အမေရိကန်နဲ့ ရုရှား ၂ နိုင်ငံကြာမှာ သမိုင်းဝင် အကျဉ်းသားလဲလှယ်ရေး အစီအစဉ်တရပ်ကို လုပ်ဆောင်နိုင်ခဲ့တယ်လို့ အမေရိကန်က ဒီနေ့ အတည်ပြုပြောကြားလိုက်ပါတယ်။ စုစုပေါင်း ၁၆ ယောက် ပြန်လည်လွတ်မြောက်လာခဲ့ပြီး၊ အပြန်အလှန်အားဖြင့် နိုင်ငံအသီးသီးမှာ ဖမ်းဆီးထားတဲ့ ရုရှား ၈ ယောက်ကို ပြန်လွှတ်ပေးခဲ့ပါတယ်။
တီဟီရန်မြို့တော်မှာ သတ်ဖြတ်ခံလိုက်ရတဲ့ ဟာမတ်စ်အဖွဲ့ရဲ့ နိုင်ငံရေးခေါင်းဆောင် Ismail Haniyeh ရဲ့ ဈာပန အခမ်းအနားကို အီရန်မှာ ဒီကနေ့ ကျင်းပခဲ့ပါတယ်။ သူအသတ်ခံလိုက်ရတဲ့အတွက် ဒေသတွင်းမှာ ပဋိပက္ခတွေ ပိုမိုကျယ်ပြန့်လာမယ့်အပေါ် စိုးရိမ်မှုတွေ ကြီးထွားလာနေပါတယ်။
အိန္ဒိယနိုင်ငံတောင်ပိုင်းမှာ မိုးကြီးပြီးနောက်ပိုင်း မြေပြိုမှုတွေ ရက်ဆက် ဖြစ်တာကြောင့် အနည်းဆုံး လူ ၁၉၄ ယောက် သေဆုံးခဲ့ပြီး အပျက်အစီးတွေနဲ့ ရွှံ့တွေကြား ပိတ်မိနေတဲ့သူ အယောက် ၁၈၀ ကို ရှာနိုင်ဖို့ ကယ်ဆယ်ရေးလုပ်သားတွေက ခက်ခက်ခဲခဲ ဆက်လက် ကြိုးစားနေကြပါတယ်။
တရုတ်က စက်တင်ဘာ ၁ ရက်ကစပြီး ဒရုန်းတင်ပို့ရောင်းချမှုထိန်းချုပ်ထားတာတွေ ပြန် ထိန်းညှိတင်းကြပ်သွားမှာဖြစ်ကြောင်း၊ ကမ္ဘာလုံးဆိုင်ရာ စက်မှု ထောက်ပံ့ပို့ဆောင်ရေး ဘေးကင်းလုံခြုံဖို့ အပျော်ထမ်းသုံးဒရုန်းအမျိုးအစားတချို့တင်ပို့မှု ယာယီထိန်းချုပ်ထားတာ ဖျက်သိမ်းမယ်လို့ တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာနက ကြေညာပါတယ်။
ဗင်နီဇွဲလားနိုင်ငံမှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲက အငြင်းပွားစရာ ရလဒ်အပေါ် မကျေနပ်ရာက ဆန္ဒပြပွဲတွေပေါ်ပေါက်နေချိန်မှာပဲ အတိုက်အခံခေါင်းဆောင်တွေကို ဖမ်းမယ်လို့ သမ္မတ Nicolás Maduro က ခြိမ်းခြောက်ပြောဆိုလိုက်ပါတယ်။
အနည်းဆုံး လူ ၁၅၁ ဦး သေဆုံးခဲ့တယ်လို့ ရဲတပ်ဖွဲ့က အတည်ပြုပြောဆိုထားတဲ့ အိန္ဒိယနိုင်ငံတောင်ပိုင်းက မြေပြိုမှုတွေ အတော်များများ ဖြစ်ခဲ့တဲ့နေရာတွေမှာ ရာနဲ့ချီတဲ့ ကယ်ဆယ်ရေးဝန်ထမ်းတွေက ရွံ့တွေ၊ အဆောက်အဦပျက်တွေကြားမှာ အသက်ရှင်ကျန်ရစ်သူတွေကို လိုက်လံ ရှာဖွေနေကြပါတယ်။
လက်ဘနွန်နိုင်ငံ၊ ဘေရွတ်မြို့မှာ အစ္စရေးတို့က တိုက်ခိုက် သတ်ဖြတ်လိုက်တယ်ဆိုတဲ့ သူတို့ရဲ့ ထိပ်တန်း ခေါင်းဆောင်တဦးရဲ့ ရုပ်အလောင်းကို ရှာဖွေနေကြောင်း Hezbollah အဖွဲ့က ဒီကနေ့ ဇူလိုင် ၃၁ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။
အီရန်သမ္မတသစ် ကျမ်းသစ္စာကျိန်ဆိုပွဲကို တက်ရောက်ဖို့ တီဟီရန်မြို့တော်ကို ရောက်နေတဲ့ ဟားမတ်စ်အဖွဲ့ ခေါင်းဆောင် Ismail Haniyeh ဟာ အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် သေဆုံးသွားခဲ့ကြောင်း ဟားမတ်စ်အဖွဲ့က ဒီနေ့ပဲ ပြောလိုက်ပါတယ်။
နှစ်နိုင်ငံဆွေးနွေးကြဖို့ တရုတ်ဝန်ကြီးချုပ်ကို ယူကရိန်းက အင်္ဂါနေ့မှာ ဖိတ်ခေါ်လိုက်ပါတယ်။ ပြီးခဲ့တဲ့အပတ်က ယူကရိန်း နိုင်ငံခြားရေးဝန်ကြီး Dmytro Kuleba တရုတ်နိုင်ငံကိုသွားရောက်ခဲ့ပြီးနောက် ခုဖိတ်ကြားချက် ဖြစ်လာတာပါ။
လက်ဘနွန်အခြေစိုက် ဟစ်ဇ်ဘိုလာစစ်သွေးကြွကို ပစ်မှတ်ထား တိုက်ခိုက်တဲ့အနေနဲ့ လက်ဘနွန်တောင်ပိုင်းရှိ နေရာ ၇ ခုကို အစ္စရေးဘက်က လေကြောင်းကရော၊ တာဝေးပစ် အမြှောက်ကြီးတွေနဲ့ပါ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က ဒီနေ့ ပြောပါတယ်။
တောင်နဲ့ အရှေ့တရုတ်ပင်လယ်တွေမှာ တရုတ်နိုင်ငံက တိုးမြှင့်လုပ်ဆောင်မှုတွေအပေါ် ဒေသတွင်းနိုင်ငံတွေနဲ့အတူ စိုးရိမ်ကြောင်းနဲ့ ဖိလစ်ပိုင်နဲ့ အမေရိကန်တို့ ပူးပေါင်းဆောင်ရွက်မှုတွေရဲ့ အရေးကြီးမှုတွေကိုလည်း ဖိလစ်ပိုင်သမ္မတ Ferdinand Marcos Jr နဲ့ တွေ့ဆုံရာမှာ ဝန်ကြီးဘလင်ကန်က အလေးထား ပြောကြားခဲ့တာပါ။
ဗင်နီဇွဲလားနိုင်ငံက တနင်္ဂနွေနေ့ ရွေးကောက်ပွဲမှာ လက်ရှိသမ္မတ Nicolás Maduro ကို ပြိုင်ဖက် Edmundo Gonzalez က အနိုင်ရခဲ့တဲ့ အထောက်အထားတွေ ရှိတယ်လို့ အတိုက်အခံတွေက ပြောဆိုလိုက်သလို၊ ရွေးကောက်ပွဲ ရလဒ်ကို မကျေနပ်လို့ ဆန္ဒပြရာက အသေအပျောက်တွေလည်း ရှိနေပါတယ်။
နောက်ထပ်ကြည့်ရှုရန်