တောင်တရုတ်ပင်လယ်ထဲ နယ်နိမိတ်ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ Sabina Shoal ကျွန်းစုနားမှာ တရုတ်ကမ်းရိုးတမ်းစောင့်တပ် သင်္ဘောတစီးကို ဖိလစ်ပိုင်သင်္ဘောက တမင်ဝင်တိုက်ခဲ့တယ်လို့ တရုတ်က စွပ်စွဲလိုက်ပါတယ်။
မြန်မာနိုင်ငံ မြောက်ပိုင်းအခြေအနေကို တရုတ်နိုင်ငံက အထူးအလေးပေး စောင့်ကြည့်နေတယ်လို့ တရုတ်နိုင်ငံက ပြောကြားလိုက်ပါတယ်။ တရုတ်နိုင်ငံခြားရေးဌာနမှာ ပုံမှန်လုပ်တဲ့ သတင်းစာရှင်းပွဲအတွင်း ပြောခွင့်ရ Lin Jian က သောကြာနေ့က ပြောကြားခဲ့တာ ဖြစ်ပါတယ်။
အာဖဂန်ကနေ အမေရိကန်တပ်တွေပြန်ပြီးရုပ်သိမ်းခဲ့တာ ၃ နှစ်ကြာပြီးတဲ့နောက် တာလီဘန်တွေလက်အောက် အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေရဲ့ဘဝက စိတ်မချမ်းမြေ့စရာ ပိုများလာတယ်လို့ ဝေဖန်သူတွေ သုံးသပ်ပါတယ်။ VOA အိမ်ဖြူတော် သတင်းထောက် Anita Powell သတင်းပေးပို့ထားတာကို မမြသဇင်အောင်ပြောပြပါမယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ပြီးခဲ့တဲ့လက ကျောင်းသားတွေ ဦးဆောင်တဲ့ လူထုဆန္ဒပြမှုတွေအတွင်း ဖြစ်ပွါးခဲ့တဲ့ လူ့အခွင့်ရေး ချိုးဖေါက်မှုတွေနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးပေးဖို့ ကြားဖြတ်အစိုးရရဲ့ ပန်ကြားမှုကြောင့် အချက်လက်စုံစမ်းရေး အဖွဲ့တဖွဲ့ကို စေလွှတ်မှာဖြစ်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်ရေးရုံးက ပြောပါတယ်။
ရုရှားကို ခုခံတိုက်ခိုက်နေတဲ့ ယူကရိန်းကို လက်နက်တွေပေးမယ်လို့ ကတိပေးထားတဲ့အတိုင်း ပို့ပေးကြဖို့ မဟာမိတ်နိုင်ငံတွေကို အီးယူကာကွယ်ရေးဝန်ကြီးတွေက ဘရပ်ဆဲလ်အစည်းဝေးမှာ တောင်းဆိုလိုက်ပါတယ်။ နိုင်ငံခြားရေးဝန်ကြီးKuleba ကလည်း ရုရှားပိုင်နက်ထဲ ပစ်မှတ်တွေ ပစ်ခွင့်တားမြစ်ထားတာကို ရုပ်သိမ်းပေးဖို့ပန်ကြားပါတယ်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ လူထု ဆန္ဒပြမှုတွေအတွင်း ဖြစ်ပွါးခဲ့တဲ့ လူ့အခွင့်ရေး ချိုးဖေါက်မှုတွေ နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးပေးဖို့ ကြားဖြတ်အစိုးရရဲ့ ပန်ကြားမှုကြောင့် အချက်လက်စုံစမ်းရေး အဖွဲ့ တဖွဲ့ကို စေလွှတ်မှာ ဖြစ်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်ရေးရုံးက သောကြာနေ့မှာ ပြောပါတယ်။
ရုရှားကို ခုခံတိုက်ခိုက်နေတဲ့ ယူကရိန်းကို လက်နက်တွေ ပေးမယ်လို့ ကတိပေးထားတဲ့ အတိုင်း ပို့ပေးကြဖို့ ယူကရိန်းရဲ့ မဟာမိတ်နိုင်ငံတွေကို အီးယူ ဥရောပသမဂ္ဂ ကာကွယ်ရေးဝန်ကြီးတွေက သောကြာနေ့ ဘရပ်ဆဲလ်မှာ ပြုလုပ်တဲ့ အစည်းဝေးမှာ တောင်းဆိုလိုက်ပါတယ်။
နိုဝင်ဘာ အမေရိကန် သမ္မတရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ့် သမ္မတလောင်းတွေနဲ့ ဒုသမ္မတလောင်းတွေ အတွက် လုံခြုံရေးဆိုင်ရာ အထူးတပ်ဖွဲ့ Secret Service ချထားပေးပြီး စစ်ဘက်ကပါ ပံ့ပိုးကူညီမှုပေးဖို့ ပန်ကြားချက်ကို ကာကွယ်ရေးဝန်ကြီး Lloyd Austin ကအတည်ပြုပေးခဲ့ပါတယ်။
တရုတ်ရဲ့ တိုးလာနေတဲ့ ခြိမ်းခြောက်မှုအန္တရာယ်၊ တားဆီးကာကွယ်ရေး တိုးမြှင့်နိုင်ဖို့ လာမယ့်နှစ်ထဲ ဂျပန်နိုင်ငံရဲ့ ကာကွယ်ရေးအသုံးစားရိတ်ကို အမေရိကန်ဒေါ်လာ ၅၉ ဘီလီယံချထားပေးဖို့ ကာကွယ်ရေးဝန်ကြီးဌာနကသြဂုတ်လ ၃၀ ရက်နေ့မှာ တောင်းဆိုလိုက်ပါတယ်။
ဂါဇာဒေသအသီးသီးမှာ ကလေးငယ်တွေကို ကာကွယ်ဆေးတိုက်ကျွေးခွင့်ပြုရေး၊ လူသားချင်းစာနာမှုဆိုင်ရာ အသုတ်လိုက် အပစ်ရပ်ဖို့ အစ္စရေးက သဘောတူထားပြီးပြီလို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အရာရှိတွေက ပြောကြားလိုက်တာပါ။
ထိုင်းနိုင်ငံမှာ အတိုက်အခံ ပါတီဝင် ၄၄ ဦးကို အဂတိလိုက်စားမှုနဲ့ စုံစမ်းစစ်ဆေးနေတယ်လို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ပြောကြားလိုက်ပါတယ်။ စစ်ဆေးခံနေရသူတွေထဲက ၂၅ ယောက်ဟာ လက်ရှိလွှတ်တော် အမတ်တွေ ဖြစ်ကြပြီး ၄၄ ယောက်လုံးဟာ ဖျက်သိမ်းခံခဲ့ရတဲ့ Move Forward ပါတီမှာ အရင်က ပါတီဝင်တွေဖြစ်ကြပါတယ်။
နောက်ထပ်ကြည့်ရှုရန်