လိင်အင်္ဂါ ပြောင်းထားသူတွေကို အမေရိကန် စစ်တပ်ထဲမှာ ဘယ်နည်းနဲ့မှ လက်မခံဖို့ သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်က ဆုံးဖြတ်တာဟာ စစ်ဘက် အတွက် အကောင်းဆုံးကို စဉ်းစားဆုံးဖြတ်တာ ဖြစ်ပြီး သမ္မတက သူ့ရဲ့အမျိုးသား လုံခြုံရေးအဖွဲ့နဲ့ တိုင်ပင်ဆွေးနွေးပြီး လုပ်ခဲ့တာ ဖြစ်တယ်လို့ အိမ်ဖြူတော်ပြောခွင့်ရ က ပြောသွားပါတယ်။
အမေရိကန် လေဆိပ်တွေမှာ လေယာဉ်စီးမယ့် ခရီးသည်တွေ ကိုယ်နဲ့အတူ သယ်ယူတဲ့ လျှပ်စစ်ပစ္စည်းတွေထဲက ဆဲလ်ဖုန်းထက် ကြီးတဲ့ ပစ္စည်းတွေအားလုံးကို သီးခြား စစ်ဆေးခံရမယ်လို့ညွှန်ကြားချက် ထုတ်ပြီး အမေရိကန် သယ်ယူပို့ဆောင်ရေး ဆိုင်ရာ လုံခြုံရေးဌာန TSA က လုံခြုံရေး လုပ်ဆောင်ချက်တွေကို တိုးမြှင့်လိုက်ပါတယ်။
မြောက်ကိုရီးယားနိုင်ငံဟာ နျူကလီးယား ထိပ်းဖူးတပ် ပစ်လွှတ်နိုင်မယ့် တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်ကို နောက်နှစ် အစောပိုင်းမှာ ထုတ်လုပ်နိုင်တော့မယ်လို့ အမေရိကန် စစ်ဘက်ထောက်လှမ်းရေး အရာရှိတွေက CBS သတင်းဌာနကို ပြောကြားလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ ကူးစက်ရောဂါတွေကို ကာကွယ်နိုင်တဲ့ အစီအမံတွေ အလုံအလောက် ရှိနေပါပြီလား၊ မြန်မာနိုင်ငံရဲ့ လူထုကျန်းမာရေး စောင့်ရှောက်မှုစနစ်မှာ ဘာတွေ လိုအပ်နေပါသလဲ ဆိုတာကို ဗွီအိုအေရဲ့ ဇူလိုင်လ ၂၉ ရက်၊ စနေနေ့ည တိုက်ရိုက်လေလှိုင်း အစီအစဉ်မှာ ဆွေးနွေးကြရအောင်ပါ။
အာဖဂန်နစ္စတန်နိုင်ငံ တောင်ပိုင်း ကန်ဒါဟာ ပြည်နယ်မှာ တာလီဘန်တို့ရဲ့ တိုက်ခိုက်မှုကြောင့် အနည်းဆုံး စစ်သား ၂၆ ဦး သေဆုံးခဲ့ပြီး ၁၃ ဦး ဒဏ်ရာရတယ်လို့ အာဖဂန် တာဝန်ရှိသူတွေက ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ အတည်ပြု ပြောဆိုပါတယ်။
လိင်အင်္ဂါပြောင်းလဲထားသူတွေကို အမေရိကန် စစ်တပ်တွင်း ဘယ်လို ရာထူးနေရာကိုမှ တာဝန်ထမ်းဆောင်ခွင့် ပြုတော့မှာ မဟုတ်ဘူးလို့ အမေရိကန် သမ္မတ Donald Trump က ပြောဆိုလိုက်ပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Rex Tillerson ရာထူးက နုတ်ထွက်ဖို့ စဉ်းစားနေတဲ့ အကြောင်း ကောလာဟလ သတင်းတွေနဲ့ ပတ်သက်လို့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် Heather Nauert က အတိအလင်း ငြင်းဆိုလိုက်ပါတယ်။
၂၀၁၆ အမေရိကန်သမ္မတ ရွေးကောက်ပွဲတုန်းက ဝင်ရောက် စွက်ဖက်ခဲ့တဲ့ ရုရှားနိုင်ငံအပေါ် အရေးယူ ဒဏ်ခတ်မှုတွေ လုပ်မယ့် ဥပဒေကြမ်းကို အောက်လွှတ်တော်မှာ အတည်ပြုလိုက်ပါတယ်။
အမေရိကန် သမ္မတဟောင်း Barack Obama လက်ထက်က ပြဌာန်းခဲ့တဲ့ ကျန်းမာရေး စောင့်ရှောက်မှု ဥပဒေကို ရုတ်သိမ်းပြီး အစားထိုးရေး ဆွေးနွေးဖို့ အဆိုကို အထက်လွှတ်တော်မှာ အင်္ဂါနေ့က မဲခွဲ အတည်ပြု လိုက်ပါတယ်။
အမေရိကန် စစ်တပ် ကင်းထောက်လေယာဉ် တစင်းနဲ့ တရုတ် တိုက်လေယာဉ်နှစ်စင်းတို့ အရှေ့တရုတ် ပင်လယ်ပြင်ရဲ့ ဝေဟင်မှာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ပိုင်းက ထိပ်တိုက်ဆုံတွေ့ခဲ့ကြမှုကို တရုတ်ဘက်က ကာကွယ်ပြောဆိုပါတယ်။
သီရိလင်္ကာနိုင်ငံမှာ အဆိုးရွားဆုံး သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွါးတာကြောင့် လူ ၃၀၀ နီးပါး သေဆုံးသွားပြီး နောက်ထပ်ရောဂါ ဖြစ်ပွါးသူတွေလည်း တိုးလာနေပါတယ်။ ဒီနှစ်အတွင်း သွေးလွန်တုပ်ကွေးကူးစက်မှု ၁ သိန်း ၃ ထောင်ကျော်ရှိပြီး ၂၉၆ ဦးသေဆုံးတယ်လို့ သီရိလင်္ကာကျန်းမာရေးဌာနက သတင်းထုတ်ပြန်ပါတယ်။
အမေရိကန်သမ္မတရဲ့ အနီးကပ်အကြံပေးလည်းဖြစ်၊ သားမက်လည်းဖြစ်တဲ့ Jared Kushner ကသူ့အနေနဲ့ ရုရှားနဲ့ပူးပေါင်းဆောင်ရွက်ခြင်းမရှိဘူးလို့ ပြောကြားခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စု Texas ပြည်နယ်က ထရပ်ကားတစီးရဲ့ နောက်တွဲယဉ်ထဲမှာ လူ၁၀ဦးသေဆုံးနေတာကိုတွေ့ ရပြီး အဲဒီထရပ်ကားမောင်းတဲ့သူကို တရားမဝင်လူမှောင်ခိုတင်သွင်းမှုနဲ့ အရေးယူထားတဲ့အကြောင်း တရားရုံးက မနေ့ ကပဲ ကြေညာချက်ထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေတွေ ထင်သာမြင်သာ အမှန်တကယ်တိုးတက်မှုရှိလာတော့မှ မြန်မာနိုင်ငံအပေါ် စောင့်ကြည့်လေ့လာမှုတွေ အဆုံးသပ်မှာဖြစ်တယ်လို့ မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူးသံတမန်က ပြောကြားလိုက်ပါတယ်။
အမေရိကန် သမ္မတ Doanld Trump ရဲ့ အကြီးတန်း အကြံပေး သားမက်ဖြစ်သူ Jared Kushner က ပြီးခဲ့တဲ့နှစ် အမေရိကန် သမ္မတ ရွေးကောက်ပွဲ ကာလနဲ့ ရွေးကောက်ပွဲ အပြီးကာလ အတွင်း ရုရှား အစိုးရ တာဝန်ရှိသူတွေနဲ့ လေးကြိမ်တွေ့ဆုံခဲ့တယ်လို့ ပြောဆိုပါတယ်။ ဒါပေမယ့် သူတို့နဲ့ရော၊ တခြား ဘယ်နိုင်ငံခြား အစိုးရတွေနဲ့ မဆို ပူးပေါင်းကြံစည်ခဲ့တာ မရှိဘူးလို့ ပြောဆိုပါတယ်။
အမေရိကန်ပြည်ထောင်စု တောင်ပိုင်း Texas ပြည်နယ်မှာ ထရပ်ကားတစီးရဲ့ နောက်တွဲယာဉ်အတွင်း သေဆုံးနေသူ ၈ ဦး ရဲ့ အလောင်းတွေကို တွေ့ရှိခဲ့ရကြောင်း ရဲတပ်ဖွဲ့ကပြောဆိုပါတယ်။ ဒါဟာဆိုရင် ရွှေ့ပြောင်းနေထိုင်သူ တွေကို မှောင်ခို သွင်းနေရာမှာ ဆိုးရွားတဲ့ ဖြစ်စဉ်တခုလို့ ရဲကပြောပါတယ်။
AIDS ရောဂါဆိုင်ရာ သုတေသနနဲ့ ကုထုံးအစီအစဉ်တွေမှာ ဆက်ပြီး ပါဝင်သွားဖို့ နိုင်ငံတကာ HIV ညီလာခံကို ကမကထပြု စီစဉ် သူတွေက အဓိကအလှူရှင်နိုင်ငံတခုဖြစ်တဲ့ အမေရိကန်ပြည်ထောင်စုကို တနင်္ဂနွေနေ့က တိုက်တွန်းလိုက်ပါတယ်။
အာဖဂန် နစ္စတန်နိုင်ငံတွင်း အရေးပါတဲ့ ခရိုင်နှစ်ခုက ဌာနချုပ်တွေကို သိမ်းယူပြီး အနီးတဝိုက်က အစိုးရ ဌာနတွေကိုလည်း တာလီဘန်တို့ တိုက်ခိုက်နေတဲ့ အာဖဂန် နစ္စတန် အလယ်ပိုင်းမှာ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ရုရှားအပေါ် ချမှတ်မယ့် ဒဏ်ခတ်ပိတ်ဆို့မှု အသစ်တွေနဲ့ ပတ်သက်လို့ ပါတီကြီး နှစ်ရပ်တို့က လွှတ်တော် ခေါင်းဆောင်တွေကြား သဘောတူညီချက် ရရှိသွားပါပြီ။
ဒေါ်လာ ၁၃ ဘီလီယံနီးပါး အကုန်အကျခံတည်ဆောက်ထားတဲ့ USS Gerald R. Ford အမည်ရှိ လေယာဉ်တင်စစ်သင်္ဘောကြီးကို၊ အမေရိကန်ပြည်ထောင်စု၊ Virginia ပြည်နယ်၊ အရှေ့တောင်ပိုင်းပင်လယ်ကမ်းရိုတန်းက Norfolk ဆိပ်ကမ်းမှာ၊ ဒီနေ့ စနေနေ့က ရေချပွဲအခမ်းအနားကျင်းပရာမှာ၊ သမ္မတ Doanld Trump တက်ရောက် မိန့်ခွန်းပြောဆိုခဲ့ပါတယ်။
နောက်ထပ်ကြည့်ရှုရန်