မြောက်ကိုရီးယားအနေနဲ့ သူတို့ရဲ့ Nuclear ဗုံး တီထွင်ရေး အစီအစဉ်ကို ဆက်မလုပ်ဖို့ နိုင်ငံတကာကဝိုင်းဝန်းဖိအားပေးနေတဲ့ စာရင်းကို ကုလသမဂ္ဂလုံခြုံရေးကောင်စီက တိုးမြှင့်လိုက်ပြီး ဒဏ်ခတ်ပို့ဆို့ထားတဲ့ စာရင်းထဲမှာ လူပုဂ္ဂိုလ် ၁၄ ဦးနဲ့ ကုမ္ပဏီ ၄ ခုကို ထပ် ထည့်သွင်းလိုက်ပါတယ်။
မြောက်ကိုရီးယား နျူကလီးယားလက်နက် ဖယ်ရှားရေးအတွက် အမေရိကန်အပါအဝင် တခြားနိုင်ငံတွေအတူ ပူးပေါင်းလုပ်ဆောင်သွားမယ်ဆိုတဲ့ တရုတ်ရဲ့ သန္နိဋ္ဌာန်ချထားမှုကို အမေရိကန် ကာကွယ်ရေးဝန်ကြီးက ကြိုဆိုလိုက်ပါတယ်။
ဥတုရာသီဆိုင်ရာပါရီသဘောတူညီချက်ကနေ နှုတ်ထွက်ဖို့ သမ္မတ Donald Trump ရဲ့ ဆုံးဖြတ်ချက် ဟာ သတ္တိရှိရှိ လုပ်ဆောင်ခဲ့တာမို့ ဒီဆုံးဖြတ်ချက်အတွက် အမေရိကန်နိုင်ငံသားတွေ အနေနဲ့ နိုင်ငံ့ကိုယ်စား တောင်းပန်နေစရာမလိုဘူးလို့ သဘာဝဝန်းကျင်ကာကွယ်ထိန်းသိမ်းရေး အဖွဲ့ EAP အကြီးအကဲ Scott Pruitt က သောကြာနေ့ သမ္မတအိမ်ဖြူသတင်းစာရှင်းလင်းပွဲမှာ ပြောကြား လိုက်ပါတယ်။
သောကြာနေ့ကလုပ်တဲ့ ပါတီခေါင်းဆောင်ရွေးကောက်ပွဲမှာ India ကနေ လာရောက် အခြေချသူ တယောက်ရဲ့ သားဖြစ်ပြီး လိင်တူစုံမက်သူဖြစ်တယ်လို့ လူသိရှင်ကြား အသိပေးထားသူ Leo Varadkar အနိုင်ရရှိခဲ့တာပါ။
ရာသီဥတုပြောင်းလဲဖောက်ပြန်မှု တိုက်ဖျက်ရေး ပါရီသဘောတူညီချက်ကို ဆက်ပြီးဆောင်ရွက်သွားမယ်လို့ EU ဥရောပသမဂ္ဂနဲ့ တရုတ်နိုင်ငံတို့က ထပ်ပြီး ကတိပြုခဲ့ကြပါတယ်။
သမိုင်းဝင် ရာသီဥတုဆိုင်ရာ ပဲရစ်သဘောတူညီချက်ကနေ နှုတ်ထွက်ဖို့ အမေရိကန်သမ္မတ Donald Trump ရဲ့ ဆုံးဖြတ်ချက်အပေါ် ကမ္ဘာတဝန်းက ခေါင်းဆောင်တွေ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားသူတွေ အပြင်းအထန် ဝေဖန်လိုက်ကြပါတယ်။
ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော်က ကာဆီနိုလောင်းကစားရုံတခုကို သေနတ်သမားတဦးက ဝင်ရောက်စီးနင်းပြီး၊ လူအုပ်ကြားက လောင်းကစား စားပွဲတွေကို မီးရှို့ခဲ့ရာမှာ မီးခိုးတွေကြောင့် အသက်ရှုမွန်းကြပ်ပြီး လူ ၃၆ ယောက်ထက်မနည်း သေဆုံးခဲ့ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။
ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ရေး ပါရီသဘောတူစာချုပ်ကနေ နုတ်ထွက်မယ်လို့ အမေရိကန်သမ္မတ Donald Trump ဆုံးဖြတ်လိုက်တဲ့အပေါ် ဥရောပခေါင်းဆောင်တွေက စိတ်ပျက်ကြောင်း တုံ့ပြန်နေကြပါတယ်။
ပြီးခဲ့တဲ့ ၆ ရက် အတွင်း ဘင်္ဂလားပင်လယ်အော်ဒေသမှာ တိုက်ခိုက်ခဲ့တဲ့ ဆိုင်ကလုံးမိုရာ ကြောင့် အနည်းဆုံး ကလေးငယ်ပေါင်း ၁.၃ သန်းလောက် အရေးပေါ် အကူအညီတွေ လိုအပ်နေတယ်လို့ ကုလသမဂ္ဂ UNICEF က သတိပေးလိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စုဟာ အရင်သမ္မတဟောင်း Barack Obama လက်ထက်က လက်မှတ်ရေးထိုးခဲ့တဲ့ ဥတုရာသီ ဆိုင်ရာ ပါရီ သဘောတူညီချက် ထဲမှာ မပါဝင်တော့ပဲ နုတ်ထွက်မှာ ဖြစ်ကြောင်း သမ္မတ Donald Trump က ကြာသပတေးနေ့မှာ ပြောကြား လိုက်ပါတယ်။
ဖိလစ်ပိုင်တောင်ပိုင်း Marawi မြို့က IS အစွန်းရောက်အဖွဲ့နဲ့ ဆက်စပ်လှုပ်ရှားနေတဲ့ အကြမ်းဖက်သမားတွေကို လေကြောင်းကနေ ပစ်မှတ်ထားတိုက်ခိုက်မှုအတွင်း မှားယွင်းပစ်ခတ်မှုကြောင့် ဖိလစ်ပိုင် တပ်ဖွဲ့ဝင် ၁၀ ဦးသေဆုံးပြီး ၇ ဦး ဒဏ်ရာရသွားပါတယ်။
အမေရိကန် အာကာသ အေဂျင်စီ NASA က နောက်နှစ် အတွင်း နေ ပတ်လမ်း အတွင်း အာကာသယာဉ် တစင်း လွှတ်တယ်မယ်လို့ ကြေညာလိုက်ပါတယ်။
မလေးရှားနိုင်ငံ မြို့တော် ကွာလာလမ်ပူကို ဦးတည် ပျံသန်းမယ့် မလေးရှား လေယာဉ်တစင်းမှာ ခရီးသည် တဦးက လေယာဉ်မောင်းခန်းထဲ ဝင်ရောက်ဖို့ ကြိုးစားခဲ့ပြီး တဲ့နောက် ထွက်ခွာခဲ့ရာ သြစတေးလျ နိုင်ငံ Melbourne လေဆိပ်ကို ဘေးကင်းစွာ ပြန်ဆင်းသက် နိုင်ခဲ့ပါတယ်။
မလက္ကာ ရေလက်ကြား တလျှောက် ဆိပ်ကမ်းသစ် ၃ ခု တည်ဆောက်ရေး စီမံချက်ဆိုင်ရာ အဆိုပြုချက် တွေနဲ့ မလေးရှားမှာ ပြဿနာ ဖြစ်နေတဲ့ 1MDB လို့ခေါ်တဲ့ မလေးရှား ဖွံ့ဖြိုးရေးဘဏ်နဲ့ ဆက်စပ်နေတဲ့ Bandar Malaysia စီမံကိန်း အတွက်လည်း ဆွေးနွေးကြမှာပါ။
၁၉၈၀ ခုနှစ်တွေ အတွင်း အရှေ့တောင်အာရှ ဒေသအတွင်း ဂျပန်နိုင်ငံက အကြီးမားဆုံး ရင်းနှီးမြုပ်နံှမှုတွေ လုပ်ဆောင်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ အဲဒီနေရာကို တရုတ်နိုင်ငံက အစားထိုး ဝင်ရောက်လာခဲ့ပါတယ်။
အမေရိကန်သမ္မတဟောင်း Barack Obama လက်ထက်မှာ လက်မှတ်ရေးထိုးထားတဲ့ ရာသီဥတုဆိုင်ရာ ပါရီသဘောတူညီချက်ကနေ နုတ်ထွက်ဖို့ သမ္မတ Donald Trump အသင့်ဖြစ်နေပြီလို့ အမေရိကန် သတင်းမီဒီယာတွေမှာ ဖော်ပြနေပါတယ်။
မုတ်သုန်ရာသီမိုးကြောင့် ရေကြီး၊ မြေပြိုမှုတွေကြုံခဲ့ရာက သေဆုံးသူ အရေအတွက်ဟာ အနည်းဆုံး ၂၀၂ ယောက်အထိ ရှိခဲ့ကြောင်း သီရီလင်္ကာနိုင်ငံက ဒီကနေ့ပဲ ပြောဆိုလိုက်ပါတယ်။
အာဖဂနစ္စတန်နိုင်ငံ Kabul မြို့တော်က သံတမန်ရပ်ကွက်မှာ ဒီကနေ့ မနက်အစောပိုင်းက ထရပ်ကားတစင်းနဲ့ ပြင်းထန်တဲ့ ကားဗုံးထောင် တိုက်ခိုက်မှုကြောင့် လူ ၉၀ ထက်မနည်း သေဆုံးပြီး၊ ၃၀၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။ ပေါက်ကွဲမှုဖြစ်ပွားပြီး နာရီပိုင်းအကြာမှာပဲ သေဆုံးသူ အရေအတွက်ကို အမည်မဖော်လိုသူ အာဖဂန် လုံခြုံရေးအရာရှိတဦးက ဗွီအိုအေကိုပြောဆိုခဲ့တာပါ။
အိမ်ဖြူတော် ပြန်ကြားရေး အကြီးအကဲ Mike Dubke တာဝန်ကနေ နုတ်ထွက်သွားပါပြီ။
ပြီးခဲ့တဲ့နှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲကို ရုရှားက ကြားဝင်စွက်ဖက်ခဲ့တယ်လို့ဆိုတဲ့ စွပ်စွဲချက်တွေကို စုံစမ်းစစ်ဆေးမှုတွေ အရှိန်မြှင့် လုပ်ဆောင်လာနေတဲ့အပေါ် ရုရှားအစိုးရ တာဝန်ရှိသူတွေက လှောင်ရယ်နေကြလိမ့်မယ်လို့ သမ္မတ Donald Trump က ပြောဆိုလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်