ကာတာနိုင်ငံနဲ့ ပင်လယ်ကွေ့ အိမ်နီးချင်းနိုင်ငံတွေကြား အရှိန်မြင့်လာနေတဲ့ ထိပ်တိုက်ဖြစ်မှု အဆုံးသတ်ရေး ကြားဝင်စေ့စပ်ပေးဖို့ ကြိုးစားတဲ့အနေနဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Rex Tillerson ဟာ ကာတာနဲ့ ကူဝိတ်နိုင်ငံတွေက ထိပ်တန်းတာဝန်ရှိသူတွေ နဲ့ အင်္ဂါနေ့ကတွေ့ဆုံပါတယ်။
ကမ္ဘာတဝှမ်း ဆိုက်ဘာအင်တာနက် တိုက်ခိုက်မှုတွေ ဒီရက်ပိုင်းကြုံနေရတာမှာ အိန္ဒိယနိုင်ငံက အကြီးဆုံး ကုန်တင်ဆိပ်ကမ်းတခုမှာလည်း ဒီကနေ့ တိုက်ခိုက်ခံရပါတယ်။ အစိုးရဌာနချုပ်ရုံးတွေနဲ့ စီးပွားရေးလုပ်ငန်းတွေမှာလည်း ကွန်ပျူတာစနစ်ကိုသုံးပြီး ငွေညှစ်တောင်းယူတဲ့ ransomware code သုံးပြီး တိုက်ခိုက်တာတွေ ခံရပါတယ်။
မြောက်ကိုရီးယား နိုင်ငံကို ပိုပြီးတင်းကျပ်တဲ့ စီးပွားရေး ပိတ်ဆို့မှုတွေ ချမှတ်တာဟာ ထိရောက်မှုရှိပြီး ခေါင်းဆောင် ကင်ဂျုံအွန်းရဲ့ အုပ်ချုပ်မှုဟာ အချိန်ကြာလာတာနဲ့ အမျှ မတည်မငြိမ် ဖြစ်လာနိုင်တယ်လို့ မြောက်ကိုရီးယား ကနေ ဘက်ပြောင်း ခိုလှုံလာသူ အဆင့်မြင့်အရာရှိ က ဗွီအိုအေ ကိုရီးယားဌာနကို ပြောလိုက်ပါတယ်။
လူကုန်ကူးမှု၊ အဓမ္မအလုပ်ခိုင်းစေမှု လုပ်ငန်းတွေ ကမ္ဘာမှာ အဆိုးဆုံး လုပ်နေတဲ့ နိုင်ငံတွေထဲမှာ တရုတ်နိုင်ငံဟာ အီရန်၊ မြောက်ကိုရီးယားနဲ့ ဆီးရီးယား နိုင်ငံတွေနဲ့ အတူရှိနေတယ်လို့အမေရိကန်ပြည်ထောင်စုက ဇွန်လ၂၇ ရက် အင်္ဂါနေ့က ကြေညာ လိုက်ပါတယ်။
သတင်းထောက် ၃ ဦးကို မတရားအသင်း အဖွဲ့များနဲ့ ဆက်သွယ်မှု ပုဒ်မနဲ့ စွဲချက်တင်ဖို့ စီစဉ်နေကြောင်း အစိုးရနဲ့ တပ်မတော် အရာရှိတွေရဲ့ အင်္ဂါနေ့က ပြောဆိုချက်ကို ကိုးကားပြီး ရိုက်တာသတင်းဌာနမှာ ဖော်ပြထားပါတယ်။
ဒီကနေ့ ထုတ်ပြန်လိုက်တဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ၂၀၁၇ ခုနှစ် နိုင်ငံတကာ လူကုန်ကူးမှုဆိုင်ရာ အစီရင်ခံစာမှာ မြန်မာနိုင်ငံကို အရင်က လူကုန်ကူးမှု တိုက်ဖျက်ရေးမှာ လုံး၀ ပူးပေါင်း ဆောင်ရွက်မှု မရှိတဲ့ အဆိုးရွားဆုံးနိုင်ငံအဆင့် Tier 3 ကနေ စောင့်ကြည့်ခံနိုင်ငံ အဆင့် Tier 2 ကို တိုးမြင့်သတ်မှတ်ပေး လိုက်ပါတယ်။
Google ကုမ္ပဏီဟာ သူ့ရဲ့ အွန်လိုင်း အရောင်းအဝယ်လုပ်ငန်းအတွက် ရှာဖွေရလာဒ်ကို မျှတမှုမရှိဘဲ အသာရအောင် လုပ်တယ် ဆိုပြီး ဥရောပသမဂ္ဂ EU ရဲ့ လက်ဝါးကြီးအုပ်မှု ထိန်းချုပ်ရေးဆိုင်ရာ တာဝန်ရှိသူတွေက ဒီကနေ့ ဒဏ်ငွေ အမေရိကန်ဒေါ်လာ ၂.၇ ဘီလီယံ ချမှတ်လိုက်ပါတယ်။
ဆီးရီးယားနိုင်ငံမြောက်ပိုင်းမှာ ဧပြီလကတိုက်ခိုက်မှုနဲ့ အလားသဏ္ဍာန်တူတဲ့ ဓာတုလက်နက်သုံး တိုက်ခိုက်မှုတခုလုပ်ဖို့ ဆီးရီးယားအစိုးရက ပြင်ဆင်နေပုံရတာကို သိရှိထားတယ်လို့ အမေရိကန်ပြည်ထောင်စုက ပြောလိုက်ပါတယ်။ ဧပြီလ တိုက်ခိုက် မှုဖြစ်ပြီးချိန်မှာ အမေရိကန်က လက်တုန့်ပြန် တိုက်ခိုက်ခဲ့တာပါ။
တရုတ်နိုင်ငံဟာ ကမ္ဘာပေါ်မှာ လူမှောင်ခိုကူးမှုနဲ့ အဓမ္မခိုင်းစေမှုတွေ အဆိုးရွားဆုံး ကျူးလွန်နေတဲ့ နိုင်ငံအဖြစ် အမေရိကန် အစိုးရက သတ်မှတ်ဖို့ ရှိနေပါတယ်။ ဒါဟာ အမေရိကန်ပြည်ထောင်စုက အစဉ်တစိုက် ပြစ်တင် ရှုတ်ချလေ့ရှိတဲ့ အီရန်၊ မြောက်ကိုရီးယားနဲ့ ဆီးရီးယား စတဲ့ နိုင်ငံတွေနဲ့ တန်းတူ အခွင့်အရေး ချိုးဖောက်တဲ့ တိုင်းပြည်တခုအဖြစ် တရုတ်နိုင်ငံကိုလည်း သတ်မှတ်လိုက်တာ ဖြစ်ပါတယ်။
တရုတ်နိုင်ငံက အဖမ်းအဆီးခံ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် Liu Xiaobo ဟာ ကျန်းမာရေးအခြေအနေအရ ထောင်ကနေ ပြန်လွှတ်လာပါတယ်။
အစ္စလာမ်ဘာသာတို့ရဲ့ ရမ်မန်ဒန် ဦးပုဒ်လရာသီကုန်ဆုံးတဲ့ ဒီကနေ့ တနင်္လာနေ့မှာ ကမ္ဘာတဝှမ်းမှာရှိကြတဲ့ အစ္စလာမန်ဘာသာဝင်တို့ Eid al-Fitr လို့ခေါ်တဲ့ အစ်ပွဲတော်တွေ ကျင်းပ ကြပါတယ်။
ကိုလံဘီယာနိုင်ငံ Medellin မြို့အနီးက ခရီးသွားဧည့်သည်တွေ အလာများတဲ့ Penol-Guatape ရေလှောင်ကန် ကြီးထဲမှာ ခရီးသည် ၁၇၀ လိုက်ပါလာတဲ့ အထပ်လေးထပ်ပါ ကူးတို့သင်္ဘော တနင်္ဂနွေနေ့တုန်းက နစ်မြုပ်ခဲ့တာကြောင့် လူ ၆ ယောက် သေဆုံးပြီး ၃၁ ယောက် ပျောက်ဆုံး နေဆဲပဲလို့ ကိုလံဘီယာ အစိုးရအရာရှိတွေက ပြောပါတယ်။
အမေရိကန်ဦးဆောင်တဲ့ ညွန့်ပေါင်းတပ်ဖွဲ့တွေရဲ့ လက်ထောက် ကွပ်ကဲရေးမှူးက IS စစ်သွေးကြွတွေ ထိန်းချုပ်ထားတဲ့ အီရတ်နိုင်ငံ မိုဆူးလ်မြို့ကို အပြီးသတ်ပြန်လည်သိမ်းပိုက်နိုင်ဖို့ အတော်လေး နီးစပ်နေပြီလို့ ဒီကနေ့ တနလာၤနေ့မှာ ပြောကြားလိုက်ပါတယ်။
ကွဲပြားခြားနားမှုရှိတဲ့ နိုင်ငံရေးဆောင်ပုဒ် တွေ ဖြစ်တဲ့ Made in India နဲ့ America First တွေကို ကြွေးကြော် နေကြတဲ့ ခေါင်းဆောင် ၂ ဦး တနင်္လာနေ့ အမေရိကန်သမ္မတ အိမ်ဖြူတော်မှာ တွေ့ဆုံကြမှာ ဖြစ်ပါတယ်။
Qatar မှာ ရှိနေတဲ့ တူရကီတပ်တွေကို ဖယ်ရှားပေးဖို့ အာရပ်နိုင်ငံကြီးတွေက တောင်းဆိုနေမှုကို တူရကီသမ္မတ Recep Tayyip Erdogan က တနင်္ဂနွေနေ့မှာ ပယ်ချလိုက်ပါတယ်။
တောင်ကိုရီးယားဝန်ကြီးချုပ် က မြောက်ကိုရီးယားရဲ့ နျူးကလီးယားနဲ့ ပဲ့ထိန်းတပ်ဒုံးကျည် စမ်းသပ်ပစ်လွှတ်နေတဲ့အစီအစဉ်ကို ရပ်ဆိုင်းဖို့ ဒီကနေ့တောင်းဆိုလိုက်ပါတယ်။ ဒါ့အပြင် အထိန်းသိမ်းခံ တောင်ကိုရီးယားနဲ့ အမေရိကန်တွေကို ပြန်လွှတ်ပေးဖို့လည်း တောင်းဆိုပါတယ်။
Yemenနိုင်ငံမှာ ဝမ်းရောဂါဖြစ်ပွားနေတယ်လို့ သံသယရှိတဲ့သူူအရေအတွက်ဟာ အခုတပတ်အတွင်း ၂ သိန်းကျော်သွားခဲ့ပြီလို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ လက်ထောက်အတွင်းရေးမှူးချုပ် Stephen O’Brien က ပြောပါတယ်။
ဗြိတိန် ပါလီမန် အီးမေလ်း အသုံးပြုသူတွေရဲ့ အကောင့်တွေကို မနေ့ စနေနေ့က ဆိုက်ဘာ တိုက်ခိုက်ခံရမှုနဲ့ ပတ်သက်ပြီး စုံးစမ်းစစ်ဆေးနေပါတယ်။ အားနည်းချက်ရှိတဲ့ အီးမေလ်း Passwrod တွေကို ဖော်ထုတ်ဖို့ ပစ်မှတ်ထား တိုက်ခိုက်ပုံ ရတယ်လို့ ပါလီမန် တာဝန်ရှိသူတွေက ပြောပါတယ်။
"ကျနော်တို့ ပါတီအဖွဲ့ဝင်တွေဟာ အစိုးရအဖွဲ့ဝင်သော်လည်းကောင်း၊ ပါတီအဖွဲ့ဝင်တွေသော်လည်းကောင်း ပြောမယ်ဆိုရင် ကြိုက်သလိုဝေဖန်၊ကြိုက်သလိုပြောနိုင်တယ် စာနဲ့ပဲ ပေးပေး ပါးစပ်နဲ့ပဲပြောပြောရတယ်။ သို့သော် အဲလိုမှ မဟုတ်ပဲနဲ့ ကိုယ့်အတွင်းရေးကို အပြင်ကို မီဒီယာတွေကိုပြောတာတွေ၊ Facebook တင်တာတွေက ခုနက ကျနော်တို့ထားတဲ့ ပါတီရဲ့ ကျင့်သုံးနေတဲ့ အမူအကျင့်နဲ့ မကိုက်တဲ့အတွက်ကြောင့် အဲဒါတွေကို မလုပ်ရဘူးလို့ တားမြစ်တာပါ။”
နောက်ထပ်ကြည့်ရှုရန်