တရုတ် နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် Liu Xiaobo ရဲ့ ကျန်းမာရေးအခြေအနေဟာ သိသိသာသာ ဆိုးလာနေတယ်လို့ သူ့ရဲ့ အသည်းကင်ဆာရောဂါကို ကုသပေးနေတဲ့ တရုတ်နိုင်ငံ၊ ရှန်ယန်းမြို့ ဆေးရုံကပြောပါတယ်။
မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုတွေကို နိုင်ငံအားလုံးက ရင်ဆိုင်ဖြေရှင်းကြဖို့နဲ့ ဆိုးရွားလွန်းတဲ့ လုပ်ရပ်အတွက် နောက်ဆက်တွဲ အကျိုးဆက်တွေ ခံစားရမယ် ဆိုတာကိုသိအောင် လူသိရှင်ကြား လက်တွေ့ပြသကြဖို့ အမေရိကန်သမ္မတ Donald Trump က တိုက်တွန်းလိုက်ပါတယ်။
အမေရိကန် ပြည်ထောင်စုကို တိုက်ရိုက်ပျံသန်းမယ့် ခရီးစဉ်တွေမှာ ခရီးသည်တွေ အနေနဲ့ ခရီးဆောင် Laptop ကွန်ပြူတာတွေနဲ့ အီလက်ထရောနစ် ပစ္စည်းတွေကို တပါတည်း ယူဆောင်ခွင့် ပြန်လည်ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ကာတာလေကြောင်းလိုင်းက ဒီကနေ့ပဲ ကြေညာလိုက်ပါတယ်။
မြောက်ကိုရီးယားက တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည် စမ်းသပ်ပစ်လွှတ်တာ ကနေ ဖြစ်ပေါ်လာတဲ့ ခြိမ်းခြောက်မှုကို ကာကွယ်ဖို့ အတွက် စစ်ရေးနည်းကို အသုံးပြုဖို့ပြင်ဆင်ထားတယ်လို့ အမေရိကန်ပြည်ထောင်စုက ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အဖွဲ့ဝင် နိုင်ငံတွေကို ဒီကနေ့ ပြောလိုက်ပါတယ်။
အမေရိကန် နိုင်ငံခြားရေးဌာနက မြောက်ကိုရီးယား မူဝါဒဆိုင်ရာ အထူးကိုယ်စားလှယ် သံအမတ်ကြီး Joseph Yun ဟာ ဇူလိုင် ၁၁ ရက်နေ့ကနေ ၁၈ ရက်နေ့အထိ ထွက်ခွာမယ့် ခရီးစဉ်တခုအတွင်း မြန်မာနိုင်ငံကို လာရောက်ဖို့ ရှိပါတယ်။
မြန်မာနိုင်ငံမှာ ကမ္ဘာ့ဘဏ်က လက်ရှိအားဖြင့် စီမံကိန်း ၁၃ ခုကို အကောင်အထည်ဖော် လုပ်ဆောင်နေပြီး စုစုပေါင်း ရန်ပုံငွေ အားဖြင့် အမေရိကန်ဒေါ်လာ ၂.၈ ဘီလီယံ လျာထား သုံးစွဲနေပါတယ်။
အကျဉ်းကျနေတဲ့ တရုတ်အတိုက်အခံ တက်ကြွလှုပ်ရှားသူ၊ ငြိမ်းချမ်းရေး နိုဘဲလ်ဆုရှင် Liu Xiaobo ကို ဆေးဝါးကုသပေးဖို့ အမေရိကန်နဲ့ ဂျာမနီနိုင်ငံတွေက ကင်ဆာရောဂါ အထူးကုတွေ လာရောက်အကူအညီပေးကြဖို့ တရုတ်နိုင်ငံက ဆေးရုံတခုက ဖိတ်ခေါ်လိုက်ပါတယ်။
တိုက်ချင်းပစ် ပဲ့ထိန်းတပ်မစ်ဇိုင်းဒုံး ဖြစ်ပုံရတဲ့ စမ်းသပ်မှုတခုကို ပထမဆုံးအကြိမ် မနေ့တုန်းက အောင်အောင်မြင်မြင် ပြုလုပ်နိုင်ခဲ့တဲ့အပေါ် မြောက်ကိုရီးယား ခေါင်းဆောင် Kim Jong Un က ဂုဏ်ယူပြောဆိုလိုက်ပါတယ်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲကို တရားမဝင် ရောက်လာခဲ့ကြတဲ့ မြန်မာနိုင်ငံသားတွေကို ပြန်ပြီးခေါ်ယူဖို့ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိခ်ဟာစီနာက မြန်မာအာဏာပိုင်တွေကို ထပ်ပြီး တိုက်တွန်းလိုက်ပါတယ်။
ထိုင်းနိုင်ငံမှာ မကြာခင်က အသစ်ထုတ်ပြန်ထားတဲ့ အလုပ်သမားဆိုင်ရာ ဥပဒေ စည်းကမ်းချက် တွေကြောင့် ဖမ်းဆီး အရေးယူ ခံရမယ့်အရေး စိုးရိမ်ပူပန်ပြီး သောင်းနဲ့ချီတဲ့ ရွှေ့ပြောင်းလုပ်သားတွေ ဌာနေပြန်နေကြပါတယ်။
ဇူလိုင်လ ၄ ရက် တနင်္လာနေ့ဟာ အမေရိကန် ပြည်ထောင်စုရဲ့၂၄၁ နှစ်မြောက် လွတ်လပ်ရေးနေ့ ဖြစ်တာနဲ့ အညီ တနိုင်ငံလုံးမှာ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားတွေ၊ ပျော်ပွဲရွှင်ပွဲတွေ ကျင်းပကြပါတယ်။
မြောက်ကိုရီးယားက အင်္ဂါနေ့မှာ ဒုံးကျည် စမ်းသပ်ပစ်လွှတ်ခဲ့တဲ့ အပေါ် ဗုဒ္ဓဟူးနေ့မှာတော့ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ အရေးပေါ် တံခါးပိတ် အစည်းအဝေးတခု ကျင်းပနိုင်ခြေ ရှိပါတယ်။ ဒီအစည်းအဝေး ကျင်းပဖို့ အမေရိကန်က တင်ပြထားတာပါ။
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Filipo Grandi ဟာ ဒီကနေ့မှာ နေပြည်တော်မှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပြင် ပြည်ထောင်စု အစိုးရအဖွဲ့ ဝန်ကြီး တချို့နဲ့ပါ တွေ့ဆုံဖို့ရှိပါတယ်။
သတင်းထောက် သုံးဦးဟာ ရှမ်းပြည်နယ် မြောက်ပိုင်း၊ တအာင်း ပလောင် လွတ်မြောက်ရေးတပ်ဖွဲ့ TNLA စခန်းကို သွားခဲ့တာမှာ နမ့်ဆန်းက စစ်တပ် စစ်ဆေးရေးဂိတ်မှာ ခွင့်ပြုချက် ယူပြီး သွားခဲ့တာ ဖြစ်တယ်လို့ DVB သတင်းဌာန အကြီးအကဲ ဦးအေးချမ်းနိုင်က ဗွီအိုအေကိုပြောပါတယ်။
တိုက်ချင်းပစ် ပဲ့ထိန်းတပ်ဒုံးတစင်းကို အောင်အောင်မြင်မြင် စမ်းသပ်ပစ်လွှတ်နိုင် ခဲ့ကြောင်း မြောက်ကိုရီးယားက ဒီကနေ့ပဲ ကြေညာလိုက်ပါတယ်။ အမေရိကန် ပြည်ထောင်စု အတွင်းပိုင်းအထိ ရောက်နိုင်တဲ့ နျူကလီးယားထိပ်ဖူးတပ် တာဝေးပစ်ဒုံးလက်နက် နည်းပညာကို ပိုင်ဆိုင်နိုင်ဖို့ အချိန်အတော်ကြာကတည်းက ကြိုးပမ်းနေတဲ့ မြောက်ကိုရီးယားရဲ့ ဒီကနေ့ ရုပ်မြင်သံကြား ကြေညာချက်မှာတော့ စမ်းသပ်ပစ်လွှတ်လိုက်တဲ့ မစ်ဇိုင်းဒုံးဟာ ကီလိုမီတာ ၂၈၀၀ အမြင့်အထိ ရောက်ရှိခဲ့ပြီး၊ ၃၉ မိနစ်ကြာ ပျံသန်းခဲ့ကြောင်း ပြောဆိုခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စုရဲ့ ဇူလိုင်လ ၄ ရက်ဒီကနေ့မှာ ကျရောက်တဲ့ လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ကို နိုင်ငံတဝှမ်း မြို့ကြီးတွေမှာ ဆင်နွှဲဖို့ ပြင်ဆင်နေချိန်မှာ လွတ်လပ်ရေး ဆင်နွဲှမှုတွေ ဘေးအန္တရာယ် ကင်းရှင်းစေရေးအတွက် ဒေသခံ ရဲတပ်ဖွဲ့တွေနဲ့ ပြည်ထောင်စုအစိုးရ အရာရှိတွေက အတူတကွ ညှိုနှိုင်းလုပ်ဆောင်လျှက်ရှိပါတယ်။
သမ္မတ Donald Trump ဟာ အခုသီတင်းပတ်နှောင်းပိုင်း ဂျာမနီနိုင်ငံ၊ Hamburg မြို့မှာ ကျင်းပဖို့ရှိတဲ့ G 20 ကမ္ဘာ့စီးပွားအင်အားအကြီးဆုံး နိုင်ငံ ၂၀ ရဲ့ ထိပ်သီး စည်းဝေးပွဲမတိုင်ခင် ဂျာမန်ဝန်ကြီးချုပ် Angela Merkel နဲ့ တွေ့ဆုံလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရောက်နေတဲ့ မြန်မာနိုင်ငံသားတွေ ပြန်ပို့ရေးဟာ အရေးကြီးတယ်ဆိုတာကို လက်ခံကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ ရောက်နေတဲ့ မြန်မာအမျိုးသား လုံခြုံရေး အကြံပေး ဦးသောင်းထွန်းက သဘောတူခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်ကလာတဲ့ သတင်းတွေမှာ ဖော်ပြထားပါတယ်။
ထိုင်းနိုင်ငံထဲက သောင်းနဲ့ချီတဲ့ မြန်မာနိုင်ငံသားတွေ မြန်မာနိုင်ငံဘက်ကို ပြန်နေကြပြီး ပြီးခဲ့တဲ့ သတင်းပတ်အတွင်း မြန်မာနိုင်ငံသား အလုပ်သမား ခြောက်သောင်းလောက်ပြန်သွားတဲ့အကြောင်း ထိုင်းလူဝင်မှုကြီးကြပ်ရေး တာဝန်ရှိသူတွေက တနင်္လာနေ့မှာပြောပါတယ်။
အမေရိကန် သမ္မတ Donald Trump က တရုတ် သမ္မတ Xi Jinping နဲ့ ဂျပန် ဝန်ကြီးချုပ် Shinzo Abe တို့နဲ့ သီးခြားစီ တယ်လီဖုန်း ဆက်သွယ် ဆွေးနွေးတာမှာတော့ မြောက်ကိုရီးယားရဲ့ နျူးကလီးယား အစီ
နောက်ထပ်ကြည့်ရှုရန်