ဂါဇာဒေသအသီးသီးမှာ ကလေးငယ်တွေကို ကာကွယ်ဆေးတိုက်ကျွေးခွင့်ပြုရေး၊ လူသားချင်းစာနာမှုဆိုင်ရာ အသုတ်လိုက် အပစ်ရပ်ဖို့ အစ္စရေးက သဘောတူထားပြီးပြီလို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အရာရှိတွေက ပြောကြားလိုက်တာပါ။
ထိုင်းနိုင်ငံမှာ အတိုက်အခံ ပါတီဝင် ၄၄ ဦးကို အဂတိလိုက်စားမှုနဲ့ စုံစမ်းစစ်ဆေးနေတယ်လို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ပြောကြားလိုက်ပါတယ်။ စစ်ဆေးခံနေရသူတွေထဲက ၂၅ ယောက်ဟာ လက်ရှိလွှတ်တော် အမတ်တွေ ဖြစ်ကြပြီး ၄၄ ယောက်လုံးဟာ ဖျက်သိမ်းခံခဲ့ရတဲ့ Move Forward ပါတီမှာ အရင်က ပါတီဝင်တွေဖြစ်ကြပါတယ်။
ရုရှားကျုးကျော်စစ်ကို ခုခံဖို့ အမေရိကန် ဒေါ်လာ ဘီလျံပေါင်းများစွာ တန်ဖိုးရှိတဲ့ အထောက်အပံ့တွေ၊ ပစ္စည်းကိရိယာတွေကို ယူကရိန်း တိုင်းပြည်အတွင်း နဲ့ ကမ္ဘာတဝန်းက ပေးပို့လှူဒါန်းနေကြပါတယ်။ အဲ့ဒီထဲက ဇွဲကောင်းကောင်းနဲ့ ယူကရိန်းစစ်တပ်အတွက် အလှူငွေရှာပေးနေတဲ့ ခရစ်ယာန်ဘုန်းတော်ကြီးတပါးအကြောင်း တင်ပြမှာပါ။
အမေရိကန်ပြည်ထောင်စု မိန်းပြည်နယ်မှာရှိတဲ့ နွေရာသီစခန်းတခုမှာ အစ္စရေး၊ ပါလက်စတိုင်း၊ အီဂျစ်နဲ့ အမေရိကန် လူငယ် ၄၆ ယောက်တို့ ၁၉၉၃ ခုနှစ်ကတခါ ဆုံဆည်းခဲ့ကြဖူးပါတယ်။ စစ်ပွဲကြား က လူငယ်တွေကို လုံခြုံတဲ့ အနာဂတ်တခု တည်ဆောက်နိုင်အောင် အခွင့်အလမ်း ဖန်တီးပေးဖို့ ရည်ရွယ်ပြီး Wallach က ဒီအစီအစဥ်ကို စခဲ့တာပါ။
ရုရှားခုခံစစ်အတွက် အနောက်မဟာမိတ်နိုင်ငံတွေဆီကရတဲ့ F-16 ဂျက်တိုက်လေယာဉ်တွေထဲက တစင်းပျက်ကျသွားခဲ့ကြောင်း ရုရှားဘက်က မစ်ဇိုင်းတွေ၊ ဒရုန်းတွေနဲ့ အကြီးအကျယ်တိုက်ခိုက်ခဲ့တဲ့ တနင်္လာနေ့တုန်းက ဒီဂျက်တိုက်လေယာဉ် ပျက်ကျခဲ့တာ ဖြစ်ကြောင်း ယူကရိန်းရဲ့ စစ်တပ်ဖေ့စ်ဘုတ်မှာကြာသပတေးနေ့က ဖေါ်ပြထားပါတယ်။
လာမယ့်သီတင်းပတ်တွေအတွင်း တရုတ်သမ္မတ ရှီကျင့်ပင် (Xi Jinping) နဲ့ စကားပြောဖို့ သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) အသင့်စောင့်နေတယ်လို့ အမေရိကန် လုံခြုံရေးအထူးအကြံပေး Jake Sullivan ကပြောကြားလိုက်ပါတယ်။ ဘေကျင်းမြို့တော်မှာ သမ္မတရှီနဲ့ ဒီနေ့ တွေ့ဆုံစဉ် Jake Sullivan ကပြောကြားခဲ့တာဖြစ်ပါတယ်။
ဟောင်ကောင်မှာ ဒီမိုကရေစီရေး အားပေးတဲ့ Stand News သတင်းဌာန နဲ့ ဒီသတင်းဌာနက အယ်ဒီတာချုပ်ဟောင်း နှစ်ဦးကို ဆူပူမှုတွေဖြစ်အောင် လှုံ့ဆော်မှုနဲ့ အပြစ်ရှိကြောင်း တရားရုံးက ဒီကနေ့ ဆုံးဖြတ်လိုက်ပါတယ်။
၂၀၁၉ ခုနှစ်က ဟောင်ကောင်မှာ ရဲတွေကို ဗုံးခွဲတိုက်ခိုက်ဖို့ ကြံစည်မှု နဲ့ ပတ်သက်ပြီး ဖမ်းဆီးထားတဲ့သူ ၇ ယောက်ထဲက ၆ ယောက်ကို တရားသေ လွှတ်ပေးလိုက်ပြီး ၁ ယောက်ကို အပြစ်ရှိတယ်လို့ ဟောင်ကောင်က ဂျူရီအဖွဲ့က ဒီနေ့မှာ ဆုံးဖြတ်လိုက်ပါတယ်။
Telegram လူမှုကွန်ရက်ပေါ်မှာ အသုံးပြုသူတွေကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် ကုမ္ပဏီအကြီးအကဲမှာ တာဝန်ရှိတယ်ဆိုဟာ လုံးဝအဓိပ္ပါယ်မရှိဘူးလို့ Telegram အမှုဆောင်အရာရှိချုပ် Pavel Durov ရဲ့ ရှေ့နေက ပြောကြားလိုက်ပါတယ်။
မြန်မာနိုင်ငံအပါအဝင် စစ်ဖြစ်နေတဲ့နိုင်ငံတွေမှာ ငြိမ်းချမ်းရေးရရှိပါစေကြောင်း ကက်သလစ်သာသနာပိုင် ပုပ်ရဟန်းမင်းကြီး Francis က ဗုဒ္ဓဟူးနေ့ လူထုဝတ်ပြုဆုတောင်းပွဲမှာ ဆုတောင်းပေးခဲ့ပါတယ်။
အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး Jake Sullivan နဲ့ တရုတ် နိုင်ငံခြားရေးဝန်ကြီး Wang Yi တို့ တရုတ်နိုင်ငံ ဘေဂျင်းမြို့တော်မှာ ဗုဒ္ဓဟူးနေ့က ဒုတိယမြောက်နေ့ တွေ့ဆုံဆွေးနွေးခဲ့ကြတာမှာ နှစ်နိုင်ငံခေါင်းဆောင်တို့ကြား တွေ့ဆုံဆွေးနွေးပွဲ ဖြစ်နိုင်ခြေ၊ တောင်တရုတ်ပင်လယ်ပြင် အရေးကိစ္စတွေလည်း ပါဝင်ပါတယ်။
သိမ်းပိုက်ခံအနောက်ဘက်ကမ်းကို အစ္စရေးလ်တပ်ဖွဲ့တွေက ဗုဒ္ဓဟူးနေ့မှာ ဝင်ရောက် စီးနင်းတိုက်ခိုက်ပြီး လေကြောင်းကလည်း တိုက်ခိုက်တာကြောင့် အနည်းဆုံး ပါလက်စတိုင်း တိုက်ခိုက်ရေးသမား ၉ ဦး သေဆုံးပြီး မတည်မငြိမ်ဖြစ်နေတဲ့ Jenin မြို့ကိုလည်း ဝိုင်းရံထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်