ပါကစ္စတန်သမ္မတဟောင်း Pervez Musharraf ဟာ အသက် ၇၉ နှစ်အရွယ်မှာ ကွယ်လွန်သွားပြီ ဖြစ်ပါတယ်။ သူဟာ ခန္ဓာကိုယ်အတွင်းပိုင်းအင်္ဂါတွေမှာ သာမှန်မဟုတ်တဲ့ ပရိုတိန်း-အသားဓါတ်တွေ စုဖွဲ့တည်ရှိပြီး၊ အလုပ်ပုံမှန်မလုပ်တော့တဲ့ Amyloidosis ရောဂါနဲ့ ကွယ်လွန်သွားတာလို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေဖြစ်မဖြစ်ကို ဆုံးဖြတ်မယ့်နှစ်ဟာ ၂၀၂၃ ခုနှစ်ဖြစ်ကြောင်း NUG အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောကြားလိုက်ပါတယ်။
အရှိန်အဟုန်ကြီးမားတဲ့ CDM အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာ ပါဝင်ခဲ့ကြတဲ့ CDM တပ်မတော်သားတွေရဲ့ နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့ CDM ဗိုလ်ကြီးဖြစ်တဲ့ ကိုညီသုတကို မအင်ကြင်းနိုင် ဆက်သွယ်မေးမြန်းထားပါတယ်။
စစ်ကောင်စီအကြမ်းဖက်လုပ်ရပ်တွေကြောင့် ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်ရောက်ရေး တွေ့ဆုံဆွေးနွေးရေး နည်းလမ်းနဲ့ မဖြစ်နိုင်ကြောင်း NUG အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတက ဗွီအိုအေနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ပြောကြားခဲ့ပါတယ်။
စစ်ကောင်စီဟာ အစိုးရတရပ်အနေနဲ့ အုပ်ချုပ်နိုင်မှုနဲ့ တိုင်းပြည်တည်ငြိမ်အောင် လုပ်နိုင်စွမ်းမရှိတဲ့အတွက် "သာမန်မဟုတ်သောအခြေအနေ"လို့ သတ်မှတ်လိုက်တာဖြစ်တယ်လို့ NUG ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ယာယီသမ္မတကြီး ဒူဝါလရှီးလ ကပြောပါတယ်။
လွတ်မြောက်နယ်မြေကို ရောက်ရှိနေတဲ့ NLD လူငယ်လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်၊ CRPH ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီရဲ့ ပြောခွင့်ရလည်းဖြစ်တဲ့ စည်သူမောင်ရဲ့အမြင်တွေကို ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာအစီအစဉ်မှာ မအင်ကြင်းနိုင်က မေးမြန်းတင်ဆက်ထားပါတယ်။
ဗြိတိန်အခြေစိုက် မြန်မာ့လူ့အခွင့်အရေးကွန်ရက် အမှုဆောင်ညွန်ကြားရေးမှူးလည်းဖြစ်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ မွတ်စလင်လူမျိုးများ အတိုင်ပင်ခံကော်မတီရဲ့ ပြောခွင့်ရ ဦးကျော်ဝင်းကို မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီးက လက်ယက်ကုန်း တွဲဖက်အလယ်တန်းစာသင်ကျောင်းကို စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တာ လေးလကြာမြင့်ခဲ့ပါပြီ။ သားဖြစ်သူ ဇင်ကိုဦးအပါအဝင် ကျောင်းသူကျောင်းသား ခြောက်ယောက်နဲ့ စုစုပေါင်း ၁၂ ဦးသေဆုံးခဲ့
စစ်ကိုင်းတိုင်းဒေသကြီးက လက်ယက်ကုန်း တွဲဖက်အလယ်တန်းစာသင်ကျောင်းကို စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တာ လေးလကြာမြင့်ခဲ့ပါပြီ။ မအင်ကြင်းနိုင် တင်ဆက်မယ့် မြန်မာ့ဒီမိုကရေစီရေးရာအစီအစဉ်မှာ အပြည့်အစုံ နားဆင်ကြရအောင်ပါ။
မြန်မာ့ဒီမိုကရေစီရေးရာ အစီအစဉ်ကနေ ကြိုဆိုပါတယ်။ ကျမအင်ကြင်းနိုင်ပါ။ ဒီတပတ်အတွက် ဇန်နဝါရီလ (၄)ရက် လွတ်လပ်ရေးနေ့က လွတ်ငြိမ်းချမ်းသာနဲ့ လွတ်မြောက်လာတဲ့ စာရေးဆရာထင်လင်းဦးနဲ့ ဆက်သွယ်မေးမြန်းထားပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း အင်းစိန်အကျဉ်းထောင်က လွတ်မြောက်လာတဲ့ စာရေးဆရာထင်လင်းဦးက သူ့အနေနဲ့ မြန်မာ့ဒီမိုကရေစီရေးအတွက် ဆက်လက် ကြိုးပမ်းသွားမယ့်အကြောင်း ဗွီအိုအေကို ပြောပါတယ်။
ကုလသမဂ္ဂမှာ မြန်မာကိုယ်စားလှယ်ကို ပြန်ပြီးရွေးချယ်မယ့် ကိစ္စအတွက် Credential ကော်မတီဝင်နိုင်ငံအများစုရဲ့ ဆုံးဖြတ်ချက်ဟာ မြန်မာပြည်သူတွေရဲ့ ဆန္ဒနဲ့ ကိုက်ညီမှုရှိမယ်လို့ မျှော်လင့်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောပါတယ်။ မအင်ကြင်းနိုင်က မေးမြန်းထားပါတယ်။
အကျဉ်းထောင်တွေထဲမှာ ပညာတတ်လူငယ်တွေ ထိန်းသိမ်းခံထားရတာကို ကြည့်ပြီး ယူကျုံးမရ ဖြစ်မိကြောင်း လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်လာတဲ့ ၈၈ မျိုးဆက်ခေါင်းဆောင်တဦးဖြစ်သူ ကိုမြအေးက ဗွီအိုအေကိုပြောပါတယ်။ စစ်အာဏာသိမ်းတဲ့နေ့က ဖမ်းဆီးခံရတဲ့ ကိုမြအေးကို မအင်ကြင်းနိုင်က သီးသန့်ဆက်သွယ်မေးမြန်းထားပါတယ်။
အကျဉ်းထောင်တွေထဲမှာ ပညာတတ်လူငယ်အများအပြား ထိန်းသိမ်းခံထားရတဲ့ အခြေအနေကို ကြည့်ပြီး ယူကျုံးမရ ဖြစ်မိကြောင်း နိုဝင်ဘာလ ၁၇ ရက်နေ့က လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်လာတဲ့ ၈၈ မျိုးဆက်ခေါင်းဆောင် ကိုမြအေး က ဗွီအိုအေကို ပြောပါတယ်။
အကျဉ်းထောင်တွေထဲမှာ ပညာတတ်လူငယ် အများအပြား ထိန်းသိမ်းခံထားရတဲ့ အခြေအနေကို ကြည့်ပြီး ယူကျုံးမရ ဖြစ်မိကြောင်း နိုဝင်ဘာလ ၁၇ ရက်နေ့က ပြစ်ဒဏ် လွတ်ငြိမ်းခွင့်နဲ့ လွတ်လာတဲ့ ၈၈ မျိုးဆက်ခေါင်းဆောင် ကိုမြအေး က ဗွီအိုအေကို ပြောပါတယ်။ ကိုမြအေးကို မအင်ကြင်းနိုင်က သီးသန့်ဆက်သွယ် မေးမြန်းထားပါတယ်။
ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တော်ကိုရောက်နေတဲ့ အမေရိကန်နိုင်ငံခြားရေးဌာန ထိပ်တန်းအရာရှိကြီးတွေရဲ့ အွန်လိုင်းသတင်းစာရှင်းပွဲ ပြုလုပ်ခဲ့ပါတယ်။ ဒီပွဲကို အွန်လိုင်းကနေ တက်ရောက်ပါဝင်ခဲ့တဲ့ ထိုင်းနိုင်ငံက အယ်ဒီတာ ဦးသိန်းထိုက်ဦးကို အသံလွှင့်ချိန်မတိုင်ခင်လေးကပဲ zoom ကနေ ဆက်သွယ်မေးမြန်းထားပါတယ်။
ဒီကနေ့ ပြုလုပ်တဲ့ အမေရိကန်အစိုးရသက်တမ်းဝက် ရွေးကောက်ပွဲမှာ သူတို့ ကြိုက်နှစ်သက်တဲ့ပါတီကို မဲထည့်ကြမယ့် မြန်မာနွယ်ဖွား အမေရိကန်နိုင်ငံသားတွေဘက်က ဘာတွေမျှော်လင့်ချက်ရှိနေသလဲ။ မအင်ကြင်းနိုင် ဆက်သွယ်မေးမြန်းထားပါတယ်။
ပြည်သွေးနိုင်တင်ဆက်နေတဲ့ ကမ္ဘာ့မြန်မာ့ မီဒီယာမြင်ကွင်းမှာ ဒီတပတ်အတွက် မြန်မာ့အရေး ထိရောက်အောင် ဆောင်ရွက်နိုင်ဖို့ ချဉ်းကပ်ပုံ ဘယ်လိုပြောင်းကြမလဲ အကြောင်းကို ဆွေးနွေးတင်ပြမှာပါ။ မအင်ကြင်းနိုင်က ကူညီတင်ဆက်ထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်