အီရန်နိုင်ငံမှာ ထိန်းသိမ်းထားတဲ့ အမေရိကန်နိုင်ငံသားတွေကို ပြန်မလွှတ်ပေးဘူူးဆိုရင်၊ ဆိုးဝါးတွေအကျိုးဆက်တွေကိုရင်ဆိုင်ရမယ့်၊ ပိတ်ဆို့မှုအသစ်တွေနဲ့ အရေးယူဖို့ အသင့်ပြင်ဆင်ထားပြီးဖြစ်တယ်လို့ အမေရိကန်သမ္မတ Donald Trump က သတိပေးလိုက်ပါတယ်။
မြောက်ကိုရီးယားနိုင်ငံကိုသွားတဲ့ အမေရိကန်လူမျိုးတွေ ဖမ်းဆီးခံရနိုင်ခြေ အချိန်ကြာရှည်ထောင်ချခံရနိုင်ခြေ အလွန်များတဲ့အတွက် အမေရိကန်တွေ မြောက်ကိုရီးယား မသွားရလို့တားမြစ်မယ့်အကြောင်း အမေရိကန်နိုင်ငံခြားရေးဌာနက သောကြာနေ့မှာ ပြောကြားလိုက်ပါတယ်။
အိမ်ဖြူတော်ဆက်သွယ်ပြန်ကြားရေးရာ ညွှန်ကြားရေးမှူးသစ်ကို ခန့်အပ်လိုက်ပြီးနောက် အိမ်ဖြူတော်ပြန်ကြားရေးတာဝန်ခံ Sean Spicer ရာထူးကနေ နှုတ်ထွက်သွားပါတယ်။
NLD ပါတီရဲ့ ဧရာဝတီတိုင်း မအူပင်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ဝင်းဟာ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေ နှုတ်ထွက်လိုက်ပါတယ်။ သူဟာ ၂၀၁၅ ရွေးကောက်ပွဲနောက်ပိုင်း NLD ပါတီကနေ ပထမဆုံး နှုတ်ထွက်တဲ့ လွှတ်တော်ကိုယ်စားလှယ်လဲ ဖြစ်ပါတယ်။
ဗင်နီဇွဲလားနိုင်ငံမှာ အရပ်သားတွေကို အကွက်ကျကျ အပြစ်ပေးအရေးယူနေတာတွေ၊ အစိုးရရဲ့ အကြမ်းဖက်ဝါဒစွဲ လုပ်ရပ်တွေနဲ့ သမ္မတ Nicolas Maduro အစိုးရရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ချိုးဖောက်မှုတွေကို ဆန့်ကျင်တဲ့ အနေနဲ့ ရာထူးကနှုတ်ထွက်ကြောင်း ကုလသမဂ္ဂဆိုင်ရာ ဗင်နီဇွဲလား အကြီးတန်းသံတမန်တဦးက ကြေညာလိုက်ပါတယ်။
ကိုရီးယားကျွန်းဆွယ်မှာ တင်းမာနေမှုတွေ လျော့ကျပြီး နောက်ဆုံး မြောက်ကိုရီးယားရဲ့ နျူကလီးယား လက်နက် အစီအစဉ်တွေ အဆုံးသတ်နိုင်ဖို့ အတွက် စစ်ဘက်ဆိုင်ရာ ဆွေးနွေးမှုတွေ လုပ်သွားဖို့ ကမ်းလှမ်းထားတာကို မြောက်ကိုရီးယားအနေနဲ့ အမြန်ဆုံး လက်ခံဖို့ တောင်ကိုရီးယား အစိုးရက ဒီကနေ့ တိုက်တွန်းလိုက်ပါတယ်။
အမေရိကန် သမ္မတရွေးကောက်ပွဲမှာ ရုရှားရဲ့ ဝင်ရောက်စွက်ဖက်မှုကို စုံစမ်းနေတဲ့ အထူးစုံစမ်းစစ်ဆေးရေးမှူး Robert Mueller နဲ့ အဖွဲ့ရဲ့ လုပ်ငန်းတွေကို တန်ပြန်နိုင်မယ့် နည်းလမ်းတွေကို သမ္မတ Donald Trump ရဲ့ လက်ထောက်တွေက ရှာဖွေနေကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။
မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေးအခြေအနေတွေကို ၁၂ ရက်ကြာ ကွင်းဆင်းလေ့လာပြီးတဲ့နောက် ကုလအထူးကိုယ်စားလှယ် Dr.Yanghee Lee ဟာ ဒီကနေ့ ရန်ကုန်မြို့မှာ သတင်းစာရှင်းလင်းပွဲ တစ်ရပ် ကျင်းပနေတာပါ။ Dr.Yanghee Lee ဟာ ဒီတစ်ခေါက် ခရီးစဉ်တွင်းတွေ့ရှိချက်တွေကို သတင်းမီဒီယာသမားတွေကို ရှင်းလင်း ပြောကြားပြီးတဲ့နောက် လာမယ့် အောက်တိုဘာလမှာ ကုလသမဂ္ဂအထွေထွေညီလာခံမှာ အစီရင်ခံစာ တစ်ရပ် တင်သွင်းသွားဖို့ ရှိပါတယ်။
အမေရိကန်ရွေးကောက်ပွဲ ရုရှားရဲ့စွတ်ဖက်မှုစုံစမ်းစစ်ဆေးနေတာတွေကို တန်ပြန်နိုင်မယ့်နည်းလမ်းတွေ သမ္မတ Trump ရဲ့ လက်ထောက်တွေကရှာဖွေနေကြောင်းသတင်းတွေထွက်နေ၊ ပိတ်ဆို့ဒဏ်ခတ်မှုဥပဒေကို ချိုးဖေါက်တယ်ဆိုပြီး ဒေါ်လာ ၂ သန်း ဒဏ်ငွေချမှတ်ခံခဲ့ရတဲ့ Exxon ရေနံကုမ္မဏီက အမေရိကန်ဘဏ္ဍာရေးဌာနကို ပြန်တရားစွဲ၊
ပြီးခဲ့တဲ့နှစ် အမေရိကန် သမ္မတရွေးကောက်ပွဲမှာ ရုရှားရဲ့ ဝင်ရောက်စွက်ဖက်မှုနဲ့ သူ့ရဲ့ မဲဆွယ်ပွဲ တာဝန်ရှိသူတွေကြား ဆက်နွယ်မှု ရှိမရှိ အထူးစုံစမ်းစစ်ဆေးမှုတွေမှာ သူ့မိသားစုရဲ့ ဘဏ္ဍာရေးကိစ္စတွေလို မဆိုင်တာတွေကိုပါ စစ်ဆေးလာမယ်ဆိုရင်တော့ ဒါဟာ ဘောင်ကျော်တဲ့ လုပ်ရပ်အဖြစ် လက်ခံနိုင်မှာ မဟုတ်ကြောင်း သမ္မတ Donald Trump က New York Times သတင်းစာကို ပြောဆိုလိုက်ပါတယ်။
အသက်မပြည့်သေးတဲ့ မိန်းကလေးငယ်တဦးနဲ့ လိင်ဆက်ဆံမှု အပါအဝင် ပြစ်မှုဆိုင်ရာ စွဲချက် အများအပြားနဲ့ ရင်ဆိုင်နေရတဲ့ ထိုင်း ဗုဒ္ဓဘာသာ ရဟန်းတပါး ဖြစ်ခဲ့သူကို အမေရိကန် ပြည်ထောင်စုက လွှဲပြောင်းပေးလိုက်ပါတယ်။
အရင်သမ္မတ ဘရာ့ခ် အိုဘားမား လက်ထက်က ပြဌာန်းသွားတဲ့ကျန်းမာရေး စောင့်ရှောက်မှု ဥပဒေကို ဖျက်သိမ်းပစ်နိုင်မယ့် ဥပဒေ အသစ်ကို မရေးဆွဲနိုင်ဘူးဆိုရင် သြဂုတ်လ လွှတ်တော် အားလပ်ရက်ကို မယူသင့်ဘူးလို့ သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်က ရီပတ် ဘလီကန် လွှတ်တော်အမတ်တွေကို ဗုဒ္ဓဟူးနေ့က ပြောခဲ့တာပါ။
အမေရိကန်ပြည်ထောင်စုနဲ့ တရုတ်နိုင်ငံအကြားက ပိုမို မျှတပြီး ဟန်ချက်ညီတဲ့ ကုန်သွယ်မှု ဖြစ်ပေါ်ရေး ဆွေးနွေးပွဲ အစမှာပဲ အမေရိကန် ဘဏ္ဍာရေးဝန်ကြီး Steve Mnuchin က တောင်းဆိုလိုက်ပါတယ်။
Obamacareလို့ ခေါ်တဲ့ သမ္မတ ဘရက်ခ် အိုဘားမားရဲ့ ကျန်းမာရေး စောင့်ရှောက်မှု ဥပဒေကို အစားထိုးမယ့် ဥပဒေကြမ်း အပေါ် လုံလောက်တဲ့ ထောက်ခံမှု မရတဲ့ အပေါ် Republican လူများစုခေါင်းဆောင် Mitch McConnell က တောင်းပန်ခဲ့ပါတယ်။
အကြမ်းဖက်ဝါဒီတွေကို ထောက်ပံ့နေတယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ Amnesty International အဖွဲ့ကြီးရဲ့ တူရကီ နိုင်ငံဆိုင်ရာ အကြီးအကဲ အပါအဝင် လူ့အခွင့်အရေး လှုပ်ရှားသူ ၆ ဦကို တူရကီအစိုးရက အကျဉ်းထောင်မှာ ချုပ်နှောင်ထားပါတယ်။
မူဆလင် တရားဟောဆရာ Manzurul Islam မန်ဇူရို အစ္စလာမ်က ရခိုင်ပြည်နယ် အနောက်မြောက်ပိုင်းမှာ ဖြစ်ပွါးခဲ့တဲ့ အကြမ်းဖက်မှုနဲ့ ပတ်သက်လို့အစွန်းရောက် အဖွဲ့နဲ့အဆက်အစပ် မရှိကြောင်း ရိုက်တာစ် သတင်းဌာနနဲ့ ဆက်သွယ်မေးမြန်းမှုမှာ ငြင်းဆိုခဲ့ပါတယ်။
အမေရိကန် ပြည်ထောင်စုက အရေးယူ ပိတ်ဆို့မှု အသစ်တွေ လုပ်ဖို့ ခြိမ်းခြောက်မှုတွေ ရှိနေပေမယ့်လည်း ဖွဲ့စည်းပုံ ပြန်လည်ပြင်ဆင်ရေး အထူးလွှတ်တော် အတွက် ကိုယ်စားလှယ် ရွေးချယ်မှုတွေကို ဆက်ပြီး လုပ်ဆောင်သွားမယ်လို့ ဗင်နီဇွဲလား နိုင်ငံခြားရေးဝန်ကြီးက မနေ့က ပြောလိုက်ပါတယ်။
အီရန်နိုင်ငံရဲ့ ပဲ့ထိန်းတပ်ဒုံး အစီအစဉ်ကို ထောက်ခံတယ်လို့ဆိုတဲ့ လူပုဂ္ဂိုလ် ၁၈ ယောက်နဲ့ အဖွဲ့အစည်းတွေကို အမေရိကန် ပြည်ထောင်စုက ဒဏ်ခတ် အရေးယူလိုက်ပါတယ်။
ဇွန် ၇ ရက်နေ့တုန်းက မြိတ်မြို့ကနေ ရန်ကုန်မြို့ဆီ ပျံသန်းသွားစဉ် ပျက်ကျသွားတဲ့ တပ်မတော် သယ်ယူပို့ဆောင်ရေး Y-8 လေယာဉ်ဟာ ဆိုးရွားတဲ့ ရာသီဥတုနှင့် ကြုံတွေ့ခဲ့ရပြီး လေယာဉ်ကို မထိန်းနိုင်လို့ ပျက်ကျခဲ့တာဖြစ်တယ်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက ပြောကြားလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်