန်ကြားခဲ့တာဖြစ်ပါတယ်။
မလေးရှားနိုင်ငံ Kuala Lumpur မြို့မှာကျင်းပနေတဲ့ ၂၉ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲမှာ အမျိုးသမီးဘောလုံးပွဲစဉ်တွေကို ဒီကနေ့ August လ ၁၅ ရက်မှာ စတင်မှာဖြစ်ပါတယ်။ အင်္ဂါနေ့ပထမပွဲစဉ်အဖြစ် မြန်မာအမျိုးသမီးအသင်းနဲ့ ထိုင်းအသင်းတို့ ဒေသစံတော်ချိန် ညနေ ၄ နာရီမှာ ကန်ကြမှာပါ။
အိန္ဒိယနိုင်ငံအတွင်းရောက်ရှိနေကြတဲ့ ရိုဟင်ဂျာမွတ်ဆလင် ၄သောင်းလောက်ကို မြန်မာနိုင်ငံကို ပြန်ပို့ဖို့ အိန္ဒိအစိုးရက စီစဉ်နေတဲ့အကြောင်း အိန္ဒိယဒုတိယပြည်ထဲရေးဝန်ကြီး Kiren Rijijuက ပြီးခဲ့တဲ့သီတင်းပတ်ကုန်က သတင်းဌာနတွေကို ပြောပါတယ်။
ကုလသမဂ္ဂဘက်က ဒီလ အစောပိုင်းမှာ ချမှတ်လိုက်တဲ့ မြောက်ကိုရီးယား အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုသစ် အရ မြောက်ကိုရီးယားရဲ့ ကျောက်မီးသွေး၊ သံရိုင်းနဲ့ တခြား ထုတ်ကုန်တွေ တင်သွင်းမှုကို တားမြစ်လိုက်ကြောင်း တရုတ်နိုင်ငံက ဒီကနေ့ တနလာၤနေ့မှာ ကြေညာလိုက်ပါတယ်။
ကိုရီးယားကျွန်းဆွယ်မှာ THAAD ဒုံးခွင်းဒုံး စနစ် အပြည့်အ၀ ချထားနိုင်ရေး အတွက် လုပ်ထုံးလုပ်နည်း ဆိုင်ရာ ကိစ္စရပ် တချို့ကို အမေရိကန်နဲ့ တောင်ကိုရီးယားတို့ ဆောင်ရွက်နေတယ်လို့ အမေရိကန် ထိပ်တန်း ဗိုလ်ချုပ်ကြီးက ပြောဆိုလိုက်ပါတယ်။
လူဖြူလူမျိုးရေးဝါဒီတွေရဲ့ စုဝေးပွဲနဲ့ ရုန်းရင်းဆန်ခတ်အခြေအနေဟာ အကြမ်းဖက်ဝါဒလို့ အဓိပ္ပါယ်ဖွင့်ဖို့လုံလောက်နေပြီးလို့ သမ္မတ Trump ရဲ့ နိုင်ငံတော်လုံခြုံရေးအကြံပေးပုဂ္ဂိုလ်ပြော၊ ဆီးရီးယားနိုင်ငံတွင်း သူပုန်တွေထိန်းချုပ်ရာ အိုင်းဒလစ်ပြည်နယ်အတွင်း ကယ်ဆယ်ရေးအဖွဲ့ဝင် ၇ ဦး သတ်ဖြတ်ခံရမှု အမေရိကန်ရှုတ်ချ၊
ဗာဂျီးနီးယားပြည်နယ်၊ Charlottesville မြို့မှာဖြစ်တဲ့ လူဖြူလူမျိုးရေးဝါဒီတွေရဲ့ စုဝေးပွဲမှာ အကြမ်းဖက် ရုန်းရင်းဆန်ခတ်ဖြစ်တဲ့ အခြေအနေဟာ အကြမ်းဖက်ဝါဒရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်နဲ့ ကိုက်ညီတယ်လို့ သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်ရဲ့ နိုင်ငံတော်လုံခြုံရေး ဆိုင်ရာအကြံပေးပုဂ္ဂိုလ်က ပြောပါတယ်။
အင်ဒိုနီးရှားနိုင်ငံမှာ မီးလောင်နိုင်လောက်အောင် ပူပြင်းတဲ့နေရာပေါင်း ၁ ရာကျော်လောက် ရှိတယ်လို့ ခန့်မှန်းထားတဲ့အတွက် နောက်ထပ် တောမီးလောင်ကျွမ်းမယ့် အခြေအနေ အတွက် ပြင်ဆင်နေကြပါတယ်။
မြောက်ကိုရီးယားဘက်က စစ်ရေးနည်းနဲ့ စတင်တိုက်ခိုက်လာမယ်ဆိုရင် လက်တုံ့ပြန်ဖို့အတွက် အမေရိကန်စစ်တပ်က အသင့် အနေအထား ပြင်ထားပြီးပြီလို့ သမ္မတ Donald Trump က မြောက်ကိုရီးယားကို ထပ်မံ သတိပေး ပြောဆိုလိုက်ပါတယ်။
ဥရောပတိုက်တဝန်းမှာ ပိုးမွှားတွေပါပြီး မသန့်စင်တဲ့ကြက်ဥတွေ ပြန့်နှံ့နေတဲ့ကိစ္စ စုံစမ်းစစ်ဆေးနေတာမှာ နယ်သာလန်ရဲတပ်ဖွဲ့က လူ နှစ်ယောက်ကို ကြာသပတေးနေ့မှာ ဖမ်းလိုက်ပါတယ်။
တောင်တရုတ်ပင်လယ်ထဲမှာ တရုတ်တို့ မြေဖို့ကျွန်းဖော်ထားတဲ့ ကျွန်းတွေနားမှာ အမေရိကန်ရေတပ် ဖျက်သင်္ဘောတစင်းက စစ်ရေးပြခဲ့ပါတယ်။ သင်္ဘောအသွားအလာများတဲ့ နိုင်ငံတကာရေပိုင်နက်ကို တရုတ်တို့ကပိုင်ဆိုင်တယ်လို့ပြောနေတာကို စိန်ခေါ်တဲ့အနေနဲ့ "Freedom of navigation operation" ကိုလုပ်ခဲ့တာလို့ အမေရိကန်ရေတပ်တာဝန်ရှိသူတွေက ပြောပါတယ်။
ထိုင်းနိုင်ငံမှာနေထိုင်ပြီး ပညာသင်ယူနေတဲ့ မြန်မာကလေးငယ်တွေအနေနဲ့ မိခင်ယဉ်ကျေးမှုနဲ့ ဘာသာစကားတို့ကို လေ့လာ သင်ယူနိုင်ရေး ဆရာဆရာမတွေကို အထောက်အပံ့ပေးဖို့ မြန်မာနဲ့ထိုင်း ပညာရေးဝန်ကြီးဌာနတွေအကြား ကနဦးအဆင့် သဘော တူညီချက်ရသွားကြပြီလို့ ထိုင်းနိုင်ငံ၊ ဘန်ကောက်ပို့စ်သတင်းဌာနရဲ့ သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။
တရုတ်နိုင်ငံ ပြီးရင် ထိုင်းနိုင်ငံက မြန်မာနိုင်ငံသားတွေ ဒုတိယမြောက် လူကုန်ကူးခံရမှု အများဆုံး နိုင်ငံ ဖြစ်တယ်လို့ ကုလသမဂ္ဂ အစီရင်ခံစာ တခုက ထောက်ပြပါတယ်။
နောက်ထပ်ကြည့်ရှုရန်