ပြည်ထောင်စု စုံစမ်းစစ်ဆေးရေး ဗျူရို FBI အကြီးအကဲဟောင်း James Comey ဟာ ကြာသပတေးနေ့ လွှတ်တော် ကြားနာပွဲမှာ ကျမ်းကြိမ်ထားတဲ့ ကြားက လိမ်လည် ပြောဆိုခဲ့တယ်လို့ အမေရိကန် သမ္မတ Donald Trump က သောကြာနေ့မှာ သတင်းထောက် တွေကို ပြောပါတယ်။
ဧကရာဇ်ဘုရင် Akihito နန်းစွန့်မယ့် အစီအစဉ်ဟာ နှစ်ပေါင်း ၂၀၀ အတွင်း ပထမဆုံးလည်း ဖြစ်ပါလိမ့်မယ်။
ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဗျုရို FBI ညွှန်ကြားရေးမှူးဟောင်း James Comey လွှတ်တော်မှာ ထွက်ဆိုခဲ့တဲ့ မနေ့တုန်းက ထူးထူးခြားခြား Twitter လူမှုကွန်ယက်မှာ အသံတိတ်နေခဲ့တဲ့ သမ္မတ Trump ဟာ ဒီကနေ့မှာတော့ လျို့ဝှက်သတင်းတွေကို ပေါက်ကြားအောင် လုပ်နေသူဟာ FBI အကြီးအကဲဟောင်း ဖြစ်ကြောင်း ပြောဆိုလိုက်ပါတယ်။
FBI ဒါရိုက်တာဟောင်း Jim Comey လွှတ်တော်မှာ သက်သေထွက်ဆို၊ တပ်မတော်လေယာဉ်ပျက်ကျမှု ရှာဖွေရေးလုပ်ငန်းများလုပ်နေ၊ဒေါ်ဆောင်ဆန်းစုကြည်နဲ့ ကနေဒါ ဘုရင်ခံချုပ်တွေ့။
အများအားဖြင့် သတင်းမီဒီယာသမားတွေကို အရေးယူတာမှာ အသုံးပြုနေတဲ့ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ကို ပြင်ဆင်ဖို့ အဆိုပြုတာတွေကို မကြာမီ စတင်တော့မယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန ထိပ်တန်းတာဝန်ရှိသူတဦးက ပြောလိုက်တဲ့အတွက် အားတက်မိတဲ့အကြောင်း သတင်းထောက်များ အကာအကွယ်ပေးရေးကော်မတီ CPJ ရဲ့ ဥက္ကဋ္ဌက ပြောပါတယ်။
အရက်ကို အသင့်အတင့်သောက်သုံးသူတွေအနေနဲ့ ဦးနှောက်ရဲ့ဆောင်ရွက်မှုတွေကို ထိခိုက်နိုင်တယ်လို့ ဗြိတိန်သုတေသီတွေရဲ့ စစ်တမ်းသစ်တခုမှာ တေ့ွရှိခဲ့ပါတယ်။ အသက်ကြီးလာလို့ ဦးနှောက်ရဲ့လုပ်ဆောင်ချက်တွေထိခိုက်သလိုမျိုး နေ့စဉ်အရက်သောက်သုံးမှုကြောင့် ဦးနှောက်ကိုထိခိုက်နိုင်တယ်လို့ လေ့လာချက်မှာ တေ့ွရှိခဲ့တာပါ။
ကနေဒါ ဝန်ကြီးချုပ် Justin Trudeau ရဲ့ ဖိတ်ကြားချက်အရ ကနေဒါနိုင်ငံကို ၅ ရက်ကြာ ချစ်ကြည်ရေး ခရီးသွားရောက်နေတဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ သောကြာနေ့မှာ ကနေဒါ ခရီးစဉ်ကို အဆုံးသတ်ပြီး ဆွီဒင်နိုင်ငံကို ဆက်လက် ထွက်ခွါတော့မှာ ဖြစ်ပါတယ်။
ဗြိတိန်နိုင်ငံမှာ ကြာသပတေးနေ့ကကျင်းပခဲ့တဲ့ အထွေထွေရွေးကောက်ပွဲရဲ့ မဲရလာဒ်တွေကို စတင်ရေတွက်နေပါပြီ။
ဗြိတိန်နိုင်ငံ မြို့တော်လန်ဒန်မှာ အကြမ်းဖက် တိုက်ခိုက်မှုတွေ လုပ်ဖို့ နောက်ဆုံးအဆင့် စီစဉ်မှုတွေ လုပ်နေမယ်လို့ သံသယရှိသူ ၃ ဦးကို ဗုဒ္ဓဟူးနေ့ ဆက်တိုက် စီးနင်းမှုတွေ အတွင်း ဖမ်းဆီးရမိခဲ့တယ်လို့ လန်ဒန်ရဲတွေက ပြောပါတယ်။ သူတို့ဟာ စနေနေ့ကဖြစ်ပွါးခဲ့တဲ့ လန်ဒန် တံတားတိုက်ခိုက်မှု ပုံစံမျိုး လုပ်ဖို့ စီစဉ်နေတာလို့ ဆိုပါတယ်။
ဇွန်လ ၇ရက်နေ့တုန်းက မြိတ်မြို့ကနေ ရန်ကုန်မြို့ကိုအသွားပျက်ကျခဲ့တဲ့ တပ်မတော်ပို့ဆောင်ရေးလေယာဉ်ပေါ်က ခရီးသည်အလောင်း ၃၁ လောင်းကို ကြာသပတေးနေ့က တွေ့ရှိခဲ့ပါတယ်။
အမေရိကန် သမ္မတ Donald Trump က သူ့အပေါ်မှာ သစ္စာခံဖို့ မျှော်လင့်ခဲ့သလို နောက် သမ္မတရဲ့ လက်ထောက်တွေနဲ့ ရုရှား တာဝန်ရှိသူတွေကြား စုံစမ်းစစ်ဆေးမှုတွေ ဆက်မလုပ်ဖို့ ပြောဆိုခဲ့တယ်လို့ ရာထူးက ထုတ်ခံရတဲ့ ပြည်ထောင်စု စုံစမ်းစစ်ဆေးရေး ဗျူရို FBI ညွှန်ကြားရေးမှူးဟောင်း James Comey က လွှတ်တော်မှာ ထွက်ဆိုပါတယ်။
မြောက်ကိုရီးယား အစိုးရက ဒီကနေ့ ကြာသပတေးနေ့ အစောပိုင်းမှာ သဘောၤတွေကို ပစ်တဲ့ ဒုံးကျည်တွေလို့ ယူဆရတဲ့ ဒုံးကျည် စမ်းသပ်မှုတွေ လုပ်ခဲ့ပါတယ်။ ဒီစမ်းသပ်မှုနောက်ပိုငးမှာတော့ မြောက်ကိုရီးယား အနေနဲ့ နျူးကလီးယားနဲ့ ဒုံးကျည်တွေနဲ့ ရန်စတဲ့ လုပ်ရပ်တွေကို ချက်ချင်းရပ်ဖို့ တောင်ကိုရီးယား သမ္မတ မွန်ဂျေအင်းက ပြောဆိုလိုက်ပါတယ်။
အီရန်လွှတ်တော်၊ နောက် ကွယ်လွန်သူ ခေါင်းဆောင်ဟောင်း Ayatollah Ruhollah Khomeini ရဲ့ ဂူဗိမာန်တို့မှာ တိုက်ခိုက်ခဲ့ကြတဲ့ အမျိုးသားတွေထဲက ၅ ဦးကတော့ အစ္စလာမ္မစ် အစွန်းရောက် IS အဖွဲ့နဲ့ ပူးပေါင်းခဲ့တဲ့ အီရန် နိုင်ငံသားတွေ ဖြစ်တယ်လို့ အီရန် ထောက်လှမ်းရေး ဝန်ကြီးဌာနက ဒီကနေ့ ကြာသပတေးနေ့မှာ ပြောပါတယ်။
ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) နဲ့ တပ်မတော်က တရားစွဲဆိုထားတဲ့ The Voice သတင်းစာ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေနဲ့ စာရေးဆရာ ဗြိတိသျှကိုကိုမောင်တို့ရဲ့ အာမခံပေးဖို့လျှောက်ထားချက်ကို ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်တရားရုံးက ဒီကနေ့ ပယ်ချလိုက်တဲ့အတွက် အင်မတန်နစ်နာရတယ်လို့ သူတို့ရဲ့ ဥပဒေအကျိုးဆောင်ဖြစ်သူ ဦးခင်မောင်မြင့်ကပြောပါတယ်။
လက်ရှိဝန်ကြီးချုပ် Theresa May ခေါင်းဆောင်တဲ့ ကွန်ဆာဗေးတစ်ပါ တီက မဲဆွယ်စည်းရုံးမှု အစပိုင်းမှာ လူထုထောက်ခံမှုတွေ ရရှိနေခဲ့ပြီး ဒီကနေ့ ရွေးကောက်ပွဲမှာ သူ့ပါတီ အနိုင်ရခဲ့ရင် EU ဥရောပသမဂ္ဂ ကနေ ဗြိတိန်ခွဲထွက်ရေးမှာ သူဟာ ပိုပြီးခိုင်ခိုင်မာမာ စေ့စပ်ညှိနှိုင်းနိုင်မယ့် အနေအထားကို ရသွားနိုင်ပါတယ်။
မြောက်ကိုရီးယား နိုင်ငံက မြေပြင်ကနေ သင်္ဘောကိုပစ်တဲ့ ဒုံးကျည်ကို စမ်းသပ် ပစ်လွှတ်လိုက်ပုံရကြောင်း တောင်ကိုရီးယား စစ်တပ်က ပြောပါတယ်။
အီရန်နိုင်ငံရဲ့ အထင်ကရ နေရာတခုမှာ ဗုဒ္ဓဟူးနေ့က ဖြစ်သွားခဲ့တဲ့ ပေါက်ကွဲမှု ၂ ခုကို ဆော်ဒီအာရေးဗျ နိုင်ငံက ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း အီရန် တော်လှန်ရေးအစောင့်တပ်က ပြစ်တင် ပြောကြားလိုက်ပါတယ်။
ရာထူးကဖယ်ရှားခံခဲ့ရတဲ့ အမေရိကန်ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဗျုရို (FBI) ညွှန်ကြားရေးမှူးဟောင်း James Comey နေရာမှာ ပြည်ထောင်စုအစိုးရရှေ့နေဟောင်း Christopher Wray ကို မကြာခင် အဆိုပြုခန့်အပ်မယ့်အကြောင်း ဒီကနေ့ အစောပိုင်းမှာပဲ သမ္မတ Donald Trump က Twitter အင်တာနက် လူမှုကွန်ယက်ကနေ ပြောဆိုလိုက်ပါတယ်။
တနင်္သာရီတိုင်း၊ မြိတ်မြို့ကနေ ရန်ကုန်ကို ပျံသန်းလာတဲ့ တပ်မတော်ပို့ဆောင်ရေး လေယာဉ်တစင်း ပျောက်ဆုံးနေပြီး၊ ရှာဖွေမှုတွေ လုပ်ဆောင်နေကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်လိုက်ပါတယ်။
အီရန်နိုင်ငံမှာ လူ ၁၂ ယောက်သေဆုံးပြီး ၄၂ ယောက် ဒဏ်ရာရရှိခဲ့တဲ့ ပါလီမန်နဲ့ ကွယ်လွန်သူခေါင်းဆောင် Ayatollah Ruhollah Khomeini ဂူဗိမ္မာန်တို့ကို ဒီကနေ့ ပစ်မှတ်ထား တိုက်ခိုက်မှုဟာ သူတို့လက်ချက်ဖြစ်ကြောင်း IS အစ္စလာမ်စစ်သွေးကြွအဖွဲ့က ကြေညာလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်