မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိခဲ့တယ်လို့ဆိုတဲ့ စွပ်စွဲချက်တွေကို စုံစမ်းစစ်ဆေးမယ့် နိုင်ငံတကာ ကျွမ်းကျင်သူပုဂ္ဂိုလ် ၃ ယောက်ရဲ့ အမည်ကို ကုလသမဂ္ဂက ကြေညာလိုက်ပါတယ်။
နောက်ဆုံးစမ်းသပ်ခဲ့တဲ့ ပဲ့ထိန်းတပ်ဒုံးကျည်စမ်းသပ်မှုဟာ အောင်မြင်တယ်လို့ မြောက်ကိုရီးယားနိုင်ငံက ပြောကြားခဲ့ပါတယ်။ လေယာဉ်ပစ် ပဲ့ထိန်းတပ် လက်နက်စနစ်သစ်ကို အောင်အောင်မြင်မြင်စမ်းသပ်နိုင်ခဲ့တယ်လို့ မြောက်ကိုရီးယားအစိုးရသတင်းဌာနက တနင်္လာနေ့က ပြောကြားခဲ့တာပါ။
ပြီးခဲ့တဲ့နှစ်အမေရိကန်သမ္မတရွေးကောက်ပွဲမှာ Donald Trump အနိုင်ရခဲ့ပြီးချိန်မှာ ရုရှားနဲ့ သီးသန့်လျှို့ဝှက်ဆက်သွယ်ရေး လမ်းကြောင်းတခုထားရှိဖို့ သမ္မတ Trump ရဲ့သားမက်ဖြစ်သူလည်းဖြစ်၊ အိမ်ဖြူတော်အကြီးတန်းအကြံပေးလည်းဖြစ်သူက ကြိုးစားခဲ့တယ်ဆိုတဲ့အပေါ် သမ္မတ Trump ကကာကွယ်ပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ လူသုံးများတဲ့ Facebook လူမှုကွန်ယက်ပေါ်မှာ ပြီးခဲ့တဲ့ ရက်ပိုင်း ကုလားဆိုတဲ့အသုံးအနှုန်းပါဝင်တဲ့ Post တွေဖယ်ရှားခံခဲ့ရသလို အဲဒီ Post တွေတင်ခဲ့တဲ့ Account တချို့အပိတ်ခံခဲ့ရပါတယ်။
မြန်မာနိုင်ငံကို ၄ ရက်ကြာ တရားဝင် အလည်အပတ် ရောက်ရှိနေတဲ့ အိန္ဒိယကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး Bipin Rawat ဟာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တနင်္လာနေ့က တွေ့ဆုံခဲ့ပါတယ်။
အကြမ်းဖက်ဝါဒကို တိုက်ပွဲဝင်နေကြတဲ့ နိုင်ငံကို ချစ်မြတ်နိုးကြတဲ့ အမေရိကန် မျိုးဆက်သစ်တွေကို သမ္မတ Donald Trump က တနင်္လာနေ့မှာ ကျရောက်တဲ့ အောက်မေ့ဘွယ်နေ့ အခမ်းအနားမှာ ဂုဏ်ပြု ပြောကြားလိုက်ပါတယ်။
ဗြိတိန်နိုင်ငံ မန်ချက်စတာမြို့မှာ ပြီးခဲ့တဲ့သီတင်းပတ်ကကျင်းပတဲ့ ဂီတဖျော်ဖြေပွဲတခုကို ဗုံးခွဲတိုက်ခိုက်မှုနဲ့ ဆက်စပ်ပြီး အသက် ၂၃ နှစ်အရွယ် အမျိုးသားတဦးကို ဒီကနေ့ တနင်္လာနေ့က ဖမ်းလိုက်တယ်လို့ ဗြိတိန်ရဲတပ်ဖွဲ့က ပြောပါတယ်။
အမေရိကန်ပြည်ထောင်စုမှာတော့ ဒီကနေ့ တနင်္လာနေ့ဟာ အောက်မေ့ဖွယ်နေ့ ဖြစ်ပါတယ်။ အမေရိကန်တွေအတော်များများအတွက်တော့ နွေရာသီ စတင်တဲ့နေ့ဖြစ်တယ်လို့ အကြမ်းဖျင်းအားဖြင့် သတ်မှတ်ထားကြပါတယ်။
မြောက်ကိုရီးယားအစိုးရဟာ တာတိုပစ် ပဲ့ထိန်းဒုံးကျည် နောက်တစင်းကို ဒီကနေ့ တနင်္လာနေ့အစောပိုင်းက ထပ်မံ ပစ်လွှတ်စမ်းသပ်လိုက် ပါတယ်။ မြောက်ကိုရီးယားရဲ့ နျူကလီးယား ရည်မှန်းချက်တွေကို စွန့်လွှတ်ဖို့ G-7 စက်မှုအင်အားကြီး နိုင်ငံတွေက တောင်းဆိုလိုက်အပြီး ရက်ပိုင်းအကြာမှာပဲ အခုလို စမ်းသပ်ပစ်လွှတ်တာပါ။
အမေရိကန် အမိမြေလုံခြုံရေးအကြီးအကဲက သူ့အနေနဲ့ အမေရိကန်နိုင်ငံထဲကို ဝင်ထွက်သွားလာနေကြတဲ့ နိုင်ငံ တကာလေကြောင်း ခရီးသည်တွေအနေနဲ့ Laptop ကွန်ပြူတာတွေလေယာဉ်ပေါ် တပါတည်း သယ်ဆောင် နေကြတာကို ပိတ်ပင်ဖို့ စဉ်းစားနေကြောင်း ပြောလိုက်ပါတယ်။
လစ်ဗျား အာဏာပိုင်တွေကလည်း မန်ချက်စတာ အသေခံဗုံးခွဲသူ လစ်ဗျားနွယ်ဖွား ဗြိတိန်နိုင်ငံသား Salman Abedi ရဲ့အကိုနဲ့ ဖခင်ဖြစ်သူကို ဖမ်းဆီးခဲ့တာမို့ အခုဆိုရင် ဒီဗုံးခွဲမှုနဲ့ ဆက်နွယ်ပြီး ဖမ်းဆီးထားသူ ၁၅ ဦး ရှိပါပြီ။
မြောက်ကိုရီးယားက တနင်္လာနေ့ မနက်အစောပိုင်းက တိုင်းပြည်အရှေ့ဘက် ကမ်းခြေကနေ နောက်ထပ် ပဲ့ထိန်းတပ် ဒုံးကျည်ကို စမ်းသပ်ပစ်လွှတ်လိုက်ပါတယ်။
အိန္ဒိယကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် Bipin Rawat ရဲ့ မြန်မာနိုင်ငံကို မေလ ၂၈ ရက်ကနေ ၃၁ ရက်အထိ လေးရက် ခရီးစဉ်အတွင်း နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်း စုကြည်နဲ့တွေ့ဆုံဖို့ရှိသလို တပ်မတော်ခေါင်းဆောင်ပိုင်း တာဝန်ရှိသူတွေနဲ့ပါ တွေ့ဆုံမှာဖြစ်ပါတယ်။
ရှမ်းပြည်နယ်အတွင်း အမည်မသိ ဒေသခံ တိုင်းရင်းသား ၆ ဦးကို မြန်မာ စစ်တပ်က ဖမ်းဆီး နှိပ်စက်နေတဲ့ ဗွီဒီယိုမှတ်တမ်းတွေ စနေနေ့က ထွက်လာပြီးတဲ့နောက် အဲဒီလူတွေ ဘေးကင်းလုံခြုံစွာ ရှိနေရေးအတွက် အာဏာပိုင်တွေအနေနဲ့ ချက်ချင်း စုံစမ်း စစ်ဆေးပေးဖို့ Fortify Rights လို့ခေါ်တဲ့ လူ့အခွင့်အရေးအဖွဲ့က တောင်းဆိုလိုက်ပါတယ်။
ဗြိတိန် နိုင်ငံ မန်ချက်စတာမြို့ တိုက်ခိုက်ခံရမှုကြောင့် နိုးကြားမှု ရှိလာတာနဲ့ အတူ အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေးမှာ အင်တာနက် ကုမ္ပဏီတွေ ဘက်က ပိုပြီး ကူညီပေးလာကြတယ်လို့ ပြည်ထဲရေး ဝန်ကြီးက ပြောဆိုပါတယ်။
ဇီကာဗိုင်းရပ်စ် ကူးစက်ခံထားရသူ သုံးဦးကို ပထမဆုံး တွေ့ရှိထားတယ်လို့ အိန္ဒိယ နိုင်ငံက ပြောဆိုပါတယ်။
ဗိတိန်နိုင်ငံ Manchester မှာ တနင်္လာနေ့က အသက် ၂၂ နှစ်အရွယ် လစ်ဗျားဇာတိ ဗြိတိန်နိုင်ငံသား Salman Abedi ရဲ့ အသေခံ ဗုံးခွဲမှုဟာ လစ်ဗျား ပြည်တွင်းစစ်ကို ဗြိတိန်ဆီ သယ်လာရုံ သာမကပဲ လစ်ဗျား နိုင်ငံထဲက အုပ်ချုပ်မှု အာဏာလု နေကြတဲ့ အစိုးရတွေနဲ့ ပြည်တွင်းက လက်နက်ကိုင် အဖွဲ့တွေကြား ငြိမ်းချမ်းရေး ရဖို့ ကြိုးစားနေမှုတွေ ကိုပါ ထိခိုက်စေတာ ဖြစ်ပါတယ်။
ဗြိတိန်ရဲတပ်ဖွဲ့က Manchester မြို့ အသေခံဗုံးဖောက်ခွဲမှုနဲ့ဆိုင်တဲ့ စုံစမ်း စစ်ဆေးမှုမှာ တိုးတက်မှုတွေ ရှိလာတဲ့အတွက် အကြမ်းဖက်မှု အန္တရာယ် သတိပေး နှိုးဆော်ချက်ကို အမြင့်ဆုံး အဆင့်ကနေ စနေနေ့မှာ တဆင့်လေ ျှာ့ချ သတ်မှတ်လိုက်ကြောင်း ဝန်ကြီးချုပ် Theresa May က ပြောကြားလိုက်ပါတယ်။
G-7 စက်မှုထိပ်သီး ၇ နိုင်ငံ ထိပ်သီးစည်းဝေးပွဲက ထုတ်ပြန်တဲ့ ကြေညာချက်မှာ အရင်က မလုပ်ဘူးတဲ့ လုပ်ရပ်တခုအနေနဲ့ အရေးကြီးတဲ့ ကိစ္စရပ်တခုအတွက် အမေရိကန် ပြည်ထောင်စုကို ချန်လှပ် ထားခဲ့ပါတယ်။
လေယာဉ်မယ်ကို ကိုက်ဖို့ ကြိုးစားပြီး တံခါးပေါက် တခုကနေ လေယာဉ်ပြေးလမ်းပေါ် ခုန်ဆင်း သွားတာ ဖြစ်ပါတယ်။ သူ့ကို လေဆိပ်ဝန်ထမ်း တွေက ဝိုင်းဖမ်းပြီး ဆေးရုံ ပို့ခဲ့ကြတာပါ။
နောက်ထပ်ကြည့်ရှုရန်