မြန်မာနိုင်ငံမှာ H1N1 တုပ်ကွေး Virus ကြောင့် သေဆုံးသူ ၁၂ ယောက်ရှိသွားခဲ့ပါပြီ။ ဇုလိုင် လ ၃၁ ရက် တနင်္လာနေ့ ညနေပိုင်းအထိ မြန်မာနိုင်ငံမှာ H1N1 ရာသီတုပ်ကွေး Virus ကူးစက်နေသူပေါင်း ၆၂ ယောက်ရှိနေပြီး သေဆုံးသူ ၁၂ ယောက်ဖြစ်တယ်လို့ အစိုးရက သတင်းထုတ်ပြန်ပါတယ်။
Venezuela နိုင်ငံဖွဲ့စည်းပုံသစ်ရေးဆွဲမယ့် လွှတ်တော်အမတ်တွေရွေးချယ်တဲ့ရွေးကောက်ပွဲဟာ တရားမဝင်ဘူးလို့ အမေရိကန်အစိုးရက ပြောကြားခဲ့ပြီး သမ္မတ Nicolas Maduro အပေါ် အရေးယူဒဏ်ခတ်လိုက်ပါတယ်။ အမေရိကန်ထဲမှာရှိတဲ့ သမ္မတ Maduro ပိုင်ဆိုင်မှုအားလုံးကို ထိန်းချုပ်လိုက်သလို သူနဲ့စီပွားရေးတစုံတရာမလုပ်ရလို့ တားမြစ်လိုက်ပါတယ်။
ရုရှားနိုင်ငံတွင်းက အမေရိကန် သံဝန်ထမ်း ၇၅၅ ယောက် လျှော့ချဖို့ ရုရှား သမ္မတ Vladimir Putin က အမေရိကန် အစိုးရကို ပြောဆိုလိုက်ပါတယ်။ ၂၀၁၆ ခုနှစ် အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ ရုရှားတို့ ဝင်ရောက် စွက်ဖက်ခဲ့မှုအပေါ် အမေရိကန် ဘက်က ဒဏ်ခတ်ပိတ်ဆို့မှုသစ်တွေ ချမှတ်တာကို တုံ့ပြန်တဲ့ အနေနဲ့ အခုလို ဆောင်ရွက်တာပါ။
အမေရိကန်ပြည်ထောင်စုက ရုရှားနိုင်ငံအပေါ် ဒဏ်ခတ်အရေးယူမှုအသစ်တွေ ချမှတ်လိုက်တာကို လက်တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်သံဝန်ထမ်း ၇၅၅ ဦး ရုရှားနိုင်ငံကနေ ထွက်သွားရမယ်လို့ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်က ပြောလိုက်ပါတယ်။
မြန်မာနိုင်ငံနဲ့နယ်စပ် အိန္ဒိယနိုင်ငံ၊ မဏိပူပြည်နယ်က ကျေးရွာတရွာမှာ ခြင်ကိုက်ပြီးဖြစ်တဲ့ ရောဂါတွေကြောင့် လူ ၁၆ ယောက် သေဆုံးသွားပြီး တခြားဒေသတွေမှာ သေဆုံးသွားသူလေးဦးဟာလဲ အလားတူရောဂါတွေကြောင့် သေဆုံးတယ်လို့ သံသယရှိတဲ့ အကြောင်း မဏိပူပြည်နယ်၊ ကျန်းမာရေးဝန်ကြီး L Jayentakumar က တနင်္ဂနွေနေ့မှာပြောပါတယ်။
မြန်မာနိုင်ငံမှာ A(H1N1) pdm 09 ရာသီတုပ်ကွေးရောဂါပိုးရှိသူတွေထဲက သေဆုံးသူ ၁၀ ဦးရှိသွားပြီလို့ မြန်မာနိုင်ငံ ကျန်းမာရေး ဌာနရဲ့ ဇူုလိုင်လ ၃၀ ရက်၊ တနင်္ဂနွေနေ့ နောက်ဆုံးထုတ်ပြန်ချက်တခုမှာ ဖော်ပြထားပါတယ်။
Myanmar Now သတင်းဌာနရဲ့ အယ်ဒီတာချုပ် ဦးဆွေဝင်းကို ရန်ကုန်လေဆိပ်မှာ ဖမ်းဆီးလိုက်ပါတယ်။ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ (၆၆/ဃ) နဲ့ တရားစွဲဆိုခံထားရတဲ့ Myanmar Now သတင်းဌာနရဲ့ အယ်ဒီတာချုပ် ဦးဆွေဝင်းက ဘန်ကောက် ရုံးခွဲသွားဖို့ ရန်ကုန်လေဆိပ်ကြီးကို အရောက်မှာ မင်္ဂလာဒုံ ရဲစခန်းက ဖမ်းဆီးလိုက်တာ ဖြစ်တယ်လို့ Myanmar Now သတင်းဌာနရဲ့ သတင်းထောက်ချုပ် ကိုထက်ခေါင်လင်းက ပြောပါတယ်။
အမေရိကန် လေတပ်ရဲ့ B-1B ဗုံးကြဲလေယာဉ် ၂ စင်း ကိုရီးယား ကျွန်းဆွယ်ပေါ်မှာ မနေ့ စနေနေ့က ပျံသန်းခဲ့ပါတယ်။ တောင်ကိုရီးယားနဲ့ ဂျပန် တိုက်လေယာဉ်တွေ ခြံရံ ပျံသန်းခဲ့တဲ့ ဒီလုပ်ငန်းစဉ်က မြောက်ကိုရီးယားရဲ့ ဇူလိုင်လ ၃ ရက်နေ့နဲ့ ဇူလိုင်လ ၂၈ ရက်နေ့က တိုက်ချင်းပစ် ဒုံးကျည်တွေ စမ်းသပ်ခဲ့မှုကို တိုက်ရိုက် တုံ့ပြန်တာ ဖြစ်တယ်လို့ အမေရိကန် စစ်တပ် ပစိဖိတ် ဒေသ ကွပ်ကဲရေးဌာနက ပြောပါတယ်။
လေယာဉ်တစင်းကို ဖောက်ခွဲပစ်ဖို့ အကြမ်းဖက်ဝါဒစွဲ လျို့ဝှက်ကြံစည်မှုတခုကို သြစတေးလျရဲတွေက ဖော်ထုတ်နိုင်ခဲ့တယ်လို့ ဝန်ကြီးချုပ်က ပြောဆိုလိုက်ပါတယ်။ လက်ဖြစ် ဖောက်ခွဲရေး ပစ္စည်းကို သုံးပြီး လေယာဉ်တစင်းကို ဖောက်ခွဲမယ့် အစီအစဉ်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေ ရှိထားတယ်လို့ စုံစမ်းစစ်ဆေးရေးမှူးတွေက ပြောပါတယ်။
မြောက်ကိုရီးယားနိုင်ငံအနေနဲ့ အမေရိကန်ပြည်ထောင်စု ပင်မကုန်းမြေတခုလုံးကို ပစ်နိုင်တဲ့ ဒုံးကျည်ကို ပိုင်ဆိုင်ထားတယ်လို့ ၊ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်း စနေနေ့မှာ ပြောကြားလိုက်ပါတယ်။ မြောက်ကိုရီးယားက သောကြာနေ့ကမှာ ဒုံးကျည်စမ်းသပ်ပစ်လွှတ်ပြီးတဲ့နောက် အဲဒီလို ပြောလိုက်တာဖြစ်ပါတယ်။
အကြမ်းဖက်မှုတိုက်ဖျက်ရေး၊ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနဲ့ ရာသီဥတုပြောင်းလဲမှုတိုက်ဖက်ရေး စတဲ့အရေးတကြီးကိစ္စတွေကို အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော်မှာ ရှေ့သီတင်းပတ်ကျရင် ဆွေးနွေးကြဖို့ရှိပါတယ်။
ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်စ်ဟာ လာမယ့်နိုဝင်ဘာလမှာ မြန်မာနိုင်ငံကို လာရောက်နိုင်ခြေရှိတယ်လို့ ဗာတီကန်ကလာတဲ့ သတင်းတွေမှာ ဖော်ပြကြပါတယ်။
သောကြာနေ့မှာ မြောက်ကိုရီးယားက တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည် စမ်းသပ်ပစ်လွှတ်တာကို တိုက်ရိုက်တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်နဲ့ တောင်ကိုရီးယားစစ်ဘက်တွေက တောင်ကိုရီးယားရေပိုင်နက်ထဲကို ဒုံးကျည်တွေ ပစ်လွှတ်ကြပါတယ်။
ပါကစ္စတန်နိုင်ငံ ဝန်ကြီးချုပ် Nawaz Sharif ဟာ ဝန်ကြီးချုပ်တာဝန်ကိုထမ်းဆောင်ဖို့ မသင့်တော်တော့တဲ့အတွက် ရာထူးကနေချက်ချင်းဆင်းပေးဖို့ နိုင်ငံတော်တရားရုံးချုပ်က အမိန့်ချမှတ်လိုက်ပါတယ်။
သက်တမ်း ၇ နှစ် ရှိပြီဖြစ်တဲ့ Obamacare လို့ခေါ်တဲ့ ဈေးနှုန်းသက်သာတဲ့ ကျန်းမာရေးစောင့်ရှောက်မှုအစီအစဉ် တစိတ်တပိုင်းကို ပယ်ဖျက်ဖို့ ဒီကနေ့ မနက်အစောပိုင်းက အမေရိကန် အထက်လွှတ်တော်အတွင်း မဲခွဲဆုံးဖြတ်တာမှာ ရှုံးနိမ့်သွားပါတယ်။
ရုရှား၊ အီရန်နဲ့ မြောက်ကိုရီးယားတို့အပေါ် ဒဏ်ခတ်အရေးယူမှုအသစ်တွေ ချမှတ်မယ့် ဥပဒေမူကြမ်းတရပ်ကို အမေရိကန် အထက်လွှတ်တော်က အတည်ပြုလိုက်ပြီဖြစ်ပြီး သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ် လက်မှတ်ထိုးပြဌာန်းဖို့ ပို့တော့မှာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပွားနေတဲ့ H1N1 တုပ်ကွေးရောဂါ စစ်ဆေးစမ်းသပ်တဲ့ ကိရိယာတွေနဲ့ ဆေးဝါးတွေကို အကူအညီပေးဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကို ပန်ကြားထားတယ်လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သန်းထွန်းအောင်က ပြောတာကို AFP သတင်းတပုဒ်မှာ ကိုးကားဖော်ပြထားပါတယ်။
ဥပဒေ အဖြစ် အတည်ပြုနိုင်ရေး အတွက် သမ္မတ Donald Trump ထံကို ပေးပို့ရမယ့် ရုရှား၊ အီရန်နဲ့ မြောက်ကိုရီးယားတို့ အပေါ် ဒဏ်ခတ်ပိတ်ဆို့မှု အသစ်တွေ ချမှတ်မယ့် ဥပဒေကြမ်း တရပ် ရှင်းရှင်းလင်းလင်း ပေါ်ထွက်လာနိုင်မယ့် သဘောတူညီချက် တရပ် ရရှိသွားပြီ ဖြစ်ပါတယ်။
ကုလသမဂ္ဂရဲ့ မြန်မာ ဆိုင်ရာ အချက်အလက်ရှာဖွေရေး အဖွဲ့ခေါင်းဆောင်ကို ကုလသမဂ္ဂက အသစ်ပြောင်းလဲ ခန့်အပ်လိုက်ပါတယ်။ မူလက အဖွဲ့ ဥက္ကဌ အဖြစ် တာဝန်ယူထားတဲ့ အိန္ဒိယနိုင်ငံက တရားရုံးချုပ်ရှေ့နေ Indira Jaising ကို အဖွဲ့က ဖယ်ရှားပြီး အင်ဒိုနီးရှား ရှေ့နေချုပ် အဖြစ် တာဝန်ယူခဲ့သူ Marzuki Darusman ကို ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ ဥက္ကဌက အစားထိုး ခန့်အပ်တာ ဖြစ်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်