မြန်မာနိုင်ငံရဲ့ တိုးတက်မှုတွေကို အသိအမှတ်ပြုပေမဲ့ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ ပြုပြင်ရေးတွေ ဆက်လက် အားပေးဖို့ လိုတယ်လို့ အမေရိကန် အောက်လွှတ်တော်က ယူဆနေပါတယ်။
"မြန်မာနိုင်ငံဟာ မြေမြှုပ်မိုင်းတွေ၊ ပေါက်ကွဲစေတဲ့ ပစ္စည်းတွေကြောင့် ထိခိုက်သေကျေမှု ကမ္ဘာမှာ တတိယ အများဆုံးလည်းဖြစ်ပါတယ်။ ဒီကိစ္စက ဒေသခံတွေအတွက် အကြီးအကျယ် စိုးရိမ်စရာ ဖြစ်နေပါတယ်"
တရားမဝင်ရပ်ကွက်တချို့မှာ ကျူးကျော်တွေအဖြစ် အာဏာပိုင်တွေက အတင်းအကျပ်ဖယ်ရှားခဲ့တဲ့အတွက် လူပေါင်းထောင်နဲ့ချီ နေစရာမဲ့ ဖြစ်ခဲ့ရတဲ့ ဒီပြဿနာဟာNLDပါတီ အတွက် စိန်ခေါ်မှုတခု ဖြစ်လာနိုင်ပါတယ်။
"ဒီ အာဏာရှင် နိုင်ငံတွေ ကနေပြီးတော့ ဒီမိုကရေစီ ထွန်းကားအောင် လုပ်တဲ့ ဖြစ်စဉ်တွေမှာ နိုင်ငံတကာ မိသားစုရဲ့ အာရုံစိုက်မှု ပံ့ပိုးကူညီမှုတွေ ရဖို့အတွက် ဒီနိုဘဲလ်ဆုချီးမြှင့်တာဟာ အများကြီး အထောက်အကူဖြစ်ပါတယ်။"
"မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်အနေနဲ့ နစ်နာတဲ့ နိုင်ငံသားတွေအတွက် လုပ်ဆောင်ပေးနိုင်တဲ့ အခွင့်အရေး တစုံတရာ ဘာမှကို မရှိတဲ့ အခြေအနေမျိုး ဖြစ်နေတယ် ဆိုတာကို တွေ့ရတယ်။"
တိုက်ပွဲတွေ ပိုမို ပြင်းထန် လာနေတဲ့ ရှမ်းပြည်နယ်တွင်းမှာ ဒေသခံ အရပ်သားတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖြစ်ပေါ်နေတာနဲ့ ပတ်သက်ပြီး စိုးရိမ်မိတယ်လို့ အမေရိကန် နိုင်ငံခြားရေး ဌာနက ပြောဆိုလိုက်ပါတယ်။
"ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ကာလုံလို့ခေါ်တဲ့ အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေး အဖွဲ့အစည်းကြီးကို အရင်ဆုံး ပြုပြင်ပြောင်းလဲဖို့ လိုမယ်။ အဲ့တာကို မပြောင်းလဲနိုင်ပဲနဲ့တော့ စစ်တပ် ကို သိမ်းသွင်း ဖြောင်းဖြ နားချဖို့ ဘာမှ လုပ်လို့မရဘူး။"
ဒီနေ့ နိုဝင်ဘာလ (၈) ရက်နေ့ ရှမ်းပြည်နယ်ရဲ့မြို့တော် တောင်ကြီးမှာ မဲဆန္ဒပေးနေကြတဲ့ အခြေအနေကို မနန္ဒာချမ်းက ဆက်သွယ်မေးမြန်းထားပါတယ်။
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးက လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ ဝင်မပြိုင်တော့ဘဲ - ဒီမိုကရေစီအင်အားစုတွေကို ဆက်လက် ဝန်းရံသွားမယ်လို့ ဗွီအိုအေကို ပြောကြားလိုက်ပါတယ် ဒါပေမဲ့လည်း ၂၀၁၅ ရွေးကောက်ပွဲနောက်ပိုင်းကျရင်တော့ - နိုင်ငံရေးပါတီ ထူထောင်သွားဖို့ ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။
ကမ္ဘာ့တဦးချင်းဝင်ငွေအနည်းဆုံး နိုင်ငံတွေအနက် မြန်မာနိုင်ငံအပါအဝင် ဆယ်နိုင်ငံမှာ အခြေအနေ တိုးတက်လာတယ်လို့ ကမ္ဘာ့ဘဏ်က ထုတ်ပြန်လိုက်ချိန်မှာပဲ မြန်မာနိုင်ငံအနေနဲ့ လက်ရှိတိုးတက်မှုကို ဆက်ထိန်းသွားနိုင်မယ်ဆိုရင် ၂၀၂၄ အရောက်မှာ အဆင်းရဲဆုံးနိုင်ငံများ စာရင်းက လွတ်မြောက်နိုင်ဖွယ်ရှိတယ်လို့ သမ္မတ အကြံပေး ဆို။
ဒေသတွင်းမှာ လူကုန်ကူးမှုပြဿနာတွေ ကြီးထွား လာနေတာကြောင့် မြန်မာအစိုးရ အနေနဲ့ ရွှေ့ပြောင်း အခြေချနေထိုင်သူတွေနဲ့ လူမှောင်ခိုကူးမှု ပြဿနာကို အမြန်ဆုံး ကိုင်တွယ်ဖြေရှင်းဖို့ လိုအပ်နေပြီ လို့ - အမေရိကန် အစိုးရက သောကြာနေ့မှာ ပြောကြားလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ ဆေးမတိုးတော့တဲ့ ငှက်ဖျားရောဂါပိုး ကို တွေ့ရှိထားပြီး - ဒီရောဂါပိုးဟာ အာရှနိုင်ငံ တွေကနေတဆင့် ကမ္ဘာတဝှမ်းကို ပျံ့နှံ့ခဲ့ရင် သန်းပေါင်းများစွာသော အသက်တွေ ဆုံးရှုံးရနိုင်တယ်လို့ လည်း ဆေးပညာရှင်တွေက ထောက်ပြနေကြပါတယ်။
မြောက်ကယ်ရိုလိုင်းနားပြည်နယ်က မြန်မာမိသားစုနေအိမ်မှာ ပြီးခဲ့တဲ့ရက်ပိုင်းက ဖြစ်ခဲ့တဲ့ လူသတ်မှုနဲ့ ပတ်သက်ပြီး တရားခံလို့ စွပ်စွဲခံထားရသူ အသက် ၁၈ နှစ်အရွယ် ကရင်တိုင်းရင်းသား စောအဲလာဒိုထူးကို ကြာသပတေးနေ့က ရုံးထုတ်ပြီး သူ့ကို လူသတ်မှု ၃ မှု အပါအဝင် တခြားစွဲချက်တွေနဲ့ တရားစွဲဆိုသွားမှာဖြစ်ပါတယ်။
"အဲ့သလို လက်ပတ်ပတ်ပြီးတော့ အကြမ်းဖက်ခွင့်ကို အရင်စစ်အစိုးရ လက်ထက်က စွမ်းအားရှင်တွေ လုပ်တဲ့ ဆောင်ရွက်ချက်မျိုးကို ဘယ်သူက ဦးဆောင်ပြီးတော့ တာဝန်ပေးသလဲ။ အရင်စွမ်းအားရှင်လုပ်ရပ်မျိုး လုပ်လာတာမျိုးကိုတော့ နောက်နောင် မကျူးလွန်အောင်လည်း ကျနော်တို့ ဟန့်တားရပါလိမ့်မယ်။ "
တရုတ်အစိုးရကတော့ - အခုဖြစ်နေတဲ့ ကိုးကန့်တိုက်ပွဲအတွက် တရုတ်နိုင်ငံကနေ ကူညီတာမျိုးတွေကို လက်ခံမှာ မဟုတ်ဘူးလို့ ခပ်ရှင်းရှင်းပဲ ပြောဆိုထားတာပါ။ ဒါပေမဲ့လည်း တရုတ်အစိုးရရဲ့ အကူအညီကို ဦးဖုန်ကြားရှင် တောင်းဆိုတဲ့ အကြောင်းဟာ တရုတ်အမျိုးသားရေးစိတ် ပြင်းတဲ့ ဘလော့ဂါတွေဆီကနေတဆင့် အင်တာနက်မှာ ပျံ့နှံ့ခဲ့ပါတယ်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကြောင့် လူ့အခွင့်အရေး ချိုးဖောက်မှုတွေမှာ ပါဝင်ပတ်သက်သူတွေကို ထိထိရောက်ရောက် အရေးယူဖို့နဲ့ နောက်ထပ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ထပ်မဖြစ်အောင် မြန်မာအစိုးရကို Amnesty International အဖွဲ့ကြီး အနေနဲ့ တိုက်တွန်းသွားမှာဖြစ်ပါတယ်။
အိုဘားမားနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ တွေ့ဆုံမှုအတွင်း လက်ရှိ မြန်မာ့ပြုပြင်ပြောင်းလဲမှု အခြေအနေ၊ တိုင်းရင်းသား အရေးကိစ္စနဲ့ တပ်မတော်ရဲ့ အခန်းကဏ္ဍ၊ ပြည်တွင်းမှာဖြစ်နေတဲ့ လူမျိုးရေး အကြမ်းဖက်မှု ပဋိပက္ခ စတဲ့ အကြောင်းအရာမျိုးစုံကို ဆွေးနွေးခဲ့ကြပါတယ်။
ရခိုင်ပြည်နယ် ကျောက်ဖြူကနေ တရုတ်နိုင်ငံ ကူမင်းအထိ ဖောက်လုပ်မယ့် ရထားလမ်းစီမံကိန်းကို မြန်မာအစိုးရနဲ့ မြန်မာပြည်သူတွေက ထောက်ခံမယ်ဆိုရင် ဆက်ပြီး အကောင်အထည်ဖော်သွားမှာဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ယန် ဟောင်လန် (Yang Houlan) က ပြောဆိုခဲ့ပါတယ်။
"သူနုတ်ထွက်ရတာကို ပြောမယ်ဆိုရင်တော့ အဓိကကတော့ ဖိအားတွေပေါ့ တောက်လျှောက်မှာ တော်တော်များများ ဖိအားတွေကြုံလာရတာ တွေ့ရတယ်။ ပထမဖိအားကတော့ သူ့ရဲ့ Cabinet အတွင်းမှာကို သူ့ Cabinet ကိုသူ မထိန်းနိုင်တဲ့ အတိုင်းအတာ တစ်ခုဖြစ်တယ်။ ပြီးရင် ဒီဖက်မှာရှိတဲ့ NGO INGOတွေရဲ့ ဖိအားရယ် ပြည်ထောင်စုက ဖိအားရယ် နောက်...."
စစ်တွေမြို့မှာ ပြီးခဲ့တဲ့လက ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် ပိတ်ထားခံခဲ့ရတဲ့ နိုင်ငံတကာ NGO ရုံးတွေ မကြာခင် ပြန်ဖွင့်နိုင်တော့မှာဖြစ်ပြီး ပြည်နယ်အစိုးရက လုံခြုံရေး တာဝန်ယူတဲ့နေရာမှာ INGO ရုံးတွေကို ပြန်ဖွင့်နိုင်ဖို့ စီစဉ်နေပေမဲ့ အစိုးရက တာဝန် မယူတဲ့နေရာတွေမှာတော့ လုံခြုံရေးအခက်အခဲရှိနိုင်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်