ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ အဖွဲ့ထဲမှာ လူ့အခွင့်အရေး ချိုးဖောက်တဲ့ နိုင်ငံတွေ ပါဝင်ခွင့် မပေးသင့်ဘူးလို့ ကုလသမဂ္ဂ ဆိုင်ရာ အမေရိကန် သံအမတ်ကြီး Nikki Haley ကပြောလိုက်ပါတယ်။ ဂျီနီဗာမှာ ကျင်းပနေတဲ့ ဆွေးနွေးပွဲအတွင်း နိုင်ငံ တကာက ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီးတွေကို မနေ့ကပဲ ပြောခဲ့တာပါ။
ပြင်သစ်နိုင်ငံ ပါရီမြို့တော်က အထင်ကရ Notre Dame Cathedral ဘုရားရှိခိုးကျောင်းမှာ ရဲအရာရှိ တယောက်ကို တူနဲ့ အင်္ဂါနေ့က တိုက်ခိုက်ခဲ့သူဟာ ဆီးရီးယားအတွက် လုပ်တာလို့ ဟစ်ကြွေးခဲ့ကြောင်း ပြင်သစ် ပြည်ထဲရေးဝန်ကြီး Gérard Collomb (ဂျေဟဒ် Colom) ကပြောကြားခဲ့ပါတယ်။
ပြင်သစ်နိုင်ငံ ပဲရစ်မြို့တော်က နာမည်ကျော် Notre Dame ဘုရားကျောင်းအနီး ရဲအရာရှိတဦးကို ဒီကနေ့ပဲ လူတယောက်က တိုက်ခိုက်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။
ကချင်ပြည်နယ် တနိုင်းမြို့နယ်အတွင်းက ရွှေနဲ့ပယင်း မှော်တွင်း(၁၀)ခုမှာ နေထိုင်နေသူတွေကို ဆက်ပြီး နေထိုင်ခွင့်မပြုတော့ဘဲ ဇွန်၁၅ ရက် နောက်ဆုံးထားပြီးထွက်ဖို့ စစ်တပ်က စာတွေဖြန့်ဝေညွှန်ကြားထားပါတယ်။
ရာသီဥတုဆိုင်ရာ ပဲရစ်သဘောတူညီချက်ကနေထွက်ဖို့ ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ သမ္မတ Donald Trump ဆုံးဖြတ်ခဲ့တာနဲ့ ပတ်သက်လို့ သဘောထား မတိုက်ဆိုင်ကြောင်း လုပ်ဖော်ကိုင်ဖက်တွေကို ပြောဆိုခဲ့ပြီးနောက် တရုတ်နိုင်ငံဆိုင်ရာ အမေရိကန် ယာယီသံအမတ်ကြီး David Rank ရာထူးက နုတ်ထွက်သွားပါတယ်။
လန်ဒန်မြို့မှာ စနေနေ့က အကြမ်းဖက်တိုက်ခိုက်မှုအတွင်း ထိခိုက်သေဆုံးသူတွေကို ရည်စူးပြီး၊ ဗြိတိန်နိုင်ငံ တနိုင်ငံလုံးမှာ ဒီကနေ့ ငြိမ်သက် ဂါရဝပြုခဲ့ကြပြီး၊ ရဲတပ်ဖွဲ့ကတော့ တိုက်ခိုက်သူတွေထဲက တတိယမြောက်တဦးရဲ့ အမည်ကို ကြေညာခဲ့သလို၊ အဖမ်းအဆီးလည်း ရှိခဲ့ပါတယ်။
Cambodia နိုင်ငံမှာ တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ ဒေသန္တရရွေးကောက်ပွဲမှာ အဓိက အတိုက်အခံပါတီက သိသိသာသာအနိုင်ရနေပုံရတာကြောင့် အာဏာချုပ်ကိုင်ထားတဲ့ ဝန်ကြီးချုပ် Hun Sen အတွက်စိုးရိမ်စရာဖြစ်နေပါတယ်။
ခိုလှုံခွင့်တောင်းခံသူ တူရကီနိုင်ငံသား Muhammet Furkan Sokmen ကို မြန်မာအာဏာပိုင်တွေက အတင်းပြန်ပို့ခဲ့တာဟာ တကယ့်လူ့အခွင့်အရေးချိုးဖေါက်မှုပဲလို့ HRW လူ့အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့ကပြောလိုက်ပါတယ်။
အလေးချိန်သုံးတန်ကျော်ရှိတဲ့ ဆက်သွယ်ရေးဂြိုလ်တုတလုံးကို သယ်ဆောင်သွားတဲ့ အိန္ဒိယရဲ့အလေးဆုံး နဲ့နောက်ဆုံးဆောက်လုပ်တဲ့ ဒုံးပျံအသစ်ကို နိုငိငံအရှေ့ဘက် Sriharikota ကျွန်းကနေ တနင်္လာနေ့ညနေပိုင်းက အာကာသထဲကို အိန္ဒိယကလွှတ်တင်လိုက်ပါတယ်။
မေလ ၃ ရက် စနေနေ့ညက ဗြိတိန်နိုင်ငံလန်ဒန်မြို့တော်မှာ လူပေါင်း ၇ ယောက်သေဆုံးအောင် တိုက်ခိုက်ခဲ့သူ ၃ ယောက်ထဲက ၂ ယောက်ရဲ့ နာမည်တွေကို လန်ဒန်မြို့တော်ရဲတပ်ဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။
တရုတ်နိုင်ငံဘက်က အိမ်နီးချင်း၊ မဟာမိတ် မြောက်ကိုရီးယားနိုင်ငံရဲ့ တရားမဝင် နျူးကလီးယား လက်နက် အစီအစဉ်တွေ စွန့်လွှွတ်ရေး အတွက် ဖိအားပေးဖို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Rex Tillerson က ဒီကနေ့ ပြောဆိုလိုက်ပါတယ်။
ကာတာနိုင်ငံက အကြမ်းဖက်ဝါဒကို ထောက်ပံ့ပေးနေတယ်လို့ စွပ်စွဲပြီး ဆော်ဒီအာရေးဗျ၊ အီဂျစ်၊ ဘာရိန်း၊ အာရပ်ဆော်ဘွားများ ပြည်ထောင်စု၊ ယီမင်နဲ့ မော်လ်ဒိုက် နိုင်ငံတွေက ဒီကနေ့ တနလာၤနေ့မှာ ကာတာနဲ့ သံတမန်ရေး အဆက်အဆံ ဖြတ်တောက် လိုက်ပါတယ်။
ဗြိတိန်နိုင်ငံ လန်ဒန်မြို့တော်မှာ ပြီးခဲ့တဲ့ စနေနေ့က လူ ၇ ဦး သေဆုံးပြီး ၅၀နီးပါး ဒဏ်ရာရရှိခဲ့ရတဲ့ အထိ တိုက်ခိုက်ခဲ့သူ ၃ ဦးဟာ ဘယ်သူတွေ ဖြစ်တယ်ဆိုတာကို ရဲက သိရှိထားပြီလို့ ဝန်ကြီးချုပ် Theresa May က ဒီကနေ့ ပြောပါတယ်။
စင်္ကာပူနိုင်ငံမှာ အခုသီတင်းပတ် ကျင်းပတဲ့ ဒေသတွင်း လုံခြုံရေး ထိပ်သီးညီလာခံ အတောအတွင်း အာရှဒေသရဲ့ လုံခြုံရေးနဲ့ တည်တံ့ခိုင်မြဲမှုအပေါ် ထောက်ခံအားပေးနေတာကို အမေရိကန်ပြည်ထောင်စု အနေနဲ့ ကျောခိုင်းသွားမှာ မဟုတ်ပါဘူးလို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး James Mattis က ပြောကြားလိုက်ပါတယ်။
ဘင်္ဂလား ပင်လယ်အော် ဒေသမှာ မိုရာ ဆိုင်ကလုံး ဝင်ရောက်ခဲ့တဲ့နောက်ပိုင်း ရခိုင်နဲ့ ချင်း ပြည်နယ်တွေမှာ မိုးကြီး ရေလျှံမှုတွေ နဲ့ အတူ မြေပြိုမှုတွေ ဖြစ်ပွါးခဲ့ သလို တနင်္ဂနွေနေ့မှာတော့ လှိုင်၊ မရမ်းကုန်း၊ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ လမ်းမတော်၊ တာမွေ နဲ့ ရန်ကုန်မြို့တွင်း နေရာအနှံ့ အပြားမှာ ရေကြီးတဲ့ ဒဏ်ကို ခံနေကြရပါတယ်။
မဲဆောက်- မြဝတီ နယ်စပ်ကုန်သွယ်ရေး ဖွံ့ဖြိုးမှုကို ထိုင်းအစိုးရက နမူနာစံပြဖြစ်အောင် အားပေးမြင့်တင်ဆောင်ရွက် နေတာဟာ ထိုင်း ပုဂ္ဂလိက လုပ်ငန်းတွေအတွက် တခြားမြန်မာနိုင်ငံနဲ့ ထိတွေ့ဆက်စပ်နေတဲ့ တိုင်းပြည်တွေအထိ တိုးချဲ့ လုပ်ကိုင်နိုင်တဲ့ အခွင့်အလမ်းတွေ ရရှိစေအောင် ဖေါ်ဆောင်ပေးနေတာဖြစ်ပါတယ်။
ဗြိတိန် နိုင်ငံမှာ စနေနေ့က ရ ဦး သေဆုံးပြီး လူ ၅၀ လောက် ဒဏ်ရာရခဲ့တဲ့ လန်ဒန်တံတားနဲ့ Borough ဈေး အတိုက်ခိုက် ခံရမှုတွေနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ အမြန်လုပ်ဆောင်နေပြီး တနင်္ဂနွေနေ့ မနက်ပိုင်းက လန်ဒန် အရှေ့ပိုင်း မှာ ဝင်ရောက်စီးနင်းမှုတွေကနေ လူပေါင်း ၁၂ ယောက်ကို ဖမ်းဆီးခဲ့တယ်လို့ အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ အရာရှိတွေက ပြောပါတယ်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ကနေဒါ ဝန်ကြီးချုပ် Justin Trudeau ရဲ့ ဖိတ်ကြားချက်အရ တနင်္ဂနွေနေ့ ညမှာ ရန်ကုန်လေဆိပ်ကနေ ရန်ကုန်လေဆိပ်ကနေ ကနေဒါ နိုင်ငံ ၅ ရက်ကြာ ချစ်ကြည်ရေး ခရီး စတင်ထွက်ခွါသွားပါပြီ။
ဗြိတိန် နိုင်ငံမှာ မနေ့ စနေနေ့က အကြမ်းဖက် ဝါဒီတွေရဲ့ တိုက်ခိုက်မှု အတွင်း သေဆုံးသူ ၇ ဦး သေဆုံးပြီး တိုက်ခိုက်ခဲ့သူ ၃ ဦးကိုလည်း သေဆုံးခဲ့တယ်လို့ လန်ဒန် ရဲ အဖွဲ့က ဒီကနေ့ ပြောဆိုပါတယ်။
ဥတုရာသီဆိုင်ရာ အရေးယူလုပ်ဆောင်မှုတွေကို ပြည်ထောင်စုအစိုးရက ခပ်ကင်းကင်းနေတော့မယ့် အချိန်မှာ အမေရိကန် ပြည်နယ်နဲ့ မြို့အစိုးရ အဖွဲ့တွေနဲ့ ပုဂ္ဂလိက အဖွဲ့တွေက ဒီ ဖန်လုံအိမ်ဓာတ်ငွေ့လျှော့ချဖို့ ဝိုင်းဝန်းလုပ်ဆောင်ကြမှာဖြစ်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်