အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်း Balkh ပြည်နယ်မှာ အာဖဂန်တပ်ဖွဲ့ဝင်တစ်ယောက် အမေရိကန်တပ်ဖွဲ့ဝင်တွေကို ဒီကနေ့ စနေနေ့မှာ သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် ၄ ယောက်သေဆုံးသွားခဲ့တယ်လို့ အမေရိကန်စစ်တပ် တာဝန်ရှိသူတွေက ပြောလိုက်ပါတယ်။
အမေရိကန်သမ္မတ Donald Trump ဟာ Deutsche ဘဏ်ကို ပေးရမယ့် ဒေါ်လာ သန်း ၁၃၀ အပါအဝင် အမေရိကန်ပြည်တွင်းနဲ့ နိုင်ငံတကာ ငွေထုတ်ချေးသူတွေကိုပေးစရာရှိတဲ့ ကိုယ်ပိုင်အကြွေး ဒေါ်လာ ၃၁၅ သန်း ထက်မနည်း ရှိပါတယ်။
အမေရိကန်ရေတပ်ရဲ့ ဖျက်သင်္ဘောတစ်စင်း နဲ့ ဖိလစ်ပိုင်ကုန်သင်္ဘောတစင်းတို့ ဂျပန်ကမ်းလွန်ပင်လယ်ပြင်မှာ စနေနေ့ အစောပိုင်းက တိုက်မိပြီး၊ အမေရိကန်ဘက်က သင်္ဘောသား ၇ ယောက်ပျောက်ဆုံးနေတယ်လို့ အမေရိကန်ရေတပ်က ပြောလိုက်ပါတယ်။
အရင်အစိုးရအဖွဲ့ ချမှတ်ခဲ့တဲ့ လုံးဝ တဖက်သတ် ကျနေတဲ့ ကျူးဘားဆိုင်ရာ သဘောတူညီချက်ကို ဖျက်သိမ်းမယ်လို့ ပြောကြားရင်း အရင်သမ္မတ Barack Obama ရဲ့ သမိုင်းဝင် ဆက်ဆံရေးပြန်စခဲ့တဲ့ ထဲက တချို့ အပိုင်းတွေကို အမေရိကန် သမ္မတ Donald Trump က စတင် ဖျက်သိမ်းနေပြီ ဖြစ်ပါတယ်။
အနောက်နဲ့ အရှေ့ဂျာမနီပေါင်းစည်းရေးနဲ့ ဘာလင်တံတိုင်းကြီး ဖြိုချရေးတို့အတွက် အားထုတ်ခဲ့တဲ့ အခန်းကဏ္ဍ အတွက်ကျော်ကြားသူ တယောက်ဖြစ်တဲ့ ဂျာမနီဝန်ကြီးချုပ်ဟောင်း Helmut Kohl ဟာ အနောက်ဂျာမနီပြည်နယ် Ludwigshafen မြို့က သူ့ရဲ့နေအိမ်မှာ သောကြာနေ့က ကွယ်လွန်သွားပါတယ်။
မလေးရှားနိုင်ငံမှာ ဟာလာချော့ကလက်လုပ်ငန်း တိုးတက်အောင်မြင်နေပါတယ် အိမ်နီးချင်း အင်ဒိုနီးရှားနိုင်ငံက စိုက်ပျိုးတဲ့ ကိုကိုးစေ့တွေကနေ မွတ်ဆလင်တွေ စားလို့ရတဲ့ ချော့ကလက်နဲ့ ကိုကိုးထွက်အစားအသောက်တွေကို မလေးရှားမှာ ထုတ်လုပ်နေတာပါ။
ဖိလစ်ပိုင် နိုင်ငံ Marawi ဒေသက နေရာတချို့မှာ အိုင်အက်စ် အကြမ်းဖက် သမားတွေ သိမ်းပိုက်ထားနေချိန် မှာပဲ အရှေ့တောင်အာရှ ၅ နိုင်ငံက ကာကွယ်ရေး ဝန်ကြီးတွေဟာ ဒေသတွင်း အိုင်အက်စ် စစ်သွေးကြွတွေရဲ့ ခြိမ်းခြောက်မှု အန္တရာယ်နဲ့ ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးဖို့ ရှိပါတယ်။
ကျနော်တို့ရဲ့ ဒီမိုကရေစီစနစ်ကို တိုက်ခိုက်ပြီး၊ ကျနော်တု့ိကို ခြိမ်းခြောက်လို့မရနိုင်ဘူးဆိုတာ ဒီပွဲက ကမ္ဘာကြီးကို ပြသလိုက်တာ ဖြစ်တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်ကတော့ ကစားသမားတွေ နဲ့ ပွဲကြည့်ပရိဿတ်တွေကို ဗီဒီယိုကနေ တဆင့် သတင်းစကား ပေးပို့ခဲ့ပါတယ်။
သမ္မတ Donald Trump တရားရေးပိုင်းကို ဝင်ရောက်နှောင့်ယှက်ခဲ့သလားဆိုတာကို အထူးစုံစမ်းရေးမှူးက စုံစမ်းနေတယ်ဆိုတဲ့ သတင်းတွေအပေါ် သမ္မတ Trump ဝေဖန်၊ ကလေးငယ်တွေရဲ့ဘဝလုံခြုံရေးနဲ့အခွင့်အရေး အကာအကွယ်ပေးနိုင်အောင် အလေးထားဆောင်ရွက်ပေးဖို့ မြန်မာနိုင်ငံဆိုင်ရာ ကုလ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် တိုက်တွန်း…စသည်
ပြီးခဲ့တဲ့လ ဝါရှင်တန် ဒီစီက ဆန္ဒပြပွဲမှာ ဆန္ဒပြသူတွေကို ကိုယ်ထိလက်ရောက် စော်ကားမှုနဲ့ တူရကီသမ္မတရဲ့ ကိုယ်ရံတော်တွေ အပါအဝင် လူပေါင်း ၁၈ ရောက်ကို တရားစွဲဆိုလိုက်တယ်လို့ ဒီစီ မြို့တော် အရာရှိတွေက ကြာသပတေးနေ့မှာ ပြောပါတယ်။
ဥရောပမှာ Jihad ဝါဒီလူငယ်တွေ၊ အထူးသဖြင့် အမျိုးသမီးငယ်တွေက တဦးချင်းစီ အကြမ်းဖက်တိုက်ခိုက်မှုတွေလုပ်ဖို့ကြိုးစားလာကြတယ်လို့ ဥရောပရဲတပ်ဖွဲ့ EUROPOL ရဲ့ အစီရင်ခံစာသစ်မှာ ဖော်ပြထားပါတယ်။
ပါကစ္စတန်နိုင်ငံမှာ တရုတ်စုံတွဲတတွဲ ပြန်ပေးဆွဲခံခဲ့ရပြီး IS စစ်သွေးကြွတွေက နောက်ပိုင်းမှာ သတ်ဖြတ်လိုက်တယ်ဆိုတဲ့သတင်းတွေကြောင့် နိုင်ငံထဲမှာအလုပ်လုပ်နေကြတဲ့ တရုတ်လူမျိုးထောင်နဲ့ချီရဲ့ လုံခြုံရေးကို တင်းကြပ်ဖို့ ပါကစ္စတန်အစိုးရက ဆောင်ရွက်နေပါတယ်။
ပြီးခဲ့တဲ့နှစ် အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ ရုရှားတို့ရဲ့ လုပ်ရပ် လွှမ်းမိုးခဲ့သလားဆိုတာကို စုံစမ်းနေတဲ့ အထူး စုံစမ်းရေးမှုး အနေနဲ့ အမေရိကန ်သမ္မတ Donald Trump ဟာ တရားရေးပိုင်းကို ဝင်ရောက် နှောက်ယှက်ခဲ့သလား ဆိုတာကို စုံစမ်းနေတယ်ဆိုတဲ့ သတင်းတွေ အပေါ် သမ္မတ Trump က ဝေဖန်တိုက်ခိုက်ပြောဆိုလိုက်ပါတယ်။
ဆိုမာလီယာ နိုင်ငံ မိုဂါဒစ်ရှုးမြို့တော်က လူကြိုက်များတဲ့ စားသောက်ဆိုင် နှစ်ခုမှာ al-Shabab စစ်သွေးကြွတွေရဲ့ တိုက်ခိုက်မှုကြောင့် အနည်းဆုံး ၂၉ ယောက် သေဆုံးခဲ့ရတယ်လို့ အစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။
လန်ဒန်မြို့ရဲ့အဆိုးရွားဆုံး မီးလောင်ကျွမ်းမှုကို မီးသတ်သမားတွေ ဆက်လက်ငြှိမ်းသတ် နေချိန်မှာပဲ မီးဘေးလုံခြုံရေး ချိုးဖေါက်မှုတွေ ရှိခဲ့နိုင်တယ် ဆိုတဲ့ မေးခွန်းတွေ ထွက်ပေါ်လာပြီး ဝမ်းနည်းပူဆွေးမှု ကနေ ဒေါသဖြစ်စရာတွေ ဖြစ်လာနေပါတယ်။
အမေရိကန် လွှတ်တော်အမတ် Stephen Scalise ဒီကနေ့ ပစ်ခတ်ခံရပါတယ်။ ဝါရှင်တန် ဒီစီမြို့တော် အနီး၊ ဗာဂျီးနီးယား ပြည်နယ် Alexandria မြို့မှာ ပစ်ခတ်ခံရတာလို့ ဒေသန္တရ အရေးပေါ် ဌာန တာဝန်ရှိသူတွေက ပြောပါတယ်။
လူ့အခွင့်အရေးနဲ့ လူ့ဂုဏ်သိက္ခာ ရုပ်ရှင်ပွဲတော်ကို ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ စတင်ဖွင့်လှစ်ပါတယ်။ ပဉ္စမ အကြိမ်မြောက် နိုင်ငံတကာ ရုပ်ရှင်ပွဲတော်ကိုတော့ ၄ ရက်ကြာ ကျင်းပမှာ ဖြစ်ပြီး မြန်မာနဲ့ နိုင်ငံတကာက ရိုက်ကူးတဲ့ မှတ်တမ်းရုပ်ရှင်၊ ဇာတ်လမ်းတို ၆၄ ကား ပြသမှာပါ။
ဗြိတိန် နိုင်ငံ လန်ဒန်မြို့တော် အနောက်ပိုင်းက ၂၄ ထပ်မြင့် အဆောက်အအုံမှာ မီးအကြီးအကျယ် လောင်ကျွမ်းနေပြီး မီးသတ်သမားတွေ ဆက်လက် ငြှိမ်းသတ်နေရဆဲ ဖြစ်ပါတယ်။
မြောက်ကိုရီးယား နိုင်ငံမှာ ၁၇ လကြာ ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ အမေရိကန် ကျောင်းသားတဦးဟာ လွတ်မြောက်ပြီး အမေရိကန်နိုင်ငံကို ပြန်လာနေပြီဖြစ်ပါတယ်။ ဒါပေမယ့် မမျှော်လင့်တဲ့ စိတ်မကောင်းစရာ တခုကတော့ သူ့အနေနဲ့ တနှစ်ကျော်လောက် သတိမေ့နေခဲ့တယ်လို့ သူ့မိဘတွေက ပြောပါတယ်။
၂၀၁၆ ခုနှစ် အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ ရုရှားနဲ့ပေါင်းပြီး ရလဒ်တွေ အပြောင်းအလဲ ဖြစ်အောင် လုပ်ခဲ့တယ်လို့ ရည်ညွန်းပြောကြားမှု မှန်သမျှဟာ သိပ်ကို စိတ်ပျက်စရာကောင်းတဲ့ လိမ်ညာမှု ဖြစ်တယ်လို့ ရှေ့နေချုပ် Jeff Sessions ကပြောကြားခဲ့ပါတယ်။
နောက်ထပ်ကြည့်ရှုရန်