ရခိုင်ပြည်နယ်ထဲက ရခိုင်တိုင်းရင်းသားတွေဘက်က ခွဲခြားဆက်ဆံခံနေရတယ်။ သူတို့ရဲ့ အရေးကို အစိုးရက ထိထိရောက်ရောက် ဆောင်ရွက်ခြင်း မရှိဘူးလို့ ခံစားနေကြရတယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။
ဘင်္ဂလားဒေရှ့် နိုင်ငံမှာ မိုးကြီးပြီး မြေပြိုတာကြောင့် အနည်းဆုံး ၄၃ ဦး သေဆုံးခဲ့ပါတယ်။
မြောက်ကိုရီးယားနိုင်ငံမှာ ၂၀၁၆ ခုနှစ်က ဝါဒဖြန့် ပိုစတာတခုကို ခိုးယူဖို့ကြိုးစားမှုနဲ့ ထောင်ဒဏ် ၁၅ နှစ်ချခံထားရတဲ့ အမေရိကန် ကောလိပ်ကျောင်းသားတယောက်ကို မြောက်ကိုရီးယားအစိုးရက ပြန်လွှတ်ပေးလိုက်ပြီလို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Rex Tillerson က ပြောဆိုလိုက်ပါတယ်။
ဆွီဒင်နိုင်ငံကို ရောက်ရှိနေတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ ဆွီဒင်လွှတ်တော်မှာ မိန့်ခွန်းပြောကြားပါတယ်။ မြန်မာနိုင်ငံရဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ပတ်သက်လို့ လက်ရှိအစိုးရရဲ့ ဆောင်ရွက်ချက်တွေကို အကျယ်တဝံ့ ရှင်းလင်းပြောဆိုသွားပါတယ်။
မွတ်ဆလင်အများစုနေထိုင်တဲ့နိုင်ငံ ၆ ခုအပေါ် အမေရိကန်သမ္မတ Donald Trump ရဲ့ခရီးသွားကန့်သတ်မိန့်ကို ပြည်ထောင်စုတရားရုံး နောက်တခုကလည်း ဆိုင်းထားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
သမ္မတဦးထင်ကျော်ရဲ့ မေလ ၂၅ ရက် လွတ်ငြိမ်းချမ်းသာခွင့်ကြောင့်လွတ်မြောက်လာကြတဲ့ ဘင်္ဂလားဒေရှ့်နိုင်ငံသား ၃၀ ကျော် နေရပ် စတင်ပြန်နေကြပါပြီ။ မြန်မာနိုင်ငံထဲကို တရားမဝင် ဝင်ရောက်ခဲ့လို့ထောင်ကျနေတဲ့ ဘင်္ဂလားဒေရှ့်နိုင်ငံသား ၃၃ ယောက်လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာခဲ့တာပါ။
အင်တာနက် ဆိုက်ဘာ ရာဇဝတ်မှုတွေ သိသိသာသာ တိုးလာနေတာကြောင့် အွန်လိုင်းပေါ်ကနေ ခြိမ်းခြောက် အကျပ်ကိုင်တာတွေ၊ ထိပါး စော်ကားမှုတွေကနေ ကာကွယ်နိုင်ဖို့ အတွက် ဘင်္ဂလားဒေရှ့် နိုင်ငံက ထောင်နဲ့ချီတဲ့ ကျောင်းသူလေးတွေကို စတင် လေ့ကျင့် သင်ကြားပေးနေပါတယ်။
ဆွီဒင်နိုင်ငံကို ရောက်ရှိနေတဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဆွီဒင်ရောက် မြန်မာနိုင်ငံဖွားတွေနဲ့လည်း မကြာသေးခင်က တွေ့ဆုံခဲ့ပြီး ငြိမ်းချမ်းရေး အတွက် ဝိုင်းဝန်းပံ့ပိုးကြဖို့ တိုက်တွန်းသွားပါတယ်။
ရုရှား သမ္မတ Vladimir Putin နဲ့ သူ့ရဲ့ မဟာမိတ်တွေကို ရည်ရွယ်ပြီး အဂတိ လိုက်စားမှု ဆန့်ကျင်ရေး နိုင်ငံတဝန်း ဆန္ဒပြပွဲတွေ အတွင်းအတိုက်အခံ ခေါင်းဆောင် Alexei Navalny နဲ့ ဒါဇင်နဲ့ချီတဲ့ သူ့ကို ထောက်ခံသူတွေကို ရုရှားရဲက ဒီကနေ့ ဖမ်းဆီးပါတယ်။
ပြင်သစ်နိုင်ငံမှာ နိုင်ငံရေးအတွေ့အကြုံ မရှိသေးတဲ့ ပါတီသစ်ကို ထူထောင်သူ အလယ်အလတ် ဝါဒီ သမ္မတ Emmanuel Macron ရဲ့ ပါတီက လွှတ်တော်ရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရဖို့ ရှိနေပါတယ်။
လူမှုရေးဆိုင်ရာ ကိစ္စရပ်တွေအပါအဝင် Brexit လို့ခေါ်တဲ့ ဗြိတိန်နိုင်ငံ အီးယူထဲကနေ အောင်မြင်စွာ နုတ်ထွက်ရေး အာရုံစိုက် လုပ်ဆောင်ဖို့ ရည်ရွယ်ချက်နဲ့ပြဿနာမျိုးစုံနဲ့ ရင်ဆိုင်နေရတဲ့ ဗြိတိန်ဝန်ကြီးချုပ် Theresa May ဟာ အစိုးရ ဝန်ကြီးအဖွဲ့သစ်ကို ကြေညာလိုက်ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ် တနင်္ဂနွေညက စပြီး ကနေဒါနဲ့ ဆွီဒင် ၂ နိုင်ငံ ချစ်ကြည်ရေး ခရီးထွက်ခွါခဲ့တဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ အခု တနင်္ဂနွေနေ့မှာ ဆွီဒင်နိုင်ငံကို ရောက်ရှိနေပါပြီ။
ပြင်သစ်နိုင်ငံရဲ့ ပါလီမန်ရွေးကောက်ပွဲ ပထမအကျော့ကို ဒီကနေ့ တနင်္ဂနွေနေ့မှာကျင်းပနေပြီး၊ ပြင်သစ်သမ္မတသစ် Emmanuel Macron က သူ့ရဲ့ ပါတီသစ်အနေနဲ့ ပါလီမန်မှာ နေရာအများစုရဖို့ မျှော်လင့်နေပါတယ်။
ဗြိတိန် ကွန်ဆာဗေးတစ် ပါတီ ဝန်ကြီးချုပ် အနေနဲ့ အစိုးရသစ် တရပ် ဖွဲ့စည်းနိုင်ဖို့ လိုအပ်တဲ့ ထောက်ခံမဲ အရေအတွက်ပြည့်အောင် ဖြည့်ပေးခဲ့တဲ့ မြောက်ပိုင်း အိုင်ယာလန်ရဲ့ Democratic Unionist ပါတီ DUP နဲ့ သဘောတူညီချက် တရပ်ရအောင် ဆွေးနွေးနေဆဲ ဖြစ်ပါတယ်။
ထားဝယ်မြို့ အနောက်တောင်ဘက် ပင်လယ်ပြင်ထဲမှာ ပျက်ကျခဲ့တဲ့ တပ်မတော် လေယာဉ်မှာ လိုက်ပါသွားသူတွေထဲက ၅၉ ဦးရဲ့ ရုပ်အလောင်းတွေကို ဆယ်ယူရရှိပြီး ဖြစ်တဲ့ အကြောင်း ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားပါတယ်။
ပြင်သစ်အိုးပင်း အမျိုးသမီးတဦးချင်းတင်းနစ်ပြိုင်ပွဲကိုတော့ လတ်ဗီးယားနိုင်ငံသူ ရလီနာ အော်စ်တာပန်ကို Jelena Ostapenko က အနိုင်ရပြီး ပြင်သစ်အိုးပင်ချန်ပီယံ ဖြစ်သွားပါပြီ။
အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဗြူရို FBI ညွှန်ကြားရေးမှူးဟောင်း Jame Comey နဲ့ ပြောခဲ့တဲ့စကားတွေကို ကျမ်းသစ္စာကျိန်ဆိုပြီးပြောဆိုရင် ပြောသွားဖို့ ၁၀၀ % ဆန္ဒရှိတယ်လို့ ပြောလိုက်ပါတယ်။ ဒါပေမဲ့ ချက်ချင်းဆိုသလိုပဲ သူနဲ့ မစ္စတာ Comey နဲ့ ပြောခဲ့တဲ့ စကားတွေကတော့ ကျမ်းကျိန်ပြီး ပြောခဲ့တဲ့ မဟုတ်ဘူးလို့ သမ္မတထရမ့်က ပြောပါတယ်။
အမေရိကန်ပြည်ထောင်စုက ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ရေးဆိုင်ရာ ပဲရစ်သဘောတူညီချက်ကို ပယ်ချလိုက်ပေမယ့်၊ ကမ္ဘာ့သမုဒ္ဒရာကြီးများ ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ဖို့ တခြားကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေ နဲ့ အတူ တောင်းဆိုလိုက်ပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက တနင်္သာရီကမ်းရိုးတန်းမှာ ပျက်ကျသွားခဲ့တဲ့ မြန်မာ့တပ်မတော်လေယာဉ် နောက်ဆက်တွဲ ရှာဖွေကယ်ဆယ်ရေးတွေနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံက အကူအညီ အထောက်အပံ့တွေ ပေးသွားမယ်လို့ ကမ်းလှမ်းလိုက်တယ်လို့ တရုတ်အစိုးရပိုင် မီဒီယာက ပြောလိုက်ပါတယ်။
အရှေ့နဲ့ တောင်တရုတ်ပင်လယ်ထဲက တရုတ်တို့ပိုင်ဆိုင်တယ်လို့ပြောနေတဲ့ ရေပြင်မှာ ငါးဖမ်းခွင့်ပိတ်ပင်တယ်လို့ တရုတ်နိုင်ငံကကြေညာထားပေမဲ့ ရေပိုင်နက်အငြင်းပွားနေတဲ့ တခြားနိုင်ငံတွေက ဂရုမစိုက်ဘဲ သူတို့နိုင်ငံတွေရဲ့ ငါးဖမ်းလှေတွေကို သွားခွင့်ပေးထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်