အရင် သမ္မတဟောင်း ဦးသိန်းစိန်အစိုးရလက်ထက်မှာ ပြည်ဝင်ခွင့်ရရှိခဲ့ပေမဲ့ - အခုအခါ Black List အမည်မည်းစာရင်း အသွင်းခံထားရပြီး ပြည်ဝင်ခွင့်ဗီဇာ ပိတ်ပင်ခံ လိုက်ရတယ်လို့ -FDB မြန်မာနိုင်ငံ ဒီမိုကရက်တစ်အင်အားစုရဲ့ ညှိနှိုင်းဆောင်ရွက်ရေးမှူး ဒေါက်တာ နိုင်အောင် ကပြောပါတယ်။
အမေရိကန်အစိုးရသစ်လက်ထက် - အာရှဆိုင်ရာ မူဝါဒတွေနဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေ ကြီးထွားနေချိန်မှာပဲ - အမေရိကန် နှစ်ပါတီ လွှတ်တော် အမတ် တွေကနေ - အာဆီယံဆိုင်ရာ အမေရိကန်လွှတ်တော်အမတ်များအဖွဲ့ Congressional Caucus on ASEAN ကို ဖွဲ့စည်းခဲ့ကြပါတယ်။
အမေရိကန်ပြည်ထောင်စုရဲ့ ၄၅ ယောက်မြောက် သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုပွဲမှာ ပြောကြားခဲ့တဲ့ Donald Trump ရဲ့ မိန့်ခွန်းဟာ - ပြန်လည် သင့်မြတ်ရေးကို ဦးတည် - မတည် ဆိုတာနဲ့ ပတ်သက်ပြီး မြန်မာသုံးသပ်သူတွေကြားမှာ အမြင်အမျိုးမျိုး ကွဲပြားနေပါတယ်။
နှလုံး အစားထိုးကုသမှုနဲ့ နည်းပညာ
IS အစွန်းရောက်အဖွဲ့နဲ့ ပူးပေါင်းဖို့ - အရှေ့တောင်အာရှက ရာနဲ့ချီတဲ့ တိုက်ခိုက်ရေးသမားတွေဟာ ဆီးရီးယားနဲ့ အီရတ်နိုင်ငံတွေဆီ သွားရောက်ခဲ့ကြပါတယ် လုံခြုံရေးသုံးသပ်သူတွေကတော့ - သူတို့အနေနဲ့ - အကြမ်းဖက် အဖွဲ့နဲ့ ဒေသတွင်း စစ်သွေးကြွအုပ်စုတွေကြား ကြီးထွားလာနေတဲ့ ကွင်းဆက်တွေကို ခြေရာခံတွေ့ရှိထားကြပါတယ်။
နိုဝင်ဘာလ ၁၈ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ခဲ့တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ရဲ့ ကြေညာချက်ထဲမှာ - အကြမ်းဖက်မှုတွေ ဖြစ်ပွားတဲ့ ရခိုင်ပြည်နယ် မောင်တောဒေသတဝိုက်မှာ သီတင်း ၆ ပတ်ကြာ အာဏာပိုင်တွေရဲ့ အဝင်အထွက် ပိတ်ပင်တားမြစ်မှုကို ဝေဖန်ထားပြီး၊ ဆိုးရွားလာ နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို မြန်မာအစိုးရအနေနဲ့ ချက်ခြင်း ကိုင်တွယ်ဖြေရှင်းဖို့ တောင်းဆို ထားတာဖြစ်ပါတယ်။
ဝါရှင်တန်ဒီစီကို လာရောက်တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရဲ့ ခရီးစဉ်ဟာ အောင်မြင်တဲ့ ခရီးစဉ်တခုလို့ - မြန်မာ့အရေး သုံးသပ်သူတွေ က ပြောဆိုလိုက်ပါတယ်။
အိမ်နီးချင်း ထိုင်းနိုင်ငံ အပါအဝင် ဒေသတွင်းနိုင်ငံတချို့မှာ ခြင်ကတဆင့် ဇီကာရောဂါပိုး ကူးစက်ခံမှုတွေ များလာတဲ့အတွက် မြန်မာနိုင်ငံမှာလည်း ကျန်းမာရေးတာဝန်ရှိသူတွေက ဇီကာရောဂါပိုး ကာကွယ်ရေး နှိုးဆော်ချက်တွေကို ထုတ်ပြန်ထားပါတယ်။
နှစ်နိုင်ငံကြား ချစ်ကြည်ရင်းနှီးမှု၊ အိမ်နီးချင်း ကောင်း ပီသမှုအပေါ် အခြေခံတဲ့ ဆက်ဆံရေးမျိုးနဲ့ အပြန်အလှန် နားလည်မှု၊ ရေရှည် အကျိုးဖြစ်ထွန်းမှုတို့အတွက် နှစ်ဦးနှစ်ဘက် ပူးပေါင်း ဆောင်ရွက် သွားကြဖို့တွေကို ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးအတွင်းဝန် နဲ့ ဒေါ်အောင်ဆန်း စုကြည် တွေ့ဆုံ ဆွေးနွေးခဲ့ကြတယ်လို့ မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။
ဒီမိုကရက်တစ်သမ္မတလောင်းဖြစ်ဖို့ သေချာသလောက်ဖြစ်နေတဲ့ ဟီလာရီ ကလင်တန်က ရီပါဘလီကန်ပါတီဘက်ကDonaldTrumpထက် တောက်လျှောက်သာနေတယ်လို့မကြာသေးခင်က ကောက်ယူခဲ့တဲ့ လူထုစစ်တမ်းအများစုမှာ ပြနေပါတယ်။ လာမယ့်ရွေးကောက်ပွဲ ယှဉ်ပြိုင်မှုအလားအလာတွေနဲ့ပတ်သက်လို့ Jim Malone ရဲ့သတင်းလွှာကို မနန္ဒာချမ်းက တင်ပြထားပါတယ်။
မြန်မာပြည်က ဒုက္ခသည်ပြဿနာဟာ လက်နက်ကိုင်တိုက်ပွဲတွေနဲ့ ဆက်စပ်နေတဲ့ အတွက် သေနတ်သံတွေမစဲသ၍ ဒုက္ခသည်တွေ ပြန်နိုင်ဦးမှာ မဟုတ်ဘူးလို့ ဒုက္ခသည်အရေးဆောင်ရွက်နေသူတွေက ထောက်ပြခဲ့ကြတာပါ။
ကွယ်လွန်သူ မိုဟာမက်အလီဟာ ကမ္ဘာ့ဟဲဗီးဝိတ် လက်ဝှေ့ချန်ပီယံ တဦးအဖြစ်နဲ့ သာမက၊ လက်ဝှေ့ကြိုးဝိုင်းပြင်ပက လှုပ်ရှားမှုတွေကြောင့် ကမ္ဘာတဝှမ်း ထင်ရှားပါတယ်။ ဗွီအိုအေ သတင်းထောက် Carolyn Presutti သတင်းပေးပို့ ထားတာကို မနန္ဒာချမ်းက တင်ပြပေးထားပါတယ်။
မြန်မာနိုင်ငံမှာ လူထုက ရွေးချယ်တင်မြှောက်တဲ့ အရပ်သားအစိုးရသစ်လက်ထက် ပထမဦးဆုံးအကြိမ် - အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ တနင်္ဂနွေနေ့ကျရင် မြန်မာနိုင်ငံကို ရောက်ရှိမှာဖြစ်ပြီး သူ့ခရီးစဉ်ဟာ အရင်ခရီးစဉ်နဲ့မတူဘဲ ထူးခြားမှုတွေ ရှိနေတယ်လို့ သုံးသပ်မှုတွေရှိ။
မေလ ၂၀ ရက်နေ့မှာ သက်တမ်း ကုန်တော့မယ့် မြန်မာနိုင်ငံ အပေါ် ချမှတ်ထားတဲ့ အရေးယူ ဒဏ်ခတ်မှုတွေကို နောက်တနှစ် သက်တမ်းတိုးဖို့ Tom Lantos လူ့အခွင့်အရေး ကော်မရှင် ရဲ့ အကြီးအကဲတွေ အပါအဝင် ပါတီ ၂ ရပ်က လွှတ်တော် ကိုယ်စားလှယ်အဖွဲ့ကနေ ကန်သမ္မတကို သောကြာနေ့က တောင်းဆိုလိုက်ကြပါတယ်။
ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို မြန်မာအစိုးရက လက်မခံပေမဲ့ ကာယကံရှင်တွေက ခေါ်စေချင်တဲ့အတိုင်းခေါ်တယ်ဆိုရင် အစိုးရက တရားဝင်သုံးစွဲနေတဲ့ နိုင်ငံအမည်ကို လက်မခံတဲ့ အကြောင်းရင်းကို ရှင်းပြဖို့ မေးမြန်းရာ “အမေရိကန်ရဲ့ ရပ်တည်ချက်” အတိုင်း သုံးစွဲတာဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရပြော။
Burma နဲ့ Myanmar အခေါ်အဝေါ် နှစ်ခုဖြစ်နေတဲ့ အပေါ် မြန်မာပညာရှင် တချို့ကတော့ - သမိုင်းကြောင်းနောက်ခံတွေ ဘယ်လိုပဲ ရှိခဲ့ရှိခဲ့ - ဒီမိုကရေစီအစိုးရ တရပ်အနေနဲ့ လူထုဆန္ဒကို အရင်ခံယူသင့်တယ် လို့ ပြောဆိုလိုက်ကြပါတယ်။
“ဒါက စစ်တပ်အတွက် သိပ်အရေးမကြီးတဲ့ကိစ္စ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ စစ်တပ်က အရေးကြီးတယ်လို့ ခံယူထားတဲ့ အခြေခံကိစ္စတွေတော့ ရှိပါတယ်။ .. နိုင်ငံရေး အကျဉ်းသားကိစ္စကတော့ သူတို့အတွက် သိပ်အရေးမပါတဲ့ ကိစ္စ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။”" (David Steinberg)
"နှစ်သစ်ကူးကာလ လွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့ အထဲ အကျဉ်းထောင်တွေထဲ ရှိတဲ့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံး လွတ်မြောက်လာတာကို ကျနော်တို့အနေနဲ့ မြင်တွေ့လိုပါတယ်။”
NLD ဦးဆောင်တဲ့ အရပ်သား အစိုးရသစ် လက်ထက်ကျရင် မြန်မာနိုင်ငံ နဲ့ မြောက်ကိုရီးယားနိုင်ငံ အကြား ဆက်ဆံရေးဟာ အရင်လို စစ်ဘက် ဆက်ဆံရေး ဆက်လက် ရှိနိုင်တော့မှာ မဟုတ်ဘူးလို့ အကဲခတ်တွေက သုံးသပ်ကြပါတယ်။
NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေ ဒုသမ္မတ အမည်တွေ တင်သွင်းခဲ့တာနဲ့ပတ်သက်ပြီး မှန်ကန်တဲ့ ရွေးချယ်မှုတွေအဖြစ် အမေရိကန်အခြေစိုက် မြန်မာ့အရေးသုံးသပ်သူတွေက ကြိုဆိုလိုက်ကြပါတယ်။
နောက်ထပ်ကြည့်ရှုရန်