အင်ဒိုနီးရှားနိုင်ငံရဲ့ လွှတ်တော်ဥက္ကဌကိုဒေါ်လာသန်းပေါင်းများစွာပါဝင် ပတ်သက်နေတဲ့ အီလက်ထရောနစ် မှတ်ပုံတင် စတင်အသုံးပြုရေး အကျင့်ပျက်ခြစားမှုအရှုပ်တော်ပုံတွင်း ပါဝင်ပတ်သက်နေသူအဖြစ် သံသယရှိနေကြပါတယ်။
အီရန်နိုင်ငံဟာ သူ့ရဲ့နျူကလီးယား အစီအစဉ်နဲ့ ပတ်သက်လို့ ၂၀၁၅ ခုနှစ် နိုင်ငံတကာ သဘောတူချက်ကို လိုက်နာမှုရှိကြောင်း အမေရိကန် အစိုးရက မနေ့တုန်းက ထပ်မံအတည်ပြု လိုက်ပါတယ်။
Venezuela နိုင်ငံမှာ ဖွဲ့စည်းပုံဥပဒေသစ်ကို ရေးဆွဲဖို့ပြင်ဆင်နေတဲ့ သမ္မတ Nicolas Maduro ရဲ့အစီအစဉ်တွေ ရပ်သွားစေဖို့ ရည်ရွယ်ချက်နဲ့ ကြာသပတေးနေ့မှာ အထွေထွေသပိတ်မှောက်ကြဖို့ အတိုက်အခံတွေက ဆော်သြထားပါတယ်။
India နိုင်ငံသမ္မတရာထူးအတွက် လွှတ်တော်အမတ်တွေက တနင်္လာနေ့က မဲပေးခဲ့ကြတာမှာ ဇတ်နိမ့်တယောက်ဖြစ်တဲ့ Ram Nath Kovind အနိုင်ရမယ်လို့ မျှော်လင့်ရပါတယ်။
တောင်ကိုရီးယား နဲ့ မြောက်ကိုရီးယား ၂ နိုင်ငံ နယ်စပ်မှာ တင်းမာမှုတွေကို လျှော့ချနိုင်ဖို့ ရည်ရွယ်တဲ့ စစ်ဘက်ဆွေးနွေးမှုတွေလုပ်ဆောင်ဖို့ တောင်ကိုရီးယားက မြောက်ကိုရိးယားနိုင်ငံကို ဒီကနေ့ တနင်္လာနေ့မှာ ကမ်းလှမ်းလိုက်ပါတယ်။
အာဖဂန်နစ္စတန် နိုင်ငံ တောင်ပိုင်းက မဟာဗျူဟာမြောက် ခရိုင်ဒေသ တခုထဲက တာလီဘန် သူပုန်တွေကို အာဖဂန် လုံခြုံရေး တပ်ဖွဲ့တွေက ရှင်းလင်းတိုက်ထုတ်နိုင်ခဲ့ပါတယ်။ တာလီဘန်တို့ ၉ လကြာ ထိန်းချုပ်ထားတဲ့ ဒီဒေသကိုတော့ အမေရိကန်စစ်တပ်ရဲ့ အကြံဉာဏ်၊ လေကြောင်း အထောက်အကူတွေနဲ့ အာဖဂန် လုံခြုံရေးတပ်ဖွဲ့တွေက ရှင်းလင်းနိုင်ခဲ့တာ ဖြစ်ပါတယ်။
နာမည်ကျော် ဆွစ်ဇာလန်တင်းနစ်အားကစားသမား Roger Federer ဟာ ဝင်မ်ဘယ်လ်ဒန် တင်းနစ်ဖလားကို ၈ ကြိမ်မြောက် စံချိန်တင်အနိုင်ရသွားပါတယ်။ ခရိုအေးရှား တင်းနစ်သမား Marin Cilic နဲ့ တနင်္ဂနွေနေ့က ကစားတဲ့ပွဲမှာ ၆-၃၊ ၆-၁၊ ၆-၄ နဲ့ သုံးပွဲ ပြတ်အနိုင်ရပြီး ဆုဖလားရသွားတာပါ။
ပစိဖိတ်ကမ်းလွန်၊ Nauru ကျွန်းမှာ သြစတြေးလျနိုင်ငံကဖွင့်ထားတဲ့ ထိန်းသိမ်းရေးစခန်းမှာ ဒုက္ခသည်တွေကို တွေ့ဆုံမေးမြန်းနေ တဲ့ အမေရိကန်တာဝန်ရှိသူတွေ ရုတ်တရက် ထွက်သွားကြတယ်လို့ စခန်းမှာ ထိန်းသိမ်းခံထားရသူတွေက စနေနေ့မှာပြောတာကို ကိုးကားပြီး သတင်းတွေမှာဖော်ပြပါတယ်။
ဗင်နီဇွဲလားနိုင်ငံမှာ တနင်္ဂနွေနေ့က အတိုက်အခံတွေ ဦးဆောင်ပြုလုပ်တဲ့ တရားဝင်မဟုတ်တဲ့ လူထုဆန္ဒခံယူပွဲမှာ မဲပေးနေကြသူတွေကို မော်တော်ဆိုင်ကယ် စီးလာတဲ့ သေနတ်သမားတွေ မြို့တော် Caracas မှာ ဝင်ရောက် ပစ်ခတ်ခဲ့ပါတယ်။
ထောင်ဒဏ်ချခံထားရတဲ့ ထင်ရှားတဲ့ အခွင့်အရေး လှုပ်ရှားသူ တဦးကို တရုတ် အစိုးရက လွှတ်ပေးလိုက်ပါတယ်။ ထောင်ဒဏ် ၄ နှစ်ကျခံခဲ့ရပြီးနောက်မှာ မနေ့ စနေနေ့က Xu Zhiyong ပြန်လွတ်လာတာပါ။
ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ထံကို လိပ်မူပေးပို့တဲ့ တောင်းပန်စာကို လက်ခံရရှိကြောင်း တပ်တော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက ဒီကနေ့ သတင်းထုတ်ပါတယ်။ ဇူလိုင်လ ၁၃ ရက် ရက်စွဲနဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းရဲ့ တောင်းပန်စာက အမြန်ချောပို့ လမ်းကြောင်းနဲ့ ပေးပို့ခဲ့တာလို့လည်း သတင်းထုတ်ပြန်ချက်မှာ ပြောဆိုထားပါတယ်။
WIMBLEDON တင်းနစ်အမျိုးသမီးတဦးချင်း နောက်ဆုံးဖိုင်နယ်မှာ စပိန်နိုင်ငံက Garbine Muguruza အနိုင်ရပြီးချန်ပီယံဖြစ်သွားပါတယ်။
အမေရိကန်ပြည်ထောင်စုဟာဝိုင်ယီပြည်နယ် ဟိုနိုလူလူမြို့က အထပ်မြင့်ကွန်ဒိုအဆောက်အအုံတခု မီးအကြီးအကျယ် လောင်ကျွမ်းခဲ့ တာကြောင့် လူ ၃ ယောက်သေဆုံးသွားခဲ့တယ်လို့ ဟာဝါရီပြည်နယ်တာဝန်ရှိသူတွေက ပြောကြားလိုက်ပါတယ်။
တူရကီနိုင်ငံမှာ မအောင်မြင်တဲ့ အာဏာသိမ်းမှု ၁ နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားကို ဒီကနေ့ စနေနေ့မှာ ကျင်းပခဲ့ကြပါတယ်။ အဲဒီအချိန်ကစပြီး၊ တူရကီသမ္မတ Recep Tayyip Erdogan က အာဏာသိမ်းမှုကို ထောက်ခံတဲ့သူ အစိုးရဝန်ထမ်း ၁ သိန်းထက်မနည်းကို အလုပ်က ထုတ်ပယ်ခဲ့ပါတယ်။ ဒါ့အပြင် အစိုးရက နောက်ထပ်လူ ၅ သောင်းလောက်ကိုလည်း ဖမ်းဆီးလိုက်ပါတယ်။
တူရကီနိုင်ငံမှာ မအောင်မမြင်ဖြစ်ခဲ့တဲ့ အာဏာသိမ်းမှု နှစ်ပတ်လည်နေ့မတိုင်ခင် တရက်မှာပဲ ရဲတပ်ဖွဲ့ဝင်တွေ၊ အစိုးရတာဝန်ရှိသူ တွေနဲ့ ပညာရှင်တွေ စသည်ဖြင့် လူပေါင်း ၇,၀၀၀ ကျော်ကို အစိုးရက ထုတ်ပစ်လိုက်ပါတယ်။
Liu Xiaobo သေဆုံးမှုနဲ့ ပတ်သက်လို့ အမေရိကန်၊ ဂျာမနီ၊ ပြင်သစ်နဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်နာမင်းကြီးတို့ရဲ့ ဝေဖန်မှုတွေကိုတော့ တရုတ်နိုင်ငံက ကန့်ကွက်လိုက်ပါတယ်။
ပြင်သစ်နိုင်ငံကို အထူးဧည့်သည်တော်အဖြစ်ရောက်နေတဲ့ အမေရိကန်သမ္မတ Donald Trump ဒီကနေ့ ဘာစတီးလ် နေ့ စစ်ရေးပြ အခမ်းအနားတက်ရောက်၊ အိန္ဒိယနိုင်ငံကိုရောက်နေနဲ့ ကာကွယ်ရေးဦးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အိန္ဒိယ မြန်မာနှစ်နိုင်ငံ လုံခြုံရေးနဲ့ ကာကွယ်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးခဲ့..စသည်
ပြင်သစ်နိုင်ငံက နိုင်ငံတော်အားလပ်ရက် Bastille နေ့ အခမ်းအနားမှာ အထူးဧည့်သည်တော်အဖြစ် အမေရိကန်သမ္မတ Donald Trump တက်ရောက်ခဲ့ပါတယ် အခမ်းအနားမှာတော့ ပထမကမ္ဘာစစ်မှာ အမေရိကန် ပါဝင်ဆင်နွှဲခဲ့တဲ့ နှစ်ရာပြည့် အထိမ်းအမှတ်အဖြစ် အမေရိကန် စစ်တီးဝိုင်းတွေ ဂျက်တိုက်လေယာဉ်တွေ ပျံသန်းမှုတွေနဲ့အတူ စစ်ရေးပြ ချီတက်ပွဲတွေကိုလည်း တခမ်းတနား ကျင်းပခဲ့တာပါ။
နှစ်နိုင်ငံ စစ်တပ်တွေကြား နီးကပ်တဲ့ ဆက်ဆံရေး တည်ဆောက်ထားနိုင်တဲ့အပေါ်မှာ ဝန်ကြီးချုပ်မိုဒီက ကျေးဇူးတင်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံချိန် ပြောကြားခဲ့သလို၊ အိန္ဒိယရဲ့ အရှေ့မျှော် ဝါဒမှာ မြန်မာနိုင်ငံဟာ အရေးကြီးတဲ့ နိုင်ငံတခု ဖြစ်တဲ့အကြောင်းနဲ့ နှစ်နိုင်ငံကြား ကဏ္ဍပေါင်းစုံမှာ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်သွားဖို့ သူ့အနေနဲ့ သန္နိဌာန် အခိုင်အမာ ချထားတဲ့အကြောင်း ဝန်ကြီးချုပ် မိုဒီက ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်