ဆီးရီးယားနိုင်ငံမြို့တော်မှာ အသေခံ ကားဗုံးခွဲတိုက်ခိုက်မှုကြောင့် လူ ၁၈ ဦးထက်မနည်းသေဆုံးပြီး တဒါဇင်လောက်ဒဏ်ရာရသွားပါတယ်။ ထိုင်းစစ်အစိုးရရဲ့ အလုပ်သမားဥပဒေသစ်ကြောင့် ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း မြန်မာနိုင်ငံသားတွေ သောင်းနဲ့ချီ နေရပ်ပြန်ခဲ့ကြပါတယ်။… စသည်
ဘရာဇီလ်း အာဏာပိုင်တွေကို နှစ်ပေါင်း ၃၀ ကြာ ရှောင်တိမ်းခဲ့တဲ့ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ မူးယစ်ရာဇာ တဦးကို ဖမ်းဆီးရမိပြီလို့ ဘရာဇီလ်းရဲက ပြောဆိုပါတယ်။
ဟောင်ကောင်ကျွန်း အုပ်ချုပ်ရေးမှူးသစ်ရဲ့ ဒီကနေ့ ကျမ်းသစ္စာကျိန်ဆိုပွဲ အခန်းအနားကို တက်ရောက်ခဲ့တဲ့ တရုတ်သမ္မတ Xi Jinping က တရုတ်နိုင်ငံရဲ့ သြဇာအာဏာကို စိန်ခေါ်ဖို့ မကြိုးစားကြဖို့ ဟောင်ကောင်လူထုကို သတိပေးလိုက်ပါတယ်။ ဗြိတိသျှအုပ်ချုပ်မှုအောက်ကနေ တရုတ်နိုင်ငံကို ပြန်လည်လွဲှပြောင်းပေးခဲ့တဲ့ အနှစ် ၂၀ ပြည့် အထိမ်းအမှတ်အဖြစ် မိန့်ခွန်းပြောရာမှာ တရုတ်သမ္မတက ပြောဆိုလိုက်တာပါ။
ကုလသမဂ္ဂအဖွဲ့က နှစ်စဉ် ငြိမ်းချမ်းရေးထိန်းသိမ်းမှုလုပ်ငန်းအတွက် အသုံးပြုတဲ့ ဘတ်ဂျက်ငွေ ဒေါ်လာ ၈ ဘီလီယံ ထဲကနေ ဒေါ်လာသန်း ၆၀၀ ကိုဖြတ်တောက်ဖို့ ကုလသမဂ္ဂအထွေထွေညီလာခံက သောကြာနေ့မှာ မဲခွဲဆုံးဖြတ်ခဲ့ကြပါတယ်။
အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာရှိတဲ့ Bronx Lebanon ဆေးရုံမှာ မနေ့ သောကြာနေ့က သေနတ်ပစ်ခတ်မှုဖြစ်ခဲ့တာကြောင့် ဆရာဝန်တဦးသေဆုံးခဲ့ပြီး လူ ၆ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ ေ
ဗြိတိသျှအုပ်ချုပ်မှုအောက်ကနေ တရုတ်နိုင်ငံကို ပြန်လည်လွဲှပြောင်းပေးခဲ့တဲ့ အနှစ် ၂၀ ပြည့် အထိမ်းအမှတ်အဖြစ် ဟောင်ကောင်ကျွန်းမှာ ရောက်ရှိနေတဲ့ တရုတ်သမ္မတ Xi Jinping ရဲ့ ရှေ့မှောက်၊ အုပ်ချုပ်ရေးမှူးသစ် Carrie Lam ဒီကနေ့ ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပါတယ်။
တောင်တရုတ်ပင်လယ်ပြင်အတွင်း၊ ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ Paracel ကျွန်းစုတွေအနီးမှာ ဗီယက်နမ် ငါးဖမ်းသင်္ဘောကို တရုတ်ရေတပ် သင်္ဘောတွေက တိုက်ခိုက်လိုက်ကြောင်း ဗီယက်နမ်သတင်းမီဒီယာတွေမှာ ကြာသပတေးနေ့က ဖော်ပြထားပါတယ်။
မြောက်ကိုးရီးယားအပေါ်ထားတဲ့ အမေရိကန်နိုင်ငံရဲ့ စိတ်ရှည်သည်းခံမှု ကုန်ဆုံးသွားပြီလို့ အမေရိကန်သမ္မတ Donald Trump တောင်ကိုးရီးယားသမ္မတနဲ့ အိမ်ဖြူတော်မှာ တွေ့ဆုံချိန်မှာ ပြောကြားလိုက်ပါတယ်။
ထိုင်းနိုင်ငံအတွင်းက အလုပ်ရှင်တွေနဲ့ ရွေ့ပြောင်းအလုပ်သမားတွေအပေါ် ဆိုးကျိုးသက်ရောက်မှုတွေ လျော့နည်းအောင် လုပ်ဆောင်တဲ့ အနေနဲ့ ရွှေ့ပြောင်းအလုပ်သမားများဆိုင်ရာ ဥပဒေသစ် ပြဌာန်းဖို့ ရက် ၁၂၀ နောက်ဆုတ်လိုက်ကြောင်း ထိုင်း ဒုတိယဝန်ကြီးချုပ် Wissanu Krea-ngam က သောကြာနေ့မှာ ပြောပါတယ်။
အမေရိကန်က တိုင်ဝမ်ကို ဒေါ်လာ ၁.၄ ဘီလီယံဖိုး လက်နက်ခဲယမ်းတွေ ရောင်းမယ့်ကိစ္စ အပေါ် မကျေနပ်တဲ့အကြောင်းနဲ့ ဒီလုပ်ရပ်ဟာ မှားယွင်းတယ်လို့ ခေါ်ဆိုပြီး အရောင်းအဝယ်ကိစ္စ ပြန်ရုပ်သိမ်းဖို့ တရုတ်က လိုလားပါတယ်။
အမေရိကန် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ဥပဒေမူကြမ်းနှစ်ရပ်ကို အမေရိကန်အောက်လွှတ်တော်က ကြာသပတေးနေ့မှာ အတည် ပြု ပြဌာန်းလိုက်ပါတယ်။
အီရတ် တပ်ဖွဲ့တွေဟာ Mosulမြို့အတွင်းက ဖျက်ဆီးခံထားရတဲ့ သမိုင်းဝင် ဗလီကျောင်းကြီးကို ပြန်လည် သိမ်းပိုက် လိုက်ပါတယ်။ Mosulမြို့ဟာ လွန်ခဲ့တဲ့ သုံးနှစ်က IS အစ္စလာမ်မစ်စစ်သွေးကြွတွေ သိမ်းပိုက်တာ ခံခဲ့ရပြီး၊ IS တွေဟာ သူတို့သဘောနဲ့ သူတို့ ကာလီဖိတ်လို့ ခေါ်တဲ့ ဘာသာရေး နိုင်ငံတော်အဖြစ် ကြေညာခဲ့ကြတာပါ။
မြောက်ကိုရီးယား Nuclear လက်နက်ထုတ်နိုင်အောင် ငွေကြေးခဝါချ တယ် ဆိုတဲ့ စွပ်စွဲချက်နဲ့တရုတ်ဘဏ်တခုကို အမေရိကန်ပြည်ထောင်စုက ဇွန်လ၂၉ရက် မနေ့ကပဲ နာမည်ပျက်စာရင်းသွင်းခဲ့ပါ တယ်။
တောင်ကိုရီးယားသမ္မတသစ် Moon Jae-in ဟာ အမေရိကန်သမ္မတဒေါ်နလ်ထရမ့်နဲ့ ပထမဆုံးအကြိမ်အဖြစ် အိမ်ဖြူ တော်မှာ ဇွန်လ၂၉ရက် မနေ့က တွေ့ဆုံခဲ့ကြပါတယ်။ သမ္မတထရမ့်နဲ့သမ္မတကတော်Melania Trump တို့ဟာ တောင်ကိုရီးယားသမ္မတမွန်းဂျေးအင်နဲ့သမ္မတကတော်တို့ကို အိမ်ဖြူတော်မှာ နိုင်ငံတော်ညစာစားပွဲနဲ့ တည်ခင်း ဧည့်ခံခဲ့ကြပါတယ်။
မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်ကိုထွက်ပြေးလာတဲ့ ဒုက္ခသည်တွေကို မြန်မာပြည်ပြန်ပို့ရေးကိစ္စအပါအဝင် နှစ်နိုင်ငံ အကြား ဖြေရှင်းရခက်ခဲနေတဲ့ကိစ္စရပ်တွေအပေါ် အမြင်ခြင်း ဖလှယ်ကြဖို့ မြန်မာနိုင်ငံ အမျိုးသားလုံခြုံရေးအကြံပေး ဦးသောင်းထွန်းဘင်္ဂလားဒေ့ချ် နိုင်ငံကို နောက်သတင်းပတ်ထဲမှာ ရောက်လာဖို့ရှိတယ်လို့ ဘင်္ဂလားဒေ့ချ်ကလာတဲ့ သတင်းတွေမှာဖေါ်ပြထားပါတယ်။
ဗာတီကန် ကက်သလစ် ခရစ်ယာန် ကျောင်းတော်က အဆင့်မြင့် တာဝန်ရှိသူတဦးကို လိင်မှုဆိုင်ရာ ရာဇဝတ်မှု နောက်ကြောင်းနဲ့ သြစတြေးလျ ရဲတပ်ဖွဲ့က တရားစွဲဆိုလိုက်ပါတယ်
ဗြိတိသျှ ကိုလိုနီလက်အောက်ကနေ တရုတ်နိုင်ငံ အုပ်ချုပ်မှုအောက် ပြန်လည်လွဲှပြောင်းပေးခဲ့တဲ့ အနှစ် ၂၀ ပြည့် အထိမ်းအမှတ်အဖြစ် တရုတ်သမ္မတ Xi Jinping ဟောင်ကောင်ကို ၃ ရက်ကြာ ခရီးစဉ် ဒီကနေ့ စတင်လိုက်ပါတယ်။
ဆိုက်ဘာ တိုက်ခိုက်မှုကြောင့် ဗြိတိန်က ဆေးရုံတွေမှာ ခွဲစိတ် ကုသမှုတွေ ဖျက်သိမ်းခဲ့ရပြီး အရေးပေါ် လူနာတင်ကားတွေကို ဆေးရုံအဖြစ် အသုံးပြုခဲ့ရပါတယ်။
နောက်ထပ်ကြည့်ရှုရန်