ပါကစ္စတန်နိုင်ငံမှာ ဒီကနေ့ တနင်္ဂနွေနေ့ ရေနံတင်ကား တိမ်းမှောက်ပြီး မီးလောင်ခဲ့တာကြောင့် အနည်းဆုံး လူပေါင်း ၁၄၀ သေဆုံးခဲ့ရပါတယ်။ရေနံတင်ကား တိမ်းမှောက်ရာက ပေါက်ထွက်လာတဲ့ ရေနံတွေကို ခပ်ယူဖို့ စုစည်းရောက်ရှိလာကြသူတွေ မီးသင့်လောင်ကျွမ်းခဲ့တာ ဖြစ်ပါတယ်။ အနည်းဆုံး လူ ၈၀ လောက်လည်း ဒဏ်ရာရခဲ့တယ်လို့ အာဏာပိုင်တို့က ပြောပါတယ်။
ဆော်ဒီအာရေဗီးယားနိုင်ငံ မက္ကာမြို့က အကြီးဆုံး ဗလီကျောင်းကြီးကို အကြမ်းဖက် တိုက်ခိုက်ဖို့ ကြံစည်မှုကို ကြိုတင်ဟန့်တားနိုင်ခဲ့ပြီး၊ တိုက်ခိုက်ဖို့ ကြံစည်သူကိုလည်း နေအိမ်မှာ စီးနင်းဖမ်းဆီးချိန်မှာ အသေဖမ်းဆီးမိကြောင်း ရဲတပ်ဖွဲ့က ပြောဆိုလိုက်ပါတယ်။
အမေရိကန်အနောက်တောင်ဘက်ခြမ်းမှာ ပြင်းထန်တဲ့ အပူလှိုင်းတွေဆက်လက်ဖြစ်ပေါ်နေတဲ့အတွက် လူ ၆ ဦးထက်မနည်း သေဆုံးခဲ့ရပြီး California၊ Palm Springs၊ Arizona နဲ့ Tucson မြို့တွေအပါအဝင် အမေရိကန် အနောက်တောင်ဘက်ခြမ်း နေရာဒေသ အတော်များများမှာ ဒီသီတင်းပတ်အစောပိုင်းက အပူချိန် ၄၅ ဒီဂရီ Celsius နဲ့ အထက်ရှိတာကြောင့် Phoenix မြို့မှာ လေယာဉ်တွေဆင်းသက်ခဲ့ရပါတယ်။
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ဒေသမှာ မြေပြိုကျရာက မြေအောက်မှာ နစ်မြုပ်သွားသူ လူပေါင်း ၁၀၀ ကျော်လောက် ရှိလိမ့်မယ်လို့ အာဏာပိုင်တွေက ပြောပြီး ကြီးမားတဲ့ သဘာဝဘေးအန္တရာယ်အတွက် အရေးပေါ် ကယ်ဆယ်ရေး လုပ်ငန်းတွေ စတင်နေပြီဖြစ်ကြောင်းလည်း ဒေသခံ အစိုးရက ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်
အီရတ်နဲ့ မြန်မာနိုင်ငံကို ဒီလိုကလေးစစ်သား အသုံးပြုတဲ့စာရင်းက ဖယ်ရှားတော့မယ်ဆိုတာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Rex Tillersonက ပြောကြားလိုက်ပါတယ်။
အာရှဒေသတလွှားမှာ ငါးလုပ်ငန်းရဲ့ နောက်ကွယ်မှာ လူမှောင်ခိုကူးတဲ့ ရာဇဝတ်မှုက ကြီးစိုးနေတာမို့ အင်ဒိုနီးရှားနိုင်ငံမှာ သမ္မတ Joko Widodo က ဒီငါးလုပ်ငန်းအတွက် လုံခြုံစိတ်ချရအောင် ကြိုးစားလုပ်ဆောင်နေပါတယ်။
အီလက်ထရောနစ်စနစ်နဲ့ စောင့်ကြည့်တာတွေ၊ ကြားဖြတ်ထောက်လှမ်းမှုတွေ၊ တရားမဝင်နည်းလမ်းနဲ့ သတင်းပေါက်ကြားတာတွေလို မကြာသေးခင်တုန်းက သတင်းမျိုးစုံ ထွက်ပေါ်နေချိန်မှာ၊ ညွှန်ကြားရေး မှူးဟောင်းနဲ့ ပြောဆိုခဲ့တာတွေနဲ့ ပတ်သက်လို့ မှတ်တမ်းတွေ၊ တိတ်ခွေတွေ ရှိမရှိဆိုတာ မသိပေမဲ့၊ သူကိုယ်တိုင်ကတော့ ဒီလိုမှတ်တမ်းတင်ထားတာမျိုး မရှိတဲ့အကြောင်း Twitter အင်တာနက် လူမှုကွန်ယက်မှာ သမ္မတ Trump က ပြောဆိုခဲ့တာပါ။
ဗွီအိုအေ မြန်မာပိုင်း သတင်းဌာနရဲ့ အသံလွှင့်သက်တမ်း ၇၅ နှစ်ပြည့်အထိမ်းအမှတ်ပွဲ ကို မြန်မာနိုင်ငံ ရန်ကုန်မြို့မှာလည်း ဆင်နွှဲခဲ့ပါတယ်။
ဥရောပသမဂ္ဂကနေ ဗြိတိန်နိုင်ငံ ခွဲထွက်ဖို့ ဆုံးဖြတ်ခဲ့တဲ့ နောက်မှာ ဥရောပအနေနဲ့ ဗြိတိန်နဲ့ လက်တွေ့ကျတဲ့ ဆက်ဆံရေး တရပ် ထူထောင် ဖို့ လိုအပ်နေပြီလို့ ဥရောပသမဂ္ဂ အကြီးအကဲက ပြောကြားခဲ့ပေမယ့် အနာဂတ်မှာ ပူးပေါင်းဆောင်ရွက်ဖို့ တော့ တိုက်တွန်းခဲ့ပါတယ်။
အိုင်အက်စ် စစ်သွေးကြွတွေကို ထောက်ခံ ပံ့ပိုးနေသူ တွေက မလေးရှားနဲ့ စင်္ကာပူနိုင်ငံတွေကို သူတို့ရဲ့ အရှေ့အာရှ နယ်မြေ အဖြစ် သတ်မှတ်ဖေါ်ပြကြကြောင်း အာရှဒေသက လာတဲ့ သတင်းတွေမှာ ဖေါ်ပြကြပါတယ်။
အမေရိကန်ပြည်ထောင်စုထဲကို လာရောက်ဖို့ အလည်အပတ်ဗီဇာ လျှောက်ထားသူတွေဟာ ခွင့်ပြုချက်ရဖို့ စောင့်ရချိန် ပိုကြာသွားနိုင်ပါတယ်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Rex Tillerson တို့ အင်္ဂါနေ့က တယ်လီဖုန်းနဲ့ဆက်သွယ် ပြောကြားခဲ့ကြပါတယ်။အခုလို ဆက်သွယ်ပြောကြားတဲ့အခါမှာ အရှေ့တောင်အာရှဒေသ အပေါ် အမေရိကန်ရဲ့ ဆက်လက်ထားရှိတဲ့ ကတိကဝတ်တွေ အကြောင်း အလေးပေး ပြောကြားခဲ့တာဖြစ်ပါတယ်။
အာဖဂနစ္စတန်နိုင်ငံတောင်ပိုင်း Helmand ပြည်နယ်မှာ ပြင်းထန်တဲ့ အသေခံကားဗုံးခွဲ တိုက်ခိုက်မှုကြောင့် လူ ၂၉ ဦးထက်မနည်း သေဆုံးပြီး၊ ၆၀ ကျော် ဒဏ်ရာရရှိသွားပါတယ်။ ပြည်နယ်မြို့တော် Lashkargah မြို့က New Kabul ဘဏ်ရှေ့မှာ စစ်သားတွေနဲ့ အစိုးရဝန်ထမ်းတွေ လစာထုတ်ဖို့ စောင့်ဆိုင်းနေတုန်းမှာပဲ ပေါက်ကွဲမှုဖြစ်ပွားခဲ့တာလို့လည်း ကိုယ်တိုင်တွေ့သူတွေက ပြောပါတယ်။
ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့က ဘူတာရုံ ဗုံးခွဲတိုက်ခိုက်မှုအပေါ် စုံစမ်းစစ်ဆေးမှုနဲ့ ဆက်နွယ်ပြီး ရဲတပ်ဖွဲ့က လူ ၄ ဦးကို ဖမ်းဆီးလိုက်ကြောင်း အာဏာပိုင်တွေက ဒီကနေ့ပဲ ပြောဆိုလိုက်ပါတယ်။
ဗွီအိုအေ အမေရိကန်အသံရဲ့ ၇၅ နှစ်မြောက် နှစ်ပတ်လည်အထိမ်းအမှတ် အခမ်းအနားကို ဒီကနေ့ညနေ ၆ နာရီကနေ ၉ နာရီထိ ရန်ကုန်မြို့ နတ်မောက်လမ်းက White Rice စားသောက်ဆိုင်မှာ ကျင်းပနေပါတယ်။
ရုရှား ဒုတိယ နိုင်ငံခြားရေးဝန်ကြီး Sergei Raybkov နဲ့ အမေရိကန် ဒုတိယ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Thomas Shannon တို့ တွေ့ဆုံပြောဆိုကြမယ့် အစီအစဉ်ကို ဖျက်သိမ်းလိုက်တယ်လို့ ရုရှား အရာရှိတွေဘက်က တုံ့ပြန် လိုက်ပါတယ်။
The Voice နေ့စဉ်သတင်းစာရဲ့ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေကို ပြန်လွှတ်ပေးဖို့ ပြင်သစ်အခြေစိုက် နယ်စည်းမခြား သတင်းထောက်များအဖွဲ့ RSF က မနေ့ကပဲ တောင်းဆိုလိုက်ပါတယ်။
အီရတ်နိုင်ငံ၊ Mosul မြို့ကို IS အစ္စလာမ်မစ် စစ်သွေးကြွတွေလက်က ပြန်လည် သိမ်းပိုက်နိုင်ရေး အီရတ်အစိုးရ တပ်ဖွဲ့တွေက ကြိုးစား ဆောင်ရွက်နေစဉ်မှာပဲ Mosul မြို့က အထင်ကရ al-Nuri ဗလီကြီးကို IS အဖွဲ့က ဖျက်ဆီးပစ်လိုက်ကြောင်း အီရတ်နဲ့ IS ဆန့်ကျင်ရေး ညွန့်ပေါင်းအဖွဲ့ အရာရှိတွေက ပြောပါတယ်။
မဲရလဒ်တွေ ပြောင်းလဲသွားအောင် ရုရှားအစိုးရက လုပ်ဆောင်နိုင်ခဲ့တယ်ဆိုတဲ့ အထောက်အထားတော့ မတွေ့ရဘူးလို့ ဆိုပါတယ်။
ဗြိတိသျှ ဘုရင်မကြီး အဲလိဇဘတ်ဟာ ဝန်ကြီးချုပ် Theresa May အစိုးရရဲ့ ဥပဒေပြုရေး ရည်မှန်းချက်တွေ ပါဝင်တဲ့ မိန့်ခွန်းတရပ်နဲ့ ဒီကနေ့မှာပဲ ပါလီမန်ကို အစဉ်အလာအတိုင်း ဖွင့်လှစ်ပေးလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်