လက်ဘနွန်အခြေစိုက် ဟစ်ဇ်ဘိုလာစစ်သွေးကြွကို ပစ်မှတ်ထား တိုက်ခိုက်တဲ့အနေနဲ့ လက်ဘနွန်တောင်ပိုင်းရှိ နေရာ ၇ ခုကို အစ္စရေးဘက်က လေကြောင်းကရော၊ တာဝေးပစ် အမြှောက်ကြီးတွေနဲ့ပါ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က ဒီနေ့ ပြောပါတယ်။
တောင်နဲ့ အရှေ့တရုတ်ပင်လယ်တွေမှာ တရုတ်နိုင်ငံက တိုးမြှင့်လုပ်ဆောင်မှုတွေအပေါ် ဒေသတွင်းနိုင်ငံတွေနဲ့အတူ စိုးရိမ်ကြောင်းနဲ့ ဖိလစ်ပိုင်နဲ့ အမေရိကန်တို့ ပူးပေါင်းဆောင်ရွက်မှုတွေရဲ့ အရေးကြီးမှုတွေကိုလည်း ဖိလစ်ပိုင်သမ္မတ Ferdinand Marcos Jr နဲ့ တွေ့ဆုံရာမှာ ဝန်ကြီးဘလင်ကန်က အလေးထား ပြောကြားခဲ့တာပါ။
ဗင်နီဇွဲလားနိုင်ငံက တနင်္ဂနွေနေ့ ရွေးကောက်ပွဲမှာ လက်ရှိသမ္မတ Nicolás Maduro ကို ပြိုင်ဖက် Edmundo Gonzalez က အနိုင်ရခဲ့တဲ့ အထောက်အထားတွေ ရှိတယ်လို့ အတိုက်အခံတွေက ပြောဆိုလိုက်သလို၊ ရွေးကောက်ပွဲ ရလဒ်ကို မကျေနပ်လို့ ဆန္ဒပြရာက အသေအပျောက်တွေလည်း ရှိနေပါတယ်။
အိန္ဒိယနိုင်ငံက လက်ဖက်အများဆုံးထွက်တဲ့ ဒေသတခုဖြစ်တဲ့ Kerala(ကယ်ရယ်လာ) ပြည်နယ်မှာ မိုးသည်းထန်စွာရွာသွန်းခဲ့တာကြောင့် ဒီကနေ့ ဇူလိုင် ၃၀ ရက်နေ့မှာရရှိတဲ့ စာရင်းအရ အနည်းဆုံး လူ ၆၃ ဦးသေဆုံးပြီး ရွှံ့တွေ၊ အဆောက်အဦပျက်တွေအောက်က အနည်းဆုံး လူ ၂၅၀ လောက်ကို ကယ်တင်ခဲ့ရတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဆန္ဒပြသူတွေကို အာဏာပိုင်တွေက အင်အားအလွန်အကျွံသုံး ဖြိုခွင်းခဲ့တဲ့အပေါ် EU နိုင်ငံခြားမူဝါဒရေးရာအကြီးအကဲ Josep Borrell က ဒီကနေ့ ဇူလိုင် ၃၀ ရက်နေ့မှာ ပြစ်တင် ရှုတ်ချလိုက်ပါတယ်။ ရဲတပ်ဖွဲ့နဲ့ ဆေးရုံကနေ AFP သတင်းဌာနက ရရှိခဲ့တဲ့ အချက်အလက်တွေအရ အနည်းဆုံး လူ ၂၀၆ ဦး သေဆုံးခဲ့တာပါ။
မဟာတင်းနစ်သမားကြီးတွေဖြစ်ကြတဲ့ နိုဗက် ဂျိုကိုးဗစ် နဲ့ Rafael Nadal တို့ ဟာ အကြိမ် ၆၀ မြောက်အဖြစ် ပါရီအိုလံပစ်ပြိုင်ပွဲမှာတွေ့ဆုံခဲ့ကြပြီး ဂျိုကိုးဗစ်က အနိုင်ရရှိသွားပါတယ်။ ဒီတွေ့ဆုံပွဲ ဟာ စံချိန်တင်တွေ့ဆုံပွဲဖြစ်သလို သူတို့ ၂ ယောက်ရဲ့ နောက်ဆုံးတွေ့ဆုံတဲ့ပွဲလည်း ဖြစ်ကောင်းဖြစ်မှာပါ။
ဗင်နီဇွဲလားသမ္မတရွေးကောက်ပွဲမှာ လက်ရှိသမ္မတ Nicolas Maduro အနိုင်ရတယ်လို့ ရွေးကောက်ပွဲအာဏာပိုင်တွေက ကြေညာပေမယ့် အမေရိကန်ပြည်ထောင်စုနဲ့ လက်တင်အမေရိကန်တိုင်းပြည်အတော်များများကတော့ ရလဒ် တရားဝင်မှုအပေါ် မေးခွန်းထုတ်ကြပါတယ်။
အမေရိကန်အနေနဲ့ ယူကရိန်းကို စစ်ရေးအကူအညီ အမေရိကန်ဒေါ်လာ ၁. ၇ ဘီလီယံ ကူညီသွားမယ်လို့ တာဝန်ရှိသူတွေက ကြေညာပါတယ်။ ဒီအထဲမှာ လေကြောင်းကာကွယ်ရေးစနစ်အတွက် ခဲယမ်းတွေ၊ အမြောက်လက်နက်ကြီး၊ တင့်ကားနဲ့ သင်္ဘောဖျက်ဒုံးကျည်တွေ ပါဝင်မယ်လို့ သိရပါတယ်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာဖြစ်ခဲ့တဲ့ ဆန္ဒပြပွဲတွေမှာ အသက်သေဆုံးတဲ့အထိ နှိမ်နင်းခဲ့တာကို တောင်းပန်ဖို့နဲ့ ဆန္ဒပြခေါင်းဆောင်တွေကို လွှတ်ပေးဖို့အတွက် တောင်းဆိုထားတာကို ဝန်ကြီးချုပ် Sheikh Hasina အပါအဝင် အစိုးရခေါင်းဆောင်တွေက လျစ်လျူရှုနေတဲ့အတွက် ဆန္ဒပြပွဲတွေ ပြန်လုပ်ဖို့ ကျောင်းသားတွေက လှုံ့ဆော်နေပါတယ်။
မြောက်ကိုရီးယားမှာ ရေကြီးရေလျှံတာကြောင့် လူပေါင်း ၅၀၀၀ လောက်ကို ကယ်ဆယ်ပေးခဲ့တယ်လို့ မြောက်ကိုရီးယား နိုင်ငံ သတင်းဌာန KCNA က ဒီကနေ့ တနင်္လာနေ့မှာ ကြေညာပါတယ်။ စနေနေ့က မိုးသည်းထန်ရွာတာကြောင့် မြောက်ကိုရီးယားနဲ့ တရုတ်နယ်ခြား သတ်မှတ်ထားတဲ့ မြစ်ရေ လျှံတက်လာပြီး ရေဘေးသင့်ခဲ့တာပါ။
မြန်မာနိုင်ငံမှာ နိုင်ငံရေး၊ လုံခြုံရေးနဲ့ စာနာမှုဆိုင်ရာ အခြေအနေတွေ ဆိုးရွားလာတဲ့အပါ် အထူးစိုးရိမ်ကြောင်း အမေရိကန်၊ သြစတြေးလျ၊ ဂျပန် နဲ့ အိန္ဒိယနိုင်ငံတို့ပါဝင်တဲ့ QUAD အဖွဲ့က ဒီကနေ့ပဲ ပြောလိုက်ပါတယ်။
ဗင်နီဇွဲလားနိုင်ငံမှာ လက်ရှိသမ္မတ Nicolás Maduro အနိုင်ရကြောင်း ကြေညာခဲ့တဲ့ ရွေးကောက်ပွဲ ရလဒ်အပေါ် အမေရိကန်က အထူးစိုးရိမ်မိကြောင်း နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ဒီနေ့ပဲ ပြောလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်