မဘသ လို့ခေါ်တဲ့ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့ဝင် သံဃာတော်တွေ၊ သီလရှင်တွေနဲ့ ဒီအဖွဲ့ကို ထောက်ခံသူ တချို့ဟာ မနေ့ စနေနေ့က အင်းစိန်မြို့နယ် အတွင်းမှာရှိတဲ့ အောင်ဆန်းတောရ တပ်ဦးကျောင်းတိုက်မှာ စည်းဝေးပွဲ ကျင်းပခဲ့တာမှာ တက်ရောက်သူပေါင်း ထောင်နဲ့ချီ ရှိခဲ့တယ်လို့ ဆိုပါတယ်။
မြောက်ကိုရီးယားကို သတိပေးတဲ့ အနေနဲ့ အမေရိကန်က တတိယမြောက် လေယာဉ်တင် စစ်သင်္ဘောတစင်း အပါအဝင် စစ်သင်္ဘော အုပ်စုတခုကို ပစိဖိတ် အနောက်ဘက်ခြမ်း ဒေသကို စေလွှတ်လိုက်ပါတယ်။
အစ္စလာမ္မစ် စစ်သွေးကြွတွေကို စစ်သင်တန်းပေး လေ့ကျင့်ခဲ့တယ်လို့ ယူဆရတဲ့ လစ်ဗျားနိုင်ငံထဲက အကြမ်းဖက်သမားတွေရဲ့အခြေစိုက် စခန်းတွေကို အီဂျစ်ဘက်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက် ခဲ့ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်ရဲ့အာဏာလွှဲပြောင်းရေးအဖွဲ့နဲ့ ရုရှားအစိုးရ ကြားမှာ လျှို့ဝှက်ဆက်သွယ်ရေး လမ်းကြောင်းတခု ထားရှိသွားဖို့ ဖြစ်နိုင်ချေနဲ့ ပတ်သက်ပြီး သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့သားမက်လည်းဖြစ်၊ ထိပ်တန်း အကြံပေးလည်းဖြစ်တဲ့ Jared Kushner နဲ့ အမေရိကန်နိုင်ငံ ဆိုင်ရာ ရုရှားသံအမတ်ကြီးတို့ ဆွေးနွေးခဲ့ကြတယ်လို့ ဝါရှင်တန်ပို့စ် သတင်းစာကြီးက ပြောလိုက်ပါတယ်။
ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်း Marawi မြို့မှာ အိုင်အက်စ် စစ်သွေးကြွတွေနဲ့ ဆက်နွယ်နေတဲ့ လက်နက်ကိုင် ပုန်ကန်သူတွေ ထဲမှာ နိုင်ငံရပ်ခြားက လာတဲ့ တိုက်ခိုက်ရေး သမားတွေပါဝင်ပြီး အဲဒီအထဲမှာ စင်္ကာပူ နိုင်ငံသားတွေပါ ပါဝင်နေတယ်လို့ ဖိလစ်ပိုင် စစ်တပ်က သောကြာနေ့မှာ ပြောပါတယ်။
အမေရိကန် ပေါ့ပ်အဆိုတော် Ariana Grande က ပြီးခဲ့တဲ့အပတ် သူ့ဂီတပွဲမှာ အကြမ်းဖက် တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့တဲ့သူ ၂၂ ယောက်အတွက် ရန်ပုံငွေရှာတဲ့ ဂီတဖျော်ဖြေပွဲတစ်ခု ဗြိတိန်နိုင်ငံ မန်ချက်စတာမြို့မှာ ကျင်းပမယ်လို့ ပြောပါတယ်။
G-7 စက်မှုထိပ်သီး ၇ နိုင်ငံရဲ့ အီတလီနိုင်ငံ Sicily ကျွန်းမှာ သောကြာနေ့ ကျင်းပခဲ့တဲ့ ညီလာခံမှာ အဓိက အခြေအတင် ပြောကြတဲ့ ကိစ္စရပ် ကတော့ ဥတုရာသီ ပြောင်းလဲမှုဖြစ်ပါတယ်။
အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တော်မှာ Coptic ခရစ်ယာန်တွေ စီးနင်းလာတဲ့ ဘတ်စ်ကားတစီးကို သေနတ်သမားတွေက တိုက်ခိုက်တာကြောင့် လူပေါင်း ၂၆ ဦး သေဆုံးပြီး ၂၅ ဦး ဒဏ်ရာရသွားပါတယ် ကိုင်ရိုမြို့တောင်ပိုင်း မိုင် ၂၀၀ အကွာ Minya ဒေသက Samuel ဘုရားကျောင်းကို သွားတဲ့လမ်းပေါ်မှာ တိုက်ခိုက်ခံရတာဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။
မြန်မာနိုင်ငံအခြေစိုက် တူရကီနိုင်ငံသား ပညာရေးဝန်ထမ်း M. Furkan Sokmen နဲ့ မိသားစု ဘန်ကောက်ကိုသွားဖို့လေယာဉ်ပေါ် တက်ဖို့ပြင်စဉ် မနေ့ ကြာသပတေးနေ့တုန်းက ရန်ကုန်လေဆိပ်မှာ ထိန်းသိမ်းခံခဲ့ရပါတယ်။
NATO မဟာမိတ်အဖွဲ့ဝင် နိုင်ငံတွေ အနေနဲ့ လုံခြုံရေးအတွက် ကာကွယ်ရေး ဆိုင်ရာကုန်ကျစားရိတ်ကို အချိုးကျ မပေးဝေ ကြတာနဲ့ ပတ်သက်ပြီး ကြာသပတေးနေ့ အစည်းအဝေးမှာ အမေရိကန် သမ္မတ Donald Trump က အဖွဲ့ဝင်နိုင်ငံတွေကို ဝေဖန်ခဲ့သလို အကြမ်းဖက်ဝါဒ နဲ့ ပတ်သက်ပြီး ပိုဦးစားပေးလုပ်ဆောင်ဖို့ ပြောကြားခဲ့ပါတယ်။
မကြာသေးခင်က အိန္ဒိယနိုင်ငံ မီဇိုရမ်ဘက်ကို ထွက်ပြေးခဲ့ကြတဲ့ မြန်မာနိုင်ငံက ဒုက္ခသည် ၃၄၀ လောက်ကို အိန္ဒိယ အစိုးရက နေရပ်ရင်း ပြန်ပို့ခဲ့တယ်လို့ အာသံရိုင်ဖယ်တပ်က အရာရှိတွေရဲ့ ပြောကြားချက်ကို ကိုးကားပြီး Hindustan Times သတင်းမှာ ဖေါ်ပြပါတယ်။
တရုတ်နိုင်ငံက ပိုင်ဆိုင်ကြောင်း ကြေညာထားတာကို စိန်ခေါ်တဲ့လုပ်ရပ်တခုအဖြစ် အမေရိကန် ရေတပ်စစ်သင်္ဘောတစင်းဟာ တောင်တရုတ် ပင်လယ်ပြင်မှာ တရုတ်နိုင်ငံက ထိန်းချုပ်ထားတဲ့ ကျွန်းတခုအနီး ခုတ်မောင်းခဲ့ပါတယ်။
ဗြိတိန်နိုင်ငံ မန်ချက်စတာမြို့က ဂီတဖျော်ဖြေပွဲမှာ တနင်္လာနေ့တုန်းက အသေခံဗုံးခွဲတိုက်ခိုက်မှုနဲ့ ဆက်နွယ်ပြီး ဒီကနေ့အစောပိုင်း သီးခြားစီ ရှာဖွေစီးနင်းမှုတွေအတွင်း ဖမ်းဆီးလိုက်သူ ၂ ဦး အပါအဝင်၊ စုစုပေါင်း ဖမ်းဆီးထားသူ အခုဆိုရင် ၈ ဦးအထိ ရှိသွားပါပြီ။
ပုပ်ရဟန်းမင်းကြီး Francis နဲ့ ဒီကနေ့ Vatican နန်းတော်မှာ တွေ့ဆုံမှု အပြီး အမေရိကန် သမ္မတ Donald Trump ဟာ သူဟာ ကမ္ဘာ့ ငြိမ်းချမ်းရေး အတွက် လုပ်ဆောင်ဖို့ ယခင်ထက် ပိုပြီး ပြတ်ပြတ်သားသား ဆုံးဖြတ်လိုက်တယ်လို့ ဆိုပါတယ်။
သမ္မတ Duterte ဟာလူဦးရေ ၂၁ သန်းရှိတဲ့ Mindanao ကျွန်းနဲ့ ပတ်ဝန်းကျင်က ကျွန်းငယ်တွေမှာ Martial Law ကြေညာ ခိုင်းလိုက်ပါတယ်။ Marawi မြို့ကို Maute အုပ်စုက စစ်သွေးကြွတွေ ဝင်စီးပြီးတဲ့နောက် သိပ်မကြာခင်မှာဘဲ Martial Law ကြေညာခိုင်းလိုက်တာ ဖြစ်ပါတယ်။
ဗြိတိန်နိုင်ငံ မန်ချက်စတာမြို့က ဂီတဖျော်ဖြေပွဲမှာ တနင်္လာနေ့တုန်းက အသေခံ ဗုံးခွဲတိုက်ခိုက်ခဲ့မှုနဲ့ ဆက်နွယ်ပြီး နောက်ထပ် လူ ၃ ဦးကို ဖမ်းဆီးလိုက်ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။
မြန်မာနိုင်ငံ ပညာရေးကဏ္ဍမှာ လုပ်အားပေးဖို့ အမေရိကန် Peace Corps အဖွဲ့က ဒုတိယအသုတ်အဖြစ် စေတနာ့ဝန်ထမ်း ၁၅ ဦး စတင်တာဝန် ထမ်းဆောင်တော့မှာဖြစ်ကြောင်း အမေရိကန်သံရုံးက သတင်းထုတ်ပြန်လိုက်ပါတယ်။
သမ္မတဦးထင်ကျော်ရဲ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်အရ မြန်မာနိုင်ငံအဝှမ်း ထောင်အသီးသီးမှာရှိတဲ့ နိုင်ငံရေးအကျဉ်းသား ၇၀ကျော် ဒီကနေ့မနက် ပြန်လည်လွတ်မြောက်လာကြပါတယ်။
James Bond သရုပ်ဆောင် တဦးဖြစ် အများသိကြတဲ့ ဗြိတိန် ရုပ်ရှင်မင်းသားကြီး Roger Moore ဟာ အသက် ၈၉ နှစ် အရွယ်မှာ ကွယ်လွန်သွားပြီဖြစ်ပါတယ်။
အစ္စရေးနဲ့ ပါလက်စတိုင်း ခေါင်းဆောင် ၂ ဦးစလုံးက ငြိမ်းချမ်းရေး သဘောတူညီချက် ရရှိရေး လုပ်ဆောင်ဖို့ အဆင်သင့် ရှိကြတယ်လို့ သမ္မတ Donald Trump က အင်္ဂါနေ့မှာ ကြေညာလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်