ပါရီ ရာသီဥတုဆိုင်ရာ သဘောတူညီချက် ပြုလုပ်ထားရာကနေ အမေရိကန်ပြည်ထောင်စုက နှုတ်ထွက် လိုက်တဲ့ သူ့ရဲ့ ဆုံးဖြတ်ချက် ပြောင်းလဲဖို့နဲ့ ပတ်သက်ပြီး သမ္မတ Donald Trump အနေနဲ့ ပြင်သစ်နိုင်ငံ ခရီးစဉ် ပထမနေ့မှာ ဘယ်လို ကတိကဝတ်မှ မပေးခဲ့ပါဘူး။
ကြာသပတေးနေ့က ကွယ်လွန်သွားတဲ့ တရုတ်လူ့အခွင့်အရေး လှုပ်ရှားသူ နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် Liu Xiaobo ရဲ့ ဇနီးဖြစ်သူ Liu Xia ကို နေအိမ်အကျယ်ချုပ်ကနေလွှတ်ပေးပြီး သူ့ဆန္ဒအတိုင်း တရုတ်နိုင်ငံကနေ ထွက်ခွာခွင့်ပြုဖို့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး Rex Tillerson က တရုတ်အစိုးရကို တောင်းဆိုလိုက်ပါတယ်။
အိန္ဒိယနိုင်ငံမှာ ဇူလိုင်လ ၁၀ ရက်နေ့က အကြမ်းဖက်တိုက်ခိုက်ခံရတဲ့ ဖြစ်ရပ်တွေအတွက် အထူး ဝမ်းနည်းကြေကွဲရပါကြောင်း ဖော်ပြထားတဲ့ သဝဏ်လွှာတစောင်ကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အိန္ဒိယဝန်ကြီးချုပ် နေရိန်ဒရာ မိုဒီဆီကို ဇူလိုင်လ ၁၃ ရက်နေ့စွဲနဲ့ ပေးပို့ခဲ့တဲ့အကြောင်း မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးက သတင်းထုတ်ပြန်ထားပါတယ်။
ပြင်သစ်သမ္မတ Emmanuel Macron နဲ့ အကြမ်းဖက်ဝါဒ တန်ပြန်တိုက်ဖျက်ရေး ဆွေးနွေးဖို့၊ ပထမကမ္ဘာစစ်ကို အမေရိကန်တပ်ဖွဲ့တွေ ပါဝင်ဆင်နွဲှတဲ့ ရာပြည့်အထိမ်းအမှတ်နဲ့အတူ Bastille Day ပြင်သစ်နိုင်ငံတော် အားလပ်ရက်နေ့ အခန်းအနားကို တက်ရောက်ဖို့ အမေရိကန် သမ္မတ Donald Trump ပြင်သစ်နိုင်ငံမှာ ရောက်နေပါတယ်။
ပြီးခဲ့တဲ့နှစ်နဲ့ယှဉ်ရင် ဒီနှစ် ၂၀၁၇ ပထမ ၆ လအတွင်း မြောက်ကိုရီးယားနဲ့ ကုန်သွယ်မှုမှာ တိုးတက်မှုတွေ ရှိခဲ့ကြောင်း တရုတ်နိုင်ငံက ပြောဆိုလိုက်ပါတယ်။
အမေရိကန် သမ္မတ အိမ်ဖြူတော်ဟာ ဘာမှ အားနည်းချက်မရှိ ကောင်းကောင်း လည်ပတ် လုပ်ဆောင်နေတယ်လို့ သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်က ပြောလိုက်ပါတယ်။
အခုနှစ် ဘဏ္ဍာရေးနှစ်အတွင်း အမေရိကန်ပြည်ထောင်စုက လက်ခံခဲ့တဲ့ ဒုက္ခသည် အရေအတွက်ဟာ ၅ သောင်းကျော်သွားပြီ ဖြစ်ပါတယ်။
နိုင်ငံတကာကလူငယ်တွေ ပါဝင်ယှဉ်ပြိုင်ကြမယ့် ကမ္ဘာလုံးဆိုင်ရာ စက်ရုပ်ပြိုင်ပွဲမှာ မြန်မာနိုင်ငံ ကိုယ်စားပြု လူငယ် ၉ ဦး ပါဝင်တဲ့ အဖွဲ့တဖွဲ့လည်း ပါဝင်ယှဉ်ပြိုင်ဖို့ ရှိပါတယ်။
မြန်မာနိုင်ငံသားတွေ အပါအဝင် မလေးရှားနိုင်ငံမှာ တရားဝင် အထောက်အထားမရှိတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကို နှိမ်နင်းရာမှာ ဒီလထဲမှာတင် ၃ ထောင်ကျော် ဖမ်းဆီးလိုက်တဲ့အတွက် ဒေသတွင်း လွှတ်တော်အမတ်တွေရဲ့ ကန့်ကွက်ဝေဖန်မှုတွေ ထွက်ပေါ်လာပါတယ်။
တရုတ် အတိုက်အခံ နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် Liu Xiaobo ဟာ အသက်ရှုရ ခက်ခဲတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရပြီလို့ သူ့ရဲ့ နောက်ဆုံး အဆင့် အသဲကင်ဆာကို ကုသပေးနေတဲ့ ဆေးရုံက ပြောဆိုလိုက်ပါတယ်။
ကူဝိတ်နိုင်ငံမှာ အပူချိန် ၁၂၀ ဒီကရီကျော် ပူပြင်းနေပေမယ့်လည်း ပါရှန်ပင်လယ်ကွေ့ ဒေသ အတွင်းက လနဲ့ချီပြီး ပိတ်ဆို့ခံထားရတဲ့ ကာတာနိုင်ငံ အရေးကို သံတမန် နည်းလမ်းနဲ့ အေးအေးချမ်းချမ်း ဖြေရှင်းနိုင်အောင် အမေရိကန်နိုင်ငံခြားရေးဝန် ကြီး Rex Tillerson က ပထမအဆင့် အနေနဲ့ကြိုးပမ်းနိုင်ခဲ့ပါပြီ။
၂၀၂၄ ခုနှစ်နဲ့ ၂၀၂၈ ခုနှစ်မှာ ကျင်းပသွားမယ့် နွေရာသီ အိုလံပစ် အားကစားပွဲတွေကို ပြင်သစ်နိုင်ငံ Paris မြို့နဲ့ အမေရိကန်ပြည်ထောင်စု Los Angeles မြို့တို့မှာ ကျင်းပသွားဖို့ ရွေးချယ်လိုက်ကြောင်း နိုင်ငံတကာ အိုလံပစ်ကော်မတီ IOC က ဇူလိုင် (၁၁) ရက် အင်္ဂါနေ့မှာ ကြေညာလိုက် ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်နေတဲ့ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီး Filippo Grandi ဟာ ဘင်္ဂလားဒေ့ရှ်-မြန်မာ နှစ်နိုင်ငံ နယ်စပ်မှာရှိနေတဲ့ Cox’s BaZar က ရိုဟင်ဂျာဒုက္ခသည်စခန်း နှစ်ခုကို တနင်္လာနေ့က သွားရောက်ကြည်ရှုခဲ့ပါတယ်။ မြန်မာဘက်ကနေ ထွက်ပြေးလာတဲ့ မွတ်စလင် ရိုဟင်ဂျာတွေ သောင်းနဲ့ချီ ဒုက္ခသည်စခန်းတွေထဲမှာ ရှိနေပါတယ်။
ကာတာနဲ့ အိမ်နီးချင်း နိုင်ငံတွေကြား အငြင်းပွားမှုကို ကူညီဖြေရှင်းဖို့ ရည်ရွယ် ဆွေးနွေးဖို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Rex Tillerson ကာတာနိုင်ငံကို ဒီကနေ့ အင်္ဂါနေ့မှာ ရောက်ရှိနေပါတယ်။
ပြီးခဲ့တဲ့နှစ် အမေရိကန် သမ္မတ ရွေးကောက်ပွဲ အတွင်း ဟီလာရီကလင်တန်ရဲ့ ရွေးကောက်ပွဲ စည်းရုံးရေးကို အထိနာစေနိုင်တဲ့ သတင်းအချက်အလက်တွေရဲ့ မူရင်းပိုင်ရှင်က ရုရှား အစိုးရ ဖြစ်တယ်ဆိုပြီး Donald Trump Jr. နဲ့ ရုရှား ရှေ့နေတဦးတို့ကို ပြီးခဲ့တဲ့နှစ်က တွေ့ဆုံဖို့ စီစဉ်ပေးခဲ့တဲ့ အမျိုးသားက Trump ဆီကို ပေးပို့တဲ့ အီးမေလ်းထဲမှာ ရည်ညွှန်း ခဲ့တယ်လို့ New York Times သတင်းစာကြီးက မနေ့ တနလာၤနေ့ နှောင်းပိုင်းမှာ ရေးသားပါတယ်။
၄၁ကြိမ်မြောက်ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်ထိန်းသိမ်းရေးဆိုင်ရာ ကော်မီတီရဲ့ညီလာခံကို ပိုလန်နိုင်ငံ Kraków မြို့မှာ ကျင်းပခဲ့ပြီး ကုလသမဂ္ဂ UNESCOရဲ့ ရှေးဟောင်းအမွေအနှစ်နေရာ စာရင်းဝင် ၂၁နေရာကို အသစ်သတ်မှတ်လိုက်ပါတယ်။ ဒါကြောင့် ကုလသမဂ္ဂ UNESCO ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းရေး စာရင်းဝင်နေရာပေါင်း ၁၀၇၃ နေရာရှိသွားပြီဖြစ်ပါတယ်။
အိန္ဒိယ၊ အမေရိကန်နဲ့ဂျပန်သုံးနိုင်ငံပူးတွဲပြီး အိန္ဒိယသမုဒ္ဒရာအတွင်း ၈ ရက်ကြာပူးတွဲ ရေတပ်စစ်ရေးလေ့ကျင့်မှု တခုပြုလုပ်နေပါတယ်။ တရုတ်ရဲ့စစ်အင်အားကြီးထွားလာနေမှုကိုကြည့်ပြီး အခုလိုသုံးနိုင်ငံ ပူးတွဲစစ်ရေးလေ့ကျင့်မှု နက်နက်ရှိုင်းရှိုင်းရှိလာနေတာလည်းဖြစ်ပါတယ်။
အမေရိကန်သမ္မတ အိမ်ဖြူတော်က ထုတ်ပြန်တဲ့ ကြေညာချက်တခုမှာ တရုတ်သမ္မတ ရှီကျင့်ပင်ကို People’s Republic of China တရုတ်ပြည်သူ့သမ္မတနိုင်ငံတော် သမ္မတလို့ ဖော်ပြရမယ့်အစား Republic of China တရုတ်သမ္မတနိုင်ငံတော် သမ္မတလို့ မှားယွင်း ဖော်ပြမိတဲ့အတွက် အမေရိကန်အရာရှိတွေက တောင်းပန်ကြောင်း တရုတ်နိုင်ငံက ပြောပါတယ်။
အီရတ်နိုင်ငံ Mosul မြို့ကို IS အစ္စလာမ်မစ် စစ်သွေးကြွတွေလက်ကနေ ပြန်လည်သိမ်းပိုက်ပြီး အပြီးသတ် အောင်ပွဲခံလိုက်နိုင်ပြီ ဖြစ်ကြောင်း အီရတ် ဝန်ကြီးချုပ် Haider al-Abadi က ပြောပါတယ်။
ရိုဟင်ဂျာ မွတ်ဆလင်တွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖြစ်ပေါ်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို စုံစမ်း စစ်ဆေးမယ့် ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေးအဖွဲ့ကို မြန်မာနိုင်ငံကို လာရောက်ခွင့်ပေးဖို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Nikki Haley က တနင်္လာနေ့မှာ ထပ်မံ ဖိအားပေး တောင်းဆိုလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်