ပဲရစ် အိုလံပစ်ပြိုင်ပွဲတွေကို ပြင်သစ်နိုင်ငံမှာ ဒီနေ့ဆက်လက်ကျင်းပနေတာမှာ အမျိုးသား ဘော်လီဘောပြိုင်ပွဲမှာတော့ အိမ်ရှင်ပြင်သစ်က ပိုလန်ကို ၂၅-၁၉၊ ၂၅-၂၀၊ ၂၅-၂၃ နဲ့ ၃ ပွဲပြတ်အနိုင်ရပြီး ပထမရွှေတံဆိပ် ရသွားခဲ့ပြီး၊ မနေ့က တတိယနေရာလုပွဲမှာတော့ အမေရိကန်က အီတလီကို ၃ ပွဲပြတ်နဲ့နိုင်ပြီး ကြေးတံဆိပ် ရခဲ့ပါတယ်
ယူကရိန်းဘက်က ရုရှားနိုင်ငံထဲကို ထိုးစစ်ဆင်တိုက်ခိုက်နေတာတွေကို ဟန့်တားဖို့အတွက်၊ ရုရှားက နယ်စပ်ဒေသ နေရာ ၃ ခုမှာ အကြမ်းဖက်မှု တန်ပြန်စစ်ဆင်ရေးတွေကို ဒီနေ့လုပ်ဆောင်လိုက်တယ်လို့ ရုရှားအစိုးရက ပြောပါတယ်။
ဂါဇာကမ်းမြောင်ဒေသ Gaza City မြို့မှာ ပါလက်စတိုင်း စစ်ပြေးဒုက္ခသည်တွေ ခိုလှုံနေတဲ့ ကျောင်းအပေါ် အစ္စရေးက လေကြောင်းက တိုက်ခိုက်ခဲ့တာကြောင့် ၉၀ ကျော် သေဆုံးသွားတယ်လို့ ဂါဇာဒေသ အရပ်ဘက်ကာကွယ်ရေး အေဂျင်စီက ပြောပါတယ်။
ဝန်ကြီးချုပ်ဟောင်း Sheikh Hasina ခန့်အပ်ခဲ့တဲ့ တရားသူကြီးချုပ် Obaidul Hassan အနေနဲ့ တာဝန်ကနေ နှုတ်ထွက်ပေးဖို့ ဒါကာမြို့တော် တရားရုံးချုပ်ရှေ့ကို ကျောင်းသား ဆန္ဒပြသူတွေ ဒီနေ့ ချီတက်ဆန္ဒပြခဲ့ကြပြီးနောက် တရားသူကြီးချုပ်က အခုလို သဘောတူခဲ့တယ်လို့ ဘင်္ဂလားဒေရှ့်သတင်းတွေမှာ ဖော်ပြပါတယ်။
လူ့အခွင့်အရေးအဖွဲ့တွေ ကန့်ကွက်တဲ့ကြားက ဒီအင်တာနက် Online ရာဇဝတ်မှုတွေကို ပစ်မှတ်ထားတဲ့ ဥပဒေမူအတွက် ၃ နှစ်ကြာ ညှိုနှိုင်းခဲ့အပြီး အခုနောက်ဆုံး နယူးယောက်မှာ မူကြမ်းရေးဆွဲရေးကော်မတီ အဖွဲ့ဝင်နိုင်ငံတွေ ၂ ပတ်ကြာဆွေးနွေးခဲ့ပြီးတဲ့နောက်မှာ အားလုံးက သဘောတူခဲ့ကြတာပါ။
လစာကောင်းကောင်းရမယ်လို့ ဖျားယောင်းသွေးဆောင်ပြီး အရှေ့တောင်အာရှနိုင်ငံတွေက အွန်လိုင်းရာဇဝတ်ဂိုဏ်းတွေမှာ အလုပ်လုပ်ဖို့ အိန္ဒိယနိုင်ငံသားတွေ ဆွဲဆောင်ခံနေရတဲ့ကိစ္စကို အရေးကြီးတဲ့ကိစ္စအဖြစ် အိန္ဒိယအစိုးရက ကိုင်တွယ်နေတယ်လို့ ပြောကြားလိုက်ပါတယ်။
ပြင်သစ်နိုင်ငံ ပါရီမြို့တော်မှာကျင်းပနေတဲ့ အိုလံပစ်အားကစားပြိုင်ပွဲ ၁၄ ရက်မြောက် ဒီနေ့မှာ ပြင်သစ်နဲ့ စပိန်ကန်ကြမယ့် အမျိုးသားဘောလုံး ဗိုလ်လုပွဲ၊ မာရသွန်ရေကူးပြိုင်ပွဲ၊ မီတာ ၄၀၀ လက်ဆင့်ကမ်းအပြေးပြိုင်ပွဲ၊ စားပွဲတင်တင်းနစ်ပွဲ စတဲ့ အားကစားပွဲတွေ ကျင်းပနေပါတယ်။
ဂျပန်နိုင်ငံ ပစိဖိတ်ကမ်းရိုးတမ်းဒေသမှာ အင်အားပြင်းထန်တဲ့ ငလျင်ကြီးတခု လှုပ်နိုင်တာကြောင့် ပြည်သူတွေ ဘေးကင်းရာ ထွက်ခွာဖို့ ပြင်ထားဖို့ ဂျပန်ဘူမိဗေဒဌာနက ဘယ်တုန်းကမှနဲ့ မတူတဲ့ သတိပေးမှုထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့နှစ် လွှတ်တော်မှာ အမတ်နေရာ ၁၅၁ နေရာ အနိုင်ရခဲ့တဲ့ Move Forward ပါတီကို လူထုပါတီလို့ အဓိပ္ပါယ်ရတဲ့ Prachachon လို့နာမည်သစ်ပေးပြီး နည်းပညာပိုင်း စွန့်ဦးတီထွင်သူ အသက် ၃၇ နှစ်အရွယ် Natthaphong Ruengpanyawut ကိုခေါင်းဆောင်အဖြစ် ရွေးချယ်ခဲ့ပါတယ်။
ရုရှားနဲ့ယူကရိန်းတပ်တွေဟာ ရုရှားပိုင် Kursk ဒေသမှာ တတိမြောက်နေ့ ဆက်ပြီး တိုက်ခိုက်နေဆဲပဲလို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ကြာသပတေးနေ့မှာ သတင်းထုတ်ပြန်ပါ
အီရန်နဲ့ အီရန်က ထောက်ပံ့နေတဲ့အဖွဲ့တွေ တိုက်ခိုက်လာနိုင်ခြေရှိနေတာကြောင့် သြဂုတ်လ ၈ ရက်မှာ F-22 တိုက်လေယာဉ်အုပ်စု ရောက်လာကြောင်း ဂျက်တိုက်လေယာဉ်တွေ ပုံကို အရှေ့အလယ်ပိုင်းဒေသ အမေရိကန်တပ်ဖွဲ့တွေကိုကွပ်ကဲတဲ့ အလယ်ပိုင်းစစ်ဌာနချုပ်က လူမှုမီဒီယာမှာ ပြသခဲ့ပါတယ်။
ပြင်သစ်နိုင်ငံမှာကျင်းပနေတဲ့ ပဲရစ်အိုလံပစ်ပြိုင်ပွဲကို ဒီနေ့မှာ ၁၃ ရက်မြောက်အဖြစ်နဲ့ဆက်လက်ယှဉ်ပြိုင်နေတာမှာ၊ ကနူး/ကယက် မီတာ ၅၀၀ တာတို လှေလှော်ပြိုင်ပွဲ အသင်းလိုက် ၄ ယောက်တွဲမှာတော့ ဂျာမနီက ပထမ ရွှေတံဆိပ်ရပြီး၊ သြစတြေးလျက ဒုတိယနဲ့ စပိန်က တတိယရသွားပါတယ်။
နောက်ထပ်ကြည့်ရှုရန်