တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ကယားပြည်နယ်အတွင်း စစ်ကောင်စီတပ်တွေဘက်က မြေမြုပ်မိုင်းအများအပြား ထောင်သွားခဲ့ပြီး၊ အဲဒီမိုင်းတွေကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ လိုက်လံရှင်းလင်းနေကြပါတယ်။
မြန်မာစစ်ကောင်စီနဲ့ စစ်ရေး၊ သံတမန်ဆက်ဆံရေး တိုးချဲ့လာနေတာဟာ အိန္ဒိယနိုင်ငံလို ဒီမိုကရေစီအင်အားကြီး နိုင်ငံတနိုင်ငံ အတွက် မှားယွင်းတဲ့ ဆုံးဖြတ်ချက်ဖြစ်တယ်လို့ မြန်မာ့နိုင်ငံရေး စောင့်ကြည့် လေ့လာနေတဲ့ အဖွဲ့အစည်းတွေက ဝေဖန် လိုက်ပါတယ်။
စစ်ကောင်စီတပ်တွေဟာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေဖြစ်နေတဲ့ရွာတွေနားမှာ မြေမြှုပ်မိုင်းတွေချသွားခဲ့လို့ ဒေသခံတွေ နေရပ်ပြန်နိုင်အောင် မိုင်းရှင်းပေးနေကြောင်း ဒေသခံကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။
ဒိန်းမတ်နိုင်ငံမှာ ကျင်းပတဲ့ ၂၀၂၃ ကမ္ဘာ့ကြက်တောင်ရိုက်ပြိုင်ပွဲတွေမှာ အာရှနိုင်ငံတွေထဲက ပထမဆုံးအကြိမ် ဗိုလ်စွဲတဲ့ နိုင်ငံတွေ ထွက်ပေါ်လာခဲ့ပါတယ်။ ဆော်ဒီအာရေဗျအသင်းက ၂၀၂၇ အာရှဖလားအတွက် ဥရောပရဲ့ ထိပ်တန်းနာမည်ကြီး နည်းပြတဦးကို လက်ရွေးစင်အသင်းနည်းပြအဖြစ်ခန့်လိုက်ပါတယ်။ ကိုရန်နိုင် တင်ပြပေးပါမယ်။
ကချင်ပြည်နယ် ဖားကန့်မြို့နယ် နမ့်ယားရွာမှာ ခေတ္တရပ်နားခဲ့တဲ့ စစ်ကောင်စီတပ်ဟာ လူ ၈၀ ထက်မနည်းကို ပေါ်တာအဖြစ် ဖမ်းဆီး ခေါ်ဆောင်ပြီး ဒီကနေ့ မနက်အစောပိုင်းက ဖားကန့်ဘက်ကို တက်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်း လဲချားမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP အကြား စစ်ရေး တင်းမာနေဆဲဖြစ်ပြီး ဆက်သွယ်ရေးအရ အချက်အခြာကျတဲ့ လဲချား- မိုင်းနောင် ကားလမ်းကို စစ်ကောင်စီတပ်တွေက ပိတ်ထားပါတယ်။
ထိုင်းနိုင်ငံနဲ့ နယ်ချင်းစပ်နေတဲ့ ကရင်နီဒေသ နေရာအနှံ့မှာ တိုက်ပွဲတွေ ဖြစ်နေပြီး ဖရူဆို-ဒီမော့ဆို လမ်းမကြီးဘက်မှာတော့ နေ့စဉ်လိုလို နှစ်ဘက် ပစ်ခတ်မှုတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီအနေနဲ့ ကုန်ဈေးနှုန်းတွေထိန်းချုပ်နိုင်ရေးကြိုးပမ်းနေပေမဲ့ အခုသြဂုတ်လ အစောပိုင်းမှာတင် အခြေခံကုန်ဈေးနှုန်းနဲ့ ရွှေဈေးတွေ အဆမတန် ဆက်ပြီး တက်လာနေကြောင်း လုပ်ငန်းရှင်တွေက ဗွီအိုအေကို ပြောပါတယ်။
အင်္ဂလန်က ဘောလုံးရာသီအဖွင့်ပွဲစဉ်ဖြစ်တဲ့ FA Community ဒိုင်းပြိုင်ပွဲကိုတော့ အာဆင်နယ်က အနိုင်ရသွားပါတယ်။ ယူကရိန်နိုင်ငံက ကျောင်းတွေ ပြန်လည်တည်ဆောက်ဖို့အတွက် ရန်ပုံငွေပွဲဘောလုံးပွဲကို ကမ္ဘာကျော်ဘောလုံးသမားတွေ အများအပြားဝင်ကစားခဲ့ကြပါတယ်။ ကိုရန်နိုင်က တင်ဆက်ပေးထားပါတယ်။
၂၀၂၃ အမျိုးသမီးကမ္ဘာ့ဖလားဘောလုံးပွဲ အုပ်စုပွဲစဉ်တွေ ပြီးဆုံးသွားခဲ့ပြီး ဗိုလ်စွဲဖို့ ရေပန်းစားနေတဲ့ နာမည်ကြီးအသင်းတချို့ အုပ်စုအဆင့်ကပဲ ထွက်လိုက်ရပါတယ်။ ဒုတိယအဆင့်ရှုံးထွက်ပွဲတွေအပေါ် ပွဲကြိုသုံးသပ်ချက်နဲ့ ဘယ်အသင်းတွေ ဗိုလ်စွဲနိုင်ချေရှိသလဲဆိုတဲ့ သုံးသပ်ချက်ကို ကိုရန်နိုင် စုစည်းတင်ပြထားပါတယ်။
တိုက်ပွဲပြင်းထန်တာကြောင့် မြို့လုံးကျွတ်နီးပါး တိမ်းရှောင်ခဲ့ရတဲ့ စစ်ကိုင်းတိုင်း တမူးမြို့နယ် ခမ်းပတ်မြို့က ပြည်သူတချို့ သူတို့နေအိမ်တွေကို ပြန်လာနေကြပြီဖြစ်ပါတယ်။ စစ်တပ်ကုန်းနဲ့နီးတဲ့ အမှတ် ၁ ရပ်ကွက်က လူတွေကတော့ အခြေအနေ စောင့်ကြည့်နေဆဲဖြစ်ပြီး ကျန် ရပ်ကွက်တွေက ကြာသပတေးနေ့ကစပြီး ပြန်လာနေကြတာပါ။
အာဖရိကတိုက်က ကစားသမားတဦးကတော့ အမျိုးသမီးကမ္ဘာ့ဖလားသမိုင်းမှာ ပထမဆုံးခေါင်းစည်းပုဝါခြုံကစားတဲ့ ကစားသမားဖြစ် မှတ်တမ်း ဝင်သွားပါတယ်။ UEFA ဥရောပဘောလုံးအဖွဲ့ချုပ်က နာမည်ကြီး ဂျူဗင်တပ်အသင်းကို ဥရောပပြိုင်ပွဲတွေကနေ ၁ နှစ်ပယ်လိုက်ပါတယ်။ ဒီလိုအားကစား သတင်းတွေကို ကိုရန်နိုင်က စုစည်းတင်ပြပေးထားပါတယ်။
၂၀၂၃အမျိုးသမီးကမ္ဘာ့ဖလားဘောလုံးပွဲမှာတော့အာရှကစားသမားတဦးကမ္ဘာ့ဖလားပြိုင်ပွဲမှာဝင်ကစားတဲ့အသက်အငယ်ဆုံးကစားသမားအဖြစ် စံချိန်တင်လိုက်ပါတယ်။PSG တိုက်စစ်မှူးMbappeကိုဆော်ဒီကလပ်အသင်းကကမ္ဘာစံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ကမ်းလှမ်းလိုက်ပါတယ်။ဒီလိုတပတ်အတွင်းအားကစားသတင်းတွေကို ကိုရန်နိုင်က စုစည်းတင် ပြထားပါတယ်။
အာဖရိကမှာရှိတဲ့ အမျိုးသမီးဘောလုံးသမားတွေဟာ အမေရိကန်နိုင်ငံက အမျိုးသမီးဘောလုံးသမား အများစုလိုပဲ အမျိုးသားတွေလောက် လုပ်ခ လစာမရကြပါဘူး။ နိုင်ဂျီးရီးယားအမျိုးသမီးလက်ရွေးစင်အသင်းဟာ အာဖရိကဖလား ၁၁ ကြိမ်မှာ ၉ ကြိမ်ဗိုလ်စွဲပြီး အာဖရိကတိုက်မှာ အအောင်မြင်ဆုံးအသင်းဖြစ်ပါတယ်။ ကိုရန်နိုင် ပြောပြပေးမှာဖြစ်ပါတယ်။
ဘင်္ဂလားဒေရှ့် နိုင်ငံ ကော့ဘဇား (Cox’ Bazar) ဒေသမှာရှိတဲ့ ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေမှာ ကုလသမဂ္ဂက စားနပ်ရိက္ခာ ထောက်ပံ့မှုတွေကို ၃ လအတွင်း ဒုတိယအကြိမ် ထပ်မံ လျော့ချလိုက်တာကြောင့် စားဝတ်နေရေး ပိုပြီး ခက်ခဲလာတယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။
ကချင်ပြည်နယ် ရွှေကူမြို့က ရဲစခန်းနဲ့ ဌာနဆိုင်ရာရုံး ၂ ရုံးကို ဒေသခံ PDF တွေက ဒရုန်းနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့ပါတယ်။ မနေ့က တရက်တည်း မှာတင် ၃ နေရာ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ရွှေကူရဲစခန်း ကတော့ ဒီလအတွင်း တတိယ အကြိမ်မြောက် ဒရုန်းနဲ့ ဗုံးကြဲ တိုက်ခိုက်ခံရတာလည်း ဖြစ်ပါတယ်။
အမေရိကန် အင်တာမိုင်ယာမီအသင်းက လီယိုနယ်မက်ဆီကို သူတို့ကစားသမားအဖြစ်နဲ့ တရားဝင်ကြေညာလိုက်ပါတယ်။ ၂၀၂၃ အမျိုးသမီး ကမ္ဘာ့ဖလားဘောလုံးပွဲ ကြာသပတေးနေ့မှာ စတင်မှာဖြစ်ပြီး ဘယ်အသင်းတွေ ဗိုလ်စွဲဖို့ရေပန်းစားနေပါသလဲ။ ဒီလိုတပတ်အတွင်း အားကစားသတင်းတွေကို ကိုရန်နိုင်က စုစည်တင်ပြထားပါတယ်။
အမေရိကန်အမျိုးသမီးအသင်းရဲ့ တိုက်စစ်မှူး Rapinoe ဘောလုံးသမားဘဝကနေ အနားယူမယ်လို့ ကြေညာလိုက်ပါတယ်။ ဒီသတင်းနဲ့ အတူ ဝင်ဘယ်လ်ဒန်တင်းနစ်ပြိုင်ပွဲဘက်ကသတင်းတွေ နဲ့ ဥရောပဘောလုံးသမား အပြောင်းအရွှေတွေဘက်က နောက်ဆုံးအခြေအနေတွေကို ကိုရန်နိုင်က စုစည်းတင်းပြထားပါတယ်။
ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မာကို့စ်ဂျူနီယာ သမ္မတဖြစ်လာတာ ၁ နှစ် နီးပါး ရှိလာချိန်မှာပဲ၊ သူဟာ ပြည်တွင်းပြည်မှာ စိန်ခေါ်မှုတွေနဲ့ရင်ဆိုင် နေရပြီး၊ သူ့အစိုးရရဲ့ လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်ပြီး နိုင်ငံရေးအကဲခတ်တွေကြားမှာလည်း သဘောထားအမြင်တွေ အမျိုးမျိုးကွဲ နေကြပါတယ်။ကိုရန်နိုင်က ပြောပြပေးမှာဖြစ်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်