ဗြိတိန်နိုင်ငံရဲ့အကြမ်းဖက်မှု အန္တရာယ် သတိပေး နှိုးဆော်ချက်ကို အမြင့်ဆုံးအဆင့် အထိ သတ်မှတ်လိုက်ပြီး လက်နက်ကိုင် ရဲတပ်ဖွဲ့တွေကို ကူညီဖို့ စစ်သားတွေကို စေလွှတ်ထားကြောင်း ဝန်ကြီးချုပ် Theresa May က အင်္ဂါနေ့မှာ ကြေညာလိုက်ပါတယ်။
အနည်းဆုံး လူ ၂၂ ယောက် သေဆုံးခဲ့ရပြီး ဒါဇင်နဲ့ချီ သေဆုံးခဲ့ရတဲ့ ဗြိတိန်နိုင်ငံ မန်ချက်စတာမြို့က အမေရိကန် ပေါ့ပ်ဂီတ အကျော်အမော် Ariana Grande ရဲ့ ဂီတပွဲမှာ မနေ့ တနလာၤနေ့က ဖောက်ခွဲမှုဟာ သူတို့လက်ချက်လို့ အစ္စလာမ္မစ် အစွန်းရောက် IS အဖွဲ့က ပြောဆိုလိုက်ပါတယ်။
ဗြိတိန်နိုင်ငံ၊ Manchester မြို့ အားကစားရုံအတွင်း ကျင်းပနေတဲ့ Rock ဂီတ ဖျော်ဖြေပွဲ ပြီးခါစမှာ ကြီးမားတဲ့ ပေါက်ကွဲမှု ဖြစ်သွားခဲ့တဲ့အတွက် အနည်းဆုံး ၁၉ ဦးသေဆုံးပြီး ၅၀ လောက် ထိခိုက် ဒဏ်ရာရသွားတယ်လို့ ဗြိတိန်ရဲတပ်ဖွဲ့က ပြောပါတယ်။ဒီပေါက်ကွဲမှုဟာ အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုဖြစ်နိုင်ခြေရှိတယ်လို့ ဗြိတိန်ရဲတပ်ဖွဲ့က သုံးသပ်ပါတယ်။
၂၀၁၆ ခုနှစ်က လူပေါင်း သန်း ၃၀ ကျော်တို့ဟာ သူတို့ရဲ့ သက်ဆိုင်ရာ နိုင်ငံတွေအတွင်းမှာ အိုးအိမ်မဲ့ စွန့်ခွာထွက်ပြေးခဲ့ကြရတယ်လို့ အစီရင်ခံစာသစ်တစောင်က ဖော်ပြပါတယ်။
ဗြိတိန်နိုင်ငံ၊ Manchester မြို့ အားကစားရုံအတွင်း ကျင်းပနေတဲ့ အမေရိကန်အဆိုကျော် Ariana Grande ရဲ့ Rock ဂီတ ဖျော်ဖြေပွဲ ပြီးခါစမှာ ကြီးမားတဲ့ ပေါက်ကွဲမှု ဖြစ်သွားခဲ့တဲ့အတွက် လူအသေအပျောက် ရှိကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ ဗုံးပေါက်ကွဲခဲ့ပြီး အနည်းဆုံး ၂၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ အစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။
အမေရိကန် ခေါင်းဆောင် အဖြစ်နဲ့ အစ္စရေးလ် နိုင်ငံကို ပထမဆုံး ရောက်ရှိစဉ်မှာဘဲ သမ္မတ Trump က အီရန်ရဲ့ ရန်လိုမှုနဲ့ စစ်ရေး ရည်မှန်းချက်တွေနဲ့ ပတ်သက်ပြီး ပြင်းပြင်းထန်ထန် ပြောဆိုသွားပါတယ်။
မြောက်ကိုရီးယားက တနင်္ဂနွေနေ့မှာ နောက်ဆုံးပြစ်လွှတ် ပဲ့ထိန်းတပ် ဒုံးကျည် စမ်းသပ်မှုကြောင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အင်္ဂါနေ့မှာ အရေးပေါ်စည်းဝေးပွဲ ကျင်းပဖို့ စီစဉ်ထားပါတယ်။
တရုတ်နိုင်ငံက ကမကထပြု အဆိုတင်သွင်းထားတဲ့ One Belt One Road ခေါ် ခါးပတ်လမ်းမကြီးစီမံကိန်းနဲ့ ယှဉ်ပြိုင်ပြီး အိန္ဒိယနဲ့ဂျပန်တို့က တန်ပြန်-မဟာဗျူဟာမြောက် စီမံကိန်းတခုလုပ်ဖို့ စီစဉ်နေပါတယ်။
မြန်မာ့ ရေတပ်နဲ့ ပူးတွဲ စစ်ရေးလေ့ကျင့်ခဲ့တဲ့ တရုတ် ရေတပ်အုပ်စုမှာ ဖျက်သင်္ဘော Changchun ၊ ဒုံးကျည်တပ် အမြန်မောင်းနှင်နိုင်တဲ့ အစောင့်စစ်သင်္ဘော Jingzhou နဲ့ ထောက်ပံ့ရေး ရေယာဉ် Chaohu စတဲ့ တရုတ်ပြည်တွင်းဖြစ် စစ်သင်္ဘော ၃ စီး ပါဝင်တယ်လို့ တရုတ်အစိုးရပိုင် Global Times သတင်းမှာ ဖော်ပြထားပါတယ်။
အကြမ်းဖက်မှု တိုက်ဖျက်ရေး အဓိကထား ဆွေးနွေးကြတဲ့ အာရပ်- အစ္စလာမ္မစ်- အမေရိကန် ညီလာခံမှာ အမေရိကန် သမ္မတ Donald Trump က အကြမ်းဖက်မှု တိုက်ဖျက်ရေးမှာ မွတ်စလင်တွေ စည်းလုံးညီညွတ်ကြဖို့ တိုက်တွန်းပြောဆိုခဲ့ပါတယ်။
မြောက်ကိုရီးယားနိုင်ငံဘက်က တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်ကို ပစ်လွှတ်လိုက်ပုံရတယ်လို့ တောင်ကိုရီးယားစစ်တပ်ဘက်က ပြောလိုက်ပါတယ်။
IS အစ္စလာမ္မစ် စစ်သွေးကြွအဖွဲ့ဟာ ရရာပစ္စည်းတွေကို ထုတ်ရောင်းနေကြတယ်လို့ အီရတ် အစိုးရ ရှေ့နေတွေက ပြောပါတယ်။
ဗြိတိန်နန်းဆက် မင်းသား William ရဲ့ ဇနီး Cambridge မြို့စားကတော် Catherine ရဲ့ ညီမဖြစ်သူ Pippa Middleton ဟာ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းရှင် သန်းကြွယ်သူဌေး James Matthews နဲ့ ဗြိတိန်နိုင်ငံ Englefield မှာ စနေနေ့က လက်ထပ် ထိမ်းမြားလိုက်ပါပြီ။
CIA ကို သတင်းပေးနေသူတွေကို တရုတ်အစိုးရက ၂ နှစ်အတွင်း သတ်ဖြတ်ပစ်တာ၊ ဖမ်းဆီး ထောင်ချတာတွေ လုပ်ခဲ့တယ်လို့ The New York Times က ဆိုပါတယ်။
ဘိုကိုဟာရမ် စစ်သွေးကြွတွေ နှစ်နဲ့ချီပြီး ဖမ်းဆီးထားရာကနေ ပြန်လွှတ်ပေးခဲ့တဲ့ နိုင်ဂျီးရီးယား ကျောင်းသူလေး ၈၂ ဦးဟာ စနေနေ့မှာတော့ နိုင်ဂျီးရီးယား မြို့တော် Abuja မှာ ပထမဆုံး အကြိမ်အဖြစ် သူတို့ရဲ့ မိသားစုတွေနဲ့ ပြန်လည် တွေ့ဆုံခဲ့ကြပါတယ်။
အမေရိကန်ပြည်ထောင်စုနဲ့ ဆော်ဒီအာရေဗျ နိုင်ငံတို့ကြား ဒေါ်လာ ဘီလီယံ ၁၀၀ တန် လက်နက်ရောင်းဝယ်ရေး သဘောတူညီချက်လက်မှတ် ရေးထိုး မှုဟာ ဒေသတွင်း အီရန်ရဲ့ အနှုတ်လက္ခဏာ ဆောင်တဲ့ လွှမ်းမိုးမှုကို တန်ပြန်ဖို့ ရည်ရွယ်တယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Rex Tillerson ကပြောပါတယ်။
ဆော်ဒီအာရေးဗီးယားနိုင်ငံရဲ့ စစ်စွမ်းရည်တိုးမြှင့်စေဖို့ ရည်ရွယ်ပြီး ဆော်ဒီဘုရင် Salman bin Abdulaziz နဲ့ Riyadh မြို့တော်မှာ ရောက်နေတဲ့ အမေရိကန်သမ္မတ Donald Trump တို့ ဒေါ်လာ ၁၁၀ ဘီလီယံ တန်ဘိုးရှိတဲ့ သဘောတူညီချက်တွေကို ဒီကနေ့ပဲ လက်မှတ်ရေးထိုးလိုက်ပါတယ်။
လစ်ဗျားနိုင်ငံတောင်ပိုင်းမှာရှိတဲ့ လေတပ်အခြေစိုက်စခန်းတခုကို တိုက်ခိုက်မှုအတွင် ၁၄၁ ယောက်သေဆုံးသွားတယ်လို့ ပြည်သူစစ်အဖွဲ့ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ပြောလိုက်ပါတယ် အဲဒီထဲက သေဆုံးသူအများစုဟာ လစ်ဗျားစစ်တပ် ဗိုလ်ချုပ်ကြီး ခါလီဖာဟဖ်တာရဲ့ တပ်က တပ်သားအများစုဖြစ်တယ်လို့ ပြောပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ သူရဲ့ ပထမဆုံး ပြည်ပခရီးစဉ်ကို စတင်တဲ့အနေနဲ့ ဆော်ဒီအာရေဗျ နိုင်ငံ ရီယာ့ဒ်မြို့ကို ရောက်ရှိသွားခဲ့ပြီဖြစ်ပါတယ် အရင် အမေရိကန်သမ္မတတွေတုန်းကတော့ ဘယ်သူကမှ ဆော်ဒီအာရေဗျနိုင်ငံကို သူတို့ရဲ့ ပထမဆုံးပြည်ပခရီးစဉ်အဖြစ် သွားလေ့မရှိခဲ့ပေမယ့်၊ သမ္မတထရမ့်ကတော့ ဆော်ဒီအာရေဗျနိုင်ငံကို သွားရောက်တာဖြစ်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်