ပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်းက ရန်ကုန်၊ မန္တလေးနဲ့ တောင်ကြီးမြို့တွေမှာဖြစ်ခဲ့တဲ့ ဆန္ဒပြပွဲတွေမှာ လူထုက ထောက်ခံတာ၊ ပူးပေါင်း ပါဝင်တာမလုပ်ဘဲ တာဝန်သိစိတ်နဲ့ ရပ်တည်ခဲ့တဲ့အတွက်ဆိုပြီးတော့ ကျေးဇူး အထူးတင်ရှိတဲ့အကြောင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးက သြဂုတ်လ ၆ ရက်နေ့စွဲနဲ့ထုတ်ပြန်တဲ့ “ပြည်သူသို့ ကျေးဇူးတင်လွှာ” ဆိုတဲ့ထဲမှာ ဖော်ပြထားပါတယ်။
ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသတွင်း မူဆလင်တွေ အပေါ် မြန်မာ စစ်တပ်ရဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ၊ မျိုးဖြုတ်သတ်ဖြတ်မှု စွပ်စွဲချက်တွေကို မြန်မာ ဒုတိယ သမ္မတ ဦးမြင့်ဆွေက ယတိပြတ် ငြင်းဆိုလိုက်ပါတယ်။
အရှေ့တောင် အာရှ နိုင်ငံများအသင်း အာဆီယံရဲ့ ဒေသဆိုင်ရာ ဖိုရမ်ကို တက်ရောက်နေတဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Rex Tillerson နဲ့ မြန်မာ၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့က နိုင်ငံခြားရေး ဝန်ကြီးတွေနဲ့ သီးခြား တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။အာဆီယံ ဒေသတွင်း ဖိုရမ်ကို မြန်မာ ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး ဦးကျော်တင် တက်ရောက်နေတာ ဖြစ်ပြီး အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Tillerson နဲ့ သီးခြားတွေ့ဆုံ ဆွေးနွေးခဲ့တာပါ။
Barcelona အသင်းက ဘရာဇီးတိုက်စစ်မှူး Neymar ကို ပြင်သစ် PSG အသင်းက ပြောင်းရွှေ့ကြေး ဒေါ်လာ သန်း ၂၆၄ သန်း ပေးပြီးဝယ်လိုက်ပါပြီ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ Paris Saint-Germain အသင်းက Neymar ကို ၅ နှစ်စာချုပ်လိုက်တာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ H1N1 ရာသီတုပ်ကွေးရောဂါ ထိန်းချုပ်နိုင်ရေးအတွက် တရုတ်နိုင်ငံကလူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေပေးမှာ ဖြစ်ပါတယ်။
အဖြစ်အပျက်တွေကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ အရင်တုန်းကလုပ်ခဲ့ဖူးသလို မြေလှန် ရှင်းလင်းရေးတွေ ထပ်လုပ်လာ မှာကို စိုးရိမ်တဲ့အကြောင်း အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ AI ရဲ့ အရှေ့တောင်အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး James Gomez က သြဂုတ်လ ၄ ရက်နေ့စွဲနဲ့ ထုတ်ပြန်ချက်တခုမှာ ပြောထားပါတယ်။
အမေရိကန်သမ္မတ ရွေးကောက်ပွဲ မဲဆွယ်ရာမှာ ရုရှားနဲ့ ပတ်သက်ဆက်နွယ်မှုရှိခဲ့ကြောင်း စွပ်စွဲနေတဲ့ သတင်းတွေဟာ အတုအယောင်တွေသာ ဖြစ်တဲ့အကြောင်း သမ္မတ Donald Trump က ထပ်မံပြောဆိုလိုက်ပါတယ်။
ထင်ရှားတဲ့ ဝှီးဂါ လူမျိုးစုခေါင်းဆောင်တဦးကို အီတလီနိုင်ငံမှာ ပြီးခဲ့တဲ့သီတင်းပတ်က ခနတာ ထိန်းသိမ်းခဲ့တဲ့ဖြစ်ရပ်ကြောင့် လူ့ အခွင့်အရေးအဖွဲ့တွေကြား အထူးသတိထားစရာ ဖြစ်လာခဲ့ပါတယ် ဒီဖြစ်ရပ်အပေါ် ဥရောပမှာ တရုတ်ရဲ့ နိုင်ငံရေးသြဇာ လွှမ်းမိုးမှု ကြီးထွားလာတဲ့အခြေအနေအဖြစ် လူ့အခွင့်အရေးအဖွဲ့တွေက မြင်ကြတာပါ။
၂၀၁၆ ခုနှစ်၊ အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ရုရှားကဝင်နှောက်ခဲ့တယ်ဆိုတဲ့အပေါ် စုံစမ်း စစ်ဆေးနေတဲ့ အထူး စုံစမ်း စစ်ဆေးသူ Robert Mueller က grand jury ခုံသမာဓိ အဖွဲ့တဖွဲ့ကို ဖွဲ့လိုက်ပြီလို့ The Wall Street Journal က ရေးလိုက်တာ ကြောင့် ဒီစုံစမ်းစစ်ဆေးမှု အရှိန်ရနေတဲ့ သဘော သက်ရောက်ပါတယ်။
ဗင်နီဇွဲလားနိုင်ငံမှာ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြန်လည်ရေးဆွဲမယ့် လွှတ်တော်အတွက် ရည်ရွယ်ကျင်းပခဲ့တဲ့ အချေအတင်ဖြစ်စရာ ရွေးကောက်ပွဲအတွင်း ဆန္ဒမဲပေးသူ အရေအတွက်ကို အနည်းဆုံး လူ ၁ သန်းလောက် မမှန်မကန် စာရင်းပိုပြထားတယ်ဆိုတဲ့ ပြောဆိုချက်ကို သမ္မတနဲ့ ရွေးကောက်ပွဲကြီးကြပ်ရေးအဖွဲ့ အကြီးအကဲတို့က ဒီကနေ့ပဲ ပယ်ချလိုက်ကြပါတယ်။
အမေရိကန် ဖက်ဒရယ် စုံစမ်းစစ်ဆေးရေး ဗျူရို FBI ညွှန်ကြားရေးမှူးသစ် အဖြစ် Christopher Wray ကို ခန့်ထားဖို့ အမေရိကန် အထက်လွှတ်တော်က အင်္ဂါနေ့မှာ တညီတညွတ် အတည်ပြု ပေးလိုက်ပါပြီ။ တရားရေးဌာန မှာ ရှေ့နေ ဖြစ်ခဲ့သူ အသက် ၅၀ အရွယ် Wray ကို ထောက်ခံမဲ ၉၂ မဲ၊ ကန့်ကွက်မဲ ၅ မဲ နဲ့ အတည်ပြုပေးခဲ့တာပါ။
ရုရှားအပေါ် ဒဏ်ခတ်အရေးယူမှု အသစ်တွေ ချမှတ်မယ့် ဥပဒေမူကြမ်းဟာ သိသာတဲ့ အားနည်းချက်တွေ ပါနေပြီး အခြေခံဥပဒေနဲ့ မကိုက်ညီတဲ့ ပြဌာန်းချက်တွေ ပါဝင်နေတယ်လို့ ပြောထားတဲ့ သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်က ဥပဒေမူကြမ်းကို လက်မှတ်ရေးထိုးပြီး ဥပဒေအဖြစ် အတည်ပြု ပြဌာန်းလိုက်ပါပြီ။
နိုင်ငံပေါင်း ၂၇ နိုင်ငံက နိုင်ငံခြားရေး ဝန်ကြီးတွေနဲ့ အကြီးတန်း တာဝန်ရှိသူတွေ တက်ရောက်မယ့် ဒီအစည်းအဝေးတွေကို မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မယ်လို့ ဖိလစ်ပိုင်အစိုးရရဲ့ပြန်ကြားရေးဌာန အင်တာနက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။
တောင်အမေရိကတိုက် နိုင်ငံတခုဖြစ်တဲ့ ဗင်နီဇွဲလားနိုင်ငံမှာ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေသစ်ရေးဆွဲဖို့ ရည်ရွယ်ကျင်းပခဲ့တဲ့ တနင်္ဂနွေနေ့က ရွေးကောက်ပွဲမှာ အနည်းဆုံး မဲပေါင်း ၁ သန်းလောက်ကို မမှန်မကန် စာရင်းပြခဲ့ကြောင်း ၊ အီလက်ထရောနစ်မဲပေးတဲ့စနစ်နဲ့ ဝင်ဆောင်မှု ပေးခဲ့တဲ့ ကုမ္ပဏီက ပြောဆိုခဲ့ပါတယ်။
ဖိလစ်ပိုင် နိုင်ငံ မနီလာမြို့တော်မှာ ဒီသတင်းပတ် အတွင်း ကျင်းပမယ့် အရှေ့တောင်အာရှ ဒေသတွင်းဖိုရမ် ARF ကို အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Rex Tillerson တက်ရောက်မှာ ဖြစ်ပြီး ကိုရီးယားကျွန်းဆွယ် နျူးကလီးယား ကင်းရှင်းရေး၊ ရေကြောင်းလုံခြုံရေးနဲ့ အကြမ်းဖက်ဝါဒ တန်ပြန်တိုက်ဖျက်ရေးတို့ကို ဆွေးနွေးမယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောဆိုထားပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Rex Tillerson ဟာ အာဆီယံ ဆွေးနွေးပွဲတွေ တက်ရောက်ဖို့ ဖိလစ်ပိုင်နိုင်ငံကို ဒီသီတင်းပတ်ကုန် သွားရောက်မှာ ဖြစ်ပါတယ်။
မြောက်ကိုရီးယားဟာ အမေရိကန်ရဲ့ရန်သူမဟုတ်ဘူးလို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးက ပြောကြားလိုက်ပါတယ်။
တရုတ်ပြည်သူ့ သမ္မတနိုင်ငံရဲ့ပြည်သူ့လွတ်မြောက်ရေး တပ်မတော် ထူထောင်ခဲ့တာ အနှစ် ၉၀ ပြည့်တဲ့ အထိမ်းအမှတ် အခမ်းအနားကို မနေ့က မြို့တော်ဘေဂျင်းမှာ ကျင်းပခဲ့ပြီး ကွန်မြူနစ်ပါတီရဲ့ အုပ်ချုပ်မှုကို တပ်မတော်က သစ္စာစောင့်သိမှုဟာ အရေးကြီးတဲ့ အကြောင်း တရုတ်သမ္မတ Xi Jinping က ပြောကြားခဲ့ပါတယ်။
ပါကစ္စတန်နိုင်ငံမှာ ဝန်ကြီးချုပ်သစ် အဖြစ် Shahid Khaqan Abbasi (ရှာဟိဒ် ဟာခန်း အဘာစီ) အင်္ဂါနေ့က ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပါတယ်။
၂၀၂၈ ခုနှစ် နွေရာသီ အိုလံပစ်ပြိုင်ပွဲကျင်းပဖို့ အမေရိကန်ပြည်ထောင်စု Los Angeles မြို့ကို ရွေးချယ်လိုက်ပါတယ်။ ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာတော့ ၂၀၂၄ ခုနှစ်ကျရင် ကျင်းပမှာပါ။ သီတင်းပတ် အတော်ကြာ ညှိနှိုင်းဆွေးနွေးကြပြီးနောက် IOC နိုင်ငံတကာ အိုလံပစ် ကော်မတီက အိုလံပစ်ပွဲတော် အိမ်ရှင်အဖြစ် လက်ခံကျင်းပဖို့ ဒီမြို့ နှစ်မြို့ကို ရွေးချယ်ခဲ့တာပါ။
နောက်ထပ်ကြည့်ရှုရန်