အင်္ဂါနေ့က ကျင်းပတဲ့ ကင်ညာ သမ္မတ ရွေးကောက်ပွဲ မတိုင်ခင် သတင်းတပတ် အလိုက မဲပေးစနစ် ကွန်ပြူတာတွေကို အချက်အလက် ဖောက်ထွင်းယူဖို့ ကြိုးစားမှုတွေ ရှိခဲ့ပေမယ့် အောင်မြင်မှုတော့ မရခဲ့ဘူးလို့ ကင်ညာ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌက ဒီကနေ့ ကြာသပတေးနေ့မှာ ပြောဆိုပါတယ်။
မြောက်ကိုရီးယားက ပစိဖိတ်သမုဒ္ဒရာ အနောက်ဘက်မှာရှိတဲ့ အမေရိကန်ပိုင် Guam ကျွန်းကို တိုက်ခိုက်မယ်လို့ ခြိမ်းခြောက် လိုက်တဲ့အတွက်၊ Guam ကျွန်းဟာ စင်ကာပူနိုင်ငံထက်သေးငယ်ပေမယ့်၊ စစ်ရေးအရ အရေးပါတဲ့ နေရာတခုဖြစ်လာနေပါတယ်။
လူမှောင်ခိုကူးတဲ့သူတွေဟာ ဆယ်ကျော်သက်အရွယ် ဆီုမာလီ နဲ့ အီသီယိုပီးယား ရွှေ့ပြောင်းအခြေချဖို့ ကြိုးစားသူတွေကို ယီမင်ကမ်းလွန်ပင်လယ်ပြင်ထဲကို မောင်းချခဲ့တာကြောင့် ၅၀ လောက်ရေနှစ်သေဆုံးခဲ့တယ်လို့ ရွှေ့ပြောင်းအခြေချနေထိုင်သူများအခွင့်အရေး လှုပ်ရှားတဲ့အဖွဲ့က ဗုဒ္ဓဟူးနေ့မှာ ပြောကြားလိုက်ပါတယ်။
လုံခြုံရေး ကောင်စီက တညီတညွတ်ထဲ ချမှတ်လိုက်တဲ့ ဒဏ်ခတ်ပိတ်ဆို့မှုကို ထပ်မံကြိုဆိုလိုက်ပြီး ဒီပြဌာန်းချက်ဟာ ပြဿနာ အတွက် ငြိမ်းချမ်းသော သံတမန်ရေး၊ နိုင်ငံရေးအရ ဖြေရှင်းချက် ဖြစ်တယ်လို့လည်း ပြောပါတယ်။
FBI ခေါ် အမေရိကန် စုံစမ်းစစ်ဆေးရေးအဖွဲ့က သမ္မတ Donald Trump ရဲ့ မဲဆွယ်စည်းရုံးရေးအဖွဲ့ အကြီးအကဲဟောင်း အိမ်ကို ပြီးခဲ့တဲ့လ ကုန်ခါနီးမှာ မနက်လင်းအားကြီး စီးနင်း ရှာဖွေခဲ့ပါတယ်။
ပစိဖိတ်သမုဒ္ဒရာထဲက အမေရိကန်ပိုင် နယ်မြေတခုဖြစ်တဲ့ Guam ကျွန်းကို မြောက်ကိုရီးယားက အန္တရာယ်ပြုလာ နိုင်တဲ့ အလားအလာ ရှိတယ်လို့ သူမယုံကြည်တဲ့ အကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Rex Tillerson ကပြောပါတယ်။
အိန္ဒိယဝန်ကြီးချုပ် နေရိန်ဒရာ မိုဒီဟာ နောက်လ အစောပိုင်းမှာ မြန်မာနိုင်ငံကို လာဖို့ စီစဉ်နေတယ်လို့ အိန္ဒိယအခြေစိုက် The Telegraph သတင်းဌာန အွန်လိုင်းသတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။
အမေရိကန် ပြည်ထောင်စု ပိုင်နက် Guam ကျွန်းတခုလုံးကို မီးမြိုှက်ပစ်မယ့် အစီအစဉ်ကို ဆန်းစစ်နေတယ်လို့ မြောက်ကိုရီးယား အစိုးရဘက်က ပြောဆိုနေပေမယ့်လည်း ပစိဖိတ် သမုဒ္ဒရာ အတွင်းက Guam ကျွန်းအပေါ် မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုတွေက ကြီးကြီးမားမား စိုးရိမ်စရာ မရှိဘူးလို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Rex Tillerson က ပြောဆိုလိုက်ပါတယ်။
အရှေ့တောင်အာရှ အာဆီယံ အသင်း ထူထောင်ခဲ့တဲ့ အနှစ် ၅၀ ပြည့် အထိမ်းအမှတ် အခမ်းအနားကို ဒီနှစ် အလှည့်ကျ ဥက္ကဌ နိုင်ငံဖြစ်တဲ့ ဖိလစ်ပိုင်နိုင်ငံ မြို့တော် မနီလာမှာ မနေ့မနက်ပိုင်းက ကျင်းပခဲ့ပါတယ်။
မြောက်ကိုရီးယား အနေနဲ့ အမေရိကန်အပေါ် နောက်ထပ် ခြိမ်းခြောက်မှုတွေ မလုပ်ရင် အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။ ဆက်လုပ်နေရင်တော့ ကမ္ဘာမှာ တခါမှ မကြုံဖူးလောက်တဲ့ မီးကုန် ယမ်းကုန် တုံ့ပြန်မှုကို ရင်ဆိုင်ရပါလိမ့်မယ်။
ဗင်နီဇွဲလားနိုင်ငံက ၄ လကြာ အစိုးရ ဆန့်ကျင်ရေး လမ်းပေါ်ထွက် ဆန္ဒပြမှုတွေ အတွင်း သေဆုံးသူ ၁၂၅ ဦးထဲက အများစုဟာဆိုရင် လုံခြုံရေး တပ်ဖွဲ့တွေရဲ့ ကျယ်ကျယ်ပြန့်ပြန့်နဲ့ စနစ်တကျ အင်အား အလွန်အကျွံ သုံးခဲ့မှုတွေကြောင့် ဖြစ်တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက ပြောဆိုလိုက်ပါတယ်။
ဒီကနေ့ ကျရောက်တဲ့ အာဆီယံအဖွဲ့ တည်ထောင်ခြင်း နှစ် ၅၀ ပြည့် အထိမ်းအမှတ် အခမ်းအနားကို အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူထားတဲ့ ဖိလစ်ပိုင်နိုင်ငံမှာ ဒီကနေ့ ကျင်းပခဲ့ပြီး ဖိလစ်ပိုင်သမ္မတ Rodrigo Duterte နဲ့အတူ အာဆီယံနိုင်ငံခြားရေး ဝန်ကြီးတွေ၊ မဟာမိတ်နိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Rex Tillerson ဒီကနေ့ ထိုင်းနိုင်ငံကို ရောက်ရှိပြီး ကုန်သွယ်ရေး၊ ဒေသတွင်း လုံခြုံရေးဆိုင်ရာ ကိစ္စတွေကို ဆွေးနွေးခဲ့ပါတယ်။ မြောက်ကိုရီးယားရဲ့ နျူးကလီးယားနဲ့ ဒုံးကျည် အစီအစဉ်တွေ အပေါ် ဖိအားပေးရေးနဲ့ ပတ်သက်ပြီးလည်း ဆွေးနွေးပြောဆိုခဲ့တာပါ။
အာဆီယံဒေသထဲမှာရှိကြတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ ဒုက္ခသည်တွေအတွက် ပိုပြီးအကာအကွယ်ပေးဖို့ အစိုးရတွေကို အာဆီယံလွှတ်တော်အမတ်တွေက တိုက်တွန်းလိုက်ပါတယ်။
မြန်မာသမ္မတ ဦးထင်ကျော်ရဲ့ ဖိတ်ကြားချက်အရ ပုပ်ရဟန်းမင်းကြီး Francis ဟာ မြန်မာနိုင်ငံကို နိုဝင်ဘာလ ကုန်ပိုင်းမှာ တရားဝင် သွားရောက်လည်ပတ်မှာ ဖြစ်ပါတယ်။ ဒါဟာ ပုပ်ရဟန်းမင်းကြီး တပါးအနေနဲ့ မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် သွားရောက် လည်ပတ်တာ ဖြစ်ပါတယ်။
မြောက်ကိုရီးယားဘက်က အကောင်းဆုံး ဆောင်ရွက်နိုင်တာကတော့ ဆွေးနွေးပြောဆိုရေး အဆင့်သင့်ဖြစ်ဖို့ သူ့ရဲ့ ဒုံးကျည် စမ်းသပ်မှုကို ရပ်ပါမယ်ဆိုတဲ့ သတင်းစကားပေးဖို့ ဖြစ်ပါတယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Rex Tillerson က ဒီကနေ့ တနလာၤနေ့မှာ ပြောဆိုလိုက်ပါတယ်။
နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ မန္တလေးတိုင်း ဝမ်းတွင်းမြို့နယ် မြေတိုင်ကန် ကျေးရွာ ဒေသခံတွေနဲ့ ငြိမ်းချမ်းရေး၊ ဒေသဖွံ့ဖြိုးရေး ဆွေးနွေးခဲ့ကြပါတယ်။ ငြိမ်းချမ်းရေး ရှိနေတဲ့ ဒေသမှာ နေထိုင်ကြပေမယ့် ငြိမ်းချမ်းရေး အတွက် တတပ်တအား ပါဝင်ဆောင်ရွက်ကြဖို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပါတယ်။ မငြိမ်းချမ်းတဲ့ တိုက်ပွဲတွေ ဖြစ်နေတဲ့ ဒေသတွေက ပြည်သူတွေဟာ နိစ္စဒူ၀ စိုးရိမ်ပူပန်နေကြရတယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသွားပါတယ်။
အထောက်အထားမဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကို အလုပ်ခန့်ထားတဲ့ ထိုင်းအလုပ်ရှင်တွေအနေနဲ့ အလုပ်သမားတွေကို မှတ်ပုံ တင်ဖို့ သတ်မှတ်ထားတဲ့ နောက်ဆုံးရက် တနင်္လာနေ့မှာ အလုပ်သမားတွေကိုခေါ်လာပြီး မှတ်ပုံတင်ကြဖို့နဲ့ နောက်ဆုံးရက်ကို ထပ်တိုးပေးမှာမဟုတ်တဲ့အကြောင်း ထိုင်းတာဝန်ရှိသူတွေက သတိပေးထားပါတယ်။
မြောက်ကိုရီးယားအနေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ချစ်ကြည်ရင်းနှီးမှုကို ထိခိုက်အောင်မလုပ်သင့်ဘူးလို့ဆိုပြီး ဒုံးကျည်နဲ့ နျူကလီးယားစမ်းသပ်တာတွေကို ရပ်ဖို့ တရုတ်က မြောက်ကိုရီးယားကို ဖိအားပေးပြောဆိုခဲ့ပါတယ်။
တောင်တရုတ်ပင်လယ်တွင်း လိုက်နာလုပ်ဆောင်ရမယ့် ကျင့်ဝတ်စည်းမျဉ်း COC ရေးဆွဲရေးဆိုင်ရာ မူဘောင်တခုကို သဘောတူ ခဲ့ကြပြီးဖြစ်ပေမဲ့လဲ COC တခုထွက်လာဖို့မှာတော့ အာဆီယံနဲ့တရုတ်နိုင်ငံတို့အကြား အပြင်းအထန် စေ့စပ်ဆွေးနွေးတာတွေ လုပ်ရမယ့်အလားအလာရှိပါတယ်။
နောက်ထပ်ကြည့်ရှုရန်