အမေရိကန် အောက်လွှတ်တော် ကိုယ်စားလှယ်နေရာအတွက် တောင်ပိုင်း ဂျော်ဂျီယာပြည်နယ်မှာ အင်္ဂါနေ့က ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပရာမှာ ရီပတ်ဘလစ်ကန် ပါတီက Karen Handel အနိုင်ရရှိသွားပါတယ်။
မနေ့ညက ဘယ်လ်ဂျီယံ အချိန် ၉ နာရီလောက်မှာ Brussels မြို့တော်ရဲ့ ဘူတာရုံကြီး အတွင်း ပေါက်ကွဲမှုဖြစ်ခဲ့ပြီး ချက်ချင်း စစ်သားတွေက ဖောက်ခွဲသူလို့ ယူဆရသူကို ပစ်ခတ်လို့ သေဆုံးသွားတယ်လို့ ဆိုပါတယ်။ သေဆုံးသူဟာ ကျောပိုးအိတ်တလုံး လွယ်ထားပြီး ဖောက်ခွဲရေး ခါးပတ်တခုလည်း ပတ်ထားတယ်လို့ လည်းဆိုပါတယ်။
ဆီးရီးယားနိုင်ငံမှာ တောင်ပိုင်းက ညွန့်ပေါင်းတပ်ဖွဲ့တွေရှိရာ အနီးကို ချဉ်းကပ်လာနေတဲ့ ဆီးရီးယား အစိုးရလိုလားတဲ့ တပ်ဖွဲ့ပိုင် လက်နက်တပ်ဆင်ထားတဲ့ Drone ယာဉ်ကို အမေရိကန် တိုက်လေယာဉ်က အင်္ဂါနေ့မှာ ပစ်ချလိုက်တယ်လို့ စစ်ဘက်ဆိုင်ရာ အရာရှိတွေက ပြောပါတယ်။
မြောက်ကိုရီးယားနိုင်ငံမှာ ကာလရှည်ကြာ ထိန်းသိမ်းခံရပြီးတဲ့နောက် အမေရိကန် ကောလိပ်ကျောင်းသား Otto Warmbier သေဆုံးသွားမှုဟာ အလွန်ဆိုးရွားတဲ့ ဖြစ်ရပ်လို့ သမ္မတ Donald Trump က ပြောကြားလိုက်ပြီး တကယ်လို့ စောပြီး ပြန်ရောက်လာခဲ့ရင် အခြေအနေဟာ တမျိုးတဖုံ ပြောင်းလဲ သွားနိုင်ကြောင်း ပြောပါတယ်။
ဆီးရီးယား နိုင်ငံတွင်းက သြစတေးလျ တပ်ဖွဲ့တွေရဲ့ လေကြောင်း တိုက်ခိုက်မှုတွေကို ယာယီ ရပ်ဆိုင်းကြောင်း ဒီကနေ့ အင်္ဂါနေ့ မှာဘဲ သြစတေးလျက ကြေညာပါတယ်။
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Rex Tillerson ၊ ကာကွယ်ရေး ဝန်ကြီး Jim Mattis တို့နဲ့ တရုတ် နိုင်ငံတော် ကောင်စီဝင် Yang Jiechi၊ တရုတ် စစ်ဦးစီးချုပ် Fang Fenghui တို့ မနက်ဖြန် ဗုဒ္ဓဟူးနေ့မှာ တွေ့ဆုံပြီး နှစ်နိုင်ငံ သံတမန်ရေးနဲ့ လုံခြုံရေး ကိစ္စတို့ ဆွေးနွေးကြမှာပါ။
မြောက်ကိုရီးယားနိုင်ငံမှာ တနှစ်ခွဲနီးပါး ထိန်းသိမ်းခံခဲ့ရတဲ့ အမေရိကန်ကောလိပ်ကျောင်းသား Otto Warmbier ဟာ သူ့နေအိမ်ရှိရာ Cincinnati မြို့မှာ နေ့ခင်း ၂ နာရီ ၂၀မိနစ် အချိန်က ကွယ်လွန်သွားပြီ ဖြစ်ကြောင်း သူ့မိသားစုက တနင်္လာနေ့မှာ ပြောပါတယ်။
ပြင်သစ်နိုင်ငံမြို့တော်၊ ပဲရစ်က နာမည်ကျော် လူစည်ကားတဲ့ Champs Elyseesဈေး ရပ်ကွက်မှာ ဖေါက်ခွဲရေးပစ္စည်းတွေအပြည့် တင်ဆောင်လာတဲ့ကားတစီးကို မောင်းလာခဲ့တဲ့သူဟာ ရဲကားတစီးကိုဝင်တိုက်ခဲ့ပြီး အဲဒီကားမောင်းသူသေဆုံးခဲ့ပါတယ်။
ဒီကနေ့ဇွန်လ၂၀ရက်မှာကျရောက်တဲ့ နိုင်ငံတကာဒုက္ခသည်များနေ့အထိမ်းအမှတ်အဖြစ် IOMခေါ် နိုင်ငံတကာ ရွှေ့ပြောင်း အခြေချမှုဆိုင်ရာ ကုလသမဂ္ဂအဖွဲ့က ထုတ်ပြန်တဲ့ လေ့လာချက်တခုအရ ထိုင်းနိုင်ငံ တာ့ခ်ခရိုင်အတွင်း မြန်မာဒုက္ခသည် အများဆုံးနေထိုင်တဲ့ မယ်လ ဒုက္ခသည်စခန်းမှာ မိမိကိုယ်ကို သတ်သေကြသူများနဲ့ သေကြောင်း ကြံခဲ့သူ အရေအတွက်ဟာ တဟုန်ထိုးများလာနေတယ်လို့ဖေါ်ပြထားပါတယ်။
ဂျပန်ကမ်းရိုးတန်းမှာ အမေရိကန် ဖျက်သင်္ဘော တစီးနဲ့ ကုန်တင်သင်္ဘောကြီးတစီး တိုက်မိပြီး သင်္ဘောသား ၇ ယောက်သေဆုံးခဲ့ရတာနဲ့ ပတ်သက်လို့ ဒီဖြစ်ရပ်အပြီး တနာရီနီးပါးကြာတဲ့အထိ ဒီ သင်္ဘောတွေပေါ်က ဝန်ထမ်းတွေက ဘာကြောင့် သတင်း မပို့နိုင်ခဲ့တာလဲ ဆိုတာကို စုံစမ်းစစ်ဆေးနေတဲ့အကြောင်း အမေရိကန်နဲ့ ဂျပန် အစိုးရ အရာရှိတွေကပြောပါတယ်။
ဗြိတိန်နိုင်ငံ လန်ဒန်မြို့က ဗလီတခုရဲ့အပြင်ဘက်မှာ ဒီကနေ့ အစောပိုင်းက လမ်းသွားလမ်းလာတွေကို ဗင်န်ကားတစီးက ဝင်တိုက်လို့ လူ ၁၀ ယောက် ဒဏ်ရာရခဲ့တဲ့ဖြစ်ရပ်ဟာ မူစလင်တွေကို တိုက်ခိုက်တာဖြစ်တယ်ဆိုတာ အတော်လေး ထင်ရှားတယ်လို့ လန်ဒန် မြို့တော်ရဲအရာရှိ က ပြောပါတယ်။
၂၀၁၇ ခုနှစ် လူ့အခွင့်အရေးနဲ့ လူ့ဂုဏ်သိက္ခာ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်မှာ ဒီကနေ့ ဆုရရှိတဲ့ မှတ်တမ်း ရုပ်ရှင်တွေကို ချီးမြှင့်ပါတယ်။ ဗွီအိုအေ မြန်မာပိုင်း အစီအစဉ်ကနေ ဒုတိယအကြိမ်မြောက် ပါဝင်ချီးမြှင့်တာဖြစ်ပြီး၊ ဒီနှစ် ဗွီအိုအေရဲ့ မှတ်တမ်းရုပ်ရှင်ဆုကို ဒါရိုက်တာ ကောင်းမြတ်သူကျော် ရိုက်ကူးတဲ့ Deep Inside Her မှတ်တမ်းရုပ်ရှင်က ရရှိသွားပါတယ်။
ပဉ္စမအကြိမ်မြောက် ကျင်းပတဲ့ ၂၀၁၇ ခုနှစ် လူ့အခွင့်အရေးနဲ့ လူ့ဂုဏ်သိက္ခာ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်မှာ ဒေါ်အောင်ဆန်း စုကြည်ဆု (နိုင်ငံတကာမှတ်တမ်းရုပ်ရှင်ဆု) ကိုတော့ - “မရမ်းခြံ - Waves of Transition” လို့ နံမည်ပေးထားတဲ့ ဧရာဝတီမြစ်ကမ်းဘေးက လှေဆိပ်အလုပ်သမားတွေအကြောင်း ရိုက်ကူးထားတဲ့ မှတ်တမ်းရုပ်ရှင်က ရရှိသွားပါတယ်။
မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Il တည်ထောင်ခဲ့တဲ့ Worker Party of Korea ကိုရီးယား အလုပ်သမားပါတီ ဗဟိုကော်မတီ စတင် တည်ထောင်တဲ့ ၅၃ နှစ်မြောက် နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ်နဲ့ နီပေါနိုင်ငံရေးပါတီ နဲ့ မြန်မာနိုင်ငံက ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ရန်ကုန်တိုင်းဒေသကြီးဆိုင်ရာ အတွင်းရေးမှုး ဦးသာဝင်းတို့က ဇွန်လ ၁၂ ရက်နေ့နဲ့ ၁၃ ရက်နေ့တို့မှာ ကြေညာချက် အသီးသီး ထုတ်ပြန်ခဲ့ကြပါတယ်။
တောင်ကိုရီးယားနိုင်ငံ သမ္မတ မစ္စတာ Moon Jae-in က မစ္စ KANG KYUNG-WHA ကို နိုင်ငံခြားရေးဝန်ကြီး အသစ်အဖြစ် တနင်္ဂနွေနေ့မှာ ခန့်အပ်လိုက်ပါတယ်။ KANG ဟာ အခုဆိုရင် တောင်ကိုရီးယားနိုင်ငံရဲ့ ပထမဦးဆုံး အမျိုးသမီး နိုင်ငံခြားရေး ဝန်ကြီး ဖြစ်ပါတယ်။
ပေါ်တူဂီ နိုင်ငံအလယ်ပိုင်းမှာ သစ်တောမီး အကြီးအကျယ် လောင်ကျွမ်းခဲ့တဲ့အတွက် အနည်းဆုံး လူပေါင်း ၆၁ ဦး သေဆုံးခဲ့ရပါတယ်။ အများစုဟာ သူတို့ရဲ့ ကားတွေထဲမှာပဲ မီးအလောင်ခံရပြီး သေဆုံးခဲ့ကြတာ ဖြစ်ပါတယ်။
သီရီလင်္ကာနိုင်ငံမှာ ဘာသာရေးဆိုင်ရာ အကြမ်းဖက်မှုတွေ ဖြစ်ပွါးနေချိန်မှာပဲ ကိုလံဘိုမြို့ပြင်က မွတ်စလင် ဆိုင်တဆိုင်နဲ့ ဗလီတခုကို မီးရှို့ရာမှာ ဦးဆောင်တယ်လို့ စွပ်စွဲပြီး ရဲတဦးနဲ့ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး တပါးကို တနင်္ဂနွေနေ့မှာ ရဲတွေက ဖမ်းဆီးလိုက်ပါတယ်။
ခရီးသည်နဲ့ လေယာဉ် အမှုထမ်းပေါင်း ၁၂၂ ဦး လိုက်ပါသွားတဲ့ ပျက်ကျ တပ်မတော် လေယာဉ်ရဲ့ အချက်အလက် မှတ်တမ်းတင်စက် ၂ ခုကို ရှာဖွေ တွေ့ရှိပြီလို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်
ပြင်သစ်ပါလီမန်ရွေးကောက်ပွဲ နောက်ဆုံးအကျော့ကို ဒီကနေ့မှာ ကျင်းပနေပြီး၊ မဲဆန္ဒရှင်တွေဟာ မဲပေးနေကြပါတယ်။
ဂျပန် ကမ်းလွန်ပင်လယ်ပြင်မှာ ဧရာမ ကုန်တင် သဘောၤကြီးတဲ့ တိုက်မိတဲ့ အမေရိကန် ရေတပ် ဖျက်သဘောၤ USS Fitzgerald ရဲ့ အိပ်ခန်းတွေမှာ သေဆုံး ရေတပ်သားတွေရဲ့ ရုပ်အလောင်းတွေကို တွေ့ရှိခဲ့ပြီးနောက် ပျောက်ဆုံးနေတဲ့ ရေတပ်သား ၇ ဦး ရှာဖွေရေး အဆုံးသတ်လိုက်ပြီလို့ အမေရိကန်ဘက်က ပြောဆိုလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်