ကမ္ဘာ့စီးပွားရေး ကျခဲ့ပေမယ့် တရုတ်နဲ့ အရှေ့တောင် အာရှ နိုင်ငံများ အသင်း အာဆီယံ အဖွဲ့ဝင် နိုင်ငံတွေကြား ကုန်သွယ်ရေးကတော့ အရှိန်အဟုန်နဲ့ ကြီးထွားနေတယ်လို့ တရုတ်ဘက်က ပြောဆိုလိုက်ပါတယ်။
အီရတ်နိုင်ငံ မိုလ်ဆူးမြို့ ပြန်သိမ်းနိုင်ပြီဆိုပြီး တာဝန်ရှိသူတွေ အောင်ပွဲခံနေချိန်မှာဘဲ အီရတ် တပ်ဖွဲ့တွေကတော့ လက်ကျန် အစ္စလာမ္မစ် အစွန်းရောက် IS စစ်သွေးကြွတွေကို တအိမ်တက်ဆင်း ပိုက်စိပ်တိုက်ရှာဖွေ နေကြဆဲ ဖြစ်ပါတယ်။
အီရတ်နိုင်ငံမှာ IS အစွန်းရောက်အဖွဲ့က ထိန်းချုပ်ထားတဲ့ မိုဆူးလ်မြို့ကို ပြန်သိမ်းနိုင်ပြီဆိုပြီး တာဝန်ရှိသူတွေ အောင်ပွဲခံနေချိန် အီရတ်တပ်ဖွဲ့တွေကတော့ ကျန်နေနိုင်သေးတဲ့ IS စစ်သွေးကြွတွေကို တအိမ်တက် တအိမ်ဆင်း လိုက်ပြီး ရှာဖွေ ရှင်းလင်းနေရဆဲ ပါ။
မြောက်ကိုရီးယားနိုင်ငံက မစ်ဇိုင်းဒုံးကျည် စမ်းသပ်ပစ်လွှတ်ခဲ့ပြီးတဲ့နောက် ချမှတ်လိုက်တဲ့ ဒဏ်ခတ်အရေးယူ တားဆီးမှုတွေကို တရုတ်အစိုးရအနေနဲ့ ထိရောက်သေချာအောင် လိုက်နာဆောင်ရွက်ဖို့ အမေရိကန်ပြည်ထောင်စုက တရုတ်နိုင်ငံကို ပိုမိုဖိအားပေးမှာ ဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီး Nikki Haley က ပြောကြားလိုက်ပါတယ်။
ဆက်သွယ်ရေးဥပဒေကို ပြင်ဆင်မယ့် ဥပဒေကြမ်းကို အများပြည်သူ သိရှိ လေ့လာ အကြံပြုနိုင်ဖို့အတွက်ဆိုပြီး တနင်္ဂနွေနေ့ ထုတ်နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြထားပါတယ်။
ယူကရိန်းနိုင်ငံ အရှေ့ပိုင်းမှာ အကြမ်းဖက် တိုက်ခိုက်မှုတွေ လျှော့ချရေး အတွက် ရုရှားဘက်က ပထမဆုံး အဆင့် ဆောင်ရွက်ရမယ်လို့ အမေရိကန်ဘက်က ပြောဆိုခဲ့တဲ့ အကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Rex Tillerson က ပြောဆိုလိုက်ပါတယ်။
ဘင်္ဂလားဒေရှ့် နိုင်ငံတွင်းက မြန်မာနိုင်ငံသား အားလုံး ပြန်ခေါ်ရေး မြန်မာ အစိုးရ အနေနဲ့ အဓိပ္ပါယ်ရှိရှိ လေးလေးနက်နက် ဆောင်ရွက်လာစေဖို့ ကုလသမဂ္ဂဘက်က တွန်းအားပေးပါလို့ဘင်္ဂလားဒေရှ့် နိုင်ငံခြားရေး ဝန်ကြီး မာမွတ် အလီက ပြောဆိုလိုက်ပါတယ်။
ငြိမ်းချမ်းရေးနိုဘဲလ်ဆုရှင် တရုတ်နိုင်ငံရေးအတိုက်အခံ Liu Xiaobo ဆေးဝါးကုသခံယူနိုင်ရေး အတွက် အမေရိကန်ပြည်ထောင်စုကနေ ဆရာဝန်တဦးစေလွှတ်ပေးဖို့ စီစဉ်နေပါပြီ။
အမေရိကန်သမ္မတ Donald Trump နဲ့ ဗြိတိန်ဝန်ကြီးချုပ် Theresa May တို့ဟာ ဂျာမနီနိုင်ငံမှာကျင်းပနေတဲ့ G-20 စက်မှုထိပ်သီးနိုင်ငံများ ညီလာခံ နောက်ဆုံးနေ့ဖြစ်တဲ့ ဒီကနေ့စနေနေ့မှာ တွေ့ဆုံခဲ့ကြပါတယ်။
အမေရိကန် ဗုံးကြဲလေယာဉ်တွေ နဲ့ တောင်ကိုရီးယားတပ်ဖွဲ့တွေ ပူးပေါင်းပြီး မြောက်ကိုရီးယားနိုင်ငံ နယ်စပ်နားမှာ စစ်ရေးလေ့ကျင့်မှုတွေ လုပ်ခဲ့တယ်လို တောင်ကိုရီးယားစစ်တပ်က ပြောကြားလိုက်ပါတယ်။
အမေရိကန်သမ္မတ Donald Trump နဲ့ ရုရှားသမ္မတ Vladimir Putin တို့ သောကြာနေ့က ပထမဆုံးအကြိမ်လူချင်းတွေ့ဆုံချိန် အတွင်း မနှစ်အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ရုရှားတို့ ဝင်နှောင့်ယှက်ခဲ့တဲ့ကိစ္စကို ဖိအားပေးပြောဆိုခဲ့တယ်လို့အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Rex Tillerson ကပြောပါတယ်။
မြန်မာနိုင်ငံတွင်း လူသားချင်းစာနာမှု ဆိုင်ရာ အကူအညီလိုအပ်နေသူတွေအတွက် သြစတြေးလျဒေါ်လာ ၁၆ သန်း ထပ်မံ ကူညီပံ့ပိုးပေးမယ်လို့ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးဌာနက ဇူလိုင်လ ၇ ရက်နေ့စွဲနဲ့ ကြေညာချက်ထုတ်ပြန်ပါတယ်။
နျူကလီးယားလက်နက်ကို ပိတ်ပင်တားမြစ်တဲ့ နိုင်ငံတကာသဘောတူစာချုပ်တခုကို ကုလသမဂ္ဂညီလာခံတခုကနေ သောကြာ နေ့က ချမှတ်လိုက်ပါတယ် ဒါပေမဲ့ နျူကလီးယား လက်နက်ပိုင်ဆိုင်တဲ့ နိုင်ငံ ၉ နိုင်ငံက သပိတ်မှောက်တာကြောင့် ဒီစာချုပ်ရဲ့ သက်ရောက်မှု အလားအလာအပေါ် သံသယဖြစ်စရာရှိနေပါတယ်။
၁၉၆၂ ခုနှစ် စစ်အာဏာရှင်လက်ထက်က ဗုံးခွဲဖျက်စီးခဲ့တဲ့ သမဂ္ဂအဆောက်အဦးကို ခေတ်အဆက်ဆက်ကျောင်းသားမျိုးဆက်တွေရဲ့ ဆန္ဒနဲ့အညီ ပြန်လည်တည်ဆောက်ပေးဖို့ ကျောင်းသားသမဂ္ဂတွေနဲ့ လူငယ်ကွန်ရက်တွေက လက်ရှိ NLD အစိုးရကို တောင်းဆိုလိုက်ပါတယ်။
ဒီကနေ့ကျရောက်တဲ့ ၅၅ နှစ်မြောက် 7 July နှစ်ပတ်လည်နေ့မှာ ဗကသ ၊ တကသ အပါအဝင် ကျောင်းသားသမဂ္ဂအဖွဲ့အစည်းတွေ ရန်ကုန်တက္ကသိုလ် သမဂ္ဂအဆောက်အဦးမြေနေရာကို လာရောက်ဂါရဝပြုကြရင်း သမဂ္ဂ အဆောက်အဦးပြန်လည်ဆောက်လုပ်ရေး အတွက် တောင်းဆိုကြတာပါ။
ကမ္ဘာ့စီးပွားရေးအင်အားကြီးနိုင်ငံပေါင်း ၂၀ ကခေါင်းဆောင်တွေ ဂျာမနီနိုင်ငံမှာတွေ့ဆုံဆွေးနွေး၊ ရခိုင်ပြည်နယ်ပဋိပက္ခတွေနဲ့ ပတ်သက်လို့ လက်တွေ့အကောင်အထည်ဖော်နိုင်တဲ့ အဖြေတခုလိုကြောင်း ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီးပြော…စသည်
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ်ရဲ့ ရှေ့သီတင်းပတ် မြန်မာနိုင်ငံ ခရီးစဉ်မှာ လူ့အခွင့်အရေးကောင်စီက ဖွဲ့စည်းထားတဲ့ အချက်အလက် ရှာဖွေရေးအဖွဲ့နဲ့ ပတ်သက်မှု မရှိစေဖို့ မြန်မာအစိုးရက သတိပေးလိုက်ပါတယ်။
ဂျာမနီနိုင်ငံ Hamburg မြို့မှာ ကျင်းပတော့မယ့် G20 ကမ္ဘာ့ စီးပွားရေး အင်အားကြီးနိုင်ငံ ၂၀ ထိပ်သီး အစည်းအဝေးကို ဆန့်ကျင်ချီတက်ကြသူ အရင်းရှင်ဝါဒီ ဆန့်ကျင်ရေး ဆန္ဒပြသမားတွေနဲ့ ဂျာမနီရဲတပ်ဖွဲ့တို့ကြား ကြာသပတေးနေ့က တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။
နောက်ထပ်ကြည့်ရှုရန်